အမ်းရှိ ဂေါက်ကွင်းနှင့် အမြောက်တပ်ကို AA က လက်နက်ကြီးများဖြင့် တရစပ် ပစ်ခတ်
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်း ဂေါက်ကွင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် နပခဌာနချုပ်အနီးရှိ အမြောက်တပ် (၃၇၄) ကို အာရက္ခတပ်တော် (AA) က လက်နက်ကြီးများဖြင့် တရစပ်ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း သတင်းရရှိသည်။ အဆိုပါ နေရာနှစ်ခုကို ယနေ့ (အောက်တိုဘာလ ၂၁ ရက်) နံနက် ၇ နာရီခန့်မှ စတင်ကာ AA က လက်နက်ကြီးများဖြင့် တရစပ် ပစ်ခတ်တိုက်ခိုက်နေသည်ဟု ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တစ်ခုက ပြောသည်။ “မနက် ၇ နာရီထဲက အဲ့ဒီနေရာတွေကိုပစ်တာ အခုထိမနားသေးဘူး။ နပခဘက်ကို အဓိကထားပစ်တာပေါ့။ လေကြောင်းကလာတော့လာတယ်၊ ဒါပေမယ့် ဒီဘက် (AA) ကလည်း မြေပြင်ကနေ ပွိုင့်ဖိုက်နဲ့ပြန်ပစ်တော့ ရဟတ်ယာဥ်မပျံတာကြာပြီ၊ လေယာဥ်ဆိုလည်း အနိမ့်ပျံလို့မရတော့သိပ်မဆင်းရဲဘူး” ဟု ၎င်းက ပြောသည်။ ထို့အပြင် … Read more