မြန်မာနိုင်ငံကို အချုပ်အခြာ အာဏာပိုင်ခွင့်မရှိသည့် နိုင်ငံဖြစ်အောင် သွေးခွဲနေဟု အကြမ်းဖက်ဒုစစ်ခေါင်းဆောင် စိုးဝင်းပြောပြန်
အင်အားကြီးနိုင်ငံများအကြားရှိ မြန်မာနိုင်ငံကို အချုပ်အခြာ အာဏာပိုင်ခွင့်မရှိသည့် နိုင်ငံဖြစ်အောင် သွေးခွဲနေဟု အကြမ်းဖက်ဒုစစ်ခေါင်းဆောင် စိုးဝင်းပြောပြန် အင်အားကြီးနိုင်ငံများအကြားရှိနေသော မြန်မာနိုင်ငံကို အချုပ်အခြာအာဏာပိုင်ခွင့်မရှိသည့် နိုင်ငံဖြစ်အောင် သွေးခွဲနေကြကြောင်း အကြမ်းဖက်ဒုစစ်ခေါင်း ဆောင် စိုးဝင်းက ပြောဆိုပြန်သည်။ ယမန်နေ့ ၇၇ နှစ်မြောက်လွတ်လပ်ရေးအခမ်းအနားကျင်းပရေး ဗဟိုကော်မတီအစည်းအဝေးတွင် အကြမ်းဖက် ဒုစစ်ခေါင်းဆောင်စိုးဝင်းက ထိုသို့ ပြောဆိုခြင်းဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် အင်အားကြီးနိုင်ငံများအကြားတွင်ရှိပြီး တိုင်းရင်းသားလူ မျိုးပေါင်းစုံ လူမျိုးပေါင်းတစ်ရာကျော်ဖြင့် ဖွဲ့စည်းထားသည့် အတွက် ၎င်းတို့အလိုအကျ လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်ခွင့်မရှိသည့်နိုင်ငံဖြစ်အောင် ကြိုးပမ်းနေကြာင်း၊ အချို့နိုင်ငံများသည် လွတ် လပ်ကြသော်လည်း အချုပ် အခြာ အာဏာ ပိုင်ဆိုင်မှုမရှိကြောင်း၊ အချို့နိုင်ငံများသည် အချုပ်အခြာ အာ ဏာပိုင်ဆိုင်ကြသော်လည်း လွတ်လပ်မှု မရှိကြကြောင်း၊ ကမ္ဘာ့နိုင်ငံရေးဇတ်ခုံပေါ်တွင် Balance of Power ဟု ခေါ်သည့် … Read more