မန္တလေး ကျုံးအတွင်းက သန်းရွှေ ဖျက်သိမ်းခဲ့တဲ့ စည်ရှည် တံတားကို မင်းအောင်လှိုင်က ပြန်ဆောက်
မန္တလေးမြို့၊ နန်းမြို့ရိုးအနောက်ဖက်၊ လမ်း(၈၀)နဲ့ (၁၉)လမ်းရှိ သမိုင်းဝင် စည်ရှည်တံတားကို အသစ် ပြန်တည်ဆောက်ဖို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဩဂုတ်လ (၂၅) ရက်မှာ လာရောက် ကြည့်ရှု ခိုင်းစေခဲ့တယ်လို့ စစ်အုပ်စု ဝါဒဖြန့် MRTV က သတင်းဖော်ပြပါတယ်။ မန္တလေး နန်းမြို့ရိုး အနောက်ဖက် လမ်း (၈၀) နဲ့ (၁၉) လမ်းမှာ တည်ရှိတဲ့ စည်ရှင်တံတားကို ၂၀၁၀ ဒီဇင်ဘာ (၂၈) ရက်မှာ စစ်ခေါင်းဆောင်ဟောင်း သန်းရွှေရဲ့ လက်အောက် ငယ်သား၊ မန္တလေး စည်ပင်ဝန်ထမ်းတွေက တစမကျန် ဖြိုချ ဖျက်ဆီးခဲ့တာ ဖြစ်တယ်လို့ မန္တလေးမြို့ခံ သမိုင်းလေ့လာသူတွေက ပြောပါတယ်။ မန္တလေး နန်းမြို့ရိုးကို စတင် တည်ဆောက်ချိန်က ကျုံးကူးတံတား ငါးစင်း […]