ဂွ ရွာသစ်ကုန်းယာယီအထိုင်စခန်းကို AA တိုက်ခိုက်သိမ်းပိုက်
(ရွာသားများကို AA ကယ်ထုတ်သွား) ဂွမြို့ မြောက်ဘက် သံတွဲ- ဂွ ကားလမ်းပေါ်ရှိ ရွာသစ်ကုန်း စစ်ကောင်စီ ယာယီအထိုင်ကုန်းစခန်းကို အာရက္ခတပ်တော်( AA)က ယမန်နေ့ ညနေက အပြင်းအထန် ထိုးစစ်ဆင်ပြီးသိမ်းပိုက်လိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။ ရွာသစ်ကုန်းကျေးရွာမှ ဒေသခံပြည်သူများကိုလည်း AA က ကယ်ထုတ်သွားကြောင်း သတင်းရရှိသည်။ “ရွာသစ်ကုန်းက တပ်နောက်ဆုတ်သွားပြီ။ အမြောက်တပ်တွေရော၊ တင့်ကားတွေရော အကုန် နောက်ဆုတ်သွားပြီ။ ရဟိုင်းကွင်းထိ ဆုတ်သွားပုံရတယ်။ ရဟိုင်းကွင်းက ဂွမြို့နဲ့ သိပ်နီးသွားပြီ။ စခန်းကုန်း ရွာက လူတွေကို အေအေက ကယ်ထုတ်သွားတယ်လို့ သိရပါတယ် ”ဟု ပြောသည်။ ရဟိုင်းကူးတို့၊ ရဟိုင်းဖျားကနေ စစ်ကောင်စီတပ်သားတွေ ရဟိုင်းကွင်းကို နောက်ဆုတ်လာကြပြီး စစ်ကောင်စီက မြေပြင်က အမြောက်များဖြင့် ပစ်ခတ်နေကာ လေကြောင်းနှင့်ရေကြောင်းကပါ ပစ်ခတ်တိုက်ခိုက်မှုများကို […]
ဂွ ရွာသစ်ကုန်းယာယီအထိုင်စခန်းကို AA တိုက်ခိုက်သိမ်းပိုက် Read More »