ကြို့ပင်ကောက်တွင် စစ်ကြောင်း ထိုးနေသည့် စစ်တပ်နှင့် PDF တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွား

ကြို့ပင်ကောက်တွင် စစ်ကြောင်း ထိုးနေသည့် စစ်တပ်နှင့် PDF တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၇ ဦးသေဆုံး ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် စစ်ကြောင်း ထိုးနေသည့် အကြမ်းဖက် စစ်တပ်နှင့် PDF တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၇ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ အောက်တိုဘာလ ၂၉ ရက်နေ့ နံနက် ၁ဝ နာရီခန့်တွင် ကြို့ပင်ကောက်မြို့နယ် အရှေ့ခြမ်း ကျေးရွာများကို စစ်ကြောင်းထိုးနေသော စစ်ကောင်စီ တပ်သားများသည် သင်္ခရိုင်ကျေးရွာ အနီးကို ရောက်ရှိလာစဉ် ဒေသတွင်း PDF တပ်ဖွဲ့များနှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွား ခဲ့ပြီး စစ်ကောင်စီ တပ်သား ၇ ဦးသေဆုံးခဲ့ကြောင်း သိရသည်။ “စစ်ခွေး … Read more

ငဖဲမြို့နယ်တွင် အမ်းမြို့သို့ ရိက္ခာပို့ပြီး ပြန်လာသော စစ်ယာဉ်တန်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံး

ငဖဲမြို့နယ်တွင် အမ်းမြို့သို့ ရိက္ခာပို့ပြီး ပြန်လာသော စစ်ယာဉ်တန်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံး၊ တိုက်ခိုက်ခံရ၍ မောင်းပြေးသည့် စစ်ကား တိမ်းမှောက်သဖြင့် စစ်သားများ ထပ်မံသေဆုံးပြန် မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် ရခိုင်ပြည်၊ အမ်းမြို့နယ်သို့ ရိက္ခာပို့ပြီး ပြန်လာသော စစ်ယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံးကြောင်း အရှိုချင်းကာကွယ်ရေးတပ် (ACDF) ပြန်ကြားရေးတာဝန်ခံ ဆလိုင်ရခနီလေဗွေ ပြောဆိုသည်။ အောက်တိုဘာလ ၂၈ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန် ငဖဲမြို့နယ် ၊အမ်း-ပဒါန်း လမ်းပိုင်းတွင် အမ်းမြို့နယ်ဘက်သို့ ရိက္ခာပို့ပြီး ပြန်လာသော စစ်ကောင်စီကား ၂ စီး၊ ဆိုင်ကယ် ၂ စီးပါ စစ်ယာဉ်တန်းကို အရှိုချင်းကာကွယ်ရေးတပ် (ACDF)နှင့်မင်းဘူးခရိုင် အမှတ် ၂ … Read more

အမ်းမြို့ ခမရ(၃၇၃)တပ်ရင်းမှူးနိုင်ဇော်အောင်နဲ့ ဂျီဝမ်းတိုက်ပွဲအတွင်းရရှိခဲ့တဲ့ ဒဏ်ရာတွေနဲ့ အမ်းယာယီစစ်ဆေးရုံမှာ သေဆုံးသွားခဲ့ဟုဆို

အမ်းမြို့ ခမရ(၃၇၃)တပ်ရင်းမှူးနိုင်ဇော်အောင်နဲ့ ဂျီဝမ်းတိုက်ပွဲအတွင်းရရှိခဲ့တဲ့ ဒဏ်ရာတွေနဲ့ အမ်းယာယီစစ်ဆေးရုံမှာ သေဆုံးသွားခဲ့ဟုဆို အမ်းမြို့အခြေစိုက် ခမရ(၃၇၃)တပ်ရင်းမှူးနိုင်ဇော်အောင်နဲ့ စစ်ဗျူဟာကို ကိုင်ထားတဲ့ G1 အရာရှိကြီး နှစ်ဦးဟာ အာရက္ခတပ်တော် (AA)နဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း ရရှိသွားခဲ့တဲ့ ဒဏ်ရာတွေနဲ့ အမ်းမြို့ အထက (၂)မှာ ဖွင့်လှစ်ထားတဲ့ ယာယီစစ်ဆေးရုံမှာအောက်တိုဘာ ၂၆ ရက်နေ့က သေဆုံး သွားခဲ့ကြတယ်လို့ စစ်ရေးသတင်းရင်း မြစ်အရ သိရပါတယ်။ အမ်းအခြေစိုက် ခမရ ၃၇၃ ကို အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဘက်က အကျအဆုံးများစွာနဲ့ နောက်ဆုတ်စဉ်မှာ စရဖတပ် အနီးမှာ အေအေက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲခဲ့ပြီး ခမရ (၃၇၃) တပ်ရင်းမှူး ဗိုလ်မှူး နိုင်ဇော်အောင်နဲ့ စစ်ရေးဗျူဟာ … Read more

တောင်သာနယ် ရုံးစည်ကြီးရွာ နယ်မြေရဲစခန်းကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်

တောင်သာနယ် ရုံးစည်ကြီးရွာ နယ်မြေရဲစခန်းကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက် သုံးပွင့်အဆင့် ဗိုလ်ကြီး အပါ လေးယောက် ထိခိုက်ပြီး လက်နက်တိုက်နဲ့ အချုပ်ခန်း ထိခိုက်ပျက်စီး မန္တလေးတိုင်း၊ တောင်သာနယ် တောင်ဘက်ခြမ်း တောင်သာ-မလှိုင် ကားလမ်းပေါ်ရှိ ရုံးစည်ကြီးရွာ နယ်မြေရဲစ ခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တာကြောင့် သုံးပွင့်အဆင့် ဗိုလ်ကြီးနဲ့ ဒု ရဲအုပ် အပါအဝင် စုစုပေါင်း လေးယောက်ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက် နေ့လယ်ပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေက အဆိုပါ နယ်မြေရဲစခန်းကို Hex copter နှစ်စီးနဲ့ 6Kg ဗုံးသီး လေးကြိမ်ကြဲချ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်အုပ်စုတပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရရှိခဲ့သ လို လက်နက်တိုက်နဲ့ အချုပ်ခန်းလည်း … Read more

အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AA က ပိတ်ဆို့၍ တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်များအတွက် ပြေးစရာမြေမရှိတော့ဟုဆို

အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AA က ပိတ်ဆို့၍ တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်များအတွက် ပြေးစရာမြေမရှိတော့ဟုဆို ရခိုင်ပြည် အမ်းမြို့သိမ်းတိုက်ပွဲတွင် အာရက္ခတပ်တော် AA ဖက်က အောင်မြင်မှုများနှင့်အတူ စစ်ရေးအသာစီးရနေပြီး စစ်ကောင်စီဖက်လည်း လေကြောင်းပစ်ကူပေး အပြင်းအထန် ခုခံနေကြောင်း သိရသည်။ အမ်းမြို့တွင် စစ်ကောင်စီ (မြန်မာစစ်တပ်) အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ရှိပြီး ဗျူဟာကုန်းများအပါအဝင် စစ်ကောင်စီတပ်ရင်း ၁၀ ကျော်ရှိသည်။ ထိုအထဲက နပခ ဌာနချုပ်၏ အဓိက အရေးပါသော တောဟိန်းတောင်ဗျူဟာကုန်း၊ စွေ့ချောင်းဗျူဟာကုန်း၊ မဲတောင်ဗျူဟာကုန်းများကို AA က သိမ်းပိုက်ထားပြီး အမ်းမြို့ထဲက ဆက်လက် ထိုးစစ်ဆင်တိုက်ရာ တပ်ရင်းတပ်စခန်း ၅ ခုထက်မနည်းကို သိမ်းပိုက်ထားကြောင်း ဒေသခံ ကိုမျိုးလွင်က ပြောသည်။ “အမ်းမြို့ ထွက်ပေါက် ၄ ခုက … Read more

ကော့ကရိတ်မြို့အနီး တိုက်ပွဲတွေ ပြင်းထန်လာ

ကရင်ပြည်နယ် ၊ကော့ကရိတ်မြို့အနီးမှာ အခုရက်ပိုင်းအတွင်း စစ်ကောင်စီရဲ့ အောင်ဇေယျ စစ်ကြောင်းနဲ့ KNU ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်လာတယ်လို့ ပူးပေါင်းတပ်ထံကသိရပါတယ်။ အောက်တိုဘာလ ၂၇ ရက်က မြဝတီ – ကော့ကရိတ်ဒေါနတောင်ပေါ် လမ်းဟောင်း ရန်ကုတ် ကျေးရွာ အနီးတဝိုက်မှာ စစ်ကောင်စီတပ်နဲ့ KNU ပူးပေါင်းတပ်ကြား တစ်နေကုန်နီးပါးတိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။ “ရန်ကုတ် မိကျောင်းအင်းတစ်ဝိုက်ပေါ့၊ လမ်းဟောင်းဘက်ခြမ်းပေါ့ “လို့ တိုက်ပွဲ ဖြစ်ရာနေရာကို ကရင် စစ်ရေးသတင်းရင်းမြစ်က ပြောပြပါတယ်။ အောက်တိုဘာလ ၂၆ ရက်ကလည်း မြဝတီ- ကော့ကရိတ် အာရှလမ်းပိုင်းတစ်နေရာမှာ ထိတွေ့ တိုက်ပွဲ ဖြစ်ပြီး လက်နက်ခဲယမ်းအချို့သိမ်းဆည်းရမိတယ်လို့ PDF ၊တောင်ပိုင်း စစ်ဒေသ ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။ ကော့ကရိတ်မြို့ တဝိုက်မှာ တိုက်ပွဲတွေ က နေ့တိုင်းနီးပါး … Read more

BPLA က အညာတွင် ခြေချ၍ MOD/PDF တပ်ရင်းများအပြင် အခြားအင် အားစုများနှင့်ပါ ဆက်ဆံရေး တည်ဆောက် စစ်ဆင်ရေး ဖော်ဆောင်မည်

BPLA က အညာတွင် ခြေချ၍ MOD/PDF တပ်ရင်းများအပြင် အခြားအင် အားစုများနှင့်ပါ ဆက်ဆံရေး တည်ဆောက် စစ်ဆင်ရေး ဖော်ဆောင်မည်ဖြစ်သော်လည်း လတ်တလော ရန်သူ၏ အာရုံစိုက်မှု ခံရမည်စိုးရိမ်သဖြင့် အကျယ် တဝင့် မပြောလိုသေးဟု မောင်ဆောင်းခပြော ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) အနေဖြင့် အညာဒေသများတွင် အခြေချ၍ MOD/PDF တပ်ရင်များအပြင် အခြားအင်အားစုများနှင့်ပါ ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက် မည်ဖြစ်ပြီး လတ်တလော ရန်သူ၏ အာရုံစိုက်လာမည်စိုးသဖြင့် အကျယ်တဝင့် မပြောလိုသေးကြောင်း BPLA မှ မောင်ဆောင်းခက ပြောဆိုသည်။ BPLA မှ မောင်ဆောင်းခက BPLA ၏ ရှေ့ဆက် လုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး တရားဝင် ပြည်သူသို့ လူမှုကွန်ရက်များမှတစ်ဆင့် တရားဝင် ထုတ်ပြန် ကြေ ညာလိုက်ခြင်းဖြစ်သည်။ “အကျယ်တဝင့်ထပ်မပြောလိုတော့ဘူး … Read more

အမ်းရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် နေပြည်တော် စစ်ရုံး အဆက်အသွယ် ပြတ်တောက်နေဟုဆို

အမ်းရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် နေပြည်တော် စစ်ရုံး အဆက်အသွယ် ပြတ်တောက်နေဟုဆို တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာဦးမှာ စစ်တွေတွင်သာ ရှိနေပြီး အမ်းတွင် ရှိမနေ ရခိုင်ပြည်၊ အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် နေပြည်တော်စစ်ရုံးတို့အကြား ဆက်သွယ်မှုများ ပြတ်တောက်နေပြီး အမ်းမြို့ရှိ ဒေသပြည်သူများနှင့်လည်း ဖုန်းလိုင်း အဆက်အသွယ်များ မရရှိတော့ကြောင်း တပ်မိသားစုဝင်တချို့၊ စစ်ရေးသတင်းရင်းမြစ်နှင့် CDM ဗိုလ်ကြီးဇင်ယော်၏ ပြောဆိုချက်အရ သိရှိရသည်။ အောက်တိုဘာလ ၂၇ ရက်နေ့ ညပိုင်းမှစတင်၍ အမ်းမြို့ရှိ ပြည်သူများ၊ တပ်ရင်းတပ်ဖွဲ့များ၊ တပ်မိသားစုဝင်များနှင့် ဆက်သွယ်မှုများ ခက်ခဲလာပြီး ယမန်နေ့ အောက်တိုဘာလ ၂၈ ရက်နေ့ တစ်ရက်လုံး ဆက်သွယ်မရတော့ကြောင်း တပ်မိသားစုဝင်တချို့က ပြောဆိုကြသည်။ “အမ်းက ဆက်သွယ်ရေးစက်တွေ ဖုန်းလိုင်းတွေပါ ပျက်နေတယ်။ ကျနော်တို့ကတော့ တပ်တွင်းသတင်းရင်းမြစ်အရ ဒီကောင်တွေက ပြေးတာ … Read more

လေးကေ့ကော်စွယ်တော်ကုန်း လက်နက်တိုက်ကို ဒရုန်းနဲ့ ဗုံးသီးကြဲချ ဖျက်ဆီး

လေးကေ့ကော်စွယ်တော်ကုန်း လက်နက်တိုက်ကို ဒရုန်းနဲ့ ဗုံးသီးကြဲချ ဖျက်ဆီးခဲ့တဲ့ မှတ်တမ်းရုပ်သံ Federal Wings ထုတ်ပြန် (ရုပ်/သံ) ကရင်ပြည်နယ် မြဝတီမြို့နယ် လေးကေ့ကော်မြို့သစ်အနီးက စစ်ကောင်စီတပ်ရဲ့ စွယ်တော်ကုန်းအမြောက်စခန်း လက်နက်တိုက်ကို ဒရုန်းနဲ့ ဗုံးသီးကြဲချဖျက်ဆီးခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင်ကို Federal Wings က ထုတ်ပြန်လိုက်ပါတယ်။ ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်ရဲ့ စွယ်တော်ကုန်း အမြောက်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ၇ လကြာ ပိတ်ဆို့ထားပြီး အောက်တိုဘာ ၁၇ ရက်က ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

BPLA အညာဒေသတပ်ရွှေ့ပြီး တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းမည်

“ကျနော်တို့ အညာဒေသကို အခြေချတဲ့အခါ MOD/PDF တပ်ရင်းတွေနဲ့ရော၊ MOD လက် အောက်ခံမဟုတ်တဲ့အခြားအင်အားစုတွေနဲ့ပါ ကောင်းမွန်သောဆက်ဆံရေးတည်ဆောက်ပြီး တော်လှန်ရေးအမြန်ဆုံးအောင်မြင်ဖို့ ကြိုးစားသွားမှာဖြစ်ပါတယ်”-ကိုဆောင်းခ (ကွပ်ကဲ​ရေးမှူး-BPLA) အညာဒေသတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ PDF တပ်ရင်းများ၊ အခြားတော်လှန်ရေးအင်အားစုများနှင့်ပူးပေါင်းကာ တော်လှန်ရေးအမြန်ဆုံးအောင်မြင်ရန် ကြိုးစားသွားမည်ဟု ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) ကွပ်ကဲရေးမှူး ကိုဆောင်းခက ၎င်း​၏ လူမှုကွန်ရက်မှတဆင့် ယနေ့ အသိပေးသည်။ ” ကျနော်တို့ အညာဒေသကို အခြေချတဲ့အခါ MOD/PDF တပ်ရင်းတွေနဲ့ရော၊ MOD လက်အောက်ခံမဟုတ်တဲ့အခြားအင်အားစုတွေနဲ့ပါ ကောင်းမွန်သောဆက်ဆံရေးတည်ဆောက်ပြီး တော်လှန်ရေးအမြန်ဆုံးအောင်မြင်ဖို့ ကြိုးစားသွားမှာဖြစ်ပါတယ်။ BPLA က ဗမာလူမျိုးစုကိုယ်စားပြုဖို့နဲ့ ဗမာလူထုရဲ့အသိအမှတ်ပြုမှုရရှိဖို့ တဆင့်ချင်း အကောင်းအထည်ဖော်သွားပါမယ်”ဟု BPLAကွပ်ကဲရေးမှူး ကိုဆောင်းခက လူမှုကွန်ရက်မှတဆင့် အသိပေးသည်။ ထို့အပြင် BPLAသည် NUG လက်အောက်ခံတပ်မဟုတ်ကြောင်းကိုလည်း ထပ်လောင်းအသိပေးထားသည်။ “သေချာတာတခုကတော့ … Read more