နန်းမြို့ရိုးပြိုကျပြီး ဘုရားမိုးကြိုးထိမှန်၍ စိန်ဖူးတော် မြေခသည့် ဖြစ်စဉ်ကြောင့် တိုင်းအစိုးရအဖွဲ့ဆူပူပြစ်တင်ခံရ
မန္တလေးသို့ စစ်ခေါင်းဆောင်ရောက်ရှိနေခိုက် နန်းမြို့ရိုးပြိုကျပြီး ဘုရားမိုးကြိုးထိမှန်၍ စိန်ဖူးတော် မြေခသည့် ဖြစ်စဉ်ကြောင့် တိုင်းအစိုးရအဖွဲ့ဆူပူပြစ်တင်ခံရ စစ်ခေါင်းဆောင် မန္တလေးတိုင်းအတွင်း ရောက်ရှိနေခိုက် နန်းမြို့ရိုးပြိုကျပြီး မဟာသကျရံသီ ကျောက်တော်ကြီးဘုရား မိုး ကြိုးထိမှန်ပြီး စိန်ဖူးတော်မြေခသည့် ကိစ္စရပ်များနှင့်ပတ်သက်ပြီး စစ်ခေါင်းဆောင်က အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် စစ်တိုင်းမှူးနှင့် တိုင်းအစိုးရအဖွဲ့ကို ဆူပူပြစ်တင်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။ စစ်ခေါင်းဆောင်သည် ပြီးခဲ့သည့် ဩဂုတ် ၂၅ ရက်နေ့က မန္တလေးနန်းတွင်းတွင် တိုင်းအစိုးရအစည်း အဝေးတက်ရောက်ကာ နန်းမြို့ရိုး ခိုင်ခံ့မှုများကို ကြည့်ရှုစစ်ဆေးပြီး နောက်တစ်ရက် ဩဂုတ် ၂၆ ရက်နေ့တွင် နန်းမြို့ရိုးပြိုကျသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။ ထို့အပြင် ဩဂုတ် ၂၇ ရက်နေ့ ညနေ ၅ နာရီခန့်တွင်လည်း အမရပူရမြို့ တောင်သမန်အင်း အရှေ့ဘက်ကမ်း ဦးပိန်တံတားအရှေ့ထိပ်ရှိ ပုဂံမင်းတည်ထားသည့် မဟာသကျရံသီ […]