ပြင်ဦးလွင်မြို့တွင် လက်နက်ကြီးပစ်ခတ်သံများ ဆက်တိုက်ထွက်ပေါ်နေ
တိုက်ပွဲပြင်းထန်နေသော တောင်းခမ်းကို သသနတပ်က ပစ်ကူပေးနေခြင်းဟု မြို့ခံများပြော ပြင်ဦးလွင်မြို့ရှိ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်နေသော တောင်းခမ်းကျေးရွာသို့ လက်နက်ကြီးပစ်ကူဆက်တိုက်ပေးနေကြောင်း အဆိုပါမြို့ခံများက ပြောသည်။ ယနေ့(ဩဂုတ် ၂၇ရက်) ညနေ ၆နာရီခန့်မှစတင်၍ လက်နက်ကြီးပစ်ခတ်သံများ ဆက်တိုက်ကြားနေရခြင်းဟု ဒေသခံများက ပြောသည်။ တအာင်းတပ်မတော်(TNLA)ဦးဆောင်သော တော်လှန်ရေးများက နောင်ချိုမြို့နယ် တောင်ခမ်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းများအား ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ယင်းနေရာသို့ ပြင်ဦးလွင်မြို့ အခြေစိုက် သိပ္ပံနှင့် သုတေသနနည်းပညာဌာနချုပ် (သသန) တပ်ရင်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းဟု ကနဦးသိရပြီး အသေးစိတ်အတည်မပြုနိုင်သေးကြောင်း မြို့ခံများက ပြောသည်။ ” သသနတပ်ကနေ ပစ်နေတာ ၂ရက်ရှိပြီ။ အရင်ရက်က ပစ်တာ ဒီနေ့လောက်မများဘူး။ ဒီနေ့က ခပ်စိတ်စိတ်ပစ်နေတာ”ဟု ပြင်ဦးလွင်မြို့ခံတစ်ဦးကပြောသည်။ သသနတပ်သည် ပြင်ဦးလွင်မြို့ရှိ ဒီဇင်ဘာခြံ အကျော်တွင်ရှိသည်။ “တောင်းခမ်းမှာ TNLAက […]
ပြင်ဦးလွင်မြို့တွင် လက်နက်ကြီးပစ်ခတ်သံများ ဆက်တိုက်ထွက်ပေါ်နေ Read More »