Author name: Admin

မြင်းခြံမှာ စစ်အုပ်စု လေကြောင်းပစ်လို့ သေဆုံးခဲ့သူတွေအတွက် တော်လှန်ရေးတပ်တွေ လက်တုံ့ပြန် မိုင်းဆွဲတိုက်ခိုက်

မန္တလေးတိုင်း၊ မြင်းခြံမြို့မြောက်ဘက်အထွက် အနိမ့်လမ်းပိုင်းမှာ စစ်အုပ်စု တွေ စီးနင်းလိုက်ပါလာတဲ့ ကားတစ်စီး ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်အုပ်စု နှစ်ယောက်သေဆုံးသွားတယ်လို့ Myingyan Black Tiger (MBT) – မြင်းခြံခရိုင် အမှတ် (၉) တပ်ရင်း တပ်ဖွဲ့ခေါင်းဆောင်က ပြောပါတယ်။ မြင်းခြံမြို့ဆီကို အနိမ့်လမ်းပိုင်းအတိုင်း ပြန်လာနေတဲ့ စစ်အုပ်စု ငါးယောက် လိုက်ပါစီးနင်းလာတဲ့ ကားကို ဒီဇင်ဘာလ ၅ ရက် မနေ့က နေ့လယ်ပိုင်းမှာ အခုလို မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ “ကျွန်တော်တို့ဘက်က သိရသလောက်ကတော့ (စစ်အုပ်စု) နှစ်ယောက်သေတယ်လို့ ကြားထားပါတယ်။ သေတဲ့ အထဲက တစ်ယောက်ကတော့ ဦးခေါင်းခြမ်းပိုင်း ကြေသွားတယ်လို့ ကျွန်တော်တို့ သိရတယ်ဗျ။ ကျန်တဲ့ အသေး စိတ်ကိုတော့ ဆက်လက်စုံစမ်းနေတုန်းပါဗျ”လို့ MBT တပ်ဖွဲ့ခေါင်းဆောင် […]

မြင်းခြံမှာ စစ်အုပ်စု လေကြောင်းပစ်လို့ သေဆုံးခဲ့သူတွေအတွက် တော်လှန်ရေးတပ်တွေ လက်တုံ့ပြန် မိုင်းဆွဲတိုက်ခိုက် Read More »

“ဘယ် PDF မှ ဂရုမစိုက်ဘူး” ဟု ကြွေးကြော်၍ ဆင်လူးကျေးရွာအုပ်ချုပ်ရေးမှူး အဖြစ် တာဝန်ရယူသူ ခင်ထွဋ်နှင့်သားဖြစ်သူတို့ ပစ်ခတ်ခံရပြီး သေဆုံး

ပေါင်းတည်တွင် “ဘယ် PDF မှ ဂရုမစိုက်ဘူး” ဟု ကြွေးကြော်၍ ဆင်လူးကျေးရွာအုပ်ချုပ်ရေးမှူး အဖြစ် တာဝန်ရယူသူ ခင်ထွဋ်နှင့်သားဖြစ်သူတို့ ပစ်ခတ်ခံရပြီး သေဆုံး ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်တွင် “ဘယ် PDF မှ ဂရုမစိုက်ဘူး” ဟု ကြွေးကြော်၍ ဆင်လူးကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ရယူသူ ခင်ထွဋ်နှင့်သားဖြစ်သူတို့ ပစ်ခတ်ခံရပြီး သေဆုံးသွား ကြောင်း ဒေသခံပြည်သူများထံမှ သိရှိရသည်။ ဒီဇင်ဘာလ ၃ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်အချိန် ပေါင်းတည်မြို့နယ်၊ ဆင်လူးကျေးရွာတွင် အုပ်ချုပ်ရေးမှူး နုတ်ထွက်သွား၍ အုပ်ချုပ်ရေးမှူး အသစ် လုပ်ကိုင်သူ ဆင်လူးကျေးရွာ အုပ်ချုပ်ရေးမှူး ခင်ထွဋ်နှင့် သားဖြစ်သူ အောင်ဇော်ထွဋ္ဋ်တို့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း၊ ဆင်လူးကျေးရွာအုပ်ချုပ်ရေးမှူးအဟောင်းက နုတ်ထွက်စာတင်ချိန်တွင် ခင်ထွဋ်က “ဘယ်

“ဘယ် PDF မှ ဂရုမစိုက်ဘူး” ဟု ကြွေးကြော်၍ ဆင်လူးကျေးရွာအုပ်ချုပ်ရေးမှူး အဖြစ် တာဝန်ရယူသူ ခင်ထွဋ်နှင့်သားဖြစ်သူတို့ ပစ်ခတ်ခံရပြီး သေဆုံး Read More »

KNU တပ်မဟာ ၅ နယ်မြေတွင် နိုဝင်ဘာလ တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ တပ်ရင်းမှူး ၁ ဦးနှင့် ဒုတပ်ရင်းမှူး ၁ ဦး အပါအဝင် စစ်သား ၈၈ ဦးသေဆုံး

KNU တပ်မဟာ ၅ နယ်မြေတွင် နိုဝင်ဘာလ တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ တပ်ရင်းမှူး ၁ ဦးနှင့် ဒုတပ်ရင်းမှူး ၁ ဦး အပါအဝင် စစ်သား ၈၈ ဦးသေဆုံး ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေ ဖာပွန်ခရိုင်တွင် နိုဝင်ဘာလ တိုက်ပွဲများအတွင်း တပ်ရင်းမှူး ၁ ဦးနှင့် ဒုတပ်ရင်းမှူး ၁ ဦးအပါ အဝင် စစ်သား ၈၈ ဦးသေဆုံးခဲ့ကြောင်း KNUက တရားဝင်သတင်း ထုတ်ပြန်သည်။ နိုဝင်ဘာလ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ ကရင်ပြည်နယ်၊ ဖာပွန်(မူတြော်)ခရိုင်၊ အမှတ် ၅ တပ်မ ဟာ ထိန်းချုပ်နယ်မြေအတွင်းအတွင်း၌ KNLA-ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ အ မှတ် ၅ တပ်မဟာ၊

KNU တပ်မဟာ ၅ နယ်မြေတွင် နိုဝင်ဘာလ တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ တပ်ရင်းမှူး ၁ ဦးနှင့် ဒုတပ်ရင်းမှူး ၁ ဦး အပါအဝင် စစ်သား ၈၈ ဦးသေဆုံး Read More »

အကြမ်းဖက် မင်းအောင်လှိုင် ပြင်ဦးလွင်သို့ ခိုးကြောင်ခိုးဝှက် ရောက်ရှိ

အကြမ်းဖက် မင်းအောင်လှိုင် ပြင်ဦးလွင်သို့ ခိုးကြောင်ခိုးဝှက် ရောက်ရှိပြီး DSAနှင့် DSTA ကျောင်းဆင်းပွဲများ တက်ရောက် တစ်မြို့လုံး လုံခြုံရေးတင်းကျပ်ထားပြီး ဒရုန်းများနှင့်ပါ ကင်းထောက်နေ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ပြင်ဦးလွင်သို့ ခိုးကြောင် ခိုးဝှက် ရောက်ရှိနေပြီး ကျောင်းဆင်းပွဲများ လုပ်နေပြီး တစ်မြို့လုံး လုံခြုံရေးတင်းကျပ်ထားကာ ဒရုန်းများနှင့်ပါ ကင်းထောက်နေကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။ ယခု ဒီဇင်ဘာလဆန်းပိုင်းတွင် ပြုလုပ်သည့် စစ်တက္ကသိုလ် (DSA) နှင့် စစ်နည်းပညာတက္ကသိုလ်(DSTA ) ကျောင်းဆင်းပွဲများ တက်ရောက်ရန် အတွက် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြင်ဦးလွင်သို့ ရောက်ရှိနေခြင်းဖြစ်ကြောင်း၊ တော်လှန်ရေးတပ်များ၏ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မည်ကို စိုးရိမ်ခြင်း၊ ဒရုန်းဖြင့် တိုက်ခိုက်ခံရမည်ကို ပူပန်သဖြင့် ၎င်း၏ ခရီးစဉ်ကို မင်းအောင်လှိုင်က ခိုးကြောင်ခိုးဝှက် လာရောက်ခြင်းဖြစ်ကြောင်း၊

အကြမ်းဖက် မင်းအောင်လှိုင် ပြင်ဦးလွင်သို့ ခိုးကြောင်ခိုးဝှက် ရောက်ရှိ Read More »

ဗန်းမော်မြို့တွင် တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် စစ်ကောင်စီ၏ ရုံးဌာနများကို KIA က ထိန်းချုပ်

စစ်တပ်၏ ပစ်ခတ်မှုများကြောင့်ပြည်သူ အနည်းဆုံး ၇ ဦးသေဆုံးပြီး မံစီမြို့တွင်လည်း တိုက်ပွဲပြင်းထန်နေ ကချင်ပြည်နယ်၊ဗန်းမော်မြို့တွင် ယမန်နေ့ စစ်ကောင်စီတပ်များနှင့် KIA ဦးဆောင်သော တော်လှန်ရေးတပ်များအကြား တိုက်ပွဲများအပြင်းအထန် ဖြစ်ပွားခဲ့ပြီးနောက် မြို့ထဲရှိ စစ်ကောင်စီ၏ ဌာနဆိုင်ရာရုံးအများစုကို တော်လှန်ရေးတပ်များက ထိန်းချုပ်လိုက်ကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။ ဒီဇင်ဘာလ ၄ ရက်နေ့ နံနက် ၅ နာရီမှစတင်၍ KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ဗန်းမော်မြို့နှင့် မံစီမြို့သိမ်းတိုက်ပွဲများ ဆင်နွှဲခဲ့ပြီး ယမန်နေ့ ဒီဇင်ဘာလ ၅ ရက်နေ့ တစ်ရက်လုံး စစ်ကောင်စီတပ်များနှင့် KIA ပူးပေါင်းမဟာမိတ်တပ်များအကြား တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ကြောင်း၊ ယမန်နေ့ ဗန်းမော်မြို့ထဲတွင်ပါ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး KIA ပူးပေါင်းမဟာမိတ်တပ်များက ဗန်းမော်မြို့တွင်းသို့ ဝင်ရောက်ကာ စစ်ကောင်စီ၏ ဌာနဆိုင်ရာ

ဗန်းမော်မြို့တွင် တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် စစ်ကောင်စီ၏ ရုံးဌာနများကို KIA က ထိန်းချုပ် Read More »

အော်တိုတောင်စခန်းကလွဲ၍ ထန်တလန် – ဟားခါးအကြား စစ်ကောင်စီ ကင်းစင်ပြီ

ချင်းပြည်နယ်၏ မြို့တော် ဟားခါးမြို့နှင့် အနီးဆုံးတွင် တည်ရှိသည့် ထန်တလန်မြို့၏ အပေါ်နားဘက်က စိုးမိုးကုန်းလို နေရာယူထားသော အော်တိုတောင်စခန်းကုန်းတခုကလွဲ၍ ထန်တလန် – ဟားခါးအကြား စစ်ကောင်စီတပ်စခန်းများကင်းစင်သွားပြီဟု ချင်းအမျိုးသားတပ်မတော်(CNA) ထံမှ သိရသည်။ ထန်တလန် – ဟားခါးမြိုအကြားရှိ စစ်ရေးအရ အရေးပါသည့် C3 စခန်းကုန်းကို ချင်းအမျိုးသားတပ်မတော်နှင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ယမန်နေ့ (ဒီဇင်ဘာလ ၄ ရက်) ညနေပိုင်းက ထိန်းချုပ်ခဲ့ပြီးနောက် အော်တိုတောင်စခန်းတခုသာ ထီးထီးကြီး ကျန်ရှိနေခြင်း ဖြစ်သည်။ “C3 တပ်စခန်းကို သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီတပ်စခန်းက အော်တိုတောင်စခန်း တခုပဲ ကျန်တော့တာ ဖြစ်တယ်” ဟု CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။ စစ်ရေးနားလည်သူများ၏ အဆိုအရ အော်တိုတောင်စခန်းကုန်းကို စစ်ကောင်စီ ထပ်မံလက်လွှတ်ရပါက ၂၂

အော်တိုတောင်စခန်းကလွဲ၍ ထန်တလန် – ဟားခါးအကြား စစ်ကောင်စီ ကင်းစင်ပြီ Read More »

MNDAA က ပြန်ပေးဆွဲ၊ လူသတ်မှုကျူးလွန်သူ ၆ ဦးကို သေဒဏ်စီရင်

ထိန်းချုပ်ဒေသများအတွင်း ပြန်ပေးဆွဲလူသတ်မှုများကျူးလွန်သူ ၆ဦးကို သေဒဏ်စီရင်လိုက် ကြောင်း မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA)က ယနေ့(ဒီဇင်ဘာ ၅ရက်) ထုတ်ပြန်သည်။ လူသတ်မှုအပါအဝင် ရာဇဝတ်မှုကျူးလွန်သူ ၂၁ ဦးကို MNDAA အထူးဒေသ (၁)တရားစီရင် ရေးဌာနတာဝန်ရှိသူများက စီရင်ချက်ချခဲ့ပြီး ၆ ဦးကို သေဒဏ်စီရင်ခြင်းဟု သတင်းရရှိသည်။ သေဒဏ်စီရင်ခံရသည့် ၆ ဦးတွင် အမျိုးသမီးတစ်ဦး ပါဝင်သည်။ အဆိုပါ အမျိုးသမီးသည် ၎င်း၏ခင်ပွန်းဖြစ်သူအား သတ်ဖြတ်မှုကျူးလွန်ခဲ့သူဖြစ်ကြောင်း MNDAAနှင့် နီးစပ်သူအချို့က ပြောသည်။ MNDAA အထူးဒေသ(၁) တရားစီရင်ရေးဌာနက လောက်ကိုင်မြို့ရှိ လူမြင်ကွင်းတစ်နေရာတွင် ယနေ့ (ဒီဇင်ဘာ ၅ ရက်)နံနက်ပိုင်း၌ တရားစီရင်ခဲ့ခြင်း ဖြစ်သည်။ ကျန် ၁၅ ဦးကို ဆက်လက်ထိန်းသိမ်းထားသည်ဟု ဆိုသည်။ MNDAA သည် ပြီးခဲ့သည့် ဧပြီကလည်း

MNDAA က ပြန်ပေးဆွဲ၊ လူသတ်မှုကျူးလွန်သူ ၆ ဦးကို သေဒဏ်စီရင် Read More »

ထီးလင်းမြို့ပေါ်ရှိ စစ်တပ် ထိန်းချုပ်ထားသော နေရာများတွင် တိုက်ပွဲအရှိန်မြှင့်တင်မည်

ထီးလင်းမြို့ပေါ်ရှိ စစ်တပ် ထိန်းချုပ်ထားသော နေရာများတွင် တိုက်ပွဲအရှိန်မြှင့်တင်မည်ဖြစ်၍ မြို့ပေါ်နေ ပြည်သူအားလုံး ထွက်ခွာပေးရန် ထီးလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေး မကွေးတိုင်း၊ ထီးလင်းမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် ထိန်းချုပ်ထားသော နေရာများတွင် တိုက်ပွဲအရှိန်မြှင့်တင်မည်ဖြစ်၍ မြို့ပေါ်နေ ပြည်သူအားလုံး ထွက်ခွာပေးရန် မေတ္တာရပ်ခံကြောင်း ထီးလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ထီးလင်းမြို့ပေါ်တွင် နေထိုင်လျက်ရှိသော အရပ်သားပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ အခြေစိုက် နယ်မြေဖြစ်သော ထီးလင်းမြို့ကို စွန့်ခွာ၍ အမျိုးသား ညီညွတ်ရေးအစိုးရ၏ စိုးမိုးနယ်မြေများကို လာရောက် ခိုလှုံကြပါရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အမျိုးသားညီညွတ်ရေးအစိုးရ ထိန်းချုပ်နယ်မြေအတွင်းရှိ ပြည်သူများ၊ ပအဖ ၊ ပကဖ များ၊ တပ်ရင်းတပ်ဖွဲ့များ အနေဖြင့် စစ်ကောင်စီ အခြေစိုက်ထားသော ထီးလင်းမြို့ပေါ်တွင် နေထိုင်သူများ

ထီးလင်းမြို့ပေါ်ရှိ စစ်တပ် ထိန်းချုပ်ထားသော နေရာများတွင် တိုက်ပွဲအရှိန်မြှင့်တင်မည် Read More »

စစ်သုံ့ပန်းတွေကို လက်ဆွဲနှုတ်ဆက်ဖို့ မန္တလေးPDF ချော့မော့ခေါ်

လက်နက်မချ​သော စစ်သားဗိုလ်ကြီးအပါ ၇ ဦး​သေဆုံး မတ္တရာမြို့နယ်က တိုက်ပွဲတစ်ခုမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)ရဲ့ ရဲဘော်တွေက စစ်သုံ့ပန်းတွေကို လက်ဆွဲနှုတ်ဆက်ဖို့ ချော့မော့ခေါ်ယူခဲ့ပါတယ်။ ဒီဇင်ဘာ ၂ ရက် ညပိုင်းက မန္တလေး PDF ထိန်းချုပ်စိုးမိုးထားတဲ့ မတ္တရာမြို့နယ် အရှေ့ဘက်ခြမ်းက မြို့ကုန်းကျေးရွာကို စစ်ကောင်စီတပ် စစ်ကြောင်းဝင်ရောက်လာပြီးနောက် တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ပါတယ်။ ဒီဇင်ဘာ ၃ ရက်မှာလည်း စစ်ကောင်စီ စစ်ကြောင်းနဲ့ မန္တလေး PDFတို့ တနေကုန်နီးပါး ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ အဲဒီတိုက်ပွဲမှာ အဆောက်အအုံတခုထဲနဲ့ စပါးပုံဘေးမှာပုန်းအောင်းနေတဲ့ စစ်ကောင်စီတပ်သားတွေကို မန္တလေး PDF ရဲဘော်တွေက ချော့ခေါ်ခဲ့တာပါ။ “လာလာလာ မင်းမသတ်ဘူးလာ။”လို့ ရဲဘော်တစ်ယောက်က ပြောတယ်။ နောက်ရဲဘော်တစ်ယောက်ကလည်း “မသတ်ဘူး။ မသတ်ဘူး။ ညီကိုတွေ ညီကိုတွေ။လက်ဆွဲနှုတ်ဆက်မယ်နော့။”လို့ ပေါ့ပေါ့းပါးပါးရင်းရင်းနှီးနှီး လှမ်းအော်တယ်။ သူကပဲ ဆက်ပြောတယ်။

စစ်သုံ့ပန်းတွေကို လက်ဆွဲနှုတ်ဆက်ဖို့ မန္တလေးPDF ချော့မော့ခေါ် Read More »

ခြံအမှတ် ၅၄ အမှု လာမည့်ရုံးချိန်းတွင် ကြားဖြတ်အမိန့်ချမည်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့တဲ့ ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်း၊ ခြံအမှတ် ၅၄ ကို တတိယအကြိမ်လေလံတင်ရာမှာ ကြမ်းခင်းဈေးလျှော့မလျှော့ဆုံးဖြတ်ချက် လာမယ့်ရုံးချိန်းမှာ ကြားဖြတ်အမိန့်ချသွားဖို့ ရှိနေပါတယ်။ ကာယကံရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားမပါဘဲ ဈေးနှုန်းသတ်မှတ်ပြီး လေလံအကြိမ်ကြိမ်တင်နေတာဟာ ဥပဒေနဲ့ညီညွတ်မှုမရှိဘူးလို့ ဥပဒေကျွမ်းကျင်သူတွေက ပြောပါတယ်။ တက္ကသိုလ်ရိပ်သာလမ်း၊ ခြံအမှတ် ၅၄ နေအိမ်ကို ကြမ်းခင်းဈေး ငွေကျပ် သိန်းပေါင်း ၂ ဒသမ၉ သန်းနဲ့ တတိယအကြိမ်လေလံတင်ဖို့ တရားပြိုင် ဦးအောင်ဆန်းဦးက အဆိုတင်သွင်းထားပြီး ရှေ့နေအဖွဲ့က ကန့်ကွက်ထားတာပါ။ ကြမ်းခင်းဈေးလျှော့မယ်မလျှော့ဘူးဆိုတာကို ဒီဇင်ဘာ ၁၈ ရက်မှာ ကမာရွတ်ခရိုင်တရားရုံးက ကြားဖြတ်အမိန့်ချဖို့ တရားရုံးက ရုံးချိန်းပေးထားပါတယ်။ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ရှေ့နေအဖွဲ့က ကာယကံရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားရယူဖို့ တွေ့ဆုံခွင့် အကြိမ်ကြိမ်တောင်းခဲ့ပေမဲ့ တရားရုံးက မသိကျိုးကျွံပြုတဲ့အခြေအနေနဲ့ ကြုံတွေ့နေရတယ်လို့

ခြံအမှတ် ၅၄ အမှု လာမည့်ရုံးချိန်းတွင် ကြားဖြတ်အမိန့်ချမည် Read More »

Scroll to Top