Author name: Admin

ဝိုင်းမော်ရှိ ခလရ ၅၈ ရှော့တိုက်ဒုံးနှင့်ပစ်ခတ်ခံရသည့်အပြင် စစ်ကောင်စီတပ်စခန်းအချို့ ဖယ်ပေးခဲ့ရ

ဝိုင်းမော်ရှိ ခလရ ၅၈ ရှော့တိုက်ဒုံးနှင့်ပစ်ခတ်ခံရသည့်အပြင် စစ်ကောင်စီတပ်စခန်းအချို့ ဖယ်ပေးခဲ့ရ သည့်အတွက် စစ်ရေးတင်းမာနေ ကချင်ပြည်နယ် ဝိုင်းမော်မြို့ရှိ စစ်ကောင်စီ၏ ခလရ ၅၈တပ်ရင်းကို ကချင်လွတ်လပ်ရေး တပ်မတော် (KIA) က ရှော့တိုက်ဒုံး နှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ဝိုင်းမော်မြို့အနီး ဝိုင်းမော်- ဆဒုံး- ကန်ပိုက်တည်လမ်းပိုင်းရှိ စစ်ကောင်စီ၏ ခလရ ၅၈ တပ်ရင်း အတွင်းကို ပြီးခဲ့သည့် ဩဂုတ် ၃၀ရက်နေ့တွင် KIA က ရှော့တိုက်ဒုံးနှင့်ပစ်ခတ်ခဲ့သည့်အတွက် ထိခိုက်မှုများကြောင်း သိရသည်။ “စစ်တန်းလျားပျက်စီးတယ်တဲ့။ ပစ်တာကတော့ ၃၀ရက်နေ့ကတည်းကပါ။ အဲဒီ့နေ့က ဂျက်ဖိုက်တာနဲ့ ခလရ-၅၈ တောင် ကြောတဝိုက်လာပစ်သွားတယ်။ စစ်ရေးကတော့ တင်းမာနေတယ်” ဟု ကချင် စစ်ရေးသတင်းရင်းမြစ်ကပြောသည်။ အဆိုပါ ခလရ ၅၈တွင် ဗျူဟာမှူးတစ်ဦး […]

ဝိုင်းမော်ရှိ ခလရ ၅၈ ရှော့တိုက်ဒုံးနှင့်ပစ်ခတ်ခံရသည့်အပြင် စစ်ကောင်စီတပ်စခန်းအချို့ ဖယ်ပေးခဲ့ရ Read More »

ခလရ ၁ မှ စစ်သားများက အုပ်စုဖွဲ့ မုဒိမ်းကျင့် ရိုက်နှက်ခဲ့သောကြောင့် အသက်အန္တရာယ် စိုးရိမ်နေရ

မင်းလှ၊ စစ်ပြန်ကွင်းရွာမှ အမျိုးသမီး ၁ ဦးကို ခလရ ၁ မှ စစ်သားများက အုပ်စုဖွဲ့ မုဒိမ်းကျင့် ရိုက်နှက်ခဲ့သောကြောင့် အသက်အန္တရာယ် စိုးရိမ်နေရ ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ စစ်ပြန်ကွင်းရွာမှ အမျိုးသမီး ၁ ဦးကို အမှတ် ၁ ခြေ လျင်တပ်ရင်းမှ အကြမ်းဖက် စစ်သားများက အုပ်စုဖွဲ့ မုဒိမ်းကျင့်ပြီး ဝိုင်းဝန်း ရိုက်နှက်ခဲ့သောကြောင့် အသက်အန္တရာယ် စိုးရိမ်နေရကြောင်း ဒေသခံပြည်သူများကပြောဆိုသည်။ ဩဂုတ်လ ၃၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် စစ်ပြန်ကွင်းကျေးရွာ အရှေ့ဘက်ရှိ ကိုးထစ်(ဂဝံ)ကျောက်တောင် ဘုန်းကြီးကျောင်းတွင် ဖခင်ဖြစ်သူနှင့် အတူ လုပ်အားပေးနေသည့် အသက် ၃၀ နှစ်ခန့် အရွယ် အမျိုးသမီး ၁ ဦးကို အမှတ် ၁

ခလရ ၁ မှ စစ်သားများက အုပ်စုဖွဲ့ မုဒိမ်းကျင့် ရိုက်နှက်ခဲ့သောကြောင့် အသက်အန္တရာယ် စိုးရိမ်နေရ Read More »

စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့နှင့်စခန်းများအားလုံး လုံခြုံရေးအတွက်ဟုဆိုကာ ညပိုင်းအမှောင်ချ

ပြင်ဦးလွင်ရှိ စစ်တက္ကသိုလ်၊ စစ်နည်းပညာတက္ကသိုလ် အပါအဝင် စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့နှင့်စခန်းများအားလုံး လုံခြုံရေးအတွက်ဟုဆိုကာ ညပိုင်းအမှောင်ချ စစ်တက္ကသိုလ် များ၏ အဝင်မုခ်ဦးနှင့်ဆိုင်းဘုတ်များပင် အလှဆင်မီး မထွန်းတော့ ပြင်ဦးလွင်ရှိ စစ်တက္ကသိုလ်၊ နည်းပညာတက္ကသိုလ် အပါအဝင် စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့နှင့်စခန်းများအားလုံး လုံခြုံရေးအရ ညပိုင်းအမှောင်ချနေပြီး စစ်တက္ကသိုလ် များ၏ အဝင်မုခ်ဦးနှင့်ဆိုင်းဘုတ်များပင် အလှဆင်မီး မထွန်းတော့ကြောင်း ပြင်ဦးလွင်အခြေစိုက် ဒေသသတင်းရင်းမြစ်များက ပြောဆိုသည်။ ပုံမှန်အားဖြင့် ပြင်ဦးလွင်ရှိ စစ်တက္ကသိုလ်များတွင် အဝင်မုခ်ဦးနှင့်ဆိုင်းဘုတ်များတွင် အလှဆင်မီးများ ထွန်းထားလေ့ရှိပြီး တပ်ရင်းတပ်ဖွဲ့များတွင်လည်း ညပိုင်း မီးများ ပုံမှန်ထွန်းလေ့ရှိကြောင်း၊ သို့ရာတွင် လားရှိုးရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကို MNDAA က သိမ်းပိုက်သွားပြီးချိန်မှစ၍ ပြင်ဦးလွင်တပ်နယ်တွင် ညပိုင်း မီးများ မထွန်းတော့ဘဲ အမှောင်ချထားခြင်းဖြစ်ကြောင်း၊ ယခုအခါ စစ်တက္ကသိုလ်များတွင်ပါ မည်သည့် မီးအလင်းရောင်မှ မထွန်းတော့ဘဲ လုံခြုံရေးအရဟုဆိုကာ အမှောင်ချထားခြင်းဖြစ်ကြောင်း၊

စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့နှင့်စခန်းများအားလုံး လုံခြုံရေးအတွက်ဟုဆိုကာ ညပိုင်းအမှောင်ချ Read More »

AA သိမ်းပိုက်ထားသော ရမ်းဗြဲမြို့နှင့်နီးစပ်နေသော မာန်အောင်ဒေသတွင် စစ်ကောင်စီက စစ်ကြောင်းထိုးလာ

အာရက္ခတပ်တော် AA သိမ်းပိုက်ထားသော ရမ်းဗြဲမြို့ မြစ်ကမ်းနှင့်နီးသည့် မာန်အောင်ဘက်ခြမ်းတွင် အာဏာသိမ်း စစ်ကောင်စီက ကျေးရွာများအတွင်း စစ် ကြောင်းထိုးလာနေကြောင်း ဒေသခံများထံမှ သိရသည်။ ရခိုင်ပြည်၊ ရမ်းဗြဲမြစ်ကမ်းနှင့်နီးသော မာန်အောင်မြို့နယ် အစွန်အဖျားရှိ ကျေး ရွာများနှင့် ပင်လယ်ကမ်းအနီးကို ရာချီပါသော အင်အားများဖြင့် စစ်ကောင်စီက စစ်ရေးလှုပ်ရှားမှုများပြုလုပ်နေသည်ဟု အမည်မဖော်လိုသည့် မာန်အောင်ဒေသခံ အသက် ၃၈ နှစ်အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။ “မြို့အစွန်ကျေးရွာတွေမှာ အဓိကခြေချ လှုပ်ရှားလာကြတာတွေတွေ့ရပါတယ်။ အရင်က တပ်ဖွဲ့တစ်ခုပဲချထားတဲ့နေရာမှာ ၂ ခုကနေ ၃ ခုအထိချထားလာတယ်။ ပြီးတော့ ကျေးရွာတွေတွင်းမှာ နေရာယူထားလာကြတယ်။ တပ်စခန်းမချတဲ့ ကျေးရွာတွေဆိုရင်လည်း မကြာမကြာကင်းလှည့်ပြီး သွားလာကြတာတွေ လုပ်လာတယ်” ဟု ၎င်းက ဆက်ပြောသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ရေးလှုပ်ရှား ကင်းလှည့်နေသည့် ကျေးရွာများမှာ

AA သိမ်းပိုက်ထားသော ရမ်းဗြဲမြို့နှင့်နီးစပ်နေသော မာန်အောင်ဒေသတွင် စစ်ကောင်စီက စစ်ကြောင်းထိုးလာ Read More »

တရုတ်အနေနဲ့ လက်တွေ့ကျကျ ချဉ်းကပ်ဖို့ ဦးရည်မွန် မျှော်လင့်

ရေနံနဲ့ သဘာဝဓါတ်ငွေ့ပိုက်လိုင်း အပါအဝင် တရုတ် စီမံကိန်းအားလုံးနီးပါးက တော်လှန်ရေးအင်အားစုတွေရဲ့ စိုးမိုးထိန်းချုပ်နယ်မြေထဲရောက်ရှိနေပြီဟု အသိပေး လက်ရှိမှာ ရေနံနဲ့ သဘာဝဓါတ်ငွေ့ပိုက်လိုင်း အပါအဝင် တရုတ် စီမံကိန်းအားလုံး လိုလိုက တော်လှန်ရေးအင်အားစုတွေရဲ့ စိုးမိုးထိန်းချုပ်နယ်မြေထဲရောက်ရှိနေပြီ ဖြစ်ပြီး တရုတ်ပြည်အနေနဲ့ မြန်မာ့အရေးနဲ့ ပတ်သက်ရင် လက်တွေ့ကျကျ ချဉ်းကပ်ဆောင်ရွက်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က အသိပေးလိုက်ပါတယ်။ “ရေနံနဲ့ သဘာဝဓါတ်ငွေ့ပိုက်လိုင်း အပါအဝင် တရုတ် စီမံကိန်းအားလုံးလိုလိုဟာ ဒီကနေ့ ဆိုရင်တော့ တော်လှန်ရေးအင်အားစုတွေရဲ့ စိုးမိုးထိန်းချုပ်နယ်မြေထဲရောက်ရှိနေပါပြီ၊ အမျိုးသားညီညွတ်ရေးအစိုးရကတော့ သူရဲ့ တရုတ်ပြည်ဆိုင်ရာ မူဝါဒ၊ ဒါကို လူသိရှင်ကြား ထုတ်ပြန်ကြေညာပြီး ဖြစ်ပါတယ်” လို့ NUG ရဲ့ ထိန်းချုပ်နယ်မြေတွေအတွင်းရှိ တရုတ်စီမံကိန်းတွေအပေါ် တရုတ် ရဲ့ စိုးရိမ်ချက်နဲ့ ပတ်သက်ပြီး ဧရာဝတီရဲ့ မေးမြန်းမှုကို

တရုတ်အနေနဲ့ လက်တွေ့ကျကျ ချဉ်းကပ်ဖို့ ဦးရည်မွန် မျှော်လင့် Read More »

စစ်ရှုံးပြီး ဩဇာကျဆင်းလာသော မင်းအောင်လှိုင် ဗျာများနေ

တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ နေပြည်တော်သို့ မလာရောက်မီ အာဏာသိမ်းမှုဖြစ်နေသည်ဆိုသည့် ကောလာဟလများ မြန်မာတွင် ပျံ့နှံ့နေသည်။ ထိုခရီးစဉ်အတွင်း သူသည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သွယ်ဝိုက်ဝေဖန်ခဲ့သည်။ မကြာသေးမီက စစ်ရေးရှုံးနိမ့်မှု အတိုင်းအတာကြောင့် ဖြစ်နိုင်သည်။ အတိုက်အခံတို့၏ စစ်ရေး အောင်မြင်မှုများသည် စစ်မြေပြင်ကို အခြေခံအားဖြင့် ပြောင်းလဲစေပြီး စစ်တပ် မည်သို့ နာလန်ထမည်ကို မှန်းဆရန် ခက်ခဲသည်။ ၂၀၂၃ ခုနှစ် နှောင်းပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် အတိုက်အခံအင်အားစုများသည် စစ်စခန်းပေါင်း ၂,၀၀၀ ကျော် သိမ်းပိုက်ထားသည်။ အာရက္ခတပ်တော် (AA) သည် ရခိုင်ပြည်နယ်မြောက်ပိုင်း တခုလုံးနီးပါးကို သိမ်းပိုက်ပြီး တောင်ပိုင်းသို့ အလျင်အမြန် တိုးလာနေသည်။ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) သည် တရုတ်သို့ နယ်စပ်ဂိတ်များ

စစ်ရှုံးပြီး ဩဇာကျဆင်းလာသော မင်းအောင်လှိုင် ဗျာများနေ Read More »

ဝိုင်းမော်မြို့ ခလရ(၅၈)တပ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်

ဝိုင်းမော်မြို့ရှိ စစ်ကောင်စီ​၏ ခြေလျင်တပ်ရင်းခလရ(၅၈)ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် ပူးပေါင်းတပ်က ရှော့တိုက်ဒုံးနှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။ ဝိုင်းမော် -ဆဒုံး-ကန်ပိုင်တည် လမ်းပိုင်းရှိ ဝိုင်းမော်မြို့အနီးရှိသော ခလရ(၅၈)တပ်ရင်းသည် ဩဂုတ် ၃၀ရက်မွန်းတွင် တိုက်ခိုက်ခံရခြင်းဟု ဒေသခံတစ်ဦးက ပြောသည်။ “ရှော့တိုက်ဒုံးနှစ်လုံး ဆက်တိုက်ကျတာ။ တပ်ရင်းတန်းလျားကို ထိတယ်။ ဘာတွေ ထိခိုက်လဲတော့ မသိရဘူး။ အပစ်ခံရပြီး မိနစ်ပိုင်းမှာပဲ လေကြောင်းကနေ လာပစ်တယ်”ဟု KIAနှင့် နီးစပ်သည့် ယင်းဒေသခံက ပြောသည်။ စစ်ကောင်စီက ခလရ (၅၈)နှင့် သုံးမိုင်ခန့်အကွာရှိ တောင်‌ကြောတနေရာကို ဂျက်ဖိုက်တာဖြင့် တစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခြင်းဟု ဆိုသည်။ စစ်ကောင်စီ​၏ ထိခိုက်မှုကို အသေးစိတ်မသိရသေးပေ။ ခလရ (၅၈)တပ်ရင်းတွင် ဗျူဟာမှူး ဗိုလ်မှူးကြီးတစ်ဦး လာရောက်ကွပ်ကဲနေပြီး တပ်ရင်းရှေ့လမ်းမပေါ် ဝိုင်းမော် -ဆဒုံးလမ်းပိုင်း၌ ခရီးသွားကားများ၊ ကုန်တင်ကားများကို

ဝိုင်းမော်မြို့ ခလရ(၅၈)တပ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ် Read More »

စစ်တပ်က လေကြောင်းဖြင့် ရိက္ခာထုပ်များ ဆက်တိုက် ကျဲချပို့ဆောင်နေ

မြိုင်မြို့နယ်ရှိ ပျူစောထီးရွာများကို PDF တပ်ဖွဲ့များက ပိတ်ဆို့ထားပြီး ရိက္ခာ လမ်းကြောင်းများ အားလုံး ဖြတ်တောက်ထား၍ စစ်တပ်က လေကြောင်းဖြင့် ရိက္ခာထုပ်များ ဆက်တိုက် ကျဲချပို့ဆောင်နေ မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ ပျူစောထီးရွာများကို PDF တပ်ဖွဲ့များက ပိတ်ဆို့ထားပြီး ရိက္ခာ လမ်းကြောင်းများ အားလုံး ဖြတ်တောက်ထား၍ အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ရိက္ခာထုပ်များ ဆက်တိုက် ကျဲချ ပို့ဆောင်နေကြောင်း ပခုက္ကူခရိုင် အမှတ် ၁၅ တပ်ရင်း သတင်းတာဝန်ခံ ရဲဘော်ခလေးက ပြောဆိုသည်။ မြိုင်မြို့နယ်ရှိ ပျူစောထီးများကို အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ်မှ ရိက္ခာလာပို့သည့် စစ်ယာဉ်တန်းကို PDF တပ်ဖွဲ့များက ဖြတ်တာက် တိုက်ခိုက်ထားနိုင်ပြီး ပျူသောထီးရွာများကို ပိတ်ဆို့ထားကာ နယ်မြေအားလုံးကို စိုးမိုင်းထားနိုင်ခြင်းကြောင့် အကြမ်းဖက် စစ်တပ်က

စစ်တပ်က လေကြောင်းဖြင့် ရိက္ခာထုပ်များ ဆက်တိုက် ကျဲချပို့ဆောင်နေ Read More »

ရွှေကျင်မြို့နယ်ရှိ ကုန်းမြင့်သာယာတပ်စခန်း PDFပူးပေါင်းတပ် သိမ်းပိုက်

၆ မိနစ်အတွင်း သိမ်းယူနိုင်ခဲ့ဟုဆို၊ အရာရှိတစ်ဦးအပါအဝင် ၅ ဦးခန့်သေဟု PDF စစ်ရုံးချုပ်ထုတ်ပြန် ပဲခူးတိုင်းအရှေ့ခြမ်း၊ ရွှေကျင်မြို့နယ်၊ ကုန်းမြင့်သာယာကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန MOD၊ PDF စစ်ရုံးချုပ်မှ ယနေ့(စက်တင်ဘာ ၁ ရက်)တွင် ထုတ်ပြန်သည်။ သြဂုတ် ၃၁ ရက် နံနက်ပိုင်းက ရွှေကျင်မြို့နယ်၊ ကုန်းမြင့်သာယာကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲ၊ PDF တပ်ရင်း (၃၇၀၂)၊ စစ်ဒေသခွဲ ဒရုန်းအထူးတပ်ဖွဲ့ (၁၈၀၅)၊ PDF Spring Warrior စစ်ကြောင်းနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)တပ်ရင်း(၉)ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ခိုက်ခဲ့ခြင်းဟု ဖော်ပြသည်။ အဆိုပါ ကုန်းမြင့်သာယာ တပ်စခန်းကို ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နံနက် (၁၁)နာရီတွင်

ရွှေကျင်မြို့နယ်ရှိ ကုန်းမြင့်သာယာတပ်စခန်း PDFပူးပေါင်းတပ် သိမ်းပိုက် Read More »

သပိတ်ကျင်းမြို့နယ်ကို တော်လှန်ရေးတပ်များ သိမ်းပိုက်ထားပြီး မြို့အနီးရှိ စစ်စခန်း ၂ ခုကိုပါ ထပ်မံရရှိ

စစ်ကောင်စီက ညအချိန်တွင် အကြောင်းမဲ့ ဗုံးကြဲမှုများပြုလုပ် မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့ကို တော်လှန်ရေးတပ် ဖွဲ့များက သိမ်းပိုက်ပြီးနောက် မြို့နှင့် ၄ မိုင်အကွာရှိ ၄ မိုင်ရွာနှင့် တာဝါတိုင်ကုန်းစခန်းနှစ်ခုကို ထပ်မံသိမ်း ပိုက်နိုင်ခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဩဂုတ် ၃၀ ရက်နေ့က သပိတ်ကျင်းမြို့အနီးရှိ ၄ မိုင်ရွာနှင့် တာဝါတိုင်စခန်း ၂ ခုကို တော်လှန် ရေးတပ်များက ထပ်မံသိမ်းပိုက်ရရှိခဲ့ကြောင်း အမှတ် (၁) စစ်ဒေသက ထုတ်ပြန်ထားသည်။ သပိတ်ကျင်းမြို့ကို ပြီးခဲ့သည့် ဩဂုတ်လ ၂၅ ရက်နေ့ က ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) MDY- PDF နှင့် ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့ပြီး ၄ မိုင်ရွာနှင့် တာဝါတိုင်စခန်းတို့ကို ဩဂုတ် ၂၉ ရက်နေ့က စတင်ထိုးစစ်ဆင်ခဲ့ပြီး ဩဂုတ်

သပိတ်ကျင်းမြို့နယ်ကို တော်လှန်ရေးတပ်များ သိမ်းပိုက်ထားပြီး မြို့အနီးရှိ စစ်စခန်း ၂ ခုကိုပါ ထပ်မံရရှိ Read More »

Scroll to Top