Author name: Admin

ဒီပဲယင်းမြို့ပေါ်စစ်တပ် PDF တို့၏ တိုက်ခိုက်ခြင်းကို မကြာခဏ ခံနေရ

စစ်‌ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ပေါ်ရှိ စစ်ကောင်စီတပ်သည် PDFတို့၏ တိုက်ခိုက်ခြင်းကို မကြာခဏ ခံနေရကြောင်း သိရသည်။ ဩဂုတ် ၁၈ရက်တွင် ဒီပဲယင်းမြို့ကို PDF ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်က ယင်းနေ့ညနေပိုင်း၌ အင်အားအလုံးအရင်းဖြင့် ပြန်လည်ဝင်ရောက်လာကာ ယနေ့ (စက်တင်ဘာ ၂၄ရက်‌)အထိ တပ်စွဲထားသော်လည်း မြို့ထဲ၌ မကြာခဏတိုက်ခိုက်ခံနေရပြီး အကြိမ်ရေအားဖြင့် ၂၀ထက် မနည်းရှိကြောင်း ဒီပဲယင်းအခြေစိုက် PDF ရဲဘော်အချို့ထံက သိရသည်။ ” သူတို့ (စစ်ကောင်စီတပ်) ပြန်ဝင်ကတည်းက လက်နက်ကြီးပစ်တယ်။ မြို့ထဲထိ လက်နက်ငယ်နဲ့ ဝင်ပစ်တာရှိတယ်။ဒရုန်းချတာတွေ ရှိတယ်။ အနားပေးတာမျိုးမရှိဘူး ” ဟု ဒီပဲယင်းအခြေစိုက် PDFရဲဘော်တစ်ဦးကပြောသည်။ ပြီးခဲ့သည့် စက်တင်ဘာ ၁၇ရက်တွင် ဒီပဲယင်းမြို့ပေါ်ရှိ စစ်တပ်အထိုင်ချ ငါးနေရာကို PDF တပ်ဖွဲ့ များ တစ်ပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ […]

ဒီပဲယင်းမြို့ပေါ်စစ်တပ် PDF တို့၏ တိုက်ခိုက်ခြင်းကို မကြာခဏ ခံနေရ Read More »

မကွေးတွင် ဘုန်းကြီးဝတ်နေသူတချို့ကို စစ်မှုထမ်းရန် တိမ်းရှောင်သည်ဟုဆိုကာ စစ်တပ်က သင်္ကန်းချွတ်ခိုင်းပြီး ပေါ်တာဆွဲ ဖမ်းဆီး ခေါ်ဆောင်

မကွေးတိုင်းအတွင်းတွင် ဘုန်းကြီးဝတ်နေသူတချို့ကိုပါ စစ်မှုထမ်းရန် တိမ်း ရှောင်သည်ဟုဆိုကာ စစ်တပ်က သင်္ကန်းချွတ်ခိုင်းပြီး ပေါ်တာဆွဲ ဖမ်းဆီး ခေါ်ဆောင်မှုများ ဖြစ်ပွားနေကြောင်း ဒေသခံပြည်သူများကပြောဆိုသည်။ မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊ ဝက်မစွတ်ကျေးရွာအုပ်စုတွင် စစ်တပ်က လူငယ် များကို ဖမ်းဆီးခြင်း၊ ပေါ်တာဆွဲခြင်းများ လုပ်ဆောင်နေသဖြင့် လူငယ်များနှင့် အမျိုးသားများ တိမ်းရှောင်မှုများ အလွန်များပြားလာကြောင်း၊ တချို့မှာ ဘုန်းကြီးကျောင်းများတွင် သင်္ကန်းစီးပြီး ဘုန်းကြီးဝတ်ဖြင့် နေထိုင်ကြကြောင်း၊ ထို့ကြောင့် စစ်တပ်က ဝက်မစွတ်ကျေးရွာအုပ်စုအတွင်းရှိ ဘုန်းကြီး ကျောင်းတချို့ကို ဝင်ရောက် စိစစ်ပြီး မကြာမီရက်ပိုင်း၊ လပိုင်းအတွင်းမှ ဘုန်း ကြီးဝတ်ထားသူများကို သင်္ကန်းချွတ်ခိုင်းကာ စစ်သားအဖြစ် ပေါ် တာဆွဲ ဖမ်းဆီး ခေါ်ဆောင်မှုများ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရှိရသည်။ “ဘုန်းကြီးဝတ်တွေမှာ သာသနာရေးက အသိအမှတ်ပြု သံဃာမှတ်ပုံတင်ကတ်ပြခိုင်းတယ်။ သံဃာမှတ်ပုံတင်ကတ်က အနည်းဆုံး

မကွေးတွင် ဘုန်းကြီးဝတ်နေသူတချို့ကို စစ်မှုထမ်းရန် တိမ်းရှောင်သည်ဟုဆိုကာ စစ်တပ်က သင်္ကန်းချွတ်ခိုင်းပြီး ပေါ်တာဆွဲ ဖမ်းဆီး ခေါ်ဆောင် Read More »

မူဆယ်ပစ်ခတ်မှုတွင်ခလရ(၆၈)တပ်ရင်းမှူး နှင့် မူဆယ်လူကုန်တားရဲတပ်ဖွဲ့မှူးဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင် ယမန်နေ့ (စက်တင်ဘာ ၂၃ရက်) နံနက်က စစ်ကောင်စီနှင့် ပြည်သူ့စစ် တို့ ပစ်ခတ်မှုအတွင်း ခလရ(၆၈)တပ်ရင်းမှူးနှင့် မူဆယ်လူကုန်တားရဲတပ်ဖွဲ့မှူး ဒဏ်ရာရရှ်ိသွားသည်။ ယမန်နေ့ နံနက်ပိုင်းက မူဆယ်မြို့ မင်္ဂလာမူဆယ်အိမ်ယာရှိ မန့်ဘိမ်းပြည်သူ့စစ်တပ်ဖွဲ့ပိုင်ကျားဖြန့်ရုံကို စစ်ကောင်စီတပ်က ဝင်ဖမ်းစဉ် တိုက်ပွဲဖြစ်ပွားခဲ့သည်။ နေ့လည် ၁၂နာရီခန့်အထိဖြစ်ခဲ့သည့် တိုက်ပွဲအတွင်း ခလရ(၆၈)တပ်ရင်းမှူးနှင့် မူဆယ်လူကုန်တားရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးမင်းနိုင် ဒဏ်ရာရခဲ့သည်ဟု မူဆယ်လဝကဌာနမှ အရာရှိတစ်ဦးကပြောသည်။ ” တရုတ်ဖက်က စာရင်းနဲ့ လာဖမ်းခိုင်းလို့ ဖမ်းပေးရတာ။ မိတဲ့သူမိ၊ ပြေးတဲ့သူပြေးပဲ။၆၈ ရင်းမှူးနဲ့ လူကုန်တားရဲတပ်ဖွဲ့မှူး ကျည်ထိတယ်။ ဆေးကုနေတယ်”ဟု ၎င်းက ပြောသည်။ ခလရ(၆၈)သည် လားရှိုးမြို့အခြေစိုက်ဖြစ်ပြီး ပြီးခဲ့သည့် ဇူလိုင်အတွင်းက မြန်မာအမျိုးသားဒီမိုကရက်တစ် တပ်မတော် (MNDAA)နှင့် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်စဉ် တပ်ရင်းလိုက်ဆုတ်ခွာသွားခဲ့သည်။ လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အပါအဝင်

မူဆယ်ပစ်ခတ်မှုတွင်ခလရ(၆၈)တပ်ရင်းမှူး နှင့် မူဆယ်လူကုန်တားရဲတပ်ဖွဲ့မှူးဒဏ်ရာရ Read More »

စစ်ကောင်စီရဲတပ်သား ၁ ဦးကို ပစ်သတ်၍ လက်နက်များ ယူဆောင် အလင်းဝင်လာ

စစ်ကောင်စီရဲတပ်သား ၁ ဦးကို ပစ်သတ်၍ လက်နက်များ ယူဆောင် အလင်းဝင်လာသူ ၂ ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး လက်နက်များနှင့်အတူ အလင်းဝင်ရောက် မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်ကောင်စီရဲတပ်သား ၁ ဦးကို ပစ်သတ်၍ လက် နက်များ ယူဆောင် အလင်း ဝင်လာသူ ၂ ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး လက်နက်များနှင့်အတူ အလင်းဝင်ရောက်လာကြောင်း မြိုင်ပကဖက သတင်းထုတ်ပြန်သည်။ စက်တင်ဘာလ ၁၂ ရက်နေ့ မြိုင်မြို့ပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ ညီညီထွန်း (သ-၁၉) နှင့် ဝေယံမင်းခန့်အောင် (သ-၁၆) တို့ နှစ်ဦးသည် စစ်ကောင်စီတပ်သား ရဲတစ်ဦးအား ပစ်သတ်၍ G3 အမျိုး အစား သေနတ်တစ်လက်၊

စစ်ကောင်စီရဲတပ်သား ၁ ဦးကို ပစ်သတ်၍ လက်နက်များ ယူဆောင် အလင်းဝင်လာ Read More »

ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရွာတွင် တိုက်ပွဲ ဆက်လက်ပြင်းထန်နေ

ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရွာတွင် တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်ဗုံးကျဲနေ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရွာတွင် တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်ဗုံးကျဲနေကြောင်း ဒေသပြည်သူများကပြောဆိုသည်။ ယနေ့ စက်တင်ဘာလ ၂၄ ရက်နေ့ ညနေ ၄ နာရီ ၈ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရွာကို ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ပြီးနောက် ဗျူဟာကုန်းက လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များလည်း တိုက်ပွဲများ ဆက်တိုက် ပြင်းထန်လျက်ရှိပြီး လက်နက်ကြီး၊ လက်နက်ငယ်

ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရွာတွင် တိုက်ပွဲ ဆက်လက်ပြင်းထန်နေ Read More »

ပင်လည်ဘူးမြို့ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးအလုံးရေ ရာချီကြဲချ

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးအလုံးရေ ရာချီကြဲချခဲ့ပြီး အင်အား ၁၆၀ခန့်ကိုလည်း လေကြောင်းမှပင် စစ်ကူပို့ခဲကြောင်း သိရသည်။ ယမန်နေ့ ဩဂုတ် ၂၃ရက်နေ့ နံနက် ၉နာရီ ၃၅မိနစ်ခန့်မှစ၍ ညနေ ၆နာရီ၂၁မိနစ် အထိ ဂျက်ဖိုက်တာ ရှစ်စင်း ဖြင့် လေကြောင်းမှ ၁၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လက်နက် ကြီးများဖြင့်ပါ ပစ်ခတ်ခဲ့ကြောင်း သိရသည်။ ထို့အပြင် Y12 လေယာဉ်ဖြင့် နံနက် ၁၀နာရီ ၃၈မိနစ်တွင် ပင်လည်ဘူးမြို့ တောကျောင်းအနီးတစ်ဝိုက်ကို ဗုံးသီး ၆၅လုံးကြဲချခဲ့ပြီး ပင်လည်ဘူးမြို့ပေါ်သို့ နေ့လယ် ၁နာရီ ၃၂မိနစ်တွင် ဗုံးအလုံးရေ ၆၀ ကျော် ကြဲချ တိုက်ခိုက်ခဲ့ကြောင်း people’s defense comarade အဖွဲ့က

ပင်လည်ဘူးမြို့ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးအလုံးရေ ရာချီကြဲချ Read More »

လောင်းကစားနေသည့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး၊ ကြံ့ဖွတ်ပါတီဝင် မြင့်ဆွေနှင့် နောက်လိုက်တစ်ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံး

အောင်လံမြို့တွင် လောင်းကစားနေသည့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး၊ ကြံ့ဖွတ်ပါတီဝင် မြင့်ဆွေနှင့် နောက်လိုက်တစ်ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံး မကွေးတိုင်း၊ အောင်လံမြို့၊ ရွာထောင်ရပ်ကွက်၊ အေးချမ်းဖြိုး ၁၉ လမ်းအတွင်းရှိ ပုံတူလောင်းကစားဝိုင်းတစ်ခုတွင် ကစားနေသည့် စစ် ကောင်စီခန့် အုပ်ချုပ် ရေးမှူးလည်းဖြစ်၊ ကြံ့ဖွတ်ပါတီဝင်လည်းဖြစ်သူ မြင့်ဆွေနှင့် နောက်လိုက်တစ်ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသနေပြည်သူများက ပြောကြားသည်။ ယနေ့ စက်တင်ဘာလ ၂၄ ရက် နံနက် ၁၀ နာရီအချိန် အောင်လံမြို့၊ ရွာထောင်ရပ်ကွက် အ တွင်းရှိ လောင်းကစားဝိုင်း၌ ပုံတူလောင်းကစားတစ်ခုကို ဝင်ရောက် လောင်းကစားနေသော အောင်လံမြို့နယ်၊ တလုပ်ပင်ကျေးရွာ၏ အုပ်ချုပ်ရေးမှူးမြင့်ဆွေနှင့် နောက် လိုက် ၁ ဦးကို ဆိုင်ကယ်စီးလာသူ ၂ ဦးက သေနတ်ဖြင့်ဝင်ရောက်ပစ်ခတ်ခဲ့ရာ မြင့်ဆွေမှာ

လောင်းကစားနေသည့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး၊ ကြံ့ဖွတ်ပါတီဝင် မြင့်ဆွေနှင့် နောက်လိုက်တစ်ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံး Read More »

ကနီနှင့် မင်းကင်း မြို့နယ်အစပ်တွင် စစ်တပ်၏ ဖလက်ခွန် ရေယာဉ် ၉ စီးကို RPG ဖြင့် ပစ်ခတ် တိုက်ခိုက်မှု ၂ စီး မီးလောင် ပျက်စီး(ရုပ်/သံ)

ကနီနှင့် မင်းကင်း မြို့နယ်အစပ်တွင် စစ်တပ်၏ ဖလက်ခွန် ရေယာဉ် ၉ စီးကို RPG ဖြင့် ပစ်ခတ် တိုက်ခိုက်မှု ၂ စီး မီးလောင် ပျက်စီး(ရုပ်/သံ) စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် နှင့် မင်းကင်း မြို့နယ် အစပ်တွင် အကြမ်းဖက် စစ်တပ်၏ ဖလက်ခွန် ရေယာဉ် ၉ စီးကို RPG ဖြင့် ပစ်ခတ် တိုက်ခိုက်ရာ ၂ စီး မီးလောင် ပျက်စီးခဲ့ကြောင်း မုံရွာခရိုင် အမှတ် ၃ တပ်ရင်း တာဝန်ခံ ကိုသစ်တော က ပြောဆိုသည်။ စက်တင်ဘာလ ၁၈ ရက်နေ့တွင် ချင်းတွင်းမြစ်ကြောင်း အတိုင်း ကနီမြို့နယ် နှင့် မင်းကင်း မြို့နယ် အစပ်ကို ရောက်ရှိလာသော

ကနီနှင့် မင်းကင်း မြို့နယ်အစပ်တွင် စစ်တပ်၏ ဖလက်ခွန် ရေယာဉ် ၉ စီးကို RPG ဖြင့် ပစ်ခတ် တိုက်ခိုက်မှု ၂ စီး မီးလောင် ပျက်စီး(ရုပ်/သံ) Read More »

စစ်မှုထမ်းရန် လိုက်ပါမည်ဟုဆိုကာ သိန်း ၈၀ ယူ၍ ဆိုင်ကယ်ဝယ်စီးပြီး လာခေါ်ချိန်တွင် ဆိုင်ကယ်ဖြင့် ထွက်ပြေး

သုံးခွတွင် စစ်မှုထမ်းရန် လိုက်ပါမည်ဟုဆိုကာ သိန်း ၈၀ ယူ၍ ဆိုင်ကယ်ဝယ်စီးပြီး လာခေါ်ချိန်တွင် ဆိုင်ကယ်ဖြင့် ထွက်ပြေး ရန်ကုန်တိုင်း၊ သုံးခွမြို့နယ်တွင် စစ်မှုထမ်းဥပဒေဖြင့် သင်တန်းသားသစ်ခေါ်ယူရာတွင် စစ်သင်တန်း လိုက်မည်ဟု မိမိသဘောဆန္ဒအရ နာမည်စာရင်းပေး၍ စစ်ကောင်စီထံမှ သိန်း ၈၀ ရယူကာ လာခေါ်ချိန်တွင် ထွက်ပြေးသွားကြောင်း သိရသည်။ ယခုစက်တင်ဘာလအတွင်း စစ်ကောင်စီက စစ်မှု ထမ်းရန် သင်တန်းသားသစ်ခေါ်ယူရာ သုံးခွမြို့နယ်မှ ကျေးရွာသားတစ်ဦးသည် မိမိသဘောဆန္ဒဖြင့် နာမည်စာရင်းပေးပြီး ငွေကျပ် သိန်း ၈၀ ကိုရယူခဲ့ကြောင်း သိရသည်။ ထိုသို့ရယူပြီးနောက် တန်ကြေးအသင့်တင့်ရှိ ဆိုင်ကယ်ဝယ်စီး၍ ပိုသည့် ငွေများကိုယူကာ စစ်ကောင်စီက စစ်မှုထမ်းရန် လာရောက်ခေါ်ဆောင်ရာတွင် ဆိုင်ကယ်စီးပြီး ထွက်ပြေးသွားကြောင်း သိရသည်။ “သိန်း ၃၀ တန် ဆိုင်ကယ်ကိုဝယ်တယ်၊ အုပ်ကြီးတွေက

စစ်မှုထမ်းရန် လိုက်ပါမည်ဟုဆိုကာ သိန်း ၈၀ ယူ၍ ဆိုင်ကယ်ဝယ်စီးပြီး လာခေါ်ချိန်တွင် ဆိုင်ကယ်ဖြင့် ထွက်ပြေး Read More »

ဟားခါးမြို့က Non-CDM သမားများကိုစစ်ကောင်စီလိုသဘောထားမှာဖြစ်ပြီး တွေ့တဲ့နေရာမှာ ပစ်ခတ် တော့မယ်

ဟားခါးမြို့က Non-CDM သမားများကိုစစ်ကောင်စီလိုသဘောထားမှာဖြစ်ပြီး တွေ့တဲ့နေရာမှာ ပစ်ခတ် တော့မယ်လို့ CDF-Hakha က အမြင့်ဆုံးသတိပေးစာထုတ်ပြန် ချင်းပြည်နယ်၊ ဟားခါးမြို့မှာ စစ်ကောင်စီအလိုကျ CDM မလုပ်ပဲ အကြမ်းဖက်သမားများရဲ့လုပ်ငန်းယန္တရား လည်ပတ်နိုင်အောင်ကူညီပေးနေတဲ့ Non-CDM သမားများကို အကြမ်းဖက်စစ်ကောင်စီလိုသဘောထားသွား မှာ ဖြစ်ပြီးတော့ တွေ့တဲ့နေရာတိုင်းမှာပစ်ခတ်သွားမယ်လို့ Chinland Defense Force – Hakha က စက်တင်ဘာလ ၂၃ ညပိုင်းမှာ အမြင့်ဆုံးသတိပေးစာ ထုတ်ပြန်လိုက်ပါတယ်။ CDF-Hakha ရဲ့ထုတ်ပြန်ချက်ထဲမှာ ၂၀၂၄ ခုနှစ်စက်တင်ဘာလ ၂၃ ရက်မှာ ဟားခါးမြို့ရှိဌာနဆိုင်ရာအားလုံး က ဝန်ထမ်းတွေအကုန်လုံးကို စစ်ကောင်စီကအစည်းအဝေးခေါ်ပြီး ရွေးကောက်ပွဲအတွက် စာရင်းပြုစုနည်း ကိုသင်ကြားပေးတယ်ဆိုတာကျွန်တော်တို့သိထားတယ်။ ၂၀၂၂ ခုနှစ်၊ဇွန်လ ၁၆ ရက်မှာ စစ်ကောင်စီနဲ့အလုပ်တွဲလုပ်တဲ့ လူတွေအားလုံးကို စစ်ကောင်စီသဖွယ်သဘော ထားမယ်လို့ကြေညာချက်ထုတ်ပြန်ပြီးဖြစ်တယ်။ဒါပေမယ့် Non-CDM

ဟားခါးမြို့က Non-CDM သမားများကိုစစ်ကောင်စီလိုသဘောထားမှာဖြစ်ပြီး တွေ့တဲ့နေရာမှာ ပစ်ခတ် တော့မယ် Read More »

Scroll to Top