Author name: Admin

စိုးဝင်းရဲ့ ကိုယ်ရေးအရာရှိ ဗိုလ်မှူးကြီး အပါအဝင် ခုနှစ်ဦး သေဆုံး

မန္တလေး နန်းတွင်း လပခ ကို ရှော့ဒုံးနဲ့ တိုက်ခိုက်မှု ထိမှန်တဲ့ ပစ်မှတ်စာရင်း ထုတ်ပြန် စစ်အုပ်စု (၁၈)ဦး ဒဏ်ရာရပြီး စိုးဝင်းရဲ့ ကိုယ်ရေးအရာရှိ ဗိုလ်မှူးကြီး အပါအဝင် ခုနှစ်ဦး သေဆုံးဟုဆို နန်းတွင်း အဝင်အထွက် ပိတ်ပြီး စစ်အုပ်စု အချင်းချင်း ဖုန်းတွေ သိမ်းယူကာ စစ်ဆေးနေဟုဆို မန္တလေးမြို့၊ နန်းမြို့တွင်းရှိ အာဏာသိမ်း စစ်အုပ်စုရဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (လပခ) ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ် တိုက်ခိုက်ရာ သတ်မှတ်ထားတဲ့ ပစ်မှတ်တွေကို ထိမှန်ပြီး ဒုတိယ ဗိုလ်ချုပ်မှူးကြီး အဆင့် စိုးဝင်းရဲ့ ကိုယ်ရေး အရာရှိ အပါအ၀င် စုစုပေါင်း စစ်အုပ်စု ခုနှစ်ဦး သေဆုံးတယ်လို့ Brave Warriors for Myanmar […]

စိုးဝင်းရဲ့ ကိုယ်ရေးအရာရှိ ဗိုလ်မှူးကြီး အပါအဝင် ခုနှစ်ဦး သေဆုံး Read More »

မန္တလေး၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှု

မန္တလေး၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှု ဗိုလ်မှူး ကြီး ၁ ဦးအပါအဝင် ၇ ဦးသေဆုံးပြီး စစ်တပ်စည်းရုံးရေးသင်တန်း ကျောင်းပျက်စီးဟု BWM အဖွဲ့ ပြောဆို မန္တလေးမြို့၊ နန်းတွင်းရှိအလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းသို့ ရှေ့တိုက်ဒုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ ရာ ဒုစစ်ခေါင်းဆောင် ချုပ်စိုးဝင်း၏ ကိုယ် ရေးအရာရှိ ဗိုလ်မှူးကြီး ၁ ဦးအပါအဝင် ၇ ဦးသေဆုံးခဲ့ကြောင်း Brave Warriors for Myanmar (BWM) မှတာဝန်ရှိသူတစ်ဦးကပြောကြားသည်။ ယမန်နေ့ စက်တင်ဘာလ ၃ ရက် နံနက် ၄ နာရီ ၈ မိနစ် အချိန် Brave Warriors for Myanmar (BWM) အဖွဲ့ ၏ စီမံမှုဖြင့် Shadow Mandalay အဖွဲ့က

မန္တလေး၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှု Read More »

တောင်ခမ်းတွင် တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး အသံကြားရာပစ်ဟု စစ်ကောင်စီ ညွှန်ကြားနေရ

ရှမ်းမြောက်၊ နောင်ချို၊ တောင်ခမ်းကျေးရွာရှိ အမြောက်တပ်ရင်းများတွင် တိုက်ပွဲပြင်းထန်နေပြီး ၆၈ ရက်မြောက်နေ့အဖြစ် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ဆက်လက်ထိုး စစ်ဆင်နေကြောင်း သိရသည်။ ယနေ့ စက်တင်ဘာ ၃ ရက်တွင်လည်း လက်နက်ကြီးများဖြင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်ကြသည့် အပြင် စစ်ကောင်စီက လေကြောင်းပစ်ကူနှင့် ဒရုန်းအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်မှုကို ပြုလုပ်လျက်ရှိကြောင်း သိရသည်။ တောင်ခမ်းတွင် တိုက်ပွဲရက်ရှည်လာပြီး ထိခိုက်သေဆုံးမှုလည်း များနေသည့်အတွက် အသံကြားရာ နေရာမှန်သမျှကို ပစ်ခတ်တိုက်ခိုက်ရန် စစ်ကောင်စီတပ် အရာရှိပိုင်းများက ညွှန်ကြားထားပြီး တပ်စခန်းပါသွားမည်ကို စိုးရိမ်လျက်ရှိကြောင်း တပ်သတင်း ရင်းမြစ်ထံက သိရသည်။ “တိုက်ပွဲအခြေအနေတွေကို မသိဘဲ စစ်လော်ဘီတွေက ဘယ်လိုခုခံလိုက်တယ်။ ရန်သူ့တပ်တွေ တပ်လန်သွားတယ်၊ အင်အားတွေဘယ်လိုကျန်သေးတာ၊ ခေတ်မှီလက်နက်တွေနဲ့ တိုက်နေတယ်ဆိုပြီး လျှောက်အော်နေတာ။ အထဲမှာတပ်ပျက်နေပြီ။ အသံကြားရာပစ်ဖို့ ညွှန်ကြားတဲ့အဆင့်ထိတောင်

တောင်ခမ်းတွင် တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး အသံကြားရာပစ်ဟု စစ်ကောင်စီ ညွှန်ကြားနေရ Read More »

ရေဦးမြို့ အဝင်ဂိတ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်ကောင် စီတပ်သားများ ထိခိုက်မှုရှိ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ အဝင်ဂိတ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက် ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိကြောင်း Wolf Guerrilla LPDF(YE-U)အဖွဲ့ မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။ စက်တင်ဘာလ ၂ ရက်နေ့ ည ၉ နာရီခန့်တွင် ရေဦးမြို့အ၀င် ရေဦး-ဒီပဲယင်း လမ်းပိုင်းရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂၀ ခန့်ရှိသော စစ်ဆေးရေး ဂိတ်ကို Wolf Guerrilla LPDF(YE-U)အဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်ရုပ်ကဆိုး ဦးဆောင်သော Wolf Guerrilla LPDF (YE-U) အဖွဲ့က ပြုလုပ်ခဲ့ပြီး ဂိတ်စခန်း အနီးတစ်ဝိုက်ကို ကျရောက်ပေါက်ကွဲကာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ

ရေဦးမြို့ အဝင်ဂိတ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်ကောင် စီတပ်သားများ ထိခိုက်မှုရှိ Read More »

လားရှိုးတိုက်ပွဲအပြီး နယ်မြေရှင်းလင်းရေးမှာ UWSA က ကူညီဆောင်ရွက်ပေးနေ

ဇူလိုင်လ ၃ရက်နေ့ ကနေ ဩဂုတ်လ ၃ ရက်နေ့အထိ ၁လအကြာ တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ လားရှိုးမြို့မှာ ပြည်သူတွေနေအိမ်နဲ့ ရပ်ကွက်အတွင်း မပေါက်ကွဲသေးတဲ့ စစ်လက်နက်အကြွင်းအကျန်တွေ များစွာကျန်ရှိနေခဲ့တယ်လို့ မြို့ခံတွေက‌ ပြောပါတယ်။ အဲ့ဒီ စစ်လက်နက်အကြွင်းအကျန်တချို့ကို ရှင်းလင်းဖို့အတွက် “ဝ”ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA က ကူညီဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။ “မိုင်းရှင်း‌လင်းရေးအတွက် “ဝ”ရုံးကို သွားပြောတယ်၊ “ဝ”ရုံးလည်းလိုက်ရှင်းပေးတယ်၊ ဘယ်အိမ်မှာ ဘယ်အိမ်မှာ မိုင်းတွေမပေါက်သေးဘူး၊ စိုက်နေတယ်ပေါ့နော်”လို့ “ဝ” အမျိုးသား မြို့ခံတစ်ဦးက ပြောပါတယ်။ UWSA က “ဝ”လူမျိုးတွေအတွက်သာမဟုတ်ဘဲ အကူအညီတောင်းခံလာတဲ့ လူတိုင်းအတွက် နယ်မြေရှင်းလင်းရေးမှာ ကူညီဆောင်ရွက်ပေး‌နေတာပါ။ “တို့တွေက “ဝ”ဆိုပေမဲ့လည်း ဒီရပ်ကွက်အကုန်လုံးက မိသားစုလိုနေတာလေ၊ ဟိုဘက် ကရင်အိမ်တွေဆိုလည်း အကြောင်းကြားပေးတယ်၊ သူတို့(UWSA) လာရှင်းပေးတယ်ပေါ့နော်၊ သူတို့လက်လှမ်းမီသလောက် အဲ့လိုလုပ်တယ်”လို့

လားရှိုးတိုက်ပွဲအပြီး နယ်မြေရှင်းလင်းရေးမှာ UWSA က ကူညီဆောင်ရွက်ပေးနေ Read More »

စစ်တွေတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီက မြို့တွင်း အင်အားတိုးကင်းလှည့်

ပါဒလိတ်ဘက် တွင်လည်း တူးမြောင်းများတူး၍ လမ်းဖျက်ပြီး ခံစစ်ပြင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီက ညအချိန်ကင်းလှည့်ရာတွင် စစ်အင်အား ရာချီနှင့် စစ်ကားများသုံး ကင်းလှည့်နေကြောင်း သိရသည်။ စစ်တွေမြို့၊ ဝါဘိုကျေးရွာအနီး၊ မင်းလှကျေးရွာတွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA)တို့သည် ပြီးခဲ့သည့် ဩဂုတ် ၂၉ရက်နေ့က တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီက စစ်တွေမြို့အတွင်း အင်အားသုံး ကင်းလှည့်လာခြင်းဖြစ်သည်။ စစ်ကောင်စီသည် ပြီးခဲ့သည့် ဩဂုတ် ၃၀ရက်နေ့ကစတင်၍ ညအချိန်ကင်းလှည့်ရာတွင် စစ်ကားများနှင့် လူအင်အားအပြည့်အပြင် လမ်းလျှောက်ကင်းလှည့်သည့် တပ်ဖွဲ့ဝင် ရာချီပါဝင်ကြောင်း ဒေသခံများ ထံက သိရသည်။ “ကင်းလှည့်တာကတော့ ရဲနဲ့ စစ်သားနည်းနည်းနဲ့ ညတိုင်းလှည့်တယ်။ တိုက်ပွဲဖြစ်ပြီးတော့ အင်အား ၁၀၀ လောက် ကားတွေပေါ်ရော၊ လမ်းလျှောက်ပြီးတော့ရော ကင်းလှည့်နေတာ” ဟု စစ်တွေဒေသခံ

စစ်တွေတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီက မြို့တွင်း အင်အားတိုးကင်းလှည့် Read More »

ကုန်စျေးနှုန်းများမြင့်တက်နေပြီး နိုင်ငံခြားငွေလိုအပ်ချက်ရှိဟု စစ်ခေါင်းဆောင်ဝန်ခံ

စစ်တပ်က အာဏာသိမ်းထားသည့် သုံးနှစ်ကျော်ကာလအတွင်း ကုန်ဈေးနှုန်းများလေးဆ နီးပါးမြင့် တက်နေသည့်အပေါ် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကုန်ဈေးနှုန်းများ ထိုက်သင့် သည့် ဈေးထက်များပြားနေပြီး နိုင်ငံခြားငွေလိုအပ် ချက်ရှိကြောင်း ဝန်ခံပြောကြားခဲ့သည်။ စစ်ခေါင်းဆောင်က လက်ရှိအချိန်တွင် ကုန်ဈေးနှုန်းများသည် ထိုက်သင့်သည့် ဈေးနှုန်းထက်များ ပြားနေ သည်ကိုတွေ့ရကြောင်း၊ ပြည်ပနှင့် အကြောင်းအမျိုးမျိုးဖြင့် ဆက်သွယ်ဆောင်ရွက်မှု များပြားလာ ခြင်းကြောင့် နိုင်ငံခြားငွေများလိုအပ်ချက်ရှိလာကြောင်း၊ နိုင်ငံခြားငွေများရရှိ စေရေး အတွက် ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်၍ ပြည်ပသို့တင်ပို့နိုင်ရန်လိုအပ် ကြောင်း ပြီးခဲ့သည့် စက်တင်ဘာ ၁ ရက်နေ့က ရန်ကုန်တိုင်းရှိ စစ်ကောင်စီအဖွဲ့ဝင်များတွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။ လက်ရှိတွင် စစ်ကောင်စီက အမေရိကန်ဒေါ်လာကိုင်ဆောင်မှုကိုထိန်းချုပ်၍ အခြေခံကုန်ပစ္စည်း စက်သုံးဆီ၊ စားသုံးဆီနှင့် ဆေးဝါးပစ္စည်းများ တင်သွင်းသူများကိုသာ ဒေါ်လာရောင်းချပေးနေသော်လည်း လိုအပ်သလို ဒေါ်လာရောင်းချနိုင်ခြင်းမရှိကြောင်း ယင်းဈေးကွက်အတွင်းက စုံစမ်းသိရသည်။ နိုင်ငံခြားငွေသုံးစွဲမှုများနှင့်ပတ်သက်၍

ကုန်စျေးနှုန်းများမြင့်တက်နေပြီး နိုင်ငံခြားငွေလိုအပ်ချက်ရှိဟု စစ်ခေါင်းဆောင်ဝန်ခံ Read More »

ခင်ဦးနယ် မဒေါင်းလှရွာ ပျူစောထီးစခန်းသိမ်းတိုက်ပွဲအတွင်း စစ်အုပ်စု ၃၀ ကျော်သေပြီး ငါးဦး အရှင်ဖမ်းမိ

စခန်းမကျဖို့ လေကြောင်းကနေ စစ်အုပ်စု အပြင်းအထန် ဗုံးကြဲခုခံ လေကြောင်းတိုက်ခိုက်မှုကြောင့် တော်လှန်ရေးရဲဘော်ခြောက်ဦး ကျဆုံး စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မြောက်ဘက်မှာရှိတဲ့ မဒေါင်းလှရွာ ပျူစောထီးစခန်းသိမ်းတိုက်ပွဲအတွင်း စစ်အုပ်စုက စခန်းမကျဖို့ လေကြောင်းကနေ အပြင်းအထန်ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက် ကျဆုံးမှုရှိခဲ့သလို မဒေါင်းလှကျေးရွာလည်း (၇၀) ရာခိုင်နှုန်းကျော် မီးလောင်ပျက်စီးသွားတယ်လို့ မြေပြင်တိုက် ပွဲဝင် တော်လှန်ရေးရဲဘော်ကပြောပါတယ်။ “ခြောက်ဦးခန့် ကျဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူတချို့လည်း ရှိတယ်” လို့ အဆိုပါ တော်လှန်ရေးရဲဘော်က ဆိုပါ တယ်။ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ဩဂုတ်လ (၃၁) ရက်မှာ မဒေါင်းလှရွာ ပျူစောထီးစခန်းကို ထိုးစစ်ဆင်တိုက် ခိုက်ခဲ့တာဖြစ်ပြီး စခန်းအတွင်းရှိ ဘန်ကာတွေအပါအဝင် ရွာကို စီးနင်းသိမ်းပိုက်ထားနိုင်ခဲ့ပေမဲ့ စစ်အုပ်စုဘက်က စခန်းမကျအောင် ဂျက်ဖိုက်တာ၊ Y-12 လေယာဉ်တွေ အသုံးပြုပြီး ရွာထဲကို အဆက်မပြတ်ဗုံးကြဲ

ခင်ဦးနယ် မဒေါင်းလှရွာ ပျူစောထီးစခန်းသိမ်းတိုက်ပွဲအတွင်း စစ်အုပ်စု ၃၀ ကျော်သေပြီး ငါးဦး အရှင်ဖမ်းမိ Read More »

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၁၀၇ မမ ရှော့ဒုံး ၁၀ လုံး ဖြင့်ပစ်ခတ်တိုက်ခိုက်

မန္တလေး၊ နန်းတွင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၁၀၇ မမ ရှော့ဒုံး ၁၀ လုံး ဖြင့်ပစ်ခတ်တိုက်ခိုက်မှု ဗိုလ်မှူးကြီး ၁ ဦး အပါအဝင် ၁၈ ဦးဒဏ်ရာရ (ရုပ်/သံ) မန္တလေး၊ နန်းတွင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ယနေ့ နံနက်ပိုင်း ၁၀၇ မမ ရှော့ဒုံး ၁၀ လုံး ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ ယနေ့ စက်တင်ဘာလ ၃ ရက်နေ့ နံနက် ၄ နာရီ ၈ မိနစ် အချိန် Brave Warriors for Myanmar (BWM) အဖွဲ့ ၏စီမံမှုဖြင့် Shadow Mandalay အဖွဲ့က

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၁၀၇ မမ ရှော့ဒုံး ၁၀ လုံး ဖြင့်ပစ်ခတ်တိုက်ခိုက် Read More »

လက်ပံတန်းမြို့နယ် ပျဉ်းကတိုကုန်းအုပ်စုမှ အုပ်ချုပ်ရေးမှုးအား PDF ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် ပျဉ်းကတိုကုန်းအုပ်စုမှ စစ်မှုထမ်းဥပဒေအကြောင်းပြ၍ ငွေကြေးကောက်ခံမှုများ လုပ်ဆောင်နေသည့် ပျူစောထီးခေါင်းဆောင် အုပ်ချုပ်ရေးမှူးအား ပစ်ခတ်ရှင်းလင်းကြောင်း ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။ လက်ပံတန်းမြို့နယ် ပျဉ်းကတိုကုန်းအုပ်စုမှ ပျူစောထီးခေါင်းဆောင်အဖြစ်လည်း ဆောင်ရွက်နေသည့် အုပ်ချုပ်ရေးမှုး ဌေးနိုင်အား ၂၀၂၄ခုနှစ် စက်တင်ဘာလ (၁)ရက်နေ့ ည (၁၁) နာရီဝန်းကျင်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ အုပ်ချုပ်ရေးမှူးသည် စစ်ကောင်စီအလိုကျ လောင်းကစားပွဲများ ပြုလုပ်ကာ ငွေရှာပေးခြင်း ၊ စစ်မှုထမ်းဥပဒေအကြောင်းပြ၍ ငွေကြေးကောက်ခံမှုများ လုပ်ဆောင်ခြင်း ၊ အပြစ်မဲ့ ပြည်သူများအား ဖမ်းဆီးစေခြင်းတို့ကြောင့် ပစ်ခတ်ရှင်းလင်းရခြင်းဖြစ်ကြောင်း ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးအဖွဲ့က ဆိုသည်။ အုပ်ချုပ်ရေးမှုး ဌေးနိုင်သည် ၂၀၂၂ ခုနှစ်ကတည်းက ပြည်သူလူထု၏ တိုင်ကြားချက်ကြောင့် ကြေညာထုတ်ခြင်း ခံထားရသူတစ်ဦးလည်းဖြစ်ကြောင်း သိရသည်။

လက်ပံတန်းမြို့နယ် ပျဉ်းကတိုကုန်းအုပ်စုမှ အုပ်ချုပ်ရေးမှုးအား PDF ပစ်ခတ်ရှင်းလင်း Read More »

Scroll to Top