ရေဘေးပျောက်ဆုံးကျွဲ၊နွားများကို ငွေဖြင့်ပြန်ရွေးခိုင်းသောဖြစ်စဥ်များရှိနေ
ငွေဖြင့်ပြန်ရွေးခိုင်းသူများကိုထောင်ဒဏ် ၂ နှစ်အထိ ကျနိုင်သည့် ပုဒ်မဖြင့်တရားစွဲနိုင်ဟုCDM တရားရေးအရာရှိတဦးပြော ရေဘေးသင့်ဒေသများတွင် ရေစီးနှင့်မျောပါသွားသည် ကျွဲ၊နွားများအား ကယ်ဆယ်တွေ့ရှိထားသူ များက ငွေဖြင့် ပြန်ရွေးယူခိုင်းသည့် ဖြစ်စဉ်များရှိနေပြီး ယင်းလုပ်ရပ်သည် ထောင်ဒဏ် ၂ နှစ်အထိ အလွဲသုံးစားမှုဖြစ်၍ တရားစွဲဆိုတိုင်တန်းနိုင်ကြောင်း ဥပဒေကျွမ်းကျင်သူများက ပြောသည်။ ယာဂီမုန်တိုင်းကြောင့်အရှိန်ကြောင့် မိုးကြီးပြီးရေဘေးကြုံတွေ့ခဲ့သည့် နေပြည်တော်၊ မန္တလေးတိုင်းတို့မှ မြို့နယ်အချို့တွင် ရေစီးနှင့်မျောပါသွားသည့်ကျွဲ၊နွားများအား ဆယ်ယူထားသူအချို့က ပိုင်ရှင်များထံမှ အတင်းအကြပ်ငွေတောင်းခံမှုများရှိနေခြင်းဖြစ်သည်။ “ကျတော့်နွားတွေဆိုတစ်ကောင် ၃သိန်းနဲ့ လေးကောင်ပြန်ရွေးယူရတယ်။ တချို့သူတွေဆို နွားတွေကိုဖွက်ထားတယ်။ ကိုယ့်နွားရှိနေမှန်းသိရက်နဲ့ ကြည့်ခွင့်မပေးလို့ပြန်မရတဲ့သူတွေတောင်ရှိတယ်” ဟု နေပြည်တော် တပ်ကုန်းမြို့နယ်မှ လယ်သမားတစ်ဦးကပြောသည်။ နေပြည်တော်တွင် တပ်ကုန်းမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ ဇေယျာသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့၌ ရေဘေးကြုံခဲ့ပြီး ဒေသခံလယ်သမားများသည် ကျွဲ၊နွားအများအပြား ပျောက်ဆုံးခဲ့ကြသည်။ “တော်တော်များများ ပြန်ရွေးယူရတယ်ဗျ။ ပြန်မရွေးရသူ နည်းနည်းပဲရှိတယ်။ […]
ရေဘေးပျောက်ဆုံးကျွဲ၊နွားများကို ငွေဖြင့်ပြန်ရွေးခိုင်းသောဖြစ်စဥ်များရှိနေ Read More »