Author name: Admin

ဗိုလ်တထောင်ခရိုင်တွင် ဧည့်စာရင်းစစ်ဆေးသည့် ဒုဗိုလ်မှူးကြီး၏ တရက်တာဝင်ငွေ သိန်းရာချီရှိ

ရန်ကုန်တိုင်း ဗိုလ်တထောင်ခရိုင်မှာ နေ့စဥ်ဧည့်စာရင်း စစ်ဆေးနေပြီး ဦးဆောင်သူ ဒုဗိုလ်မှူးကြီး မောင်မောင်စိုးရဲ့ တရက်တာဝင်ငွေမှာ သိန်း ၅၀၀ ကျော်ရှိတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ ဗိုလ်တထောင်မြို့နယ်မှာ စက်တင်ဘာ ၂၂ ရက်က ဒုဗိုလ်မှူးကြီးနဲ့အဖွဲ့ဟာ မြို့နယ်နဲ့ပူးပေါင်းကာ ရပ်ကွက်အချို့ကို ဧည့်စာရင်းစစ်ခဲ့ပြီး ဖမ်းဆီးခံရသူတွေဆီက သိန်း ၆၄၀ ကို တောင်းယူပြီး ပြန်လွှတ်ခဲ့တယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။ “သူ့ကို အများက အာရကေမောင်စိုးပဲ ခေါ်ကြတာ။ ဧည့်စာရင်းဖမ်းရင် ထောင် ၁၄ ရက်ပဲကျမှာ။ အဲ့လိုတွေလုပ်ချင်လို့ ဖမ်းတာမဟုတ်ဘူး၊ ပိုက်ဆံရှာချင်လို့ ဧည့်စာရင်းစစ်တာ၊ ဗိုလ်တထောင်မှာ သိန်း ၆၀၀ ကျော်တောင်းသွားတယ်။” မင်္ဂလာတောင်ညွန့် နဲ့ ပုဇွန်တောင်မြို့နယ်မှာ စက်တင်ဘာ ၁၇ ရက်မှ ၁၉ ရက်အတွင်း […]

ဗိုလ်တထောင်ခရိုင်တွင် ဧည့်စာရင်းစစ်ဆေးသည့် ဒုဗိုလ်မှူးကြီး၏ တရက်တာဝင်ငွေ သိန်းရာချီရှိ Read More »

စစ်မှုထမ်းဥပဒေကြောင့် တပ်သားသစ်ဖြစ်လာသည့် ခရမ်းမြို့နယ်မှလူငယ် ၃ ဦး ရှေ့တန်းတွင် သေဆုံး

ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်မှ လူငယ် သုံးဦး သည် စစ်ကောင်စီ၏ စစ်မှုထမ်းအမှတ်စဉ် (၁) အဖြစ် တပ်သားသစ်စုဆောင်းခြင်းခံခဲ့ရပြီးနောက် ရှေ့တန်းတွင် သေဆုံးသွားကြောင်း သိရသည်။ သေဆုံးသူ သုံးဦးကို မည်သည့်တိုက်ပွဲ၊ မည်သည့်နေရာတွင် သေဆုံးကြောင်းကို အတည်ပြုပေးခြင်းမရှိဘဲ သေဆုံးပြီး လအတန်ကြာ စက်တင်ဘာ ၂၀ ရက်နေ့တွင်မှ စစ်ကောင်စီဘက်က သေဆုံးကြောင်းကို မိသားစုဝင်များထံ အကြောင်းကြားလာခြင်းဖြစ်သည်ဟု သိရသည်။ “အဲ့ကောင်လေးရဲ့ နာရေးက မနေ့ကပြီးသွားပါတယ်။ အလောင်းမရှိပါဘူး။ နာရေးကို ၂ ရက်နဲ့အပြီး လုပ်သွားပါတယ်။ တခြားနှစ်ယောက်က ခရမ်းကလို့ပဲသိရပြီး ဘယ်မှာနေတယ် ဆိုတာမသိရပါဘူးဗျ။ အသိပေးတာတောင် ညခင်းဘက်ကြီးအသိပေးတာ။ ကျသွားတာက တော်တော်ကြာပြီ၊ မိသားစုဝင် တွေက အဆက်အသွယ်မရလို့ဆိုပြီး ခဏခဏမေးရင်းက မလိမ်နိုင်တော့လို့ ပြောလိုက်တာ ထင်တယ်ဗျ” ဟု ခရမ်းချန်နယ်မှ တာဝန်ရှိသူကပြောသည်။

စစ်မှုထမ်းဥပဒေကြောင့် တပ်သားသစ်ဖြစ်လာသည့် ခရမ်းမြို့နယ်မှလူငယ် ၃ ဦး ရှေ့တန်းတွင် သေဆုံး Read More »

ထိုင်းနိုင်ငံအနေဖြင့် မြန်မာလူထု အပေါ် စာနာစိတ်ထား ကူညီပေးရန် နှင့် ယာ ယီ နေထိုင်ခွင့်ပေးရေး NUCC က တိုက်တွန်း

နိုင်ငံတကာရောက် မြန်မာများ သက်ဆိုင်ရာ နိုင်ငံ၏ ဥပဒေ၊ စည်းကမ်းနှင့် ယဉ်ကျေးမှုများကို လေးစားရန် အကြံပြု ထိုင်းနိုင်ငံအနေဖြင့် လူ့အခွင့်အရေးချိုးဖောက်နေသော အကြမ်းဖက် စစ်အုပ်စုထံမှ ထွက်ပြေးတိမ်း ရှောင်လာသည့် မြန်မာပြည်သူလူထုအပေါ် စာနာစိတ်ထားကာ ကူညီကယ်ဆယ်ပေးရန်နှင့် အ ထောက်အထားမဲ့ မြန်မာပြည်သူများကို ထိုင်းနိုင်ငံအတွင်း ယာယီ နေထိုင်ခွင့် ပေးသည့် အစီအစဉ် များကို ရေးဆွဲ အတည်ပြုပေးပါရန် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC က စက်တင် ဘာလ ၂၃ ရက်နေ့တွင် တိုက်တွန်းတောင်းဆိုလိုက်သည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မြန်မာနိုင်ငံ၏ ကြီးမားသောနိုင်ငံရေး အပြောင်းအလဲကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများသည် အစိုးရဟု အမည်တပ်ထားသည့် အစုအဖွဲ့တစ်ခုက နိုင်ငံအ တွင်းရှိ ပြည်သူလူထုအား မတရားဖိနှိပ်မှုများကို

ထိုင်းနိုင်ငံအနေဖြင့် မြန်မာလူထု အပေါ် စာနာစိတ်ထား ကူညီပေးရန် နှင့် ယာ ယီ နေထိုင်ခွင့်ပေးရေး NUCC က တိုက်တွန်း Read More »

မင်းလှမှာ PDF တွေပစ်ခတ်မှာကြောက်ပြီး အုပ်ချုပ်ရေးမှူးက စစ်မှုထမ်းထောက်ပံ့ကြေး လော်စပီကာဖြင့်အော်ကာကောက်ခံနေ

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာ၀တီခရိုင်ရှစ်မြို့နယ်ထဲက မင်းလှမြို့နယ်မှာ PDFတွေပစ်ခတ်မှာကြောက်ပြီး အုပ်ချုပ်ရေးမှူးက စစ်မှုထမ်းထောက်ပံ့ကြေး လော်စပီကာဖြင့်အော်ကာ ကောက်ခံနေကြောင်း သတင်းရရှိပါသည်။ မင်းလှမြို့နယ်၊ အလယ်ကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ထွန်းနိုင်ဦးဆိုသူဟာ ဒေသခံများထံမှ စစ်မှုထမ်း ထောက်ပံ့ကြေးဟုဆိုကာ တစ်အိမ်လျှင် ​ငါးထောင်ကျပ်ပေးဖို့ လော်စပီကာဖြင့်ဆော်၍ ကောက်ခံနေပြီး ၄င်းကောက်ခံသည့် ငွေမပေးသည့် နေအိမ်များအနေနဲ့ စစ်မှုထမ်းရန် လက်မှတ်ထိုးခိုင်းနေကြောင်း သိရသည်။ “အုပ်ကြီးက PDFတွေပစ်မှာကြောက်ပြီး အပြင်မထွက်ရဲတာကြောင့် တစ်အိမ်၅၀၀၀ကျပ်ပေးဖို့ အသံချဲ့စက်နဲ့အော်တောင်းပါတယ်။ မပေးရင် လက်မှတ်ထိုးရမယ် စစ်မှုထမ်းရမယ်ဆိုပြီး မီတာခများကိုလည်း အသံချဲ့စက်နဲ့အော်ပြီး ကောက်ခံပါတယ်”ဟု ဒေသခံတစ်ဦးက ပြောပြပါသည်။ မင်းလှမြို့နယ်တွင် ယခင်လပိုင်းက PDFတပ်ဖွဲ့များမှ အုပ်ချုပ်ရေးမှူးများအား ရှင်းလင်းမှုများ ဆက်တိုက်လုပ်ဆောင်ခဲ့တာကြောင့် အုပ်ချုပ်ရေးမှူး ထွန်းနိုင်ဦး ဟာ ကြောက်လန့်ပြီး အပြင်မထွက်တော့ဘဲ ယခုလို လော်စပီကာနဲ့ အော်၍ကောက်ခံလာတာဟု သိရသည်။ “PDFတွေပစ်မှာကြောက်ပြီး

မင်းလှမှာ PDF တွေပစ်ခတ်မှာကြောက်ပြီး အုပ်ချုပ်ရေးမှူးက စစ်မှုထမ်းထောက်ပံ့ကြေး လော်စပီကာဖြင့်အော်ကာကောက်ခံနေ Read More »

ဆားလင်းကြီးနယ် ချင်းတွင်းမြစ်ထဲမှာ စစ်အုပ်စု သင်္ဘော ၂၁ စီးကို တိုက်ခိုက်

စစ်အုပ်စုက ရဟတ်ယာဉ်နဲ့ လုံခြုံရေးယူ ချင်းတွင်းမြစ်ကြောင်းအတိုင်း ကျောက်စိမ်း၊ သစ်၊ ကြေးနီနဲ့ ခိုးရာပါပစ္စည်းတွေ သယ်ဆောင်လာတဲ့ စစ်အုပ်စု သင်္ဘော (၂၁) စီးကို စက်တင်ဘာလ (၂၁) ရက်က ဆားလင်းကြီးနယ် တနေရာမှာ တော်လှန်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ရာ စစ်အုပ်စု ထိခိုက်သေဆုံးမှုရှိခဲ့တာကြောင့် (Mi-35) ရဟတ်ယာဉ်နဲ့ လုံခြုံရေးလိုက်ယူပေးခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေကပြောပါတယ်။ ချင်းတွင်းမြစ်အထက်ပိုင်းကနေ ကျောက်စိမ်း၊ သစ်နဲ့ ခိုးရာပါပစ္စည်းတွေ သယ်ဆောင်လာတဲ့ စစ်အုပ်စု သင်္ဘောတွေဟာ မုံရွာဆိပ်ကမ်းမှာ သုံးရက်ကြာ ဆိုက်ကပ်ရပ်နားခဲ့ပြီးနောက် မနေ့က စက်တင်ဘာလ (၂၁) ရက် မနက်ပိုင်းမှာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းက ကြေးနီတွေကို ထပ်မံသယ်ဆောင်ကာ ချင်းတွင်းမြစ်ကြောင်းကနေ စုန်ဆင်းလာခဲ့တာဖြစ်တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ဆိုပါတယ်။ အဲဒီလို ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာတဲ့ စစ်အုပ်စု

ဆားလင်းကြီးနယ် ချင်းတွင်းမြစ်ထဲမှာ စစ်အုပ်စု သင်္ဘော ၂၁ စီးကို တိုက်ခိုက် Read More »

မြို့သာတွင် ရဲ၂ နှစ်ဦးလိုက်ပါလာသည့်ကားတိုက်ခိုက်ခံရပြီး ၂ ဦးလုံး သေဆုံး

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြို့သာ ရဲစခန်းမှ အမှုစစ်အရာရှိ အပါအဝင် ရဲနှစ်ဦး လိုက်ပါလာသည့် အိမ်စီးကားကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ရာ နှစ်ဦးလုံးသေဆုံးပြီး ကျည်ဆန်နှင့်ကျည်ဘောက်များ သိမ်းဆည်းရမိခဲ့ကြောင်း HERO DEFENCE FORCE (မြင်းခြံ)က စက်တင်ဘာလ ၂၃ ရက် ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။ စက်တင်ဘာ ၂၀ ရက်၊ မွန်းလွဲ၂နာရီ၊၃၀မိနစ် ခန့်တွင် မြို့သာရဲစခန်းမှ မင်းနေကုန်းရဲစခန်းသို့အသွား လမ်းခုလတ်တွင် ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ အရပ်သားအသွင်ယူ သွားလာလှုပ်ရှားနေသည့် ရဲများကို စောင့်ကြည့်မှုများပြုလုပ်ပြီး ယခုလို အမှားအယွင်းမရှိ တိုက်ခိုက်နိုင်ခြင်းဖြစ်ကြောင်း တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သည့် PDF တပ်ဖွဲ့ဝင်တဦးက ပြောသည်။ G3 ကျည် ၃၇၄ တောင့် ၊ G3 ကျည်ဘောက် နှစ်ခုနှင့် အသုံးအဆောင်

မြို့သာတွင် ရဲ၂ နှစ်ဦးလိုက်ပါလာသည့်ကားတိုက်ခိုက်ခံရပြီး ၂ ဦးလုံး သေဆုံး Read More »

တိုက်ပွဲအတွင်း ကလေးနဲ့ အမျိုးသမီးတွေအပါအဝင် ၉ ဦးသေဆုံးပြီး စစ်ကောင်စီတပ်သား ဆယ်နဲ့ချီသေဆုံး

မန္တလေးတိုင်း၊ မန္တလေးမြို့အနီးက မတ္တရာမြို့နယ်၊ သုံးဆယ်ပေးကျေးရွာမှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကြား စက်တင်ဘာ ၂၁ ရက်မှ ဒီကနေ့ စက်တင်ဘာလ ၂၃ ရက်နေ့အထိ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေဆဲဖြစ်တယ်လို့ မြေပြင်တော်လှန်ရေးရင်းမြစ်တွေဆီကနေ သိရပါတယ်။ သုံးဆယ်ပေးကျေးရွာမှာ အထိုင်ချတပ်စွဲနေတဲ့ အင်အား ၄၀၀ ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းဟာ အဲဒီရွာအပါအဝင် ကုန်းတန်းလေး၊ ကုန်းတန်းကြီး၊ ကျွဲခြံကုန်းနဲ့ အနီးရွာ ၂၀ ခန့်ကို စစ်ကြောင်းထိုး မီးရှို့တာမျိုးတွေ လုပ်ဆောင်နေတယ်လို့ ခိုင်မာတဲ့ မြေပြင်တော်လှန်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ မန္တလေးမြို့နဲ့ ငါးမိုင်ခန့်သာဝေးတဲ့ သုံးဆယ်ပေးရွာအထိ တော်လှန်ရေးတပ်တွေ ရောက်ရှိလာတာကြောင့် မန္တလေးမြို့အထိ တော်လှန်ရေးတပ်တွေ မရောက်လာရေး ကာကွယ်နေတာ ဖြစ်တယ်လို့ ၎င်းက ပြောပါတယ်။ “သုံးဆယ်ပေးဆိုတာကလည်း မန္တလေးနဲ့ ငါးမိုင်လောက်ဆိုတော့ မျက်ခုံးလှုပ်မှာပဲလေ။ လက်ရှိကတော့ သူတို့ဘက်က နယ်မြေရှင်းလင်းရေးလုပ်တာလို့ပဲမြင်ပါတယ်။

တိုက်ပွဲအတွင်း ကလေးနဲ့ အမျိုးသမီးတွေအပါအဝင် ၉ ဦးသေဆုံးပြီး စစ်ကောင်စီတပ်သား ဆယ်နဲ့ချီသေဆုံး Read More »

ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာသော စစ်သင်္ဘောများကို တိုက်ခိုက်မှု စစ်သားများ ထိခိုက် သေဆုံးမှုရှိ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အလုံဆိပ်ကမ်းမှ စုန်ဆင်းလာသော စစ်သင်္ဘောများကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း Salingyi Revolution Army ထံမှ သိရှိရသည်။ ယနေ့ စက်တင်ဘာလ ၂၃ ရက်နေ့တွင်တစ်ကြိမ်၊ စက်တင်ဘာလ ၂၀ ရက်နေ့က တစ်ကြိမ် မုံရွာမြို့၊ အလုံဆိပ်ကမ်းမှ ချင်းတွင်းမြစ်အတိုင်း စုန်ဆင်းလာသော အကြမ်းဖက်စစ်ကောင်စီ၏ သင်္ဘောများ ကို လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား များ ထိခိုက်သေဆုံးမှုရှိပြီး အတိအကျ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ တိုက်ခိုက်မှုများကို Salingyi Revolution Army – S.R. A အဖွဲ့ ၊ ယင်းမာပင်ခရိုင်တပ်ရင်း ၉ ၊ IDIOTS

ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာသော စစ်သင်္ဘောများကို တိုက်ခိုက်မှု စစ်သားများ ထိခိုက် သေဆုံးမှုရှိ Read More »

29 ရတနာဆိုင်ထဲက စစ်ကြောရေးအခန်း

🛑29ရတနာဆိုင်ထဲက စစ်ကြောရေးအခန်း -“Sapphire Room ” ဘယ်မှာရှိလဲ လို့ အဖွဲ့အစည်းတွေက မေးလာတဲ့အတွက် လိပ်စာအတိအကျပြောပါမယ်.. ဦးချစ်မောင်လမ်း ၊ တာမွေကုန်းတံတားဘေး က 29ရတနာဆိုင်အမှတ် (၂) ၊ တိုက်15 ပထမအထပ် ၊ လှေကားတက်တက်ချင်း Sapphire Room ၊ HR နဲ့ ကပ်ရပ် မှာ ရှိတဲ့အခန်းပါ.. ၀န်ထမ်းတွေ အမှားလုပ်မိတာနဲ့ အဲဒီအခန်းကိုပို့ပါတယ်.. ဘယ်ကိစ္စပဲစစ်စစ် အနည်းဆုံး (၂-၃ရက်) ပိတ်လှောင်ခံရတာ လို့ ပြောပါတယ်.. ထောင်ထဲရောက်နေတဲ့ (အိမ်နေ) ၀န်ထမ်းတွေ အဲဒီအခန်းမှာ သေချာပေါက် နေခဲ့ရသူတွေပါ.. Sapphire Room စစ်ကြောရေးခန်း တကယ် ရှိတဲ့သက်သေ ပြပါမယ်.. (တချို့တွေလဲ သိပြီးသားဖြစ်မှာပါ).. ၂၀၂၃ခုနှစ် ၈လပိုင်းမှာ ရခိုင်အမျိုးသမီးငယ်တစ်ဦးအပါ

29 ရတနာဆိုင်ထဲက စစ်ကြောရေးအခန်း Read More »

NUG ဝန်ကြီး ဒေါက်တာ ဇော်ဝေစိုး ကုလသမဂ္ဂညီလာခံ အစည်းအဝေးများတက်ခွင့်ရ

အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ကျင်းပနေသော ၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံနှင့် ဆက်စပ်သော အစည်းအဝေးများတက်ရောက်ရန် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးအား ဖိတ်ကြားခဲဲ့ကြောင်း သိရသည်။ “ကျနော်ရောက်နေတာကတော့ UNCA Side Line အစည်းတခုကို လာတက်တာပါ။ ကုလသမဂ္ဂ ညီလာခံနဲ့တွဲပြီးတော့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ Side Line အစည်းအဝေးကို လာတက်တာ ဖြစ်ပါတယ်။ ကျနော့်အနေနဲ့ တော်လှန်ရေးအနေနဲ့ပေါ့ ဂုဏ်ယူစွာနဲ့ ပြောရရင်တော့ ကျန်းမာရေးဝန်ကြီးဆိုတဲ့ ကျနော့်နာမည်နဲ့ ဖိတ်လို့လာတက်တာ ဖြစ်ပါတယ်” ဟု ဒေါက်တာ ဇော်ဝေစိုးက စက်တင်ဘာ ၂၁ ရက်တွင် ပြောသည်။ လက်ရှိကျင်းပနေသော ၇၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံနှင့်ဆက်စပ်သော အစည်းဝေးများသို့ Community Health

NUG ဝန်ကြီး ဒေါက်တာ ဇော်ဝေစိုး ကုလသမဂ္ဂညီလာခံ အစည်းအဝေးများတက်ခွင့်ရ Read More »

Scroll to Top