Author name: Admin

မုံရွာမြို့ ၊သာစည်အကျဉ်းထောင်နှင့် ရဲကင်းကို တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်းသေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ၊ သာစည်ကျေးရွာရှိ အကျည်းထောင် နှင့် ရဲကင်းကို လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် ပစ် ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၀ ဦးထက် မနည်းသေဆုံးခဲ့ကြောင်း Snipe Rangers Force (Local – PDF) တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောကြားသည်။ စက်တင်ဘာလ ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန်ခန့် အနောက် မြောက် တိုင်း စစ်ဌာနချူပ် တည်ရှိရာ မုံရွာမြို့နယ် ၊ သာစည်ကျေးရွာရှိ သာစည်ထောင်နှင့် ရဲကင်းကို ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များ ပူးပေါင်းပြီး ဒရုန်း၊ ၆၀ မမ ၊ ၈၀ မမ ၊ ၁၂၀ […]

မုံရွာမြို့ ၊သာစည်အကျဉ်းထောင်နှင့် ရဲကင်းကို တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်းသေဆုံး Read More »

သန်းခေါင်စာရင်း ကောက်ယူချိန်နှင့် တာဝန်ထမ်းဆောင်ချိန်များတွင် တစ်ဦးတည်း သွားလာခြင်းမလုပ်ကြဘဲ ရပ်ရွာ ပြည်သူ့လုံခြုံရေးအဖွဲ့များနှင့်အတူ စုဖွဲ့သွားလာ နေထိုင်ကြရန် တိုင်းစစ်ကောင်စီက မှာကြား

ရန်ကုန်တိုင်းအတွင်းမှ အုပ်ချုပ်ရေးမှူးများ သန်းခေါင်စာရင်း ကောက်ယူချိန်နှင့် တာဝန်ထမ်းဆောင်ချိန်များတွင် တစ်ဦးတည်း သွားလာခြင်းမလုပ်ကြဘဲ ရပ်ရွာ ပြည်သူ့လုံခြုံရေးအဖွဲ့များနှင့်အတူ စုဖွဲ့သွားလာ နေထိုင်ကြရန် တိုင်းစစ်ကောင်စီက မှာကြား ရန်ကုန်တိုင်းအတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် လာမည့်အောက်တိုဘာလ သန်းခေါင်စာရင်းကောက် ယူချိန်နှင့် ရပ်ရွာတာဝန်ထမ်းများကို ထမ်းဆောင်ချိန်များတွင် တစ်ဦးတည်း သွားလာခြင်းမလုပ်ကြရန်နှင့် ရပ်ရွာ တာဝန် များ ထမ်းဆောင်ချိန်တွင်လည်း ပြည်သူ့လုံခြုံရေးအဖွဲ့များနှင့်အတူ စုဖွဲ့သွားလာ နေထိုင်ကြရန် ရန်ကုန်တိုင်းစစ်ကောင်စီက မှာကြားချက်ထုတ်ပြန်ကြောင်း သိရှိရသည်။ စက်တင်ဘာလ ၂၀ ရက်နေ့ ဒဂုံမြို့သစ်တောင်ပိုင်း ၁၀၇ ရပ်ကွက် အုပ်ချုပ်ရေးမှူးကြည်ထွန်းနှင့် ရာအိမ်မှူး ဆွေမြင့်အောင်တို့ ပစ်ခတ်ခံ၍ သေဆုံးသွားခဲ့ခြင်း၊ Non-CDM ဝန်ထမ်းများ၊ သန်းခေါင်စာရင်းနှင့်ရွေးကောက်ပွဲမဲစာရင်း ကောက်ယူသူများကို ပစ်မှတ်ထားတိုက်ခိုက်မည်ဆိုသော ကြေညာချက်များ ထွက်ပေါ်လာသည့်အတွက် ရန်ကုန်တိုင်းစစ်ကောင်စီက ထိုသို့ ရပ် ကွက် နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများကို

သန်းခေါင်စာရင်း ကောက်ယူချိန်နှင့် တာဝန်ထမ်းဆောင်ချိန်များတွင် တစ်ဦးတည်း သွားလာခြင်းမလုပ်ကြဘဲ ရပ်ရွာ ပြည်သူ့လုံခြုံရေးအဖွဲ့များနှင့်အတူ စုဖွဲ့သွားလာ နေထိုင်ကြရန် တိုင်းစစ်ကောင်စီက မှာကြား Read More »

ညောင်ဦးမြို့နယ်ပကဖ အား NUG က လက်နက်တပ်ဆင်ပေး

ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)အား အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)မှလက်နက်တပ်ဆင်ခြင်းခဲ့ကြောင်း ညောင်းဦး(ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။ အဆိုပါ လက်နက်တပ်ဆင်ခြင်းအခမ်းအနားနှင့်အတူ သင်တန်းဆင်းပွဲ အခမ်းအနားကိုပါ လွတ်မြောက်နယ်မြေတစ်နေရာ၌ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ “ကျွန်တော်တို့က MOD က ချပေးတာရယ်၊ရန်သူဆီက သိမ်းထားတဲ့ လက်နက်ရယ်ဆို လက်ရှိလူဦးရေရဲ့ ၃၀ ရာခိုင်နှုန်း လောက်ပဲ တပ်ဆင် နိုင်ပါသေးတယ်”ဟု ညောင်ဦးမြို့ နယ်(ပကဖ)မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ညောင်ဦးမြို့နယ်(ပကဖ)နှင့် ပူးပေါင်းအဖွဲ့များသည် စက်တင်ဘာလ ၂၀ ရက်နေ့က ညောင်ဦးမြို့နယ် ငါ့သရောက်-ဇဂျမ်းလမ်းမှ ကင်းပတ်ပြန်လာသော စစ်သားနှင့်ရဲများလိုက်ပါလာသည့် ကားလေးစီးနှင့် ဆိုင်ကယ်သုံးစီးပါ ယာဥ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့သေးသည်။ အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ သုံးဦးနေရာတင်ပွဲချင်းပြီး သေဆုံး၍ ကိုးဦးမှာ ပြင်း ထန်ဒဏ်ရာများရရှိကာ ညောင်ဦးခရိုင် ဆေး ရုံသို့ ပို့ဆောင်လိုက်ရကြောင်း

ညောင်ဦးမြို့နယ်ပကဖ အား NUG က လက်နက်တပ်ဆင်ပေး Read More »

စစ်ရေးပူနေချိန် မြို့ရိုးဖော်၊ အပင်စိုက်တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟာ သြဂုတ်လတုန်းက တောင်ငူ၊ ပဲခူး နဲ့ မန္တလေးမြို့တွေမှာရှိတဲ့ နန်းတော်ရာဟောင်းတွေ၊ မြို့ရိုးနဲ့ ကျုံးတူးဖော်တဲ့ နေရာတွေကို ဆက်တိုက်သွားရောက်ခဲ့ပါတယ်။ မြန်မာစစ်တပ်အတွက် ဆိုးဝါးတဲ့စစ်ရေးရှုံးနိမ့်မှုတွေ ဆက်တိုက်ဆိုသလို ကြုံနေရချိန်မှာ တစ်ချိန်က မြန်မာဘုရင်တွေ စစ်နိုင်ခဲ့တဲ့ နေရာတွေဆီ စစ်ခေါင်းဆောင်သွားတာကို သမိုင်းသုတေသီတွေက သတိထားမိပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟာ သူမကြာခဏသွားလေ့ရှိတဲ့ ပုဂံကိုလည်း သွားရောက်ခဲ့ပြီး သူပြန်လည်ထီးတင်ခဲ့တဲ့ ထီးလိုမင်းလိုဘုရားကိုလည်း သွားပြီး ဖူးပါတယ်။ ဒါ့အပြင် စစ်ခေါင်းဆောင်ရဲ့ သစ်ပင်စိုက်ပျိုးမှုတွေကိုလည်း ဗေဒင်ယတြာ နားလည်သူတချို့က ယတြာသဘောပါတယ်လို့ ပြောကြပြီး သူ့အတွက် VVIP ပျိုးခင်းတွေပါ သီးသန့်စီစဉ်ပေးထားရတာ ဖြစ်ပါတယ်။

စစ်ရေးပူနေချိန် မြို့ရိုးဖော်၊ အပင်စိုက်တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Read More »

ဖားကန့်၊ ဆိုင်းတောင်ရွာတွင် တိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ် တပ်စွဲထားသော Lucky Man ဟိုတယ် မီးလောင်နေ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရွာတွင် တိုက်ပွဲ ပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ် တပ်စွဲထားသော Lucky Man ဟိုတယ် မီးလောင်နေကြောင်း ဒေသပြည်သူများက ပြောဆိုသည်။ ယနေ့ စက်တင်ဘာလ ၂၅ ရက်နေ့တွင် ဆိုင်းတောင်ရွာ၌ KIA ၊ KPDF တပ်ဖွဲ့များနှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲပြင်းထန်နေပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော Lucky Man ဟိုတယ်လည်း မီးလောင်နေကြောင်း သိရသည်။ ဆိုင်းတောင်ရွာတွင် စက်တင်ဘာလ ၂၄ ရက်နေ့ ညနေ ၄ နာရီ ၈ မိနစ်ခန့်မှစ၍ အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ပြီး ဗျူဟာကုန်းမှ လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်ပြီးနောက် တိုက်ပွဲများ စတင်ပြင်းထန်ခဲ့ခြင်းဖြစ်ကြောင်း

ဖားကန့်၊ ဆိုင်းတောင်ရွာတွင် တိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ် တပ်စွဲထားသော Lucky Man ဟိုတယ် မီးလောင်နေ Read More »

မြောင်းမြတွင် အုပ်ချုပ်ရေးမှူးတစ်ဦး KTV အကြွေးမပေးသဖြင့် ဓားထိုးခံရ

ဧရာ၀တီတိုင်း၊ မြောင်းမြမြို့တွင် စက်တင်ဘာ ၂၄ ရက်နေ့ ညက ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦး KTV အကြွေးမပေးသဖြင့် ဓားထိုးခံရကြောင်း ဒေသခံများထံက သိရသည်။ ဓားဖြင့်ထိုးခံရသူမှာ မဲကျော်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးသက်ပိုင်ဟုသိရပြီး ည ၁၂နာရီ ၃၀ခန့်က သီရိမြင့်မိုရ် တည်းခိုခန်းတွင်ရှိနေစဉ် KTV မှ၀န်ထမ်းအချို့ က လာရောက်ကြွေးတောင်းရာမှ ဓားဖြင့်အထိုးခံရသည့်ဖြစ်စဥ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။ “သူက ကားကြီးကွင်းက Day &Night KTVမှာသုံးရက်ဆက်တိုက်၀င်ပြီး ငွေမရှင်းပဲအကြွေးထားခဲ့တာ။ နောက်ရက်ကြတော့ KTVက အကြွေးလှမ်းတောင်းတော့ သူတည်းနေတဲ့ တည်းခိုခန်းကို လာယူလို့ပြောလို့ ဟိုက ၀န်ထမ်းလေးလွှတ်လိုက်တာ။ သူက ဘာတွေ ခြိမ်းခြောက်လဲမသိဘူး ဓားနဲ့ထိုးခံလိုက်ရတာပဲ “ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးမှ ပြောသည်။ လက်ရှိတွင် အဆိုပါအုပ်ချုပ်ရေးမှူးကို မြောင်းမြဆေးရုံသို့ အရေးပေါ်ပို့ဆောင်ထားရကြောင်းနှင့် ဓားဖြင့်ထိုးသည့် KTV

မြောင်းမြတွင် အုပ်ချုပ်ရေးမှူးတစ်ဦး KTV အကြွေးမပေးသဖြင့် ဓားထိုးခံရ Read More »

တန့်ဆည်မြို့နယ် ကဘဲရွာပျူစောထီးစခန်းတိုက်ခိုက်ခံရပြီးနောက် စခန်းစွန့်ထွက်ပြေး

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ကဘဲကျေးရွာရှိ စစ်ကောင်စီတပ်နှင့်ပျူစောထီးအဖွဲ့၏ စခန်း တိုက်ခိုက်ခံရပြီးနောက် စခန်းစွန့်ခွာ ထွက်ပြေးသွားသည်။ အဆိုပါ ပျူစောထီးကင်းစခန်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)နှင့် မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းပြီး စက်တင်ဘာ ၂၂ ရက် နံနက် ၂ နာရီကျော်တွင်ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLA၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။ “ကဘဲရွာနဲ့ အနောက်က ပျူရွာတွေကို ကာထားတဲ့ ကင်းစခန်းပုံစံမျိုး ဖြစ်ပါတယ်။ ဘန်ကာတွေနဲ့ အခိုင်အမာတည်ဆောက်ထားတာပါ။ ဘန်ကာ‌တွေအောက်မှာ မြေအောက်လိုဏ်ခေါင်းတွေ တည်ဆောက်ထားတာကိုလည်း တွေ့ရပါတယ်။ ရန်သူအင်အားက ၂၀ လောက်တော့ရှိမယ်။ တော်လှန်ရေးတပ်ဖွဲ့တွေ ချဉ်းကပ်နေတဲ့ အချိန်မှာပဲ စခန်းစွန့်ခွာ ထွက်ပြေးသွားကြတာပါ။ ပြန်လည်ခုခံတာမျိုး မရှိဘူး။”ဟု PLA၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။ “အဲကောင်တွေ အကုန်လုံးထွက်ပြေးတယ်။ ကဘဲရွာဘက်ပြန်ပြေးတယ်။

တန့်ဆည်မြို့နယ် ကဘဲရွာပျူစောထီးစခန်းတိုက်ခိုက်ခံရပြီးနောက် စခန်းစွန့်ထွက်ပြေး Read More »

တနင်္သာရီမြို့နယ်တွင် တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၆ ဦးသေဆုံး

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ တိုက်ပွဲ ၄ ကြိမ်ဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီတပ်သား ၆ ဦး သေဆုံးခဲ့ကြောင်း မြိတ်ခရိုင် ပူးပေါင်းစစ်ကြောင်း ၂ မှ တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။ ယမန်နေ့ စက်တင်ဘာလ ၂၄ ရက် နံနက် ၈ နာရီ ဝန်းကျင်ခန့်က တနင်္သာရီမြို့နယ်၊ ရှေ့မော်တုန်းရွာ အခြေစိုက် အမြောက်တပ်ရင်း အမတ ၃၀၆ တပ်မှ အင်အား ၄၀ ခန့်ဖြင့် ဘန်းလမွတ်ကျေးရွာအုပ်စု အတွင်းသို့ ခြေလျင်စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်သားများကို တနင်္သာရီပကဖဇုန် ၅ပြည် သူ့ကာကွယ်ရေးအဖွဲ့က ပနပ်ငယ်ရွာအနီး ကျောက်မိုင်းကုန်းအရောက် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ ရာ စစ်သား ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၊ထို့နောက် မွန်းလွဲ ၁ နာရီဝန်းကျင်ခန့်တွင်

တနင်္သာရီမြို့နယ်တွင် တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၆ ဦးသေဆုံး Read More »

ရေတပ်အရာရှိတစ်ဦး သေနတ်သန့်ရှင်းရေးလုပ်စဉ် ကျည်ထွက်ကာ မယားငယ်မေးစေ့ကိုထိမှန်

သင်္ဃန်းကျွန်းမြို့နယ်တွင် ရေတပ်အရာရှိတစ်ဦး သေနတ်သန့်ရှင်းရေးလုပ်စဉ် ကျည်ထွက်ကာ မယားငယ်မေးစေ့ကိုထိမှန် ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် ဆ/က ရပ်ကွက်တွင် ၂၀၂၄ခုနှစ် စက်တင်ဘာလ (၂၂)ရက်နေ့ ညပိုင်းက စစ်ကောင်စီရေတပ်မှ အရာရှိတစ်ဦး သေနတ်သန့်ရှင်းရေးပြုလုပ်ရာက ကျည်ထွက်ပြီး မယားငယ်၏ မေးစေ့ကို ထိမှန်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ ဆ/ကရပ်ကွက် သမာဓိ (၂)လမ်းနှင့် (၃)လမ်းကြားရှိ နေအိမ်တစ်အိမ်တွင် စစ်ကောင်စီရေတပ်မှ အရာရှိတစ်ဦးသည် မယားငယ်အိမ်သို့ လာရောက်ပြီးနောက် ည(၇)နာရီဝန်းကျင်တွင် သေနတ်မှ ကျည်ထွက်ပြီး မယားငယ်၏ မေးစေ့ကို ကျည်ရှပ်မှန် ဒဏ်ရာရသည်ဟု သိရသည်။ “မိန်းမက မသေဘူး။ စံပြဆေးရုံကို ချက်ချင်းပို့လိုက်လို့။ ရေတပ်အရာရှိဆိုသူကိုတော့ စစ်ကောင်စီတပ်က လာခေါ်သွားပြီး ပြန်ပို့တယ်။ သူတို့က လင်မယားမဟုတ်ဘူး။ ရေတပ်အရာရှိရဲ့ မယားငယ်။ ရန်ဖြစ်တာမဟုတ်ဘူး။ ထိုင်နေရင်းနဲ့ သေနတ်ကို သန့်ရှင်းရေးလုပ်နေရင်းနဲ့

ရေတပ်အရာရှိတစ်ဦး သေနတ်သန့်ရှင်းရေးလုပ်စဉ် ကျည်ထွက်ကာ မယားငယ်မေးစေ့ကိုထိမှန် Read More »

မောင်မယ်ရှောင်ရွာမှာ တပ်စွဲထားတဲ့ စစ်အုပ်စု ၂ ကြိမ်တိုက်ခိုက်ခံရ၊ စစ်အုပ်စုဝင် ၁၉ဦးသေ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာမှာ တပ်စွဲထားတဲ့ စစ်အုပ်စုကို ၂ ကြိမ်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်က ၁၉ ဦးသေဆုံးသွားတယ်လို့ ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ကသတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်နေ့မနက် ၈နာရီခန့်က မောင်မယ်ရှောင်ရွာကို ဒေသတော်လှန်ရေးတပ်တွေက ၂နာရီကြာ ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်အုပ်စုဘက်က ၁၂ဦးသေ၊ အများအပြား ဒဏ်ရာရသွားတယ်လို့သိရပါတယ်။ တဆက်ထဲမှာ စက်တင်ဘာ ၂၂ ရက်နေ့မွန်းလွဲပိုင်းမှာ တော်လှန်ရေးပူးပေါင်းတပ်တွေက ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်သား ၇ဦးသေအများအပြားထိခိုက်ဒဏ်ရာရသွားတယ်လို့သိရပါတယ်။ ဒီမစ်ရှင်ကို ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF)၊ ဘီလုံးပျောက်ကျားတပ်ဖွဲ့၊ က္ကားသစ္ဆတ် (ကျားသစ်နက်) ၊ တပ်မဟာ ၆ တပ်ရင်း ၂၇၊ Eastern Defense Force (EDF) နှင့် ဓဝယ်အမျိုးသားလွတ်မြောက်ရေး တပ်တော် (DNLA) တို့က ပူးပေါင်းကာ

မောင်မယ်ရှောင်ရွာမှာ တပ်စွဲထားတဲ့ စစ်အုပ်စု ၂ ကြိမ်တိုက်ခိုက်ခံရ၊ စစ်အုပ်စုဝင် ၁၉ဦးသေ Read More »

Scroll to Top