အရာရှိ ၅ ဦးကို အကျင့်ပျက်လာဘ် စားမှုဖြင့် ဖမ်းဆီး၍ ပိုင်ဆိုင်မှုများကို သိမ်းဆည်း
အနောက်တောင်တိုင်းစစ်ဌာနချုပ် စစ်ဦးစီးဗိုလ်မှူးကြီးအပါအဝင် အရာရှိ ၅ ဦးကို အကျင့်ပျက်လာဘ် စားမှုဖြင့် ဖမ်းဆီး၍ ပိုင်ဆိုင်မှုများကို သိမ်းဆည်း ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်ရှိ အနောက်တောင်တိုင်း စစ်ဌာနချုပ်(နတခ)မှ စစ်ဦးစီးဗိုလ်မှူးကြီး အပါအဝင် အရာရှိငါးဦးကို အကျင့်ပျက်လာဘ်စားမှုနှင့် ပတ်သက်၍ ဖမ်းဆီးထားကာ ပိုင်ဆိုင်မှု များကိုပါ သိမ်းဆည်းသွားကြောင်း သိရသည်။ အနောက်တောင်တိုင်း စစ်ဦးစီး ဗိုလ်မှူးကြီး အောင်ဆန်းလွင်၊ ဗိုလ်မှူးကြီး မျိုးညွန့်ဦးအပါအဝင် စစ်ဦးစီးမှူးပထမတန်း အရာရှိ သုံးဦး စုစုပေါင်း ငါး ဦးကို စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)မှ ဝင်ရောက်ဖမ်း ဆီးခဲ့ကြောင်း တပ်သတင်းရင်းမြစ်ထံက သိရသည်။ “ကမ်းခြေတွေကို စက်သုံးဆီတွေ သယ်ယူခွင့်ရဖို့က အရာရှိကြီးတွေရဲ့ လက်မှတ်နဲ့မှရတာ။ အခုဖြစ်တဲ့ ပြဿနာက သယ်သွားတဲ့ဆီပုံးတွေက ငသိုင်းချောင်း ရေနံသာဂိတ်ကဖြတ်ပြီး ရခိုင်ကိုရောက်သွားလို့။ အဲဒါ ကိုခွင့်ပြုရမလားဆိုပြီး စစ်တိုင်းစစ်ဦးစီးနဲ့အဖွဲ့ […]
အရာရှိ ၅ ဦးကို အကျင့်ပျက်လာဘ် စားမှုဖြင့် ဖမ်းဆီး၍ ပိုင်ဆိုင်မှုများကို သိမ်းဆည်း Read More »