Author name: Admin

တောင်ငူလေတပ်စခန်းဌာနချုပ်ကို ရှော့တိုက်ဒုံး၊ အသေခံဒရုန်းများဖြင့် ပစ် ခတ်တိုက်ခိုက်

တောင်ငူလေတပ်စခန်းဌာနချုပ်ကို ရှော့တိုက်ဒုံး၊ အသေခံဒရုန်းများဖြင့် ပစ် ခတ်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ဗိုလ်မှူးကြီး ၁ ဦး၊ ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်သား ၈ ဦးသေဆုံးပြီး ၂၁ ဦးဒဏ်ရာရ ပဲခူးတိုင်း၊ တောင်ငူလေတပ်စခန်းဌာနချုပ်ကို ရှော့တိုက်ဒုံး၊ အသေခံဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ဗိုလ်မှူးကြီး ၁ ဦး၊ ဗိုလ် ကြီး ၁ ဦး အပါအဝင် စစ်သား ၈ ဦးသေဆုံးကြောင်း တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲကွပ်ကဲရေးမှ ရဲဘော်တင်ဦးကပြောဆိုသည်။ ယနေ့ ညနေ ၃ နာရီ ၃၀ မိနစ်အချိန် တောင်ပိုင်းစစ်ဒေသ JOC ၏ ညွှန်ကြားမှု၊ အမှတ် ၂ စစ်ဒေသခွဲ ကွပ်ကဲမှုဖြင့်အကြမ်းဖက်စစ်ကောင်စီ၏ တောင်ငူ‌လေတပ်စခန်းဌာနချုပ်ကို […]

တောင်ငူလေတပ်စခန်းဌာနချုပ်ကို ရှော့တိုက်ဒုံး၊ အသေခံဒရုန်းများဖြင့် ပစ် ခတ်တိုက်ခိုက် Read More »

စဉ့်ကူး – သပိတ်ကျင်း – မိုးကုတ် လမ်းတလျှောက် စစ်အုပ်စု ကင်းစင်

သပိတ်ကျင်းမြို့နယ်တွင် ဗိုလ်မှူးချုပ် စိုးကျော်ထိုက်ဦးစီးသော အင်အား ၄၀၀ ခန့်ရှိ စစ်တပ်၏ ကွင်း ၅၀၀ တပ်စခန်းကို သိမ်းပိုက်ရရှိမှု လက်နက် ခဲယမ်းနှင့် စစ်သုံ့ပန်းများပါ ဖမ်းဆီးရရှိ၊ မိုးကုတ်နှင့် စဉ့်ကူးလမ်းပိုင်းတွင် စစ်တပ်စခန်း မရှိတော့ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တွင် ဗိုလ်မှူးချုပ် စိုးကျော်ထိုက်ဦးစီးသော အင် အား ၄၀၀ ခန့်ရှိ စစ်တပ်၏ ကွင်း ၅၀၀ တပ်စခန်းကို သိမ်းပိုက်ရရှိမှု လက်နက် ခဲယမ်းနှင့် စစ်သုံ့ပန်းများပါ ဖမ်းဆီးရရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က သတင်းထုတ်ပြန်သည်။ သပိတ်ကျင်းမြိုနယ် ၊ ကွင်း ၅၀၀ တွင် အခြေပြုလှုပ်ရှားလျက်ရှိသော စစ်ကောင် စီတပ်စခန်းကို ဩဂုတ်လ ၂၅ ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်ရရှိရခဲ့ကြောင်း၊ ကွင်း ၅၀၀ တပ်စခန်းရှိ

စဉ့်ကူး – သပိတ်ကျင်း – မိုးကုတ် လမ်းတလျှောက် စစ်အုပ်စု ကင်းစင် Read More »

မန္တလေးနန်းတွင်း စစ်ခေါင်းဆောင်မင်းအောင်လှိုင် လာပြီးနောက် နန်းမြို့ရိုးပြိုကျ

မန္တလေးနန်းတွင်းသို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်လာပြီးနောက် နန်းမြို့ရိုး တနေရာပြိုကျမှုဖြစ်ခဲ့ကြောင်း မြို့ခံများက ပြောသည်။ ယမန်နေ့ (သြဂုတ် ၂၅ရက်)က မန္တလေးနန်းတွင်းသို့ အာဏာသိမ်းစစ်ခေါင်းဆောင်ရောက်ရှိလာပြီးနောက် ယနေ့ နံနက်ပိုင်းတွင် သဲအိတ်များတင်ထားသည့် မန္တလေးနန်းမြို့ရိုးတစ်နေရာရှိ အုတ်ရိုးတစ်ခန်းနီးပါး ပြိုကျပျက်စီးခဲ့သည်ဟု ဒေသခံများက ပြောသည်။ “ထီး ကျိုးခဲ့တဲ့ မန္တလေး၊ အခု မြို့ရိုးလည်း ကျိုးပြီး ပေါက်တယ်ဆိုတော့ မကြာခင် မန္တလေးနန်းတပ် စည်းပေါက်ပြီး အသက်ပျောက်ကြတော့မယ်။”ဟု လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက မှတ်ချက်ပြုသည်။ မြို့ရိုးပြိုကျခဲ့သည့်နေရာအား စစ်တပ်က ပိုက်အစိမ်းများကာ၍ ပြင်ဆင်နေသည့်အတွက် ပျက်စီးမှုအနေအထားမသိရှိရကြောင်း ဒေသခံများက ပြောသည်။ ပြီးခဲ့သည့် ဇူလိုင်အတွင်းက မန္တ​လေးမြို့အနီးတိုက်ပွဲများပြင်းထန်လာပြီးနောက် နန်းမြို့ရိုးပေါ်တွင် သဲအိတ်များတင်၍ ဘန်ကာများတည်ဆောက်ခဲ့ရာ ဒေသခံပြည်သူများက ဝေဖန်ခဲ့သေးသည်။ ယမန်နေ့ကပင် စစ်ခေါင်းဆောင် မန္တလေးမြို့သို့ ရောက်ရှိလာပြီး မန္တလေးနန်းမြို့ရိုး ထိန်းသိမ်းထားမှုအခြေအနေများအား

မန္တလေးနန်းတွင်း စစ်ခေါင်းဆောင်မင်းအောင်လှိုင် လာပြီးနောက် နန်းမြို့ရိုးပြိုကျ Read More »

အင်ဖာထောင်ထဲတွင် မြန်မာဒုက္ခသည် ၅၂ ဦးက စစ်ကောင်စီထံ ပြန်လည် ပို့ဆောင်ခြင်းမပြုရေး အစာငတ်ခံ ဆန္ဒဆက်ပြ

မဏိပူရပြည်နယ်၊ အင်ဖာထောင်ထဲတွင် မြန်မာဒုက္ခသည် ၅၂ ဦးက စစ်ကောင်စီထံ ပြန်လည် ပို့ဆောင်ခြင်းမပြုရေး အစာငတ်ခံ ဆန္ဒဆက်ပြ အိန္ဒိယနိုင်ငံ မဏိပူပြည်နယ်၊ အင်ဖာထောင်ထဲက မြန်မာနိုင်ငံသားစစ်ဘေးဒုက္ခသည်တွေဟာ အာဏာပိုင်တွေနဲ့ ညှိနှိုင်းလို့မရတာကြောင့် အစာငတ်ခံ ဆန္ဒဆက်ပြ နေတယ်လို့ သိရပါတယ်။ ထောင်ကနေလွှတ်ပေးဖို့နဲ့ စစ်ကောင်စီထံလွှဲပြောင်းတာမလုပ်ဖို့ ထောင်အာဏာပိုင်တွေက ဗဟိုအစိုးရကို တင််ပြပေးမယ်လို့ ကတိပြုထားပေမယ့် ထူးခြားတဲ့ ရလဒ် မရရှိတာကြောင့် သြဂုတ်လ ၂၆ ရက်နေ့က ထပ်မံ အစာငတ်ခံ ဆန္ဒပြနေကြတယ်လို့ India for Myanmar လူ့အခွင့်ရေး အဖွဲ့က ဆလိုင်းဒိုခါရ် က ပြောပါတယ်။ မြန်မာစစ်ဘေးဒုက္ခသည်တွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ထောင်အာဏာပိုင်များမှ ဗဟိုအစိုးရထံတင်ပြပေးမယ်လို့ ကတိပြုထားသော်လည်း ယနေ့ထိထူးခြားသော ပြောင်းလဲမှုအဖြေမရကြသောကြောင့်အစာအငတ်ခံဆန္ဒတာကို ဒီနေ့မှာ ပြန်လည်စတင်တာဖြစ်တယ်လို့ဆိုပါတယ်။ “ဒီနေ့ကစတင်ပြီး အမျိုးသား ၅၂

အင်ဖာထောင်ထဲတွင် မြန်မာဒုက္ခသည် ၅၂ ဦးက စစ်ကောင်စီထံ ပြန်လည် ပို့ဆောင်ခြင်းမပြုရေး အစာငတ်ခံ ဆန္ဒဆက်ပြ Read More »

စစ်ကာင်စီတပ်သံချပ်ကာယာဉ်ဆုံးရှုံးမှုများခဲ့ ​သောခမရ (၄၃၇)တပ်ရင်းသိမ်းတိုက်ပွဲ

“အာဏာသိမ်းပြီးနောက် Type 92 သံချပ်ကာယာဉ် ပထမဦးဆုံးအကြိမ် ဆုံးရှူံးတာကို မှတ်တမ်းတင်နိုင်တဲ့ ဓါတ်ပုံဖြစ်ပါတယ်”-Tactical Raptor ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က မိုးမောက်၌ နောက်ဆုံးကျန်နေသည့် ခမရ(၄၃၇)တပ်ရင်း အား တိုက်ခိုက်သိမ်းပိုက်သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ သံချပ်ကာ ယာဉ် ၃စီးအထိ တိုက်ခိုက် ဖျက်ဆီး သိမ်းပိုက်နိုင်ခဲ့သည်ဟုကို စစ်ရေးသတင်းရင်မြစ်က မှတ်တမ်းများဖော်ပြထားပြီး CDM အရာရှိ တစ်ဦးကလည်း သံချပ်ကာယာဉ် ၃စီးရသည်ဟု ခန့်မှန်းထားသည်။ ခမရ(၄၃၇)တပ်ရင်းဌာနချုပ်ကို KIAက ဩဂုတ် ၁၉ ရက်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ တပ်စခန်းကို သိမ်းပိုက်နိုင်ရန် အကြိမ်ကြိမ် ထိုးစစ်ဆင်ခဲ့ရပြီး ရက်ရှည် တိုက်ခိုက်ခဲ့ရခြင်းဖြစ်သည်။ တပ်ရင်းဌာနချုပ်အား သိမ်းပိုက်အပြီး ထွက်ပေါ်လာသည့် ရုပ်သံနှင့် ဓာတ်ပုံမှတ်တမ်းများအရ စစ်ကောင်စီတပ်၏ သံချပ်ကာ ၃ စီးကို KIAက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ကိုတွေ့ရသည်။

စစ်ကာင်စီတပ်သံချပ်ကာယာဉ်ဆုံးရှုံးမှုများခဲ့ ​သောခမရ (၄၃၇)တပ်ရင်းသိမ်းတိုက်ပွဲ Read More »

စစ်မှုထမ်းရန် လိုက်လံဖမ်းဆီးနေ၍ ပြည်သူများ ရရာလက်နက်များဖြင့် ခုခံ ထွက်ပြေးနေရ

အုတ်ဖိုမြို့ပေါ်နှင့် ကျေးရွာများတွင် စစ်တပ်က ကြံဖွတ်ပါတီဝင်များပါ မကျန် စစ်မှုထမ်းရန် လိုက်လံဖမ်းဆီးနေ၍ ပြည်သူများ ရရာလက်နက်များဖြင့် ခုခံ ထွက်ပြေးနေရ ပြည်သူ ၂၀ ဦးထက်မနည်း ဖမ်းဆီးခံရ ပဲခူးတိုင်း၊ အုတ်ဖိုမြို့ပေါ်နှင့် ကျေးရွာများတွင် အကြမ်းဖက် စစ်တပ်က ကြံဖွတ်ပါတီဝင်များပါ မကျန် စစ်မှုထမ်းရန် လိုက်လံဖမ်းဆီးနေ၍ ပြည်သူများ ရရာလက်နက်များဖြင့် ခုခံ ထွက်ပြေးနေရပြီး ပြည်သူ ၂၀ ဦးထက်မနည်း ဖမ်းဆီးခံရကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ရဲဘော်ဒူးယားက ပြောဆိုသည်။ ဩဂုတ်လ ၂၂ ရက်နေ့မှ၍ အကြမ်းဖက် စစ်တပ်က အုတ်ဖိုမြို့ပေါ်နှင့် ကျေးရွာများတွင် စစ်မှုထမ်းရန် ပြည်သူများကို လိုက်လံဖမ်းဆီးနေခြင်းဖြစ်ပြီး ကျေးရွာများတွင် နေထိုင်သော ပြည်သူများက ဂျင်ဂလိ၊ လေးခွများဖြင့်

စစ်မှုထမ်းရန် လိုက်လံဖမ်းဆီးနေ၍ ပြည်သူများ ရရာလက်နက်များဖြင့် ခုခံ ထွက်ပြေးနေရ Read More »

မုံရွာမြို့နှင့် ကျေးရွာများမှ ပြည်သူများကို စစ်ကောင်စီတပ်က စစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ အဓမ္မဖမ်းဆီးနေ

မုံရွာမြို့နှင့် ကျေးရွာများမှ ပြည်သူများကို စစ်ကောင်စီတပ်က စစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ အဓမ္မဖမ်းဆီးနေပြီး စျေးဆိုင်နှင့်လက်ဖက်ရည်ဆိုင်များထဲအထိ ဝင်ဖမ်း၊ ပြည်သူ ၅၀ ကျော်ထက်မနည်း ဖမ်းဆီးခံထားရ စစ်ကိုင်းတိုင်း မုံရွာမြို့နှင့် အနီးပတ်၀န်းကျင်ကျေးရွာများမှ ပြည်သူများကို စစ်ကောင်စီတပ်က စစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲဖမ်းဆီးမှုများ လုပ်ဆောင်နေကြောင်း ဒေသပြည်သူများက ပြောဆိုသည်။ ယမန်နေ့ ဩဂုတ်လ ၂၅ ရက်နေ့ မုံရွာမြို့ပေါ် ရပ်ကွက်အများအပြားနှင့် မုံရွာမြို့တောင်ဘက်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး ဒေသပြည်သူများကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ “မြို့ထဲက လမ်းတွေမှာ ဒီနေ့ တော်တော်ဆိုးတယ်၊စစ်ဆေးဖမ်းဆီးတာက၊ ဆိုင်တွေထဲအထိ ၀င်ဆွဲတယ်၊တောင်လက်ကလာတဲ့လူငယ်တွေဖမ်းတယ်၊ သက်ကြီးပိုင်းတွေကို ဖမ်းပြီး ပိုက်ဆံတောင်းတယ်”ဟု မုံရွာမြို့မှ ပြည်သူတစ်ဦးက ရှင်းပြသည်။ မုံရွာမြို့ပေါ်ရပ်ကွက်များတွင် စစ်ကောင်စီတပ်က အိမ်စီးကားများ၊ ခွေးဘီလူးကားများဖြင့် လှည့်ပြီး ဖမ်းဆီးမှုများလုပ်ဆောင်ကြောင်း၊

မုံရွာမြို့နှင့် ကျေးရွာများမှ ပြည်သူများကို စစ်ကောင်စီတပ်က စစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ အဓမ္မဖမ်းဆီးနေ Read More »

သံတွဲမြို့နယ်၊ မောင်ရွှေလေးရေတပ်စခန်းကို AA က ဝင်ရောက်တိုက်ခိုက်

သံတွဲမြို့နယ်၊ မောင်ရွှေလေးရေတပ်စခန်းကို AA က ဝင်ရောက်တိုက်ခိုက်မှု ဗိုလ်မှူး ဖြိုးမောင်မောင် အပါအဝင် ရေတပ်သားအများအပြား သေဆုံး၊ AA၏ ပစ်ခတ်မှုကြောင့် ရေတပ်ရေယာဉ်များ ထိခိုက်ပျက်စီး ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ရှိ မောင်ရွှေလေးရေတပ်စခန်းကို AA က ဝင်ရောက်တိုက်ခိုက်ရာ ဗိုလ်မှူး ဖြိုးမောင်မောင် အပါအဝင် ရေတပ်သားအများအပြား သေဆုံးသွားကြောင်း ရေတပ်သတင်းရင်းမြစ်ကပြောဆိုသည်။ ယမန်နေ့ ဩဂုတ်လ ၂၅ ရက်နေ့တွင် သံတွဲမြို့နယ်၊ မောင်ရွှေလေး ရေတပ်စခန်းကို AA က ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ သပြုချိုင်ရှိ ရေတပ်သင်္ဘောများလည်း ရှော့တိုက်ဒုံးဖြင့် အပစ်ခံရပြီး ပစ္စည်းတင်သည့် သင်္ဘောတစ်စီးလည်း ပျက်စီးသွားကြောင်းသိရသည်။ “မနေ့က သံတွဲ၊မောင်ရွှေလေးရေတပ်စခန်း အတိုက်ခံရတယ်။ ရေတပ်က အတော် သေဆုံးမှုများတယ်။ တပ်မှူးဖြစ်တဲ့ ဗိုလ်မှူးဖြိုးမောင်မောင်လည်း သေ ဆုံးပါတယ်။ ဗိုလ်မှူးဖြိုးမောင်မောင်က DSA

သံတွဲမြို့နယ်၊ မောင်ရွှေလေးရေတပ်စခန်းကို AA က ဝင်ရောက်တိုက်ခိုက် Read More »

ဗမာလူမျိုး ၁၃ ဦး MNDAAတပ်သားအဖြစ် ဝင်ရောက်၊ MNDAA က ကြိုဆိုပွဲကျင်းပ

ကိုးကန့်တပ်မတော်(MNDAA)ထံ ဗမာလူမျိုး ၁၃ ဦးက ပါဝင်ရန်ကတိသစ္စာပြုခဲ့၍ အဆိုပါ တပ်သားသစ်များအတွက် တပ်သားသစ် ကြိုဆိုပွဲ အခမ်းအနားပြုလုပ်ခဲ့ဟု MNDAAက ထုတ်ပြန်သည်။ လားရှိုးမြို့သိမ်းအောင်မြင်မှု ရရှိထားသည့် MNDAA အပေါ် စစ်ကောင်စီက လူမျိုးရေးအရ အမုန်းပွားမှုဖန်တီးမှုများရှိနေသည့် အခြေအနေတွင် MNDAAက ယခုကဲ့သို့ ဗမာရဲဘော်သစ်များ ကြိုဆိုပွဲကို ပြုလုပ်ခဲ့သည်။ အဆိုပါ အခမ်းအနားကို ဩဂုတ် ၂၃ရက်က MNDAA တပ်စခန်းတစ်ခု၌ ပြုလုပ်ခဲ့ပြီး ထူးခြားသောတပ်သားသစ် ကြိုဆိုပွဲဟု ဖော်ပြသည်။ အဆိုပါအခမ်းအနားသို့ ကွတ်ခိုင်ခရိုင် အုပ်ချုပ်ရေးကော်မတီ ဒုတိယအတွင်းရေးမှူးနှင့် ဒေသခံ စစ်ဘက်နှင့် နိုင်ငံရေးဌာနမှတာဝန်ခံပုဂ္ဂိုလ်များတက်ရောက်ခဲ့ပြီး ကိုမိုးထွန်း ဦးဆောင်သော ဗမာရဲဘော် ၁၃ဦးသည် MNDAA တွင် ပါဝင်ရန် MNDAAတပ်မတော်အလံရှေ့တွင် လေးနက်စွာ ကတိသစ္စာပြုခဲ့ကြောင်း ထုတ်ပြန်သည်။ မတူညီသောတာဝန်များရှိပြီး ဘာသာစကား

ဗမာလူမျိုး ၁၃ ဦး MNDAAတပ်သားအဖြစ် ဝင်ရောက်၊ MNDAA က ကြိုဆိုပွဲကျင်းပ Read More »

ဒီပဲယင်း…

ဒီမြို့မှာ အံကြိတ်ရ တက်ခေါက်ရတဲ့ အဖြစ်အပျက်တွေ ရှိခဲ့တယ်…။ ကဗျာဆရာ လှသန်း ရဲ့ ကြည်မောင်သန်း ကလောင်အမည် နဲ့ ဒီပဲယင်း ကို ဖွဲ့တဲ့ “ဒီပရင်္ဂ” ကဗျာထဲက လက်သီးကို ကျစ်ကျစ်ဆုပ်ပြီး ရွတ်ဖတ်ရတဲ့ စာကြောင်းလေးတွေ…။ မကြာသေးခင် ရက်ပိုင်းက နွေဦး တော်လှန်ရေး တပ်ဖွဲ့တွေ ဒီပဲယင်း မြို့သိမ်းတိုက်ပွဲ ဆင်နွှဲတော့ လက်သီးဆုပ်လိုက် မိသေးတယ်။ ဒီပဲယင်းကို မျက်ရည်တွေ၊ သွေးတွေနဲ့ လိမ်းကျံ စွန်းထင်းစေခဲ့တဲ့ ရာဇဝင်ကျွေးကို တော်လှန်ရေး တပ်ဖွဲ့တွေက ပြန်လည် တောင်းယူနေပြီလို့…။ ၂၀၂၂ ခုနှစ် စက်တင်ဘာလ အတွင်း စကစ စစ်တပ်က ရဟတ်ယာဉ်နဲ့ ပစ်ခတ် တိုက်ခိုက်မှုကြောင့် စစ်ကိုင်းတိုင်း ဒီပဲယင်း မြို့နယ် လက်ယက်ကုန်း ရွာက သွေးစွန်း

ဒီပဲယင်း… Read More »

Scroll to Top