Author name: Admin

ပြည်သူ့လုံခြုံရေးအဖွဲ့များက အဓိက ခုခံစစ်အဖြစ် တိုက်ပွဲဝင်ရမည်

လားရှိုးကဲ့သို့ မြို့ပြတိုက်ပွဲများဖြစ်ပွားလာလျှင် အသက် ၃၅ နှစ် အထက် သက် ကြီးပိုင်း အမျိုးသားများ ပါဝင်သော ပြည်သူ့လုံခြုံရေးအဖွဲ့များက အဓိက ခုခံစစ်အဖြစ် တိုက်ပွဲဝင်ရမည်ဟု စစ်ကောင်စီက ညွှန်ကြား ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကဲ့သို့ မြို့ပြုတိုက်ပွဲများ ဖြစ်ပွားလာပါက အသက် ၃၅ နှစ်အထက် သက်ကြီးပိုင်း အမျိုးသားများ ပါဝင်သော ပြည်သူ့လုံ ခြုံ ရေးအဖွဲ့များသည် အဓိက ခုခံစစ်အဖြစ် တိုက်ပွဲဝင်ရမည်ဟု စစ်ကောင်စီက ညွှန်ကြားထားကြောင်း နေပြည်တော်၊ ပြည်ထဲရေးသတင်းရင်းမြစ်ကပြောဆိုသည်။ ဩဂုတ်လ ၁၆ ရက်နေ့က ဖွဲ့စည်းလိုက်သော အဖွဲ့ဝင် ၁၄ ဦးပါ ပြည်သူ့လုံခြုံ ရေးနှင့် အကြမ်းဖက်မှု နှိမ်နင်းရေးဗဟိုကြီးကြပ်ကွပ်ကွဲမှု အဖွဲ့က ပြည်နယ်/တိုင်း၊ ခရိုင်၊ မြို့နယ်နှင့် ရပ်ကွက်ကျေးရွာအဆင့် လုံခြုံရေး ကြီးကြပ်ကွပ်ကဲမှု အဖွဲ့များ […]

ပြည်သူ့လုံခြုံရေးအဖွဲ့များက အဓိက ခုခံစစ်အဖြစ် တိုက်ပွဲဝင်ရမည် Read More »

စစ်အာဏာသိမ်းကာလ ရာထူးတိုးလာသည့် “ဒွေး” မောင်နှမ

စစ်တပ်က အာဏာာသိမ်းပြီးနောက် နောက်တဆင့် ရာထူးတိုးပေးခြင်းခံရသည့် မောင်နှမ နှစ်ယောက်ရှိသည်။ သူတို့နှစ်ဦးမှာ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် ဒေါက်တာ စုစုဒွေးတို့ ဖြစ်သည်။ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် ဒေါက်တာ စုစုဒွေးတို့သည် မောင်နှမ အရင်းများ ဖြစ်ကြသည်။ စစ်တပ် အာဏာမသိမ်းခင်က ဒေါက်တာ စုစုဒွေးသည် မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးတွင် ဆေးရုံအုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ သို့သော် စစ်တပ်က အာဏာသိမ်းပြီး တနှစ်ခန့်အကြာတွင် ဆေးရုံအုပ်ကြီးရာထူးထက် အဆင့်မြင့်သော ကျန်းမာရေးဝန်ကြီးဌာန၏ တိုင်းရင်းဆေးဌာနတွင် ညွှန်ကြားရေးမှူးချုပ်ရာထူး တိုးပေးခဲ့သည်။ ဒေါက်တာ စုစုဒွေးသည် ကျန်းမာရေးဝန်ကြီးဌာနတွင် အသက်ပြည့်၍ ပင်စင်ယူရသည့်အရွယ် ရောက်လာပါက ကျန်းမာရေးဝန်ကြီးဌာနတွင် ဝန်ကြီး သို့မဟုတ် ဒုဝန်ကြီး ဖြစ်လာမည့်သူဟုလည်း ထင်ကြေးပေးခံထားရသူ ဖြစ်သည်။ အလားတူ ဒေါက်တာ စုစုဒွေး၏ အကိုဖြစ်သူ

စစ်အာဏာသိမ်းကာလ ရာထူးတိုးလာသည့် “ဒွေး” မောင်နှမ Read More »

ရေစကြိုနယ် မအူရဲစခန်းကို တိုက်ခိုက် သိမ်းပိုက်၊ အမြစ်ဖြတ် ဖျက်ဆီးရှင်းလင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ် မအူရွာ ရဲစခန်းကို ဒီမနက်ပိုင်း စီးနင်းတိုက်ခိုက်ရာ စခန်းသိမ်းနိုင်သလို လက်နက် ခဲယမ်းတချို့လည်း သိမ်းဆည်း ရရှိပြီး စခန်းကို မီးရှို့ဖျက်ဆီး ရှင်းလင်းခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ် – (ပကဖ) က သတင်းထုတ်ပြန်ပါတယ်။ ဩဂုတ်လ(၂၄)ရက် ဒီမနက်(၂)နာရီမှာ မအူရွာ ရဲစခန်းကို ရေစကြို ပ.က.ဖ၊ Salingyi Special Task Force (SSTF) ၊ မြိုင်(ပ.က.ဖ) ၊ နွေဦးစစ်သည် ရေလယ်ကျွန်းဒေသ စစ်ကြောင်း တို့က ပိတ်ဆို့တိုက်ခိုက်ရာ နှစ်နာရီကြာ တိုက်ပွဲ ဖြစ်ပြီးနောက် စခန်းသိမ်းနိုင်ခဲ့တာလို့ ဆိုပါတယ်။ “မအူစခန်းအား ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါသည်။ နှစ်နာရီကျော်ကြာ ပစ်ခတ် တိုက်ခိုက်ပြီးနောက်တွင် မအူ နယ်မြေရဲစခန်းအား အပြီးသတ် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပါသည်”

ရေစကြိုနယ် မအူရဲစခန်းကို တိုက်ခိုက် သိမ်းပိုက်၊ အမြစ်ဖြတ် ဖျက်ဆီးရှင်းလင်း Read More »

ဆရာမ ဒေါ်ရတီအုန်း (သို့မဟုတ်) တပွင့်နှင်းဆီ ရဲရဲနီ

လက်နက်ကြီးပစ်ခတ်သံများ အဆက်မပြတ် ကြားနေရသော်လည်း ဒေါ်ရတီအုန်း အပါအဝင် နေအိမ်ရှိ လူများသည် အန္တရာယ်ကို ဂရုမစိုက်နိုင်အား။ ဗိုက်နာနေသည်မှာ ၁၅ နာရီခန့် ရှိပြီဖြစ်သည့် ကိုယ်ဝန်ဆောင် အမျိုးသမီးကိုသာ စိတ်ပူနေကြပြီး ဒေါ်ရတီအုန်းမှာလည်း ယင်းကိုယ်ဝန်ဆောင် အမြန်ဆုံး မီးဖွားနိုင်ရေးကိုသာ အာရုံစိုက်လုပ်ဆောင်နေသည်။ သားဖွားဆရာမအဖြစ် ကူညီနေသည့် ဒေါ်ရတီအုန်းအတွက် ယခုအတွေ့အကြုံသည် ပထမဆုံးအကြိမ် ဖြစ်သောကြောင့်လည်း စိုးရိမ်ပူပန်မှုက အပြည့်။ သားဖွားဆရာမဖြစ်သူ မိခင်ထံမှ လက်ဆင့်ကမ်း အတွေ့အကြုံများနှင့် မိတ်ဆွေ သားဖွားမီးယပ်ဆရာဝန်၏ ဖုန်းဖြင့် အကြံပေးမှုများအတိုင်း ဒေါ်ရတီအုန်း ကြိုးပမ်းလုပ်ဆောင်ခဲ့ရာ နှစ်နာရီခန့်အကြာတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးအား အောင်မြင်စွာ မီးဖွားပေးနိုင်ခဲ့သည်။ သို့သော်လည်း ယင်းအချိန်က ဖြစ်ခဲ့သည့် စိတ်လှုပ်ရှားမှုနှင့် စိုးရိမ်မှုကို သူ မမေ့။ လက်နက်ကြီး ပစ်ခတ်သံများကြား ခက်ခက်ခဲခဲ မွေးဖွားပေးခဲ့ရသည့် ကလေး၏ဖခင်မှာ

ဆရာမ ဒေါ်ရတီအုန်း (သို့မဟုတ်) တပွင့်နှင်းဆီ ရဲရဲနီ Read More »

ကရင်နီပြည်အတွင်း မြို့နယ်ရဲဌာနမှူးရုံး၊ရဲစခန်းနှင့် ရဲကင်း ၂၇ ခုတိုးချဲ့ဖွဲ့စည်းထား

ကရင်နီပြည်အတွင်း မြို့နယ်ရဲဌာနမှူးရုံး၊ရဲစခန်းနှင့် ရဲကင်း ၂၇ ခုတိုးချဲ့ဖွဲ့စည်းထားဟု ပြည်ရဲဌာန KSP အသိပေး ကရင်နီပြည်အတွင်း မြို့နယ်ရဲဌာနမှူးရုံး၊ရဲစခန်းနှင့် ရဲကင်း ၂၇ ခုကို တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့ကြောင်း ကရင်နီပြည်ရဲဌာန KSP က ယနေ့ ထုတ်ပြန်သည်။ ယနေ့(သြဂုတ် ၂၅ ရက်)တွင် ဖွဲ့စည်းခြင်းသုံးနှစ်ပြည့်အစီရင်ခံစာထုတ်ပြန်ရာတွင် အသိပေးထုန်ပြန်လာခြင်းဖြစ်သည်။ စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ကစ၍ CDM ရဲများ နှင့် အဖွဲ့ဝင်သစ်များပါဝင်သော ကရင်နီပြည်ရဲဌာနအနေဖြင့် ဖွဲ့စည်းကာ စိုးမိုးနယ်မြေများတွင် ရဲစခန်းရှစ်ခု ဖွင့်လှစ်ခဲ့သည်ဟု ဆိုသည်။ ယခု ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ရဲစခန်းခြောက်ခု ၊လုံခြုံရေးရဲကင်း ၁၆ ခုနှင့်မြို့နယ်ရဲဌာနမှူးရုံး ၅ခုကို တိုးချဲ့ ဖွင့်လှစ်နိုင်ခဲ့ကြောင်း ဖော်ပြသည်။ “ရဲစခန်းပေါင်း ၁၄ ခုရှိသွားပါပြီ။အမှုအများစုကတော့ ရဲတပ်ဖွဲ့ဝင်တွေကိုယ်တိုင်ဖမ်းဆီးပါတယ်။တချို့ အမှုတွေကိုတော့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်း ဆောင်ရွက်ပါတယ်”ဟု

ကရင်နီပြည်အတွင်း မြို့နယ်ရဲဌာနမှူးရုံး၊ရဲစခန်းနှင့် ရဲကင်း ၂၇ ခုတိုးချဲ့ဖွဲ့စည်းထား Read More »

မြောင် ကျောက်ရစ်ရဲစခန်းသိမ်းတိုက်ပွဲ နှစ်ဘက်ထိခိုက်မှုရှိ

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းကို PDF ပူးပေါင်းတပ်များ ဝင်ရောက်တိုက်ခိုက်ရာ နှစ်ဘက်ထိခိုက်မှုရှိကြောင်း သတင်းရရှိသည်။ သြဂုတ် ၂၃ရက် နံနက် ၈နာရီခန့်က စစ်ကောင်စီတပ်အင်အား ၁၀၀ခန့်ရှိသော ကျောက်ရစ်ရဲစခန်းအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက စစ်ကြောင်း သုံးကြောင်းခွဲ၍ စခန်းအခြေအထိ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း CDSOM မြောက်ပိုင်းတိုက်ခိုက်ရေး ဗိုလ်စင်္ကြာအဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်စမာက ပြောသည်။ တိုက်ပွဲမှာ တစ်မနက်ခင်းလုံးဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အထိနာ၍ နေ့လယ် ၁၂ နာရီခန့်တွင် လေယာဥ် ၂ စီးဖြင့် ပေါင် ၂၀ဝ ဗုံး ၈လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း ၎င်းက ပြောသည်။ ရေစကြိုမြို့နယ်ဘက်မှလည်း လက်နက်ကြီး ၁၈ လုံးခန့်ပစ်ခတ်ခဲ့ကြောင်း၊ သို့သော် တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ရာ နေ့လယ် ၁ နာရီခန့်အထိ ၅ နာရီကြာ ပြင်းထန်ခဲ့သည်ဟု

မြောင် ကျောက်ရစ်ရဲစခန်းသိမ်းတိုက်ပွဲ နှစ်ဘက်ထိခိုက်မှုရှိ Read More »

မြင်းခြံမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို ၃ ကြိမ် တိုက်ခိုက်မှု စစ်အရာရှိ အပါအဝင် စစ်သား ၂ ဦး ထက်မနည်းသေဆုံး

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် အကြမ်းဖက် စစ်တပ်စစ်ကြောင်းကို ၃ ကြိမ် တိုက် ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၃ ပွင့်အရာရှိ အပါအဝင် စစ်သား ၂ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း မြင်းခြံ ခရိုင် အမှတ်တပ်ရင်း MGN Tiger PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ဩဂုတ်လ ၁၆ ရက် နေ့ နွားထိုးကြီးမြို့နယ်မှ မြင်းခြံ -နွားထိုးကြီးကားလမ်းအတိုင်း စစ်ကြောင်း ထိုးလာကာ မြင်းခြံမြို့နယ်၊ ရွာကြီးကျေးရွာ ဘုရားဝင်းအတွင်း ဝင်ရောက်တပ်စွဲနေရာယူသည့် စစ်တပ်ကို မြင်းခြံခရိုင်အမှတ် ၂ တပ်ရင်းနှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ဝင် ရောက်တိုက်ခိုက်ခဲ့ရာ အပြန် အလှန် ပစ်ခတ်တိုက်ပွဲ ၂ နာရီခန့်ကြာမြင့်ခဲ့ကြောင်း သိရသည်။ ထိုသို့ တိုက်ခိုက်မှုအတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း၊ အ

မြင်းခြံမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို ၃ ကြိမ် တိုက်ခိုက်မှု စစ်အရာရှိ အပါအဝင် စစ်သား ၂ ဦး ထက်မနည်းသေဆုံး Read More »

အာရက္ခဒေသအတွင်းတိုက်ပွဲသတင်းများ

၂ဝ၂၄ ခုနှစ်၊ ဩဂုတ်လ (၂၄) ရက် အာရက္ခတပ်တော်သည် အာရက္ခဒေသတွင်းရှိ လက်ကျန်မြို့များထဲမှ မောင်တောမြို့ နှင့် ကျိန္တလီမြို့ များရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်းများအား တစ်ခုမကျန်ထိုးစစ်ဆင် တိုက်ခိုက်ကာ အပြီးသတ် သိမ်းပိုက်ရယူနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ တစ်နည်းအားဖြင့် မောင်တော နှင့် ကျိန္တလီမြို့သိမ်းတိုက်ပွဲအား ဆင်နွှဲနေခြင်းဖြစ်သည်။ မောင်တောမြို့သိမ်းတိုက်ပွဲသည် နှစ်ပတ်ခန့် ကြာမြင့်ခဲ့ပြီဖြစ်သည့်အလျောက် မောင်တောမြို့အတွင်း ခံစစ် ပြင်ဆင်ထားသော ဖက်ဆစ် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီ သင်တန်းဆင်းပြီး ၎င်းတို့ လက်နက် တပ်ဆင်ပေးထားသည့် အကြမ်းဖက် မူဆလင်လက်နက်ကိုင်အဖွဲ့များအပြင် ARSA၊ RSO၊ ARA အကြမ်းဖက် တပ်ဖွဲ့ဝင်များသည် အာရက္ခတပ်တော်၏ ထိုးစစ်အောက်တွင် အထိအခိုက်၊ အကျအဆုံးများနှင့်အတူ ကစဉ့်ကလျားထွက်ပြေးခြင်း၊ လက်နက်ချအညံ့ခံခြင်းများကို ဆက်တိုက် ပြုလုပ်လာသောကြောင့် မောင်တော မြို့သည် အာရက္ခတပ်တော်၏

အာရက္ခဒေသအတွင်းတိုက်ပွဲသတင်းများ Read More »

စစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၂၀ ကျော် သေဆုံးပြီး ၁၀ ဦး အရှင်မိကာ လက်နက်မျိုးစုံ ၃၀ လက် သိမ်းဆည်းရရှိ

လက်ပံတန်းမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၂၀ ကျော် သေဆုံးပြီး ၁၀ ဦး အရှင်မိကာ လက်နက်မျိုးစုံ ၃၀ လက် သိမ်းဆည်းရရှိ ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၂၀ ကျော် သေဆုံးပြီး ၁၀ ဦး အရှင်မိကာ လက်နက်မျိုးစုံ ၃၀ လက် သိမ်းဆည်းရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရာ ကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုသည်။ ယနေ့ ဩဂုတ်လ ၂၄ ရက်နေ့တွင် လက်ပံတန်းမြို့နယ်၊ ပဲခူးရိုးမ၊ ရေငံကျေးရွာ အနီးတွင် အင်အား ၁၀၀ ကျော်ပါဝင်သည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်က ကြားဖြတ် တိုက်ခိုက်ရာ အကြမ်းဖက် စစ်သား

စစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၂၀ ကျော် သေဆုံးပြီး ၁၀ ဦး အရှင်မိကာ လက်နက်မျိုးစုံ ၃၀ လက် သိမ်းဆည်းရရှိ Read More »

ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ၄၅ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ၄၅ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ခဲ့ကြောင်း Yangon Urban Column စစ်ကြောင်း ဆက်သွယ်ရေး တာဝန်ခံကပြောဆိုသည်။ ဩဂုတ်လ ၂၃ ရက်နေ့ ည ၉ နာရီ ၃ဝ မိနစ်ခန့်တွင် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ၄၅ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ “ကျွန်တော်တို့ အဲ့ထဲသွားပစ်ထည့်တဲ့ အချိန်မှာတော့ သူတို့လူတွေရှိပါတယ်။ နောက်ဆက်တွဲကတော့ မသိရသေးပါဘူး။ စုံစမ်းနေတုန်းပါပဲ” ဟု Yangon Urban Column အဖွဲ့ ဆက်သွယ်ရေး တာဝန်ခံက ပြောဆိုသည်။ အဆိုပါ တိုက်ခိုက်မှုကို Yangon Urban Column စစ်ကြောင်းက ပြုလုပ်ခဲ့ပြီး အကြမ်းဖက် စစ်အာဏာရှင်စနစ် ကျရှုံးသည်အထိ

ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ၄၅ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက် Read More »

Scroll to Top