PLA ပြောရေးဆိုခွင့်ရှိသူနဲ့မေးမြန်းခန်း
“လက်ရှိမှာ သိရတာက (ဘီးလူးစစ်ကြောင်းမှာ)၄၀ ကျော်ကျော်လောက်ကျန်သေးတယ်။ အဲဒါကလည်း သပိတ်ကျင်း၇ မိုင်ဘက်မှာ ပုန်းခိုနေတယ်လို့ သတင်းကြားတယ်” PLA ပြောရေးဆိုခွင့်ရှိသူနဲ့မေးမြန်းခန်း ပြည်သူ့လွတ်မြောက်ရေတပ်မတော်(PLA)၏ ရဲဘော်များက သြဂုတ် ၁၄ ရက်တွင် နာမည်ဆိုးဖြင့်ကျော်ကြားလှသည့် ဘီးလူးစစ်ကြောင်းမှူးကို ဖမ်းဆီးနိုင်ခဲ့သည်။ အာဏာလုစစ်ကောင်စီ၏ အစီအစဥ်တစ်ခုအဖြစ်ပြည်သူလူထုကို ကြောက်စိတ်သွင်းရန် ၂၀၂၃က စစ်ကိုင်းတိုင်းအတွင်း နယ်လှည့်ပြီး ပြည်သူများကို အစုလိုက်၊အပြုံလိုက် ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သောဘီလူးစစ်ကြောင်းမှူးအပါအဝင် ငါးဦးကို မန္တလေးတိုင်း၊ မိုးကုတ်နှင့် သပိတ်ကျင်းမြို့နယ်ကြားတွင် အရှင်ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။ ဘီလူးစစ်ကြောင်းသည် ပြီးခဲ့သည့် တစ်နှစ်ခွဲအတွင်း စစ်ကိုင်းနှင့် မကွေးတိုင်းရှိ ကျေးရွာများအား စစ်ကြောင်းထိုး ရက်စက်သောနည်းဖြင့် လူသတ်၊ မုဒိန်းကျင့်၊လုယက်၊ မီးရှို့ စသော စစ်ရာဇဝတ်မှုများတောထအောင်ကျူးလွန်ခဲ့ပြီး ၂၀၂၄တွင် မန္တလေးတိုင်းအတွင်း ရောက်ရှိလာခြင်း ဖြစ်သည်။ မန္တလေးတိုင်းအတွင်း မိုးကုတ်မြို့သိမ်းတိုက်ပွဲနှင့် မတ္တရာ၊ […]
PLA ပြောရေးဆိုခွင့်ရှိသူနဲ့မေးမြန်းခန်း Read More »