ရေတာရှည်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြား
စစ်တပ်က အင်အား ထပ်မံဖြည့်တင်းနေ၍ စစ်ရေးတင်းမာနေ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် အနောက်ခြမ်း၊ နှောပင်ကျေးရွာအနီးကို စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြားပြီး စစ်တပ်က အင်အား ထပ်မံဖြည့်တင်းနေ၍ စစ်ရေးတင်းမာနေကြောင်း စစ်တောင်းမြစ်ဝှမ်း – ရေတာရှည်ပူးပေါင်းစစ်ဆင်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ ယနေ့ ဒီဇင်ဘာလ ၅ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်ဝှမ်း အနောက်ခြမ်း နှောပင်ကျေးရွာသို့ အင်အား ၁၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီ တပ်သားများကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အပြန် အလှန်ပစ်ခတ်တိုက်ပွဲ ၅ နာရီကျော်ကြာဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်သား ၂၀ ဦးထက်မနည်း သေဆုံး ကာအများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း […]