Author name: Admin

နိုင်ငံပိုင် နိုင်ငံခြားငွေများကိုလည်း သုံးစွဲမှု မပြုနိုင်ဟု အကြမ်းဖက် မင်းအောင်လှိုင် ပြော

အနောက်နိုင်ငံကြီးများ၏ စီးပွားရေးပိတ်ဆို့မှုကြောင့် အထောက်အပံများ လျှော့ချခံရသည့်အပြင် နိုင်ငံပိုင် နိုင်ငံခြားငွေများကိုလည်း သုံးစွဲမှု မပြုနိုင်ဟု အကြမ်းဖက် မင်းအောင်လှိုင် ပြော အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အာဏာသိမ်းချိန်မှစတင်၍ အနောက်နိုင်ငံကြီးများ၏ စီးပွားရေးပိတ်ဆို့မှုကြောင့် အထောက် အပံများ လျှော့ချခံရသည့်အပြင် နိုင်ငံပိုင် နိုင်ငံခြားငွေများကိုလည်း သုံးစွဲမှု မပြုနိုင်ကြောင်း ပြောဆိုသည်။ ဩဂုတ်လ ၃၀ ရက်နေ့ ပဲခူးမြို့သို့ နန်းတက် ယတြာချေရောက်ရှိပြီးနောက် ပဲခူး တိုင်းစစ်ကောင်စီအဖွဲ့များနှင့် တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်းပြောဆိုခြင်းဖြစ်သည်။ “မိမိတို့စတင်တာဝန်ထမ်းဆောင်ချိန်တွင် အနောက်နိုင်ငံများအနေဖြင့် စီးပွား ရေးပိတ်ဆို့မှုများကို လုပ်ဆောင်ခဲ့ကြောင်း၊ အထောက်အပံ့များ ပေးအပ်မှုကိုလည်း လျှော့ချခဲ့ကြောင်း၊ ထိုသို့ စီးပွားရေးအရ ပိတ်ဆို့မှုများကြောင့် မိမိတို့နိုင်ငံပိုင် နိုင်ငံခြားငွေများ သုံးစွဲမှု မပြုနိုင်ခဲ့ကြောင်း၊ ထို့ကြောင့် ကုန်သွယ်မှုများမှ ရရှိသည့် ငွေများကို […]

နိုင်ငံပိုင် နိုင်ငံခြားငွေများကိုလည်း သုံးစွဲမှု မပြုနိုင်ဟု အကြမ်းဖက် မင်းအောင်လှိုင် ပြော Read More »

လိုင်ဇာအနီးတဝိုက် Bus ကားများ ပြေးဆွဲမည်ဟု KIO ပြော

ကချင်ပြည်နယ်ရှိ ကချင်လွတ်လပ်ရေးအဖွဲ့ချုပ်(KIO)/ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) ဌာနချုပ်ဖြစ်သည့် လိုင်ဇာမြို့နှင့် အနီးရှိ ဂန်ဒေါင်ယန်၊ မြို့သစ်၊ ဒေါ့ဖုန်းယန်၊ ဂါးရာယန်များသို့ စက်တင်ဘာလ ၂ ရက်မှစ၍ Bus ကားပြေးဆွဲမှု စတင်လုပ်ဆောင်တော့မည်ဖြစ်ကြောင်း KIA ထံမှ သိရသည်။ KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့နှင့် အနီးဝန်းကျင် လွတ်မြောက်နယ်မြေဒေသတဝိုက်မှ ပြည်သူများ ခရီးသွားလာမှု အဆင်ပြေ စေရန် ရည်ရွယ်၍ Bus ကားပြေးဆွဲမှု လုပ်ဆောင်ပေးခြင်းဟု သိရသည်။ “အဲဒါ ပြည်သူလူထုအတွက် ကျနော်တို့ ဝန်ဆောင်မှုပေးတာပါ၊ ကျနော်တို့ရဲ့ လိုင်ဇာပတ်ဝန်းကျင်မှာ ပြေးဆွဲတာပါ၊ ကျနော်တို့ ပြည်သူလူထုကို ဝန်ဆောင်မှုပေးတဲ့ပုံစံနဲ့ လုပ်တာပါ၊ ပတ်ဝန်းကျင်မှာ ပြေးဆွဲတာ၊ အဝေးကြီး ပြေးဆွဲတာမျိုး မဟုတ်ပါဘူး”ဟု KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။ အဆိုပါ Busကား

လိုင်ဇာအနီးတဝိုက် Bus ကားများ ပြေးဆွဲမည်ဟု KIO ပြော Read More »

စစ်လက်နက်ပစ္စည်းစက်ရုံများ တည်ဆောက်ခဲ့သူ ဦးကျော်ဟိန်း

မြန်မာစစ်တပ်အတွက် စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေး လုပ်ငန်းများကို အဓိက ထောက်ပံ့ပေးနေသူ မန္တလေးသားတဦး ရှိသည်။ သို့သော် သူ့ကို လူသိနည်းသည်။ မြန်မာပြည် သူဌေးကြီးများက သူအား ‘ကုလား ကျော်ဟိန်း’ ဟု ခေါ်ကြသည်။ အမှန်တကယ်တွင် ဦးကျော်ဟိန်းသည် ဟိန္ဒူဘာသာဝင် မန္တလေး ဒေသခံ တဦးဖြစ်သည်။ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) အစိုးရလက်ထက် ကာကွယ်ရေးဝန်ကြီးဌာန အောက်တွင်ရှိသော စစ်လက်နက်ပစ္စည်းများ ထုတ်လုပ်သည့် စက်ရုံများကို ဦးကျော်ဟိန်းနှင့် ဦးကျော်ဟိုးတို့က အဓိက ဆောက်လုပ်ခဲ့သည်။ အထူးသဖြင့် တရုတ်နိုင်ငံမှ ဝယ်ယူသော စစ်လက်နက်ပစ္စည်းစက်ရုံများ တည်ဆောက်ခဲ့သူဖြစ်သည်ဟု အဆိုပါစက်ရုံများ တည်ဆောက်ရေးတွင် ပါဝင်ခဲ့သူအချို့က ဆိုသည်။ မန္တလေးဇာတိဖွား ဦးကျော်ဟိန်းသည် နဝတ အစိုးရလက်ထက် တပ်မတော် ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှု အရာရှိချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး

စစ်လက်နက်ပစ္စည်းစက်ရုံများ တည်ဆောက်ခဲ့သူ ဦးကျော်ဟိန်း Read More »

ဆေးဝါးအပါအဝင် ပြည်ပ သွင်းကုန် များအတွက် စစ်ကောင်စီက ဒေါ်လာ ရောင်းမပေးတော့

စက်တင်ဘာလ ၁ ရက်နေ့မှစတင်၍ ဆေးဝါးအပါအဝင် ပြည်ပ သွင်းကုန် များအတွက် စစ်ကောင်စီက ဒေါ်လာ ရောင်းမပေးတော့ဘဲ ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာများကို လုပ်ငန်းရှင်များက ဝယ်ယူ တင်သွင်းရမည့် စနစ်သစ် စတင် အကြမ်းဖက်စစ်ကောင်စီက စက်တင်ဘာလ ၁ ရက်နေ့မှစ တင် ၍ ဆေးဝါးအပါအဝင် သွင်းကုန်များအတွက် အမေရိကန်ဒေါ်လာရောင်းမပေးတော့ဘဲ စီးပွားရေးလုပ်ငန်းရှင်များကိုယ်တိုင် ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာများကို ဝယ်ယူ တင်သွင်းရမည့် စနစ်သစ် စတင်မည်ဖြစ် ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန သတင်းရင်းမြစ်က ပြောဆိုသည်။ စစ်ကောင်စီ၏ နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ အစည်း အဝေး အမှတ်စဉ် ၆၆/၂၀၂၄ တွင် ထိုသို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်ပြီး ယင်းစနစ်သစ်က သွင်းကုန်အားလုံးအပေါ် သက် ရောက် မှုရှိကြောင်း၊ စက်တင်ဘာလ ၁ ရက်နေ့မှစတင်၍

ဆေးဝါးအပါအဝင် ပြည်ပ သွင်းကုန် များအတွက် စစ်ကောင်စီက ဒေါ်လာ ရောင်းမပေးတော့ Read More »

ချောက်မြို့တွင် စစ်ကောင်စီ၏ ဌာနဆိုင်ရာရုံးများ၊ လူပုဂ္ဂိုလ်များအား တိုက်ခိုက်မည်

ချောက်မြို့တွင် စစ်ကောင်စီ၏ ဌာနဆိုင်ရာရုံးများ၊ လူပုဂ္ဂိုလ်များအား တိုက်ခိုက်မည်ဖြစ်၍ ပြည်သူများသွားလာပတ်သက်ခြင်းမပြုရန် မြို့ပြပြောက်ကျားတပ်ဖွဲ့ သတိပေး မကွေးတိုင်း၊ ချောက်မြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီ၏ ဌာနဆိုင်ရာရုံးများ၊ လူပုဂ္ဂိုလ်များအား အရှိန်အဟုန်ဖြင့်တိုက်ခိုက်မည်ဖြစ်၍ ပြည်သူများအနေဖြင့် သွားလာပတ်သက်ခြင်းမပြုကြရန် Oak Awe UG မြို့ပြပြောက်ကျားတပ်ဖွဲ့က သတိပေးသည်။ ချောက်မြို့ပေါ်နှင့် မြို့နယ်အတွင်း စစ်ကောင်စီလက်အောက်၌ တာဝန်ထမ်းဆောင်နေသော စစ်သား၊ ရဲနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ဝန်ထမ်းများနှင့် ရုံးများ၊ ရဲကင်းဂိတ်များ၊ စစ်ကောင်စီထောက်တိုင်လုပ်ငန်းများအား အရှိန်အဟုန်ဖြင့် တိုက်ခိုက်ချေမှုန်းမည်ဖြစ်၍ အဆိုပါနေရာဌာနများ၊ လူပုဂ္ဂိုလ်များနှင့် သွားလာပတ်သက်ခြင်းမပြုကြရန် ချောက်မြို့နယ်အခြေစိုက် Oak Awe UG မြို့ပြပြောက်ကျားတပ်ဖွဲ့က သတိပေးထားသည်။ အဆိုပါ သတိပေးချက်အားမလိုက်နာပါက အကျိုးဆက်များအားတာဝန်ယူမည်မဟုတ်ဟု Oak Awe UG မြို့ပြပြောက်ကျားတပ်ဖွဲ့က ဆိုသည်။ “ချောက်မြို့နယ် တကြောလုံးကို စိုးမိုးနယ်မြေလုပ်ဆောင်ဖို့အတွက်ရယ် ပြည်သူအများကိုညှင်းပန်းနှိပ်စက်နေတဲ့

ချောက်မြို့တွင် စစ်ကောင်စီ၏ ဌာနဆိုင်ရာရုံးများ၊ လူပုဂ္ဂိုလ်များအား တိုက်ခိုက်မည် Read More »

သူပုန့် သား

“အံ့ပါရဲ့အေ၊ အံ့ပါရဲ့။ သားပစ်၊ မယားပစ်၊ အိုးပစ်၊ အိမ်ပစ်နဲ့။ မိနွယ်ရေ ညည်းတော့ ကတော်တော့ ကတော်ပဲ သူပုန်ကတော်ဖြစ်တာ” ဟဲ့။ ဖေဖေ့အမျိုးတွေ ထိုသို့ပြောလာတိုင်း မေးကြောတွေထောင်လာတဲ့အထိ အံကြိတ်ထားရုံမှလွဲပြီး မေမေဘာမှပြန်မပြော။ ဖေဖေ့အမျိုးတွေ ဖေဖေ့အကြောင်း ပြောတဲ့နေ့ဆိုရင် ညအိပ်ရာဝင်တိုင်း မေမေငိုပါလေရော။ မေမေငိုတိုင်း သားသားရင်ထဲမှာလည်း ဝမ်းနည်းသလိုလို ဖေဖေ့ကို သတိရသလိုလို။ ဖေဖေ အိမ်ကထွက်မသွားခင်တုန်းက သားသားတို့အိမ်ဟာ အခုလိုမဟုတ်။ သားသားလည်း ထမင်းကြမ်းပဲ မစားရ။ မနက်စောစော သားအဖနှစ်ယောက် လမ်းလျှောက်၊ သွေးပူလေ့ကျင်းခန်းလုပ်၊ အကြောလျှော့။ ပြီးတာနဲ့ ဖေဖေ့ဂုတ်ပေါ်ထိုင်လိုက်ပြီး လက်ဘက်ရည်ဆိုင်ကို သွားရတာ ပျော်စရာကောင်းတယ်။ စနေ၊ တနင်္ဂနွေညတွေဆို ရွာထဲက လက်ဘက်ရည်ဆိုင်မှာ ဖေဖေနဲ့ ဘောပွဲလိုက်ကြည့်ရတယ်။ အာဆင်နယ်အသင်း ကန်တဲ့ပွဲဆိုရင် ဘယ်ချိန်ဖြစ်ဖြစ် သားသားကိုနှိုးပြီး မေမေမသိအောင်

သူပုန့် သား Read More »

Non CDM ဝန်ထမ်းများနှင့် ပြည်သူများကို ထွက်ခွင့်မပေးဘဲ ပိတ်ဆို့ထား

စစ်တွေမြို့အနီးတွင် AA နှင့် စစ်ကောင်စီတပ်များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ် စစ်သင်္ဘောများက လက်နက်ကြီးများဖြင့် ပစ်ခတ် ရခိုင်ပြည် စစ်တွေမြို့နဲ့ ၄ မိုင်ခန့်ကွာတဲ့ ဝါဘိုကျေးရွာအနီးနဲ့ အမြင့်ကျွန်းကျေး ရွာ အနီးမှာ စစ်ကောင်စီတပ်နဲ့ AA တပ်တို့ နှစ်ဖက်ပစ်ခတ်သံတွေ ဩဂုတ်လ ၂၈ ရက်နေ့ ည ၈ နာရီကစပြီး ကြားနေရပါတယ်။ အမြင့်ကျွန်းကျေးရွာနဲ့ ရသေ့တောင် မိုးစဲကျွန်း ကြားက မြစ်အလယ်မှာ စစ်ကောင်စီ စစ်သင်္ဘော အနည်းဆုံး နှစ်စီး သွားလာနေပြီး အဲဒီစစ်သင်္ဘောတွေနဲ့ AA တပ်တို့က အပြန်အလှန်ပစ်ခတ်နေကြတာပါ။ ဝါဘိုကျေးရွာအနီးမှာရှိတဲ့ ရွှေမင်းဂံဆိပ်ကမ်းမှာလည်း တပ်စခန်းနဲ့ နေဗီစစ်သင်္ဘောတွေရှိနေပြီး အဲဒီတပ်ဖွဲ့ဝင်တွေနဲ့ AA တပ်ဖွဲ့ဝင်တွေ အပြန်အလှန်ပစ်ခတ်နေကြပါတယ်။ အာရက္ခတပ်တော် AA က ထိုးစစ်ဆင်တိုက်ခိုက်တာကြောင့် ပစ်ခတ်ကြတာမဟုတ်ဘဲ

Non CDM ဝန်ထမ်းများနှင့် ပြည်သူများကို ထွက်ခွင့်မပေးဘဲ ပိတ်ဆို့ထား Read More »

ရွှေဘိုနယ်မှာ စစ်မှုထမ်းဖို့ ခြိမ်းခြောက် လူစုနေတဲ့ ပျူရွာတွေကို တော်လှန်ရေးအင်အားစုတွေ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ရွှေဘိုနယ်မှာ ပြည်သူတွေကို ခြိမ်းခြောက်ပြီး စစ်မှုထမ်းဖို့ အဓမ္မ လူသစ်စုဆောင်းနေတဲ့ ပျူစောထီး ရွာတွေကို ဒရုန်းဗုံးသီးချပြီး သုံးရက်ဆက် တိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုနယ်တော်လှန်ရေးအင်အားစုဖြစ်တဲ့ Shwebo Crocodile (ဗိုလ်မိကျောင်း)ကပြောပါတယ်။ စစ်အုပ်စုလက်အောက်ခံ ပျူစောထီးတွေဟာ ဇီးကုန်းလေး၊ သီးလုံး ၊ ပန်းရံ စတဲ့ ကျေးရွာ ဒေသခံပြည်သူတွေကို ခြိမ်းခြောက်ပြီး စစ်မှုထမ်းဖို့လူသစ်စုဆောင်းနေချိန် ဩဂုတ်လ (၂၇)ရက် ကနေ ဩဂုတ်လ (၂၉)ရက် ထိ သုံးရက် ဆက် ဒရုန်းအသုံးပြု တိုက်ခိုက်ခဲ့တာလို့ Shwebo Crocodile ဗိုလ်မိကျောင်းက ပြောပါတယ်။ “သုံးရက်ဆက်တိုက် နေ့ရော၊ ညရော ဆက်တိုက်ချတာပေါ့။ ဇီးကုန်းလေးကျေးရွာက စစ်မှုထမ်းဖို့အတွက် စစ် ကောင်စီရဲ့အလိုကျ ပျူစောထီးတွေက ကျေးရွာအတွင်းရှိတဲ့ ပြည်သူတွေကို စစ်မှုထမ်းဖို့ အစည်းအဝေးခေါ်တာ ပေါ့နော်။ မဖြစ်မနေ

ရွှေဘိုနယ်မှာ စစ်မှုထမ်းဖို့ ခြိမ်းခြောက် လူစုနေတဲ့ ပျူရွာတွေကို တော်လှန်ရေးအင်အားစုတွေ တိုက်ခိုက် Read More »

နန်းတော်နေရာဟောင်းများသို့ သွားရောက်၍ နန်းတက် ယတြာချေ

စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကေတုမတီနန်းတော်၊ ရတနာပုံနန်းတော်၊ ကမ္ဘောဇသာဒီရွှေနန်းတော် အပါအဝင် နန်းတော်နေရာဟောင်းများသို့ သွားရောက်၍ နန်းတက် ယတြာချေ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကေတုမတီနန်းတော်၊ ရတနာပုံနန်းတော်၊ ကမ္ဘောဇသာဒီရွှေနန်းတော် အပါအဝင် နန်းတော်နေရာဟောင်းများသို့ သွားရောက်၍ နန်းတက် ယတြာချေမှုများ ဆက်တိုက်လုပ်နေကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ ဩဂုတ်လ ၂၄ ရက်နေ့တွင် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တောင်ငူမြို့ရှိ ကေတုမတီနန်းတော်နေရာဟောင်းသို့လည်း ကောင်း၊ ဩဂုတ်လ ၂၅ ရက်နေ့တွင် မန္တလေး ရတနာပုံနန်း တော်နေရာဟောင်းသို့လည်းကောင်း၊ ဩဂုတ်လ ၃၀ ရက်နေ့တွင် ပဲခူးမြို့ရှိ ကမ္ဘောဇသာဒီရွှေနန်းတော် သို့လည်းကောင်း နန်းတော်နေရာဟောင်းများသို့ သွားရောက်၍ နန်းတက် ယတြာချေမှုများ လုပ်ဆောင်နေကြောင်း ၊ ထို့ပြင် ဘုရားမျိုးစုံသို့လည်း လှည့်လည် ယတြာချေနေကြောင်း

နန်းတော်နေရာဟောင်းများသို့ သွားရောက်၍ နန်းတက် ယတြာချေ Read More »

ဂုဏ်သိက္ခာအတွက် အရှက်ပြေ ဆင်ဖြူရှင်စစ်ဆင်ရေး

လားရှိုးမြို့အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းတခွင်လုံးကို ဆုံးရှုံးလိုက်ရတဲ့အချိန်မှာ စစ်ကောင်စီဟာတန်ပြန်စစ်ဆင် ရေးတစ်ရပ် ဆင်နွှဲဖို့ အားပြုနေတာကို တွေ့ရပါတယ်။ ကုန်းဘောင်ခေတ်လက်ထက် တရုတ်နိုင်ငံ၊ ချင်မင်းဆက်အင်ပါယာရဲ့ ထိုးစစ်တွေကို အကြိမ်ကြိမ် အောင်ပွဲဆင်နိုင်ခဲ့ဖူး တဲ့ ဆင်ဖြူရှင်ရဲ့အမည်ကို ခုတစ်ကြိမ်စစ်ဆင်ရေးမှာ အသုံးပြုမယ့်အနေအထားပါ။ နိုင်ငံအနှံ့စစ်မျက်နှာတိုင်းမှာ ရှုံးနိမ့်မှုတွေ ကြုံတွေ့နေရတဲ့ စစ်ကောင်စီဟာ ဆင်ဖြူရှင်စစ်ဆင်ရေးကို စိတ်ဓာတ်မြှင့် တင်ရေး အတွက် လုပ်ဆောင်နေတာဖြစ်တယ်လို့ စစ်ရေးအကဲခတ်တွေက သုံးသပ်‌ထားကြပါတယ်။ ဒုစစ်ခေါင်းဆောင် ကွပ်ကဲမယ့် စစ်ဆင်ရေး **************** ရှမ်းပြည်နယ်မြောက်ပိုင်းကို ပြန်လည်ထိုးစစ်ဆင်ဖို့ စစ်ကောင်စီက ဆင်ဖြူရှင်စစ်ဆင်ရေးကို သြဂုတ် ၁၃ ရက်မှာ ဖွဲ့စည်းခဲ့ ၏ပြီး အဲ့ဒီစစ်ဆင်ရေးကို ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကိုယ်တိုင်ထပ်မံဦးဆောင်မယ်လို့ ကနဦးသတင်းတွေထွက် ပေါ်နေပါတယ်။ အမှတ် ၂ ကစထမှူးအသစ် ဒုဗိုလ်ချုပ်ကြီး နီလင်းအောင်၊ ရပခတိုင်းမှူး ဗိုလ်ချုပ်ဇော်မင်းလတ်၊ တသခတိုင်းမှူးဗိုလ်

ဂုဏ်သိက္ခာအတွက် အရှက်ပြေ ဆင်ဖြူရှင်စစ်ဆင်ရေး Read More »

Scroll to Top