တိုက်ပွဲတိုင်းအောင်မြင်စေဆိုကာ စစ်ကောင်စီမန်းဝန်ကြီးချုပ်နှင့်အဖွဲ့ ဆုတောင်းပွဲပြုလုပ်နေ
စစ်ကောင်စီ၏ မန္တလေးတိုင်းဝန်ကြီးချုပ်ဦးဆောင်၍ စစ်ပွဲတိုင်း အောင်မြင်စေရန်ဆိုကာ မန္တလေးစွယ်တော်၌ ဥပ္ပါတသန္တိကျမ်း ရွတ်ဖတ်ဆုတောင်းပွဲ ဩဂုတ် ၂၂ရက်က ပြုလုပ်နေကြောင်း သတင်းရရှိသည်။ စစ်ကောင်စီ၏ ဝန်ကြီးချုပ် မျိုးအောင် ဦးဆောင်ပြီး စစ်ကောင်စီလက်အောက်ခံ တိုင်းသံဃနာယကအဖွဲ့ဝင်ဆရာတော်များပါ ကြွရောက်ခဲ့သည်။ ထို့အပြင် Non CDM ဝန်ထမ်းများကလည်း ပါဝင်ပြီး ၁၀ရက်တိုင်ပြုလုပ်သွားမည်ဟု သိရသည်။ ၎င်းတို့ရွတ်ဖတ်ကြမည့် ဥပ္ပါတသန္တိကျမ်းမှာ အင်အားကြီးမားသော ရန်သူတို့ အန္တရာယ်ပြုသဖြင့် အရံအတားအလို့ငှါ စီရင်သည်ဟု သိရသည်။ “ရည်ရွယ်ချက်ရှိရှိ ရွတ်ခိုင်းတာပါ။သူတို့စစ်ရှုံးနေလို့ ဘုရားတွေ နတ်တွေကိုခုတုံးလုပ်ကာစောင့်ရှောက်ခိုင်းနေတာပါ။”ဟု ဆရာတော်မင်းပုည(ဗုဒ္ဓတက္ကသိုလ်)က မိန့်ကြားသည်။ အာဏာသိမ်းစစ်ကောင်စီတပ်သည် မန္တလေးမြို့အတွင်း မြို့သိမ်းတိုက်ပွဲများ ပြုလုပ်လာမည်ကိုစိုးရိမ်၍ နန်းတွင်းရှိ တပ်မိသားစုများအပါအဝင် စစ်တပ်နှင့်ရဲစခန်းများအတွင်းရှိ မိသားစုဝင်များ ပြင်ပသို့ပြောင်းရွှေ့နေထိုင်နေကြသည်။ ထို့အပြင် တိုက်ပွဲများဖြစ်ပွားနေသည့် မတ္တရာမြို့ဘက်အထွက်တွင် စစ်ကောင်စီတပ်က ကင်းစခန်းအချို့ ထပ်မံတိုးမြှင့်ထားသည်။ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရုံးစိုက်ရာ […]
တိုက်ပွဲတိုင်းအောင်မြင်စေဆိုကာ စစ်ကောင်စီမန်းဝန်ကြီးချုပ်နှင့်အဖွဲ့ ဆုတောင်းပွဲပြုလုပ်နေ Read More »