စစ်တွေအနီး တိုက်ပွဲစပြီ
ရခိုင်ပြည်နယ်မြို့တော် စစ်တွေကို အာရက္ခတပ်တော်(AA)က ယနေ့နံနက်ပိုင်းတွင် စတင်တိုက်ခိုက်နေပြီဟု ဒေသခံတို့ကဆိုသည်။ ရခိုင်ပြည်နယ်၏မြို့တော် စစ်တွေမြို့နယ်တွင် အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ ယမန်နေ့တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ သေဆုံးထိခိုက်မှုများပြားခဲ့သဖြင့် ယနေ့ (ဩဂုတ် ၃၀) နံနက်အစောက တိုက်ပွဲဖြစ်ရာနေရာအနီး လေယာဉ်တစ်စီး လာရောက်ပစ်ခတ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ စစ်တွေမြို့နယ် မြစ်နားရွာရှိအခြေပြုစစ်ကြောင်းနှင့် ရွှေမင်းဂံကျေးရွာဘက်မှ ကူးလာသည့်ပူးပေါင်းစစ်ကြောင်း တို့ မင်းလှ(မီးလောင်ရွာ)သို့လာသည့် လမ်း၌ သြဂုတ် ၂၉ ရက် ညနေ ၃ နာရီကျော်ခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်များနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ “မနေ့ ညက မြစ်နားရွာကနေ မင်းလှကိုတက်လာလို့ ကြားမှာ တိုက်ပွဲဖြစ်တယ်။ လက်ရှိ ရန်သူ(စစ်ကောင်စီတပ်) တွေ မြစ်နားရွာကို အထိအခိုက်နဲ့ ဆုတ်ခွာသွားတယ်”ဟု ၎င်းက ဆိုသည်။ စစ်တွေမြို့မှ ၅ […]
စစ်တွေအနီး တိုက်ပွဲစပြီ Read More »