ကမ္မမြို့ဓာတ်အားခွဲရုံ ရဲကင်းစခန်း လေးရက်ဆက် တိုက်ခိုက်ခံရပြီးနောက် စခန်းစွန့်သွား
မကွေးတိုင်း၊ ပခုက္ကူမြို့နှင့် (၁၈)မိုင်ခန့်ဝေးသော ကမ္မမြို့လျှပ်စစ်ဓါတ်အားခွဲရုံရှိ စစ်ကောင်စီ၏ ရဲကင်းစခန်း လေးရက်ဆက် တိုက်ခိုက်ခံရပြီးနောက် စခန်းစွန့်ဆုတ်ခွာသွားကြောင်း သတင်းရရှိသည်။ အင်အား ၃၀ ခန့်ရှိသော ကမ္မဓာတ်အားခွဲရုံ ရဲကင်းစခန်းအား တော်လှန်ရေးမဟာမိတ်အဖွဲ့များ ပူးပေါင်း၍ ဩဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၃ ရက်အထိ လေးရက်ဆက် ဒရုန်းများဖြင့် Drop Bombများ နေ့ရောညပါ ဆက်တိုက်ချတိုက်ခိုက်ခဲ့ကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက ပြောသည်။ အဆိုပါတိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်သားများ ထိခိုက်မှုရှိလာ၍ ယမန်နေ့ (စက်တင်ဘာ ၄ ရက်) နံနက်ပိုင်းတွင် ရဲကင်းစခန်းအား စခန်းစွန့် ဆုတ်ခွာသွားကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။ “ကမ္မကို ဆုတ်သွားတယ်။ ဒီလျှပ်စစ်ဓါတ်အားခွဲရုံစခန်းနဲ့ ကမ္မရဲစခန်းက မလှမ်းမကမ်းပဲ။ ဒီကောင်တွေက အုပ်ချုပ်ရေးနယ်ကျယ် ပြန့်ချင်လို့ ဒီနေရာကို လုံခြုံရေးယူထားတဲ့သဘောပါ။”ဟု […]
ကမ္မမြို့ဓာတ်အားခွဲရုံ ရဲကင်းစခန်း လေးရက်ဆက် တိုက်ခိုက်ခံရပြီးနောက် စခန်းစွန့်သွား Read More »