Author: Admin

  • တပ်ရင်းလိုက် လက်နက်ချခြင်းများ ကြုံနေရသည့်  စစ်ခေါင်းဆောင် မင်းအောင်လှိုင်က  တိုက်ခိုက်လိုစိတ်မြင့်မားအောင်တည်ဆောက်ရန်လိုဟုဆို

    တပ်ရင်းလိုက် လက်နက်ချခြင်းများ ကြုံနေရသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တိုက်ခိုက်လိုစိတ်မြင့်မားအောင်တည်ဆောက်ရန်လိုဟုဆို

    by

    in

    တိုက်ပွဲများတွင် တပ်ရင်းလိုက် လက်နက်ချမှုများရှိနေသည့် စစ်ကောင်စီတပ်၏ ခေါင်းဆောင် မင်းအောင်လှိုင်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ တိုက်လိုခိုက်လိုစိတ်ကို မြင့်မားအောင် တည်ဆောက်သွားကြရန်လိုအပ်ကြောင်းပြောသည်။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန်နေ့ ဒီဇင်ဘာလ ၆ ရက်နေ့က ပြင်ဦးလွင်မြို့တွင် ပြုလုပ်သည့် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းဆင်းပွဲတွင် သတိပေးပြောကြားသည်။ “တိုက်လိုခိုက်လိုစိတ် မြင့်မား​စေဖို့အတွက် တပ်မ​တော်ရဲ့စိတ်ဓါတ်​တွေဖြစ်တဲ့ လှေခွက်ချည်းကျန် အလံမလဲသည့် စိတ်ဓာတ်၊ ပေးအပ်တဲ့တာဝန်အပေါ်မှာ တုံးတိုက်တိုက် ကျားကိုက်ကိုက် မဖြစ်မနေ အောင်မြင်အောင်လုပ်မယ်ဆိုတဲ့စိတ်ဓာတ် ဒို့တပ်မတော်ရဲ့ အစဉ်အလာကောင်းတွေကို အသက်နဲ့လဲပြီး စောင့်ထိန်းမယ်ဆိုတဲ့ စိတ်ဓာတ်မျိုးရရှိအောင် တည်ဆောက်သွားကြဖို့လိုတယ်”ဟု ဆိုသည်။ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ယုံကြည်ချက်၊ ခံယူချက်မှန်ပြီး စိတ်ဓာတ်ကောင်းမွန်ရန် အထူးလိုအပ်သည့်အတွက် တပ်ဖွဲ့ဝင်များ စိတ်ဓာတ်ကောင်းမွန်စေရေး လေ့ကျင့်ရေး၊ အုပ်ချုပ်ရေး ၊ သက်သာချောင်ချိရေးတို့ဖြင့် ဖန်တီးပေးရမည်ဖြစ်သည့်အပြင် မျိုးချစ်စိတ် စသည်တို့ဖြင့်…

  • နပခ မကျရေး စစ်တပ်က ခုခံနေ၊ အလံဖြူထောင်မည့် အရာရှိများကို ဖမ်းဆီးထား

    နပခ မကျရေး စစ်တပ်က ခုခံနေ၊ အလံဖြူထောင်မည့် အရာရှိများကို ဖမ်းဆီးထား

    by

    in

    အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) မကျရေးအတွက် စစ်ကောင်စီက ခုခံနေပြီး အာရက္ခတပ်တော် (AA) ဆီမှာ လက်နက်ချအညံ့ခံလိုတဲ့ အရာရှိ ၄ ယောက်ကို စစ်တပ်က ဖမ်းဆီးအချုပ်ချထားတယ်လို့ နပခနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။ အာရက္ခတပ်တော် (AA) က တိုင်းစစ်ဌာနချုပ်ထဲအထိ တိုးဖောက်ဝင်ရောက်တိုက်ခိုက်နေပြီး လက်နက်ချ အညံ့ခံလိုတဲ့ ဒုဗိုလ်မှူးကြီး ၂ ယောက်နဲ့ ဗိုလ်မှူး ၂ ယောက်ကို ဒီဇင်ဘာ ၆ ရက်က ဖမ်းပြီး အချုပ်ချထားတယ်လို့ သတင်းအရင်းအမြစ်က ပြောပါတယ်။ “နပခသမိုင်းမှာ အခုတိုက်ပွဲက အဆိုးဆုံးပဲ။ သေတာတွေ၊ ထွက်ပြေးတာတွေ၊ သတင်းပေးတွေလည်းများတယ်။ AA ဘက်က သနားလို့ လက်နက်ချအညံ့ခံဖို့ပြောတယ်။ မနေ့က အလင်းဝင်ဖို့ လုပ်နေတဲ့ အရာရှိ ၄ ယောက်ကို ဖမ်းပြီးချုပ်ထားတယ်။”…

  • ရှမ်းပြည်နယ် မူဆယ် ကိုအလုပ်လုပ်ရန်သွားသည့် ရခိုင်အမျိုးသမီး‌တစ်ဦးကို AAနှင့်ဆက်စပ်သည်ဟုဆိုကာ စစ်‌ကောင်စီမှဖမ်းဆီးသတ်ဖြတ်

    ရှမ်းပြည်နယ် မူဆယ် ကိုအလုပ်လုပ်ရန်သွားသည့် ရခိုင်အမျိုးသမီး‌တစ်ဦးကို AAနှင့်ဆက်စပ်သည်ဟုဆိုကာ စစ်‌ကောင်စီမှဖမ်းဆီးသတ်ဖြတ်

    by

    in

    ရှမ်းပြည်နယ်မြောက်ပိုင်း၊မူဆယ်ခရိုင်၊ မူဆယ်မြို့သို့ အလုပ်လုပ်ရန်သွားသည့် ရခိုင်အမျိုးသမီးတစ်ဦးကိုအာရက္ခတပ်တော် (AA) နှင့်ဆက်စပ်သည်ဟု ဆိုကာ စစ်ကောင်စီမှဖမ်းဆီးသတ်ဖြတ်လိုက်ကြောင်း သတင်းရရှိသည်။ ၎င်းအမျိုးသမီးမှာ မြေပုံမြို့နယ်၊ကမ်းထောင်းကြီးမြို့မှ မနွယ်နွယ်မြင့် အသက် ( ၂၅) နှစ်ဖြစ်သည်။ မူဆယ်မြို့အဝင် စစ်တပ်ဂိတ်တွင် ဒီဇင်ဘာ ၆ရက်နေ့နံနက်ကခရီးသည်များအားစစ်ဆေးစဉ်ရခိုင်အမျိုးသမီးငယ် (၄)ဦးအားခေါ်ယူထားလိုက်ပြီး ထိုအထဲက မနွယ်နွယ်မြင့်ကိုAAနှင့်ဆက်စပ်သည်ဟုဆိုကာစစ်ကောင်စီကသတ်ဖြတ်လိုက်ခြင်းဖြစ်သည်ဟု ကမ်းထောင်းကြီးဒေသခံတစ်ဦးက ပြောသည်။ ” သူတို့ ရန်ကုန်ကနေလာကြတာပါ။ မူဆယ်အဝင်ဝဂိတ်မှာစစ်ဆေးခံရတယ်။ စစ်ကောင်စီဂိတ်ပါ။ အဲ့ဒီမှာ ဖုန်းတွေကိုစစ်တယ်။ မနွယ်နွယ်မြင့်မှာ AAနဲ့ပက်သက်တဲ့ တယ်လီကရမ်မှာ joinထားတာတွေ၊ ဖေ့စ်ဘွတ်မှာ AA နဲ့ပက်သက်တဲ့ ပို့စ်တွေ ရှယ်ထားတာတွေကိုတွေ့တယ်။ မိန်းကလေး ၄ ယောက်လုံးကို စစ်တပ်ထဲခေါ်သွားတာ။ တစ်ယောက်ကသတ်ဖြတ်ခံလိုက်ရပါတယ်” ဟုပြောသည်။ နောက်ထပ် မနွယ်နွယ်မြင့်နှင့်အတူဖမ်းဆီးခံရသည့် ရခိုင်အမျိုးသမီး(၃)ဦးကို စစ်တပ်က ငွေကြေးရာနှင့်ချီတောင်းခံပြီးမှ ပြန်လွှတ်ပေးခဲ့သည်ဟု နီးစပ်သူတစ်ဦးကပြောသည်။ ”…

  • မောင်တောရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်း နခခ ၅ မြို့သူကြီးကို AA သိမ်းပိုက်

    မောင်တောရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်း နခခ ၅ မြို့သူကြီးကို AA သိမ်းပိုက်

    by

    in

    မောင်တောရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်း နခခ ၅ မြို့သူကြီးကို AA သိမ်းပိုက်ပြီး နယ်စပ် တစ်လျောက်လုံးကို ထိန်းချုပ် စစ်ကောင်စီ၏ မောင်တောရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန် နယ်ခြားစောင့်စခန်း (နခခ-၅) မြို့သူကြီးကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်လိုက်ပြီး မြန်မာ- ဘင်္ဂလားဒေ့ရှ်နယ်စပ် တစ်လျှောက် ကို ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း သိရသည်။ ယမန်နေ့ ဒီဇင်ဘာ ၆ ရက်နေ့တွင် နခခ ၅ ၏ နောက်ဆုံးခံတပ်စည်းအထိ AA က ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်ဝင်ရောက်တိုက်ခိုက်ပြီး စခန်းကို သိမ်းယူလိုက်ခြင်းဖြစ်ကြောင်း ဒေသတွင်း သတင်းများ၏ ဖော်ပြချက်အရ သိရသည်။ “စခန်းသိမ်းနေစဉ်ရော၊ သိမ်းပြီးတဲ့ အချိန်မှာရော လေယာဉ်က ဗုံးလာကြဲတာ။ ပေါင် ၁၀၀၀ ဖျက်အား ပြင်း…

  • ဗန်းမော်မြို့တွင်းထိ KIAတပ်များ ဝင်ရောက်နေရာယူထား

    ဗန်းမော်မြို့တွင်းထိ KIAတပ်များ ဝင်ရောက်နေရာယူထား

    by

    in

    ဗန်းမော်မြို့တွင်းထိ KIAတပ်များ ဝင်ရောက်နေရာယူထားပြီး မြို့မရဲစခန်းနှင့် ရုံးကြီးကိုသိမ်း၊ စကခ ၂၁ တွင် တိုက်ပွဲပြင်းထန်နေ ကချင်ပြည်နယ်၊ ဗန်းမော်မြို့အတွင်းထိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်များ ဝင်ရောက် နေရာယူပြီး စစ်ကောင်စီစခန်းအချို့ကို သိမ်းဆည်းထားပြီဖြစ်ကြောင်း သိရသည်။ ယမန်နေ့ ဒီဇင်ဘာ ၆ရက်နေ့တွင် ဗန်းမော်မြို့တွင်းရှိ စစ်ကောင်စီ၏ မြို့မရဲစခန်းနှင့် ဌာနဆိုင်ရာရုံးပေါင်းစုံ ရုံးကြီးအား တိုက်ခိုက်သိမ်းယူပြီး နယ်မြေရှင်းလင်းနေကြောင်း သိရသည်။ “စစ်မျက်နှာ လေးခုလောက်ဖွင့်ပြီး KIAကတိုက်နေတာ။ စစ်တပ်ကတော့ အစဉ်အလာအတိုင်း လေယာဉ်နဲ့ အဓိကတိုက်တယ်ပေါ့။ နည်းပညာတက္ကသိုလ်နားမှာ တိုက်ပွဲပြင်းထန်နေတယ်။ စကခ ၂၁လည်း အနီးကပ်တိုက်ပွဲဖြစ်တယ်” ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁) ကို KIAက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီက ခမရ ၃၁၉…

  • လုံခြုံရေးအခြေနေကြောင့် ပြင်ဦးလွင်၊ ပန်းပွဲတော်ကို နေရာဟောင်းမှာ မကျင်းပတော့ဘဲ ပွဲကောက်ရေတံခွန်ဘက် ပြောင်း‌ရွှေ့ဖွင့်လှစ်ခဲ့

    လုံခြုံရေးအခြေနေကြောင့် ပြင်ဦးလွင်၊ ပန်းပွဲတော်ကို နေရာဟောင်းမှာ မကျင်းပတော့ဘဲ ပွဲကောက်ရေတံခွန်ဘက် ပြောင်း‌ရွှေ့ဖွင့်လှစ်ခဲ့

    by

    in

    ပြင်ဦးလွင် (မေမြို့)မှာ ဒီဇင်ဘာ ၁ ရက်နေ့ကနေ ၃၁ ရက်နေ့ထိကျင်းပပြုလုပ်သွားမယ့်ပန်းပွဲတော်ကို အရင်နေရာဟောင်းဖြစ်တဲ့ ကန်တော်ကြီးမှာ မဖွင့်လှစ်တော့ဘဲ ပွဲကောက်ရေတံခွန် ဘက်ပြောင်းရွေ့ပြီး ဖွင့်လှစ်ကျင်းပခဲ့တယ်လို့ ပြင်ဦးလွင်မြို့ခံအမျိုးမီးတစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်တွေမှာ ဗိုလ်လောင်းသင်တန်းဆင်းပြီးတဲ့ သင်တန်းသားနဲ့ ၎င်းတို့ရဲ့မိသားစုဝင်တွေကို စစ်ကောင်စီဘက်က ပွဲကောက်ရေတံခွန်ဘက် အလည်ပို့ပေးတာတွေရှိတယ်လို့သူကဆက်ပြောပါတယ်။ “အမအထင်တော့ အဲ့လိုပြောင်းဖွင့်လိုက်တာက သင်တန်းဆင်းပွဲပြီးတာနဲ့သူတို့မိသားစုတွေနဲ့အတူ ပွဲကောက်ရေတံခွန်လာလည်ရင် အပြင်လူတွေသတိမထားမိနိုင်အောင်လုပ်တာဖြစ်မယ်”လို့ သူကဆက်ပြောပါတယ်။ ဒီဇင်ဘာလ ၆ ရက်နေ့မှာ ပြုလုပ်ကျင်းပခဲ့တဲ့ ဗိုလ်လောင်သင်တန်းဆင်းပွဲကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်တက်ရောက်ခဲ့ ပြီး စစ်ရေးဂိတ်တွေကိုလည်း တင်းကြပ်နေတာတွေ ရှိတယ်လို့ သိရပါတယ်။ ဂိတ်တွေမှာ”မှတ်ပုံတင်စစ်တာတော့မရှိဘူး။ ဆိုင်ကယ်ဆို tool box စစ်တာမျိုး။ ကားဆိုလဲအဲ့အတိုင်းပဲ။ မနှစ်ကလိုလမ်းလဲမပိတ်တော့ဘူး။ လုံခြုံရေးတော့ရှိတယ်။ လမ်းကြားတိုင်းသူတို့ရှိတယ်။” ဗိုလ်လောင်းသင်တန်းဆင်းပွဲမစခင် နှစ်ရက်သုံးရက်အလို ကတည်းက လမ်းမှာ စစ်ဆေးတာတွေ၊ ဆိုင်ကယ်၊ကား…

  • ဝရမ်းရှင် ကြင်စိုး

    ဝရမ်းရှင် ကြင်စိုး

    by

    in

    (က) စိမ်းသရဖူစိမ်း တောင်ကျောင်းဆရာတော်က အားရပါးရ မိန့်တော်မူနေလေရာ အစိမ်းဒကာကျော် အဘစိမ်းမောင်က အားတက်သရော ထောက်ခံလျက် ရှိပေ၏။ အရွှင်အဘ စောမူးသာနှင့် စစ်ပြန်ကြီး အဘလုံးတုံးတို့က ပြုံးစ ပြုံးစနှင့် အလိုက်သင့် ခေါင်း‌တွေတညိတ်ညိတ် လုပ်‌နေကြကာ ကျွန်ု‌ပ်ဖေကြီးအား အဓိပ္ပာယ်ပါပါ လှမ်းကြည့်ကြပါလေရာ များမကြာခင် တိုက်စစ်မြင်ရမည်ဟု ခန့်မှန်းရပါလေ၏ ခင်ဗျာ။ “ ‘ဝရမ်း’ ထုတ်တာတို့၊ ဝင်ဖမ်းမှာတို့ကို ခေါင်းမရှိတဲ့ကောင်တွေပဲ စွတ်ယုံကြတာ စိမ်းမောင်ရ” “မှန်ပါဘုရာ့၊ သူတို့ လုပ်ချင်တိုင်းလုပ်လို့ရ မတဲ့လား၊ တပည့်တော်တို့က ကိုယ့်အချုပ်အချာနဲ့ ကိုယ်နေတာလေ” “အေးလကွာ၊ ပြီးတော့ တပ်ချုပ်ကြီးကို ဖမ်းဝရမ်းထုတ်ရအောင်ကလည်း ငါတို့နိုင်ငံက အဲသည် ‘ICC’ အဖွဲ့ထဲ ဝင်ထားတဲ့နိုင်ငံလည်း မဟုတ်ဘူးဟ” “အဲဒါကြောင့် ‌ပြောတာပေါ့၊ ‘တဖက်ပိတ်’ တွေဆိုတာ” “ဝါး…

  • စစ်ကြောင်းထိုးရန် မြေပြင် ထောက်လှမ်းရေး လုပ်ဆောင်ခဲ့သော ရာအိမ်မှူး စိုးနိုင် ပစ်ခတ်ခံရပြီး သေဆုံး

    စစ်ကြောင်းထိုးရန် မြေပြင် ထောက်လှမ်းရေး လုပ်ဆောင်ခဲ့သော ရာအိမ်မှူး စိုးနိုင် ပစ်ခတ်ခံရပြီး သေဆုံး

    by

    in

    ကြို့ပင်ကောက်တွင် စစ်တပ် စစ်ကြောင်းထိုးရန် မြေပြင် ထောက်လှမ်းရေး လုပ်ဆောင်ခဲ့သော ရာအိမ်မှူး စိုးနိုင် ပစ်ခတ်ခံရပြီး သေဆုံး ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းထိုးရန် မြေပြင် ထောက်လှမ်းရေး လုပ်ဆောင်ခဲ့သော ရာအိမ်မှူး စိုးနိုင်ကို ပစ်ခတ် တိုက်ခိုက်ရာ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ကြို့ပင်ကောက်မြို့နယ် BTZM GBK PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ဒီဇင်ဘာလ ၆ ရက်နေ့ ည ၈ နာရီခန့်တွင် ကြို့ပင်ကောက်မြို့နယ် ၊ ဥယျဉ်ကြီးအုပ်စု ၊ အေးရွာလေးရွာ ရာအိမ်မှူးစိုးနိုင်ကို ကြို့ပင်ကောက်မြို့နယ် BTZM GBK PDF ပဲခူးရိုးမအခြေပြုတပ်ဖွဲ့ မှ တော်လှန်ရေး ရဲဘော်များကက ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း…

  • ဟားခါးရပ်ကွက်အနီးရှိ ခမရ ၂၆၆ ကာကင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံး

    ဟားခါးရပ်ကွက်အနီးရှိ ခမရ ၂၆၆ ကာကင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံး

    by

    in

    ဟားခါးရပ်ကွက်အနီးရှိ ခမရ ၂၆၆ ကာကင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရ ၊ သေနတ် ၃ လက် သိမ်းဆည်းရရှိ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဟားခါးရပ်ကွက်အနီးရှိ ခမရ ၂၆၆ ကာကင်းကို တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရကာ သေနတ် ၃ လက် သိမ်းဆည်းရရှိကြောင်း CNA သတင်းရင်းမြစ်က ပြောဆိုသည်။ ဒီဇင်ဘာလ ၆ ရက်နေ့ CNA ဦးဆောင်သော ချင်းပြည်အစိုးရတပ်ဖွဲ့များက ဟားခါးရပ်ကွက်အနီးရှိ ခမရ ၂၆၆ ကာကင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၃ ဦးသေဆုံးပြီး ၁၁ ဦဒဏ်ရာရရှိကြောင်း၊ သေနတ် ၃ လက် သိမ်းဆည်းရရှိပြီး…

  • ဂွတွင်ချေမှုန်းခံရသည့် ဧရာဝတီတိုင်းမှ စစ်ကူတပ်ရင်းများ တပ်တွင်း၌ ပြဿနာတက်​နေ

    ဂွတွင်ချေမှုန်းခံရသည့် ဧရာဝတီတိုင်းမှ စစ်ကူတပ်ရင်းများ တပ်တွင်း၌ ပြဿနာတက်​နေ

    by

    in

    ရခိုင်ပြည်နယ်၊ ဂွမြို့သို့ အပို့ခံရသည့် ဧရာဝတီတိုင်းမှ တပ်ရင်းသုံးခုလုံး ချေမှုန်းခံရပြီးနောက် ယင်းတပ်ရင်းများအတွင်း စစ်တပ်မိသားစုဝင်များ မကျေမနပ်ဖြစ်​​နေပြီး တပ်တွင်းပြသာနာတက်နေကြောင်း သက်ဆိုင်ရာ မြို့များမှ ဒေသခံများကပြောသည်။ စစ်ကောင်စီက ဟင်္သာတမြို့အခြေစိုက်အမှတ် ၁၈ ​​ခြေလျင်တပ်ရင်း( ခလရ ၁၈)၊အိမ်မဲမြို့အခြေစိုက် အမှတ် ၆၃ ​ခြေလျင်တပ်ရင်း( ခလရ ၆၃)၊ အမှတ် (၅၁) ​ခြေလျင်တပ်ရင်း (ခလရ ၅၁) နှင့် ရန်ကုန်၊ လှိုင်သာယာအခြေစိုက်အမှတ် ၅၃၂ ​ခြေမြန်တပ်ရင်း( ခမရ ၅၃၂)မှ စစ်သားအင်အား ၂၀၀ နီးပါးကို AAက မြို့သိမ်းတိုက်ပွဲတိုက်ခိုက်နေသည့် ဂွမြို့သို့ နိုဝင်ဘာလ တတိယလပတ်ထဲတွင် ကားများဖြင့် ပို့ဆောင်ခဲ့သည်။ အဆိုပါ စစ်ကြောင်းကို ဂွမြို့နယ်၊ သံခဲချိုင်ကျေးရွာ၊ သံခဲချိုင်ကျေးရွာကမ်းခြေအနီး နှင့် သံခဲချိုင်ကျေးရွာနှင့် ကင်းပုံကျေးရွာအနီးတွင် နိုဝင်ဘာလ…