စစ်ကောင်စီလေကြောင်းမှပေးပို့သော ပစ္စည်းထုပ်များ ကော်ဘရာပူးပေါင်းတပ်ရရှိ
တိုက်ပွဲဖြစ်နေသောစွယ်တော်ကုန်းသို့ စစ်ကောင်စီလေကြောင်းမှပေးပို့သော ပစ္စည်းထုပ်များ ကော်ဘရာပူးပေါင်းတပ်ရရှိ မြဝတီမြို့အနီး စွယ်တော်ကုန်းနှင့် အာရှလမ်းပိုင်းတွင် တိုက်ပွဲပြင်းထန် ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့သစ်အနီးရှိ စွယ်တော်ကုန်းဗျူဟာ (အမြောက်တပ်ကုန်း)သို့ လေယာဉ်ဖြင့် လာပို့သည့်ပစ္စည်းအထုပ်များအားတော်လှန်ရေး တပ်ဖွဲ့များ သိမ်းပိုက်ရရှိခဲ့သည်။ စစ်ကောင်စီသည် စက်တင်ဘာ ၅ရက်က Y-12လေယာဉ်ဖြင့် စွယ်တော်ကုန်းဗျူဟာသို့ ပစ္စည်းထုပ်များအား လေထီးဖြင့်ချ ပို့ပေးရာ အဆိုပါတောင်ကုန်းအား ဝိုင်းပတ်ပိတ်ဆို့ထားသော ကော်ဘရာစစ်ကြောင်း ပူးပေါင်းတပ်များ ရရှိခဲ့ခြင်းဖြစ်သည်။ “စကစရဲ့ အခြေအနေက ဘတ္ထရီနှစ်လုံးနဲ့ ဆီပုံးနှစ်ပုံးကို Y-12နဲ့ပို့ပေးရတဲ့ အခြေအနေပဲ။ ပဲထုတ်တစ်ထုပ်ပါတယ်ပြောတယ်။ အထုပ်လေးထုပ် ရတာ”ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ အဆိုပါ ပစ္စည်းထုပ်များရရှိမှုနှင့်ပတ်သက်ပြီး ကော်ဘရာစစ်ကြောင်း(၁) စစ်ကြောင်းမှူးဗိုလ်စောကော်က “ကရင်လေသံနဲ့ပြောရမယ်ဆိုရင်တော့ ကြီးစူးဘဲ မိအော်လယ်”ဟု ၎င်း၏ လူမှုကွန်ရက်မှတဆင့် အသိပေးထားသည်။ လက်ရှိတွင် စွယ်တော်ကုန်းနှင့် ဒေါနတောင်ပေါ် ရင်ကွဲတောင်အနီး […]
စစ်ကောင်စီလေကြောင်းမှပေးပို့သော ပစ္စည်းထုပ်များ ကော်ဘရာပူးပေါင်းတပ်ရရှိ Read More »