Author name: Admin

မိသားစုကို ပြန်လာခေါ်သည့် တပ်ကြပ်ကြီး ၁ ဦးကို PDF တပ်ဖွဲ့က အရှင်ဖမ်းမိ

ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာမှ မိသားစုကို ပြန်လာခေါ်သည့် တပ်ကြပ်ကြီး ၁ ဦးကို PDF တပ်ဖွဲ့က အရှင်ဖမ်းမိ ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာမှ မိသားစုကို ပြန်လာခေါ်သည့် အကြမ်းဖက် စစ်တပ်မှ တပ်ကြပ်ကြီး ၁ ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း Royal Defence Force မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ စက်တင်ဘာလ ၇ ရက်နေ့တွင် နမ့်စန်မြို့နယ်၊ ခိုလန်မြို့ အခြေစိုက်တပ်ရင်း၌ တာဝန်ကျနေသော အကြမ်းဖက် စစ်တပ်မှ တပ်ကြပ်ကြီး ၁ ဦးသည် ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာရှိ မိသားစုကို လာရောက်ခေါ်ဆောင်စဉ် အင်ပင်ကျေးရွာအနီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက အသင့်စောင့်ကြိုဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။ “အင်းပင်ရွာမှာက စကစ ကာကင်းစခန်းရှိတယ်။ သူက အင်ပင်စခန်းနဲ့ မနီးမဝေးလောက်ကနေ လာ စောင့်ခေါ်တာ၊ […]

မိသားစုကို ပြန်လာခေါ်သည့် တပ်ကြပ်ကြီး ၁ ဦးကို PDF တပ်ဖွဲ့က အရှင်ဖမ်းမိ Read More »

မြို့ရွာများ ဆက်လက်ဗုံးကြဲမည်ဟု သတင်းစာမှနေ စစ်ကောင်စီ ဗြောင်ခြိမ်းခြောက်

ရှမ်းမြောက်နှင့် ကရင်နီဒေသတို့တွင် ယခုရက်ပိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်လျက်ရှိပြီး အရပ်သားသေဆုံးမှုများ ပြားချိန်တွင် လက်လွှတ်လိုက်ရသော မြို့ရွာများအား စစ်ဘက် အရပ်ဘက် မခွဲခြားဘဲ လိုအပ်သလို တိုက်ခိုက်သွားမည်ဆိုသော စစ်ခေါင်း ဆောင်၏ ပြောစကားကို ယနေ့ထုတ် ဝါဒဖြန့်သတင်းစာများ၌ ထပ်ဆင့် ဖော်ပြထားသည်။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စက်တင်ဘာ ၃ ရက်က တောင်ကြီးမြို့တွင် ဌာနဆိုင်ရာများနှင့်တွေ့ဆုံစဉ် “လက်နက်ကိုင်များ သိမ်းပိုက်နေရာယူထားသည့် မြို့ရွာများတွင် သတင်းရရှိမှုအပေါ် မူတည်ကာ လိုအပ်သလို တုံ့ပြန်ဆောင်ရွက်မည်ဖြစ်သဖြင့် ပြည်သူများအနေဖြင့် အသုံးချမှုမခံရစေရေးနှင့် ဘေးကင်းလုံခြုံရေးအတွက် သတိပြုရန် လိုအပ်ကြောင်း ပြောခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ပြောဆိုပြီး စက်တင်ဘာ ၆ ရက် နံနက် ၁ နာရီခန့်တွင် စစ်တပ်သည် ပလောင် (တအန်း)

မြို့ရွာများ ဆက်လက်ဗုံးကြဲမည်ဟု သတင်းစာမှနေ စစ်ကောင်စီ ဗြောင်ခြိမ်းခြောက် Read More »

မြိုင်နယ် သရက်ကန်ရွာ ပျူစခန်းကို တိုက်ခိုက်တော့မယ်လို့ ကြိုတင် သတိပေး

မကွေးတိုင်း မြိုင်မြို့နယ်၊ သရက်ကန်ရွာ ပျူစောထီးစခန်းကို တိုက်ခိုက်တော့မှာမို့ ပျူတွေ လက်နက်ချ အညံ့ဖို့နဲ့ ကျေးရွာထဲမှာ ရှိနေတဲ့ ပြည်သူတွေ အနေနဲ့လည်း တော်လှန်ရေးတပ်တွေနဲ့ ပူးပေါင်းဖို့ ဒေသခံ တော်လှန်ရေး တပ်တွေက သတိပေး ထုတ်ပြန်ပါတယ်။ သရက်ကန်ရွာ ပျူ‌စောထီးစခန်းက ပျူတွေ လက်နက်ချဖို့နဲ့ ရွာထဲက ပြည်သူတွေ တော်လှန်ရေးအင်အားစုနဲ့ ပူးပေါင်းဖို့ စက်တင်ဘာလ ၇ ရက်က စတင်ကာ တစ်လ အချိန်ပေးမယ်လို့ အညာမြေတပ်ပေါင်းစုနဲ့ TYK ပျောက်ကြားတပ်ဖွဲ့တို့က သတိပေးစာ ထုတ်ပြန်ပါတယ်။ လက်နက်ချသူတွေကို နိုင်ငံတကာ ဥပဒေနဲ့အညီ အကာအကွယ်ပေးပြီး လက်နက်နဲ့အတူ‌ ပူးပေါင်းပါက ဆုကြေးငွေနဲ့ အခြားခံစားခွင့်တွေ ပေးအပ်မယ်လို့လည်း ဆိုပါတယ်။ တိုက်ပွဲကို ဂုဏ်သိက္ခာအပြည့်နဲ့ တိုက်ဖို့ ရည်ရွယ်ပြီး စစ်ရေးပစ်မှတ် မဟုတ်တဲ့ သူတွေကို

မြိုင်နယ် သရက်ကန်ရွာ ပျူစခန်းကို တိုက်ခိုက်တော့မယ်လို့ ကြိုတင် သတိပေး Read More »

မန္တလေးသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းနှင့်တွေ့ဆုံခြင်း

“မင်းအောင်လှိုင်ရဲ့ မိုက်ရူးရဲ ဆန်မှု ဆင်ခြင်တုံ့တရားကင်းမဲ့မှုတွေပါဗျ။ ပြောရရင် အရပ်သားစကားပြောရရင် အာဏာသာ ရူးတာ တိုင်းပြည်တစ်ခုကို အုပ်ချုပ်နိုင်တဲ့ အစိုးရလုပ်နိုင်တဲ့ အသိနဲ့ ဉာဏ်ပညာ အတတ်ပညာ လုံးဝကင်းမဲ့တဲ့ အခြေအနေပါ။ မင်းအောင်လှိုင်ရဲ့ ယုတ်မာမှု အသိ ဉာဏ် နည်းမှုတွေကြောင့်ပဲ တိုင်းပြည်က ဒီအခြေအနေထိ ရောက်လာတယ်ဆိုတဲ့ အခြေအနေ” ၁၀၂၇ စစ်ဆင်ရေးဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းနယ်မြေတစ်ခုလုံးကို တိုက်ခိုက်သိမ်းပိုက်လိုက်သော မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့နှင့် စစ်ကောင်စီတပ်များအကြား စစ်ရေးတင်းမာမှုများက အမြင့်ဆုံးရောက်ရှိလာချိန်တွင် စစ်ကောင်စီက ယင်းအဖွဲ့ ၃ ခုကို အကြမ်းဖက် အဖွဲ့များအဖြစ် ကြေညာလိုက်သည်။ ထိုသို့ ကြေညာမှု နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်သော စစ်ရေး၊ နိုင်ငံရေး အခြေအနေများနှင့်ပတ်သက်ပြီး မန္တလေး သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းကို တွေ့ဆုံမေးမြန်းထားပါသည်။ မေး။

မန္တလေးသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းနှင့်တွေ့ဆုံခြင်း Read More »

တော်လှန်ရေး အင်အားစုက မန္တလေးကို ဝင်သိမ်းမလား

စစ်ကောင်စီ ဆန့်ကျင်ရေး တော်လှန်ရေး အင်အားစုတွေက မန္တလေးတိုင်း မြောက်ပိုင်းက ပိုင်နက်တွေကို သိမ်းပိုက်ပြီး တောင်ဘက်ကို ဆက်လက် ချီတက်လာချိန်မှာ မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ မန္တလေးဟာ တော်လှန်ရေး အင်အားစုများတွေရဲ့ အဓိကပစ်မှတ် ဖြစ်လာပါတယ်။ အရပ်သား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အောက်က ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေဟာ မြို့ကို ဝိုင်းထားပြီး မြို့ထဲကို ထိုးဖောက် ဝင်ရောက်သလို ပတ်ဝန်းကျင်က စစ်ကောင်စီစခန်းတွေကိုလည်း ဆက်လက် တိုက်ခိုက်နေတယ်။ မန္တလေးနန်းတွင်းက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) ဟာ ဒရုန်းနဲ့ ဒုံးကျည်တိုက်ခိုက်မှုတွေ ခံရတယ်။ မန္တလေးကို သိမ်းတော့မယ်ဆိုတဲ့ ခန့်မှန်းချက်တွေ ထွက်လာချိန်မှာပဲ စစ်ကောင်စီဟာ ခံစစ်တွေ တောင့်တင်းအောင် ကမန်းကတမ်း လုပ်ရတယ်။ မန္တလေးကို သိမ်းပိုက်ရေးဟာ တော်လှန်ရေး အရှိန်အဟုန် ထိန်းသိမ်းဖို့၊

တော်လှန်ရေး အင်အားစုက မန္တလေးကို ဝင်သိမ်းမလား Read More »

လူငယ်များ ပြည်ပထွက်ခွာလျှင် စစ်မှုထမ်းဆင့် ခေါ်ရေးအဖွဲ့၏ ထောက်ခံစာ လိုအပ်မည်

ပြည်သူ့စစ်မှုထမ်းနည်းဥပဒေ မကြာမီ ပြဋ္ဌာန်းရန်ရှိနေပြီး စစ်မှုထမ်းရန် ပျက် ကွက်ခြင်းနှင့် တိမ်း ရှောင်ရန် ကြိုးစားသူများကို ထောင် ချမည့်အပြင် စစ်မှု ထမ်းရန် အကျုံးဝင်နေသည့် လူငယ်များ ပြည်ပထွက်ခွာလျှင် စစ်မှုထမ်းဆင့် ခေါ်ရေးအဖွဲ့၏ ထောက်ခံစာ လိုအပ်မည် အကြမ်းဖက်စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းနည်းဥပဒေ မကြာမီ ပြဋ္ဌာန်းရန်ရှိနေပြီး စစ်မှုထမ်းရန် ပျက်ကွက်ခြင်းနှင့် တိမ်းရှောင်ရန် ကြိုးစားမှုများကို ထောင်ဒဏ်ချမှတ်အရေးမည့်အပြင် စစ်မှုထမ်းရန် အကျုံးဝင်နေသည့် လူငယ်များ ပြည်ပထွက်ခွာလျှင် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့၏ ထောက်ခံစာ လိုအပ်မည်ဖြစ်ကြောင်း စစ်ကောင်စီ၏ ဥပဒေရေးရာဝန်ကြီးဌာန သတင်းရင်းမြစ်က ပြောဆိုသည်။ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေကို မူကြမ်းအဖြစ် ရေးဆွဲထားပြီး သုံးသပ်စိစစ်မှုများ ဆောင်ရွက်လျက်ရှိရာ ယခုအခါ နောက်ဆုံး သတ္တမမြောက် အဆင့်သို့ ရောက်ရှိပြီး စစ်ကောင်စီရုံး၏ အတည်ပြုချက်ကို စောင့်ဆိုင်းလျက်ရှိကြောင်း၊ များမကြာမီ ပြဋ္ဌာန်းမည်ဖြစ်ပြီး

လူငယ်များ ပြည်ပထွက်ခွာလျှင် စစ်မှုထမ်းဆင့် ခေါ်ရေးအဖွဲ့၏ ထောက်ခံစာ လိုအပ်မည် Read More »

MNDAA သိမ်းပိုက်ထားသော လားရှိုးမြို့ကို စစ်ကောင်စီက ယနေ့ နံနက်အစောပိုင်း လေယာဉ်ဖြင့် ဗုံးကျဲ

MNDAA သိမ်းပိုက်ထားသော လားရှိုးမြို့ကို စစ်ကောင်စီက ယနေ့ နံနက်အစောပိုင်း လေယာဉ်ဖြင့် ဗုံးကျဲမှု အဆောက်အအုံနှင့်ကားများ ပျက်စီးပြီး လူထိခိုက်မှုမရှိ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAA ကသိမ်းပိုက်ထားသော လားရှိုးမြို့ကို စစ်ကောင်စီက ယနေ့ နံနက်အစောပိုင်း လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ အဆောက်အအုံနှင့်ကားများ ပျက်စီးပြီး လူထိခိုက်မှုမရှိကြောင်း လားရှိုး အခြေစိုက် Freedom Youth Volunteers-FYV မှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။ စက်တင်ဘာလ ၈ ရက်နေ့ နံနက် ၄ နာရီ ၇ မိနစ်အချိန် လားရှိုးမြို့နယ်၊ ရပ်ကွက် ၁၂ ၊ ပြည်ထောင်စုအားကစားကွင်းထဲသို့ စစ်ကောင်စီ၏ တိုက် လေယာဉ်များက ဗုံးများကျဲချခဲ့ကြောင်း၊ ဗုံးကျဲချမှုကြောင့် လူထိခိုက်မှုမရှိသော်လည်း ရပ်နားထားသော ကားများနှင့် အဆောက်အအုံများ ထိခိုက်မှုရှိကြောင်း သိရှိရသည်။ “ဒီမနက်

MNDAA သိမ်းပိုက်ထားသော လားရှိုးမြို့ကို စစ်ကောင်စီက ယနေ့ နံနက်အစောပိုင်း လေယာဉ်ဖြင့် ဗုံးကျဲ Read More »

စစ်ကောင်စီရဲ့တုံ့ပြန်မှု အပြစ်မဲ့ပြည်သူ ၃၀ နီးပါး သေပွဲဝင်ခဲ့ရ

စစ်ရေးရှုံးနိမ့်မှုတွေ ဆက်တိုက်ကြုံနေရတဲ့ စစ်ကောင်စီဟာ လက်နက်ကိုင်အဖွဲ့တွေကို လိုအပ်သ လို တုံ့ပြန်မယ်လို့ စစ်ခေါင်းဆောင်က ပြောကြားခဲ့ပြီးနောက် နှစ်ရက်အတွင်း အပြစ်မဲ့ပြည်သူ ၃၀ နီးပါး သေပွဲဝင်ခဲ့ရပါတယ်။ စက်တင်ဘာ ၅ ရက်နဲ့ ၆ ရက်နေ့တို့မှာ ရှမ်းတောင်၊ ရှမ်းမြောက်၊ ကရင်နီ၊ ချင်း၊ မကွေးနဲ့ မန္တလေးတို့မှာ အရပ်သားတွေ နေထိုင်တဲ့ မြို့ရွာတွေ စစ်ရှောင်စခန်းတွေမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် ပြည်နယ်နဲ့တိုင်းက မြို့ ၇ မြို့ မှာ ကိုယ်ဝန်ဆောင်မိခင်၊ ကျောင်းသားတွေ၊ ကလေးငယ်တွေအပါအဝင် ပြည်သူ ၂၉ ဦး သေဆုံးခဲ့ရတယ်လို့ ဒေသတွင်း အဖွဲ့အစည်းတွေကနေ သိရပါတယ်။ ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ တော်လှန်ရေးအဖွဲ့တွေကြောင့် ပြည်သူတွေ ဒုက္ခရောက်တယ်ဆိုတဲ့

စစ်ကောင်စီရဲ့တုံ့ပြန်မှု အပြစ်မဲ့ပြည်သူ ၃၀ နီးပါး သေပွဲဝင်ခဲ့ရ Read More »

မောင်ရွှေလေးရေတပ်အတွင်း စစ်ကူပို့ထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေး

ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်ရေတပ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အကုန်ထွက်ပြေးသွားကြပြီး အာရက္ခတပ်တော် AAက ရေတပ်အတွင်း နေရာအများစုကို နေရာယူထိန်းချုပ်နေကြောင်း သိရသည်။ စက်တင်ဘာ ၄ရက်နေ့က ရေတပ်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့များ အကုန်စခန်းစွန့်ခွါထွက်ပြေးသွားကြပြီး ပင်လယ်ပြင်မှပစ်ကူပေးနေသည့် စစ်သင်္ဘောအချို့ပါဆုတ်ခွါသွားကြောင်း သိရသည်။ “ပင်မရေငုတ်တပ်ရော၊ နောက်ထပ်စစ်ကူပို့ထားတဲ့သူတွေရော အကုန် ပင်လယ်ထဲရပ်ထားတဲ့ သဘ်ောတွေပေါ်တက်ပြီးပြေးကြတယ်။ ကျန်တဲ့ စစ်သင်္ဘောအချို့က အဝေးကနေ လက်နက်ကြီးတွေနဲ့လှမ်းပစ်တယ်” ဟု ရခိုင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ ယမန်နေ့ စက်တင်ဘာ ၅ရက်နေ့မနက်ပိုင်းတွင် ပင်လယ်ပြင်အနီး အနည်းငယ်သာကျန်ရှိတော့သည့် စစ်သင်္ဘောအချို့မှ လက်နက်ကြီးများဖြင့်အဝေးမှ ပစ်ခတ်နေသည့်အတွက် မောင်ရွှေလေးဘုန်းကြီးကျောင်းကို ထိမှန်ခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဩဂုတ် ၂၇ရက်နေ့ကလည်း မောင်ရွှေလေးရေတပ်မှ စစ်ကောင်စီတပ်ဖွဲ့များ အလံဖြူထောင်၍ ထွက်ပြေးခဲ့ကြသေးရာ စစ်ကောင်စီက ယင်းနေ့တွင်ပင် ရေတပ်အတွင်းစစ်ကူပို့‌ဆောင်ခြင်းနှင့် ပင်လယ်ပြင်မှ စစ်သင်္ဘော

မောင်ရွှေလေးရေတပ်အတွင်း စစ်ကူပို့ထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေး Read More »

ဖြူးမြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာ ၃ ခုကို ဒရုန်းဖြင့် ၄ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်

ဖြူးမြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာ ၃ ခုကို ဒရုန်းဖြင့် ၄ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ ပဲခူးတိုင်း၊ ဖြူးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာ ၃ ခုကို ဒရုန်းဖြင့် ၄ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိကြောင်း သာယာဝတီခရိုင် ပကဖ စစ်ရေးတာဝန်ခံ ရဲဘော်သစ္စာက ပြောဆိုသည်။ စက်တင်ဘာလ ၄ ရက်၊ ၅ ရက်၊ ၆ ရက်နှင့် ၇ ရက်နေ့တို့တွင် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ဖြူးမြို့နယ်ရှိ လိပ်ပေါရွာ၊ စက်ကုန်းရွာနှင့် ဆင်တဲကုန်းရွာ တို့ကိုတော်လှန်ရေး တပ်ဖွဲ့များက ၄ ရက်ဆက်တိုက်

ဖြူးမြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာ ၃ ခုကို ဒရုန်းဖြင့် ၄ ရက်ဆက် ဗုံးကျဲ တိုက်ခိုက် Read More »

Scroll to Top