အမ်းမြို့၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ကိုက် ၁၀၀ အကွာသို့ တိုက်ပွဲများ ရောက်ရှိနေ
ရခိုင်ပြည် အမ်းမြို့နယ်က စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်တို့ နှစ်ဖက်တိုက်ပွဲမှာ အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) နှင့် ကိုက် ၁၀၀ ခန့်အကွာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဝန်းရံထားသည့် အရံတပ်စခန်းများကို အာရက္ခတပ်တော်က အရှိန်မြှင့်ထိုးစစ်ဆင်လျက်ရှိနေပြီး ယမန်နေ့ အောက်တိုဘာ ၂၃ ရက် ညနေပိုင်းအထိ နပခ ၏ အရံတပ်စခန်းထဲက အမြောက်တပ်ကို တိုက်ခိုက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ “အမြောက်တပ်ကို တိုက်နေကြပြီ။ အမြောက်တပ်နားမှာပဲ ဆေးတပ်နဲ့ ထောက်ပို့တပ်တွေလည်းရှိနေတယ်။ အခုတိုက်ပွဲက နပခ နဲ့ ကိုက် ၁၀ဝ လောက်ပဲ အကွာအဝေးရှိတော့တယ်” ဟုပြောသည်။ အမ်းတိုက်ပွဲတွင် စစ်ကောင်စီဖက်မှ လေကြောင်းပစ်ကူမှု ဆက်တိုက် ပြုလုပ်နေသော်လည်း တိုက်ပွဲမှာ တိုင်းဌာနချုပ်နှင့် အလွန်နီးကပ်လာ၍ လေကြောင်းပစ်ကူမှု လျော့နည်းသွားသည်ဟု … Read more