Author name: Admin

စစ်မှုထမ်း လူရွေးဖို့ အစည်းအဝေးလုပ်ခဲ့တဲ့ အုပ်ချုပ်ရေးမှူး ချောင်းရိုက်ခံရ

စစ်မှုထမ်း လူရွေးဖို့ အစည်းအဝေးလုပ်ခဲ့တဲ့ အုပ်ချုပ်ရေးမှူး ချောင်းရိုက်ခံရပြီး အစည်းအဝေး တက်ရောက်ခဲ့သူတွေကို စစ်ကောင်စီ ဖမ်းဆီးထား ဧရာဝတီတိုင်း မအူပင်မြို့ အမှတ် ၁၂ ရပ်ကွက်မှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးက စစ်မှုထမ်းရွေးချယ်ဖို့ ရပ်ကွက်အတွင်း အစည်းအဝေးပြုလုပ်ခဲ့ပြီး ရက်ပိုင်းအကြာမှာပဲ ညဘက် ချောင်းရိုက်ခံခဲ့ရပါတယ်။ ဒီအတွက် အစည်းအဝေး တက်ရောက်ခဲ့တဲ့သူတွေကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ အကြမ်းဖက်စစ်တပ်ရဲ့ တရားမဝင် စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေတဲ့ အဲဒီအုပ်ချုပ်ရေးမှူးဟာ ဩဂုတ်လ ၃၁ ရက်နေ့မှာ ချောင်းရိုက်ခံခဲ့ရတာပဲ ဖြစ်ပါတယ်။ “အစည်းအဝေးလုပ်ခဲ့တာက ပြီးခဲ့တဲ့ ၃ ရက်လောက်က… သြဂုတ်လ ၃၁ ရက် ညပိုင်းမှာ ချောင်းအရိုက်ခံရတာ။ ဦးခေါင်းနောက်စေ့ထိသွားတယ်။ အဲဒီ အုပ်ချုပ်ရေးမှူး ချောင်းအရိုက်ခံရတာနဲ့ပတ်သက်ပြီး အစည်းအဝေး တတ်ရောက်သူတွေထဲက ဖြစ်မယ်ဆိုပြီး […]

စစ်မှုထမ်း လူရွေးဖို့ အစည်းအဝေးလုပ်ခဲ့တဲ့ အုပ်ချုပ်ရေးမှူး ချောင်းရိုက်ခံရ Read More »

ပျူစောထီးခေါင်းဆောင် သီတာယုမွန်နဲ့အဖွဲ့ကို တိုက်ခိုက် (ရုပ်/သံ)

မြင်းခြံမြို့ တောင်ရှေ့ဂိတ်(နန်းမြင့်ဂိတ်)ဘက်ကို လှည့်ပတ်လာတဲ့ ပျူစောထီးခေါင်းဆောင် သီတာယုမွန်နဲ့အဖွဲ့ကို တိုက်ခိုက် (ရုပ်/သံ) မန္တလေးတိုင်း မြင်းခြံမြို့ရဲ့ တောင်ဘက်ရှိ တောင်ရှေ့ဂိတ် (နန်းမြင့်ဂိတ်)ဘက်ကို သံပြားကာယာဉ် ၂ စီး၊ အိမ်စီးကား ၃ စီးနဲ့ လှည့်ပတ်လာတဲ့ မြင်းခြံပျူစောထီးခေါင်းဆောင် သီတာယုမွန်နဲ့အဖွဲ့ကို သြဂုတ် ၂၄ ရက်နေ့လယ်ပိုင်းက တိုက်ခိုက်ခဲ့ရာ အများအပြားထိခိုက်မှုရှိခဲ့တယ်လို့ Myingyan Twenty one Guerilla Force အဖွဲ့ထံက သိရပါတယ်။ တိုက်ခိုက်မှုဟာ မိနစ် ၃၀ ကြာမြင့်ခဲ့ပြီး ပျူစောထီးပူးပေါင်းအဖွဲ့တွေဟာ သံပြားကာယာဉ် ၁ စီးကို ထားပြီး ထွက်ပြေးသွားတယ်လို့ သိရပါတယ်။ တော်လှန်ရေးမဟာမိတ်အဖွဲ့တွေက သံပြားကာယာဉ်ကို ရယူဖို့ လုပ်ဆောင်ခဲ့ပေမယ့် လေ ကြောင်းကနေ ပစ်ကူရောက်လာတဲ့အတွက် ပြန်လည်ဆုတ်ခွာခဲ့ကြရတယ်လို့ သိရပါတယ်။

ပျူစောထီးခေါင်းဆောင် သီတာယုမွန်နဲ့အဖွဲ့ကို တိုက်ခိုက် (ရုပ်/သံ) Read More »

ကျောက်ပန်းတောင်း-မိတ္တီလာလမ်းတွင် ဖရဲသီးသတင်းပေးချက်အရ ရဲ ၃ ဦးလိုက်ပါသော ကားကို ပစ်ခတ်တိုက်ခိုက်

ကျောက်ပန်းတောင်း-မိတ္တီလာလမ်းတွင် ဖရဲသီးသတင်းပေးချက်အရ ရဲ ၃ ဦးလိုက်ပါသော ကားကို ပစ်ခတ်တိုက်ခိုက်မှု ဒုရဲမှူး အောင်ကျော်ထွန်း၊ ဒုရဲအုပ် ရန်ရှင်းနှင့် တပ်ကြပ်မြတ်သူတို့ သေဆုံး၊ လက်နက် ၅ လက်၊ လက်ပစ်ဗုံးနှင့် ခဲယမ်းများ သိမ်းဆည်းရရှိ မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ကျောက်ပန်းတောင်း-မိတ္တီလာလမ်းတွင် ဖရဲသီးသတင်းပေးချက်အရ ရဲ ၃ ဦးလိုက်ပါသော ကားကို ပစ်ခတ်တိုက်ခိုက်ရာ ဒုရဲမှူး အောင်ကျော်ထွန်း၊ ဒုရဲအုပ် ရန်ရှင်းနှင့် တပ်ကြပ် မြတ်သူတို့ သေဆုံးပြီး လက်နက် ၅ လက်၊ လက်ပစ်ဗုံးနှင့် ခဲယမ်းများအပါအဝင် ပစ္စည်းများ သိမ်းဆည်းရရှိကြောင်း အညာမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ကျောက်ပန်းတောင်းမှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။ ဩဂုတ်လ ၃၁ ရက်နေ့ မြင်းခြံခရိုင်အထူးစစ်ဆင်ရေးအဖြစ် ဖရဲသီးသတင်း ပေးချက်အရအရ ကျောက်ပန်းတောင်း-မိတ္ထီလာ လမ်းပေါ်တွင်ရှောင်တခင်စစ်ဆေးရာ အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင် ကားကို တားဆီးစစ်ဆေးခဲ့ကြောင်း၊

ကျောက်ပန်းတောင်း-မိတ္တီလာလမ်းတွင် ဖရဲသီးသတင်းပေးချက်အရ ရဲ ၃ ဦးလိုက်ပါသော ကားကို ပစ်ခတ်တိုက်ခိုက် Read More »

ခင်ဦးနယ်ထဲက ဝါသဝရဲ့ မဒေါင်းလှရွာ ပျူစခန်းသိမ်းတိုက်ပွဲ ပြင်းထန်နေ

စစ်အုပ်စုက လေကြောင်းဗုံးကြဲလို့ အနီးဝန်းကျင် ရွာ(၁၀)ရွာကျော် ထွက်ပြေးနေရ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် မဒေါင်းလှရွာ ပျူစောထီးစခန်းကို တော်လှန်ရေးတပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်လို့ တိုက်ပွဲပြင်းထန်နေပြီး စစ်အုပ်စုက ပျူစခန်း မကျဖို့ လေကြောင်းပစ်ကူ ဗုံးကြဲနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေကပြောပါတယ်။ ခင်ဦးနယ် မြောက်ပိုင်းက မဒေါင်းလှရွာမှာ စစ်အုပ်စုက ပျူစခန်းဖွင့်ထားပြီး သင်္ကန်းဝတ် ဝါသဝ လက်အောက်ခံ ပျူတွေ ကြီးစိုးသောင်းကျန်းနေတာ ဖြစ်ပါတယ်။ တော်လှန်ရေးတပ်တွေက ဩဂုတ်လ (၁၈) ရက်မှာ မဒေါင်းလှရွာ ပျူစခန်းကို သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုက လေကြောင်းပစ်ကူ ခုခံလို့ စခန်းမသိမ်းနိုင်ဘဲ ပြန်ဆုတ်ခွာခဲ့ပြီးနောက် ဒီကနေ့ ဩဂုတ်လ (၃၁) ရက်မှာ မဒေါင်းလှရွာ ပျူစခန်းကို ထပ်မံ ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

ခင်ဦးနယ်ထဲက ဝါသဝရဲ့ မဒေါင်းလှရွာ ပျူစခန်းသိမ်းတိုက်ပွဲ ပြင်းထန်နေ Read More »

ဝ တောင်ပိုင်းမှ ပြည်ပသို့ အလုပ်သွားလုပ်သူ ဝ အမျိုးသားများ စစ်မှုထမ်းရေး ပြန်လာရန် စာထုတ်

ဝ တောင်ပိုင်းဒေသအတွင်းမှ ပြည်ပနိုင်ငံသို့ အလုပ်သွားရောက်လုပ်ကိုင်ကြသည့် ဝ အမျိုးသားများ နေရပ်သို့ အမြန်ဆုံးပြန်လာပြီး စစ်မှုထမ်းကြရန် ဝ ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSA) တောင်ပိုင်းစစ်ဒေသ (၁၇၁)က၂၀၂၄ ခုနှစ် သြဂုတ်လ (၃၀)ရက်နေ့တွင် ထုတ်ပြန်သည်။ လာအိုနိုင်ငံသို့ အလုပ်သွားရောက်လုပ်ကိုင်သူ တောင်ပိုင်းမှ ဝ အမျိုးသားများအနေဖြင့် စက်တင်ဘာလ (၇)ရက်နေ့ နောက်ဆုံးထားပြီး သက်ဆိုင်ရာလုံခြုံရေးဌာန၌ စာရင်းပေးသွင်းကြရန် သတ်မှတ်ချိန်ကျော်လွန်ပြီး ပျက်ကွက်ပါက ဖမ်းဆီးအရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ UWSA က ဝ တောင်ပိုင်းနှင့် မြောက်ပိုင်းအတွင်း စစ်မှုထမ်းရန် တပ်သားသစ် (၄)ထောင်စီ ကောက်ခံသွားမည်ဟုလည်း သိရသည်။ UWSA သည် ယခင်က တစ်အိမ်တစ်ယောက် စစ်မှုမထမ်းမနေရ ဥပဒေဖြင့် တပ်သားသစ် ကောက်ယူနေခြင်းဖြစ်ပြီး စစ်မှုထမ်းကာလကို အမျိုးသမီးများအတွက် (၅)နှစ်နှင့် အမျိုးသားများအတွက်

ဝ တောင်ပိုင်းမှ ပြည်ပသို့ အလုပ်သွားလုပ်သူ ဝ အမျိုးသားများ စစ်မှုထမ်းရေး ပြန်လာရန် စာထုတ် Read More »

ပဲခူးတိုင်း အနောက်ခြမ်းမှာ တလအတွင်း အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူး ကိုးယောက် အသတ်ခံရ

ပဲခူးတိုင်း အနောက်ခြမ်းမှာ ယခုဩဂုတ်လအတွင်း အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူး ကိုးယောက်အထိ အသတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အသတ်ခံရတာက မင်းလှမြို့နယ်က အုပ်ချုပ်ရေးမှူးနဲ့ရာအိမ်မှူး အပါအဝင် သုံးယောက်၊ပေါက်ခေါင်းမြို့နယ်ကအုပ်ကြီး သုံးယောက်၊အုတ်ဖိုက အုပ်ချုပ်ရေးမှူးတယောက်နဲ့ ကြို့ပင်ကောက်မြို့နယ်ကအုပ်ချုပ်ရေးမှူးနှစ်ယောက်တို့ဖြစ်ပါတယ်။ ” ပေါက်ခေါင်းမှာတင်သုံးယောက်သတ်ခံရတယ် ။အုပ်ကြီးတွေပဲ။အုပ်ကြီးတွေသတ်ခံရတာ ခပ်စိတ်စိပ်ဖြစ်လာတော့ ညဘက်တွေဆို စစ်သားတွေလည်း ကင်းလှည့်ကြတယ်။ချောင်းကောင်းကအုပ်ကြီးသတ်ခံရတုန်းကဆိုရင်ပေါင်းတလည်နဲ့ပေါက်ခေါင်းလမ်းတောင်ခဏပိတ်လိုက်တယ်။” လို့ ပေါင်းတလည်ဒေသခံကပြောပါတယ်။ ဩဂုတ်လ ၂၅ ရက်နေ့နဲ့ ၂၃ ရက်မှာ ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ်ထဲက အုပ်ချုပ်ရေးမှူး နှစ်ယောက်သတ်ခံခဲ့ရတာဖြစ်ပြီး သတ်ခံရသူတွေက မြို့ကိုင်းအုပ်စု၊ ချောင်းခွရွာနေ အုပ်စုအုပ်ချုပ်ရေးမှူး ဖြစ်သူ ကိုရန်အောင်စိုး ဆိုသူ ရုံးချောင်းအုပ်စု အုပ်ချုပ်ရေးမှူးဖြစ်သူ ကိုမြင့်တင်ကို တို့ဖြစ်တယ်လို့ သိရပါတယ် ။ ဩဂုတ်လ ၁၃ ရက်၊ ၁၅ ရက်နဲ့ ၂၀ ရက်နေ့မှာက

ပဲခူးတိုင်း အနောက်ခြမ်းမှာ တလအတွင်း အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူး ကိုးယောက် အသတ်ခံရ Read More »

ရပ်ကွက်အချို့မှ လူငယ်များကို စစ်သားနှင့် အုပ်ချုပ်ရေးမှူးများက ဖောကား ၂ စီးဖြင့် ပေါ်တာဆွဲ ဖမ်းဆီးနေ

မဟာအောင်မြေမြို့နယ်ရှိ ရပ်ကွက်များနှင့် ရပ်ကွက်အချို့မှ လူငယ်များကို စစ်သားနှင့် အုပ်ချုပ်ရေးမှူးများက ဖောကား ၂ စီးဖြင့် ပေါ်တာဆွဲ ဖမ်းဆီးနေ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဗောဓိကုန်းရပ်ကွက်၊ ကံလှရပ်ကွက်၊ အောင်ချမ်းအေးရပ်ကွက်နှင့် ရပ်ကွက်အချို့တွင် လူငယ်များကို နေရာအတိအကျဖြင့် အကြမ်းဖက် စစ်သားများနှင့် အုပ်ချုပ်ရေးမှူးက ဖောကား ၂ စီးဖြင့် ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများကပြောဆိုသည်။ ဩဂုတ်လ ၃၀ ရက်နေ့ ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် မဟာအောင်မြေမြို့နယ်၊ ဗောဓိကုန်းရပ်ကွက်၊ ကံလှရပ်ကွက်၊ အောင်ချမ်းအေးရပ်ကွက်နှင့် ရပ်ကွက်အချို့တွင် အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးသွားခြင်းဖြစ်ပြီး ဖမ်းဆီးခံရသည့် လူငယ်များကို အောင်ချမ်းအေးရပ်ကွက် ရပ်ကွက်ရုံးတွင် စစ်ဆေးကြောင်း သိရသည်။ ပေါ်တာဆွဲ ဖမ်းဆီးခံရသူများထဲတွင် ပြည်သူ့စစ်ထဲ အတင်းအဓမ္မဝင်ရန်

ရပ်ကွက်အချို့မှ လူငယ်များကို စစ်သားနှင့် အုပ်ချုပ်ရေးမှူးများက ဖောကား ၂ စီးဖြင့် ပေါ်တာဆွဲ ဖမ်းဆီးနေ Read More »

ကျေးရွာအုပ်စုတစ်အုပ်စုလျှင် အသက် ၃၅ နှစ်မှ ၆၅ နှစ်အတွင်းလုံခြုံရေးတာဝန်ယူရန် လူအယောက် ၇ဝ စာရင်းတောင်း

သာပေါင်းမြို့နယ်ရှိ ကျေးရွာအုပ်စုတစ်အုပ်စုလျှင် အသက် ၃၅ နှစ်မှ ၆၅ နှစ်အတွင်းလုံခြုံရေးတာဝန်ယူရန် လူအယောက် ၇ဝ စာရင်းတောင်း ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်ရှိ ကျေးရွာများတွင် လုံခြုံရေးတာဝန်ထမ်းဆောင်ရန် ကျေးရွာတစ်အုပ်စုလျှင် လူအယောက် ၇၀ ​စာရင်းတောင်းယူနေကြောင်း ဒေသခံများထံက သိရသည်။ မြို့၊ ရွာ၊ ရပ်ကွက် လုံခြုံရေးတာဝန်ယူရန်ဟုအကြောင်းပြကာ အသက် ၃၅နှစ်မှစတင်၍ ၆၅နှစ်အတွင်း ပြည်သူ့စစ်များအဖြစ် တာဝန်ထမ်းဆောင်ရန် စစ်ကောင်စီက စာရင်းတောင်းယူနေခြင်းဖြစ်သည်ဟု ဒေသခံများကဆိုသည်။ “အသက် ၃၅ ကနေ ၆၅နှစ်အတွင်းရှိတဲ့ လူအယောက် ၇၀ ဆိုပြီး စာရင်းတွေတောင်းတာ။ စုဆောင်းရေးဆိုပြီး ရွာသားတွေကို နာမည်တွေအတင်းကောက်ခံနေကြတာ။ ဘယ်သူမှလဲ ဒါမျိုးတွေမလုပ်ချင်ကြပါဘူး၊ ဇွတ်တွေ စာရင်းကောက်နေကြတာပါ” ဟု မကျည်းကုန်းကျေးရွာအုပ်စုတွင်နေထိုင်သူတစ်ဦးကပြောသည်။ အဆိုပါ စာရင်းကို ဦးဆောင်းတောင်ယူနေ ကြသည့် စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးမှာ

ကျေးရွာအုပ်စုတစ်အုပ်စုလျှင် အသက် ၃၅ နှစ်မှ ၆၅ နှစ်အတွင်းလုံခြုံရေးတာဝန်ယူရန် လူအယောက် ၇ဝ စာရင်းတောင်း Read More »

စစ်တပ်က လေယာဉ်ဖြင့် ကျဲချပေးသော ရိက္ခာထုပ်များကို PDF တပ်ဖွဲ့က သိမ်းဆည်းရရှိ

မြိုင်မြို့နယ်၊ သရက်ကွပျူစောထီးရွာကို စစ်တပ်က လေယာဉ်ဖြင့် ကျဲချပေးသော ရိက္ခာထုပ်များကို PDF တပ်ဖွဲ့က သိမ်းဆည်းရရှိ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကွပျူစောထီးရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ကျဲချပေးသော ရိက္ခာထုပ်များကို သိမ်းဆည်းရရှိခဲ့ကြောင်း G.O.E. Revolution Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။ ဩဂုတ်လ ၃၀ ရက်နေ့တွင် မြိုင်မြို့နယ်၊ သရက်ကွ ပျူစောထီးရွာကို အကြမ်း ဖက် စစ်တပ်က Y-12 လေယာဉ်ဖြင့် ရိက္ခာထုပ် ၅၀ ခန့်ကို ကျဲချပေးခဲ့ကြောင်း သိရသည်။ အကြမ်းဖက် စစ်တပ်က ရိက္ခာထုပ် ကျဲပေးခဲ့သော နေရာကို PDF တပ်ဖွဲ့များက နယ်မြေရှင်းလင်းရေး ပြုလုပ်စဉ် အကြမ်းဖက် စစ်တပ်၏ ကင်းပုန်းများဖြင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ

စစ်တပ်က လေယာဉ်ဖြင့် ကျဲချပေးသော ရိက္ခာထုပ်များကို PDF တပ်ဖွဲ့က သိမ်းဆည်းရရှိ Read More »

TNLA ကို တိုက်ပွဲရပ်ခိုင်းတဲ့ကိစ္စ တရုတ်သံရုံးဘာပြောလဲ

တအာင်းလွတ်မြောက်ရေးတပ် (TNLA)ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ရပ်တန့်ဖို့ တရုတ်ဘက်က သတိပေးခဲ့တယ်ဆိုတဲ့ကိစ္စအပေါ် AFP သတင်းဌာန ရဲ့ မေးမြန်းချက်ကို တရုတ်သံရုံးက သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ဒီကနေ့ထုတ်ပြန်လာပါတယ်။ “တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ မြန်မာနိုင်ငံမြောက်ပိုင်း ပဋိပက္ခလှုပ်ရှားမှု အခြေအနေကို များစွာဂရုပြုပြီး ဆွေးနွေးရန်နဲ့ အပစ်အခတ်ရပ်စဲရန် လုပ်ငန်းအမြဲလုပ်ဆောင် နေပါတယ်” လို့ တရုတ်သံရုံးက ပြောခဲ့ပါတယ်။ ဩဂုတ် ၂၉ ရက်စွဲနဲ့ ရွှေလီမြို့ လုံခြုံရေးကော်မတီက တအာင်းလွတ်မြောက်ရေးတပ် TNLA ကို တိုက်ပွဲတွေ ချက်ချင်းရပ်တန့်ဖို့ ပြင်းထန်တဲ့ သတိပေးစာ တစ်စောင်ပို့ခဲ့ပြီး ဒီစာက အစစ်ဟုတ်မဟုတ် ဆွေးနွေးငြင်းခုန်မှုတွေ ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ AFP သတင်းဌာန ရဲ့ မေးမြန်းချက်အပေါ် TNLA ကို သတိပေးခဲ့ခြင်းရှိမရှိ တိုက်ရိုက်မဖြေခဲ့ပါဘူး။ “တရုတ်နိုင်ငံက မြန်မာနိုင်ငံ

TNLA ကို တိုက်ပွဲရပ်ခိုင်းတဲ့ကိစ္စ တရုတ်သံရုံးဘာပြောလဲ Read More »

Scroll to Top