ယမန်နေ့ညပိုင်း ရှော့တိုက်ဒုံး အလုံး ၃၀ ထက်မနည်းဖြင့် တိုက်ခိုက်ခံရသော ပြင်ဦးလွင်တွင် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် မရှိတော့

စစ်တက္ကသိုလ်အတွင်း ရှော့တိုက်ဒုံးကျရောက်ပေါက်ကွဲမှု သေဆုံးထိခိုက်မှုများရှိပြီး အရပ်သားတချို့နှင့် သံဃာတချို့လည်း ထိခိုက်သေဆုံးမှုရှိ ယမန်နေ့ညပိုင်း ရှော့တိုက်ဒုံး အလုံး ၃၀ ထက်မနည်းဖြင့် တိုက်ခိုက်ခံရသော ပြင်ဦးလွင်မြို့တွင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် မရှိတော့ဘဲ ထွက်ခွာသွားကြောင်း စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ ယမန်နေ့ ည ၉ နာရီ ၁၇ မိနစ်အချိန်မှစတင်၍ ပြင်ဦးလွင်မြို့ရှိ စစ်တက္ကသိုလ်၊ ကန်တော်ကြီးအနီးရှိ စစ်ကောင်စီရုံးများ၊ စစ်တပ်နည်းပညာတက္ကသိုလ်တို့ကို ရှော့တိုက်ဒုံးများဖြင့် ဆက်တိုက်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း၊ ယင်းသို့ ဖြစ်ပွားပြီးနောက် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်မှာ ပြင်ဦးလွင်မှ ထွက်ခွာသွားကြောင်း သိရှိရသည်။ “ပြင်ဦးလွင်မှာတော့ တပ်ချုပ်မရှိတော့ဘူး။ ရှော့တိုက်ဒုံးမပစ်ခင်က ထွက်တာလား၊ ပစ်ပြီးမှ ထွက်တာလားတော့ အဲဒါတော့ မသေချာဘူး။ ရှော့တိုက်ဒုံးတွေ ပစ်ပြီးမှ စစ်ယာဉ်တန်းတစ်ခု အရေးပေါ်ထွက်လာပြီး ရဟတ်ယာဉ် ပျံသန်းတာတွေလည်း ကြားရတော့ … Read more

ဘတ်ဘတ်ကြီးတို့ သွေးတက်စေဖို့

စကစ တပ်အရာရှိများ ကော်ပစ္စတို အတုများကိုင်ဆောင်ထား စစ်ခွေးစခန်းသိမ်းပိုက်မှုအခြေအနေ… တာမခံ တိုက်ပွဲစစ်ခွေးအလောင်းများ…. ဖားကန့်လမ်း နန့်ယား စခန်းသိမ်းပိုက် ဗျိုင်ဝိုင် စကစ တပ်စခန်း….ဗန်းမော်-လွယ်ဂျယ်လမ်း လန မချ၊ အလံဖြူ မထောင်သူတို့ရဲ့ နိဂုံး (ရုပ်သံ) စိန်လုံဗျူဟာမှ ထွက်ပြေးသွားသည့်ဗျူဟာမှူး အား KIA ဖမ်းဆီး​သော ရုပ်သံမှတ်တမ်း

“မဲနှိုက်ပြီး စစ်မှုထမ်း ပါသွားရင်ရော PDF က သ-တ်မှာလား”

စစ်ရှုံးကောင်စီကနေ စစ်မှုထမ်း ဥပဒေ ပြဌာန်းပြီး နည်းမျိုးစုံနဲ့ စစ်မှုထမ်းခိုင်းဖို့ လူသစ်စုဆောင်းတာတွေ လုပ်ခဲ့ချိန်မှာ ပြည်သူတွေရဲ့ မေးခွန်းပေါင်း မြောက်မြားစွာ ထွက်ပေါ်လာခဲ့ပါတယ်။ အများဆုံး သိချင်ကြတဲ့ မေးခွန်းက- စစ်မှုထမ်းဖို့ မတရား ဖမ်းဆီးခံရသူတွေ၊ မဲနှိုက်ပြီး ပါသွားသူတွေ၊ ကိုယ်တိုင် စစ်မှုမထမ်းလိုသော်လည်း အကြောင်းအမျိုးမျိုးကြောင့် စစ်တပ်ထဲကို ဝင်ခဲ့ရသူတွေကို ရှေ့တန်းရောက်ရင် PDF က သ-တ်မှာလား ဆိုတဲ့ မေးခွန်းပါ။ အကြမ်းဖက် စစ်တပ်ရဲ့ အဝန်းအဝိုင်းထဲကို ရောက်သွားပြီ ဆိုကတည်းက ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက စစ်-ခွေးအဖြစ် သတ်မှတ်မှာပါပဲ။ ခွေးဝတ်စုံ ဝတ်ထားတဲ့ စစ်-ခွေးတစ်ကောင်ကို ဘာ့ကြောင့် စစ်တပ်ထဲကို ဝင်ရောက်လာတာလဲ ဆိုတဲ့ အတွေးမျိုး ဘယ် PDF ကမှ တွေးနေမှာ မဟုတ်ပါဘူး။ မျက်စိရှေ့ ရောက်လာတာနဲ့ … Read more

အာဏာသိမ်းပြီးနောက် လယ်ဆည်ဝန်ကြီးဟောင်း ဦးမြင့်လှိုင် ဂရမ်အမည်ဖောက်ခဲ့သော မြေတန်ဖိုးမှာ ကျပ်သိန်းပေါင်း တသန်းနီးပါးရှိ

အဂတိလိုက်စားမှုဖြင့် ဖမ်းဆီးခံထားရသော လယ်ဆယ်၀န်ကြီးဟောင်း အငြိမ်းစား ဒုဗိုလ်ချုပ်ကြီး မြင့်လှိုင်သည် စစ်အာဏာသိမ်းပြီးနောက် သူ၏အမည်ပေါက်ဖြစ်လာခဲ့သော ဂရမ်ထုတ်ထားသောမြေကွက်တန်ဖိုးမှာ ကာလပေါက်စျေးဖြင့် ခန့်မှန်းခြေ ကျပ်သိန်းပေါင်း တသန်းနီးပါးရှိပြီး အဆိုပါမြေကွက်များမှာ ဦးမြင့်လှိုင်ပိုင်ဆိုင်မှု၏ အစိတ်အပိုင်းသေးလေးတခုသာဖြစ်သည်။ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့က ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြိုဲ့ပြမြေယာစီမံခန့်ခွဲမှုကော်မတီ ဌာနမှူးလက်မှတ်ဖြင့် ဦးမြင့်လှိုင်တဦးတည်းအမည်ပေါက်ဖြင့် ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်တွင် မြေဧကမှာ ၄၆.၅၇ ကို နှစ် ၆၀ ဂရမ်ထုတ်ပေးထားသည်ကို အိမ်ခြံမြေစျေးကွက်မှတဆင့် ပေါက်ကြားလာခဲ့သော စာရွက်စာတမ်းများအရသိရသည်။ အဆိုပါဒေသတွင် တဧကလျှင် လက်ရှိစျေးကွက်ပေါက်စျေးအားဖြင့် ကျပ်သိန်း ၂၁,၀၀၀ ကျော်စျေးပေါက်ရာ (၄၆.၅၇ ဧက X ၂၁,၀၀၀ သိန်း = ၉၇၇,၉၇၀ သိန်း) ဖြစ်သည်။ ဥိးမြင့်လှိုင်က (ဇေယျာပရီမီယာစိုက်ပျိုးရေးကုမ္ပဏီ)အမည်ဖြင့် ဒဂုံအရှေ့မြေတိုင်းရပ်ကွက်အမှတ် ၁၈၀ … Read more

ပြင်ဦးလွင်က စစ်တက္ကသိုလ်တွေ တိုက်ခိုက်ခံရ

ပြင်ဦးလွင်အခြေစိုက် စစ်တက္ကသိုလ် (DSA) နဲ့ တပ်မတော်နည်းပညာတက္ကသိုလ် (DSTA) နားတစ်ဝိုက်ကို ဧပြီလ ၁၄ ရက်နေ့ညပိုင်းမှာ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်သံတွေကြားနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြင်ဦးလွင်မှာ သင်္ကြန်ရေကစားဖို့ရောက်နေတဲ့ တစ်ချိန်တည်းမှာပဲ အခုလိုပစ်ခတ်တိုက်ခိုက်သံတွေကြားရတာလို့ ဆိုပါတယ်။ ဒီနေ့ည ကိုးနာရီကျော်ကနေ ဆယ်နာရီကျော်လောက်ထိ အချက်ပေါင်း ၄ဝ လောက် ပစ်ခတ်ပေါက်ကွဲသံတွေကြားခဲ့ရတယ်လို့ အနီးနားမှာနေတဲ့ ဒေသခံကပြောပါတယ်။ “ဒုံးတွေ ကျသံကြားပြီးနောက် DSA နဲ့ DSTA တပ်ထဲတွေကို မီးဖြတ်လိုက်တယ်။ စစ်ကားတွေရော၊ လူမှုကူညီရေးကားတွေရော ရှုပ်နေတယ်။ DSA ဝန်းထဲကျတယ်လို့ သိထားတယ်၊ ညဘက်ဆိုတော့သေချာတော့ မသိသေးဘူး၊ မနက်ဖြန် သူ(စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်) မဏ္ဍပ်ထိုင်မယ်လို့ ကြားတယ်။ အဲဒါသတင်းရလို့ လာပစ်တာထင်တယ်” နောက်ထပ်ဒေသခံတစ်ဦးကလည်း ..” DSA ကျောင်းကိုပစ်တာ၊ … Read more

ရှော့တိုက်ဒုံး အလုံး ၂၀ ထက်မနည်း ပစ်ခတ်မှု ဖြစ်ပေါ်နေသော ပြင်ဦးလွင်တွင် အပြန်အလှန် ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်နေ

ရှော့တိုက်ဒုံး အလုံး ၂၀ ထက်မနည်း ပစ်ခတ်မှု ဖြစ်ပေါ်နေသော ပြင်ဦးလွင်တွင် အပြန်အလှန် ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်နေ၊ လူနာတင်ကားနဲ့ စစ်ကားတွေ မြို့ထဲမှာ သွားလာနေ မန္တလေးတိုင်း၊ ပြင်ဦးလွင်မှာ ဒီနေ့ည ၉ နာရီ ၁၇ မိနစ်ကစတင်ပြီး ရှော့တိုက်ဒုံးပစ်ခတ်မှုတွေ ဆက်တိုက်ဖြစ်နေပြီး အခု သတင်းရေးသား ဖော်ပြနေတဲ့အချိန်အထိ အပြန်အလှန် ပစ်ခတ်မှု တွေဖြစ်နေပါတယ်။ ရှော့တိုက်ဒုံးတွေက ပထမမူလက DSA ကျောင်းကို ဦးတည်ပစ်ခတ်ခဲ့ပြီးနောက်မှာတော့ အကြမ်းဖက်မင်းအောင်လှိုင် တည်းခိုနေနိုင်တဲ့ ကန်တော်ကြီးဘေးနားက စစ်တပ်နဲ့ပတ်သက်တဲ့ အဆောက်အုံဘက်တွေမှာလည်း ပစ်ခတ်မှုတွေကြောင့် ပေါက်ကွဲမှုတွေဖြစ်နေပါတယ်။ ဒီည ၉ နာရီ ၄၅ မိနစ်လောက်မှာတော့ စစ်ကားတွေ ပြင်ဦးလွင် တပ်တွေထဲက စစ်ကားတွေ သံချပ်ကာကားတွေ ထွက်လာပြီး ပြင်ဦးလွင်မြို့တစ်ခုလုံးကိုလည်း မီးဖြတ်လိုက်ပါတယ်။ ရှော့တိုက်ဒုံးပစ်ခတ်မှုတွေက … Read more

ချောင်းဦးတွင် အိမ်စီးကားဖြင့်လာသော စစ်သားသုံးဦးအား PDFများတိုက်ခိုက်ရာ ကားထား၍ ထွက်ပြေး

တစ်ဦးသေဆုံး၊ နှစ်ဦး ဒဏ်ရာပြင်းထန်၊ စစ်တပ်က ချောင်းဦးမြို့ပေါ် မီးရှို့၍ နေအိမ် ၁၄ လုံး မီးလောင် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ပေါ်တွင် အိမ်စီးကားဖြင့်လာသော စစ်ကောင်စီတပ်သား သုံးဦးအား PDFများက ပစ်ခတ်တိုက်ခိုက်ရာ ကားထား၍ ထွက်ပြေးသွားကြောင်း သတင်းရရှိသည်။ ဧပြီ ၁၁ရက် ညနေ ၄နာရီခန့်က ချောင်းဦးမြို့ ရဲစခန်းမှ အိမ်စီးကားဖြင့် ကင်းလှည့်ရန် ထွက်လာသော စစ်ကောင်စီတပ်သားများကို ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး(BLDF တပ်ခွဲအညာမိုင်းအဖွဲ့)က ချောင်းဦးမြို့ပေါ် တနေရာတွင် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ကားပေါ်ပါ စစ်ကောင်စီတပ်သား သုံးဦး ဒဏ်ရာများဖြင့် ထွက်ပြေးသွားခဲ့ပြီး ၎င်းတို့ စီးလာခဲ့သော ကားအား ထားခဲ့၍ ထွက်ပြေးသွားခြင်း ဖြစ်သည်။ အဆိုပါ ကားပေါ်မှ ဖုန်း နှစ်လုံးနှင့် Tiger ဘီယာဖာ သုံးဖာ သိမ်းဆည်းရမိကြောင်း … Read more

သင်္ကြန်အကျနေ့ မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ ကျင်းပနေတဲ့ သင်္ကြန်ပွဲတော် ( ဓာတ်ပုံသတင်း)

သင်္ကြန်အကျနေ့မှာ ကျင်းပနေတဲ့ မွန်ပြည်နယ် မော်လမြိုင်မြို့ ကမ်းနားလမ်းနှင့် မြို့တွင်းနေရာအချို့ မြင်ကွင်းတွေကို ဖော်ပြလိုက်ပါတယ်။ အခုမြင်ကွင်းတွေဟာ နံနက် (၁၀) နာရီဝန်းကျင်းက ရိုက်ကူးထားသည့် ဓာတ်ပုံများဖြစ်ပြီး ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာနရဲ့ မဏ္ဍပ်မှာ ရေပက်သူ အနည်းအငယ်ရှိတာ တွေ့မြင်ရပါတယ်။ ဓာတ်ပုံ-ပေးပို့

မန္တလေး မြို့တော်ဝန်မဏ္ဍပ် အနီး ဗုံးပေါက်ကွဲပြီးနောက် အခြေအနေ

မန္တလေး မြို့တော်ဝန်မဏ္ဍပ် အနီး ဗုံးပေါက်ကွဲပြီး နာရီပိုင်းအကြာ နေ့လယ် ၁၂ နာရီနောက်ပိုင်းတွင် ကျူံးဘေး၌ လူအနည်းငယ် ပြန်လည်စည်ကားလာသည်ကို တွေ့ရသည်။ ဗုံးပေါက်ကွဲပြီးနောက် မန္တလေးမြို့အနှံ့ ရေပတ်ခံထွက်သည့် ကားမှာ ပုံစံတူ၊ အရောင်အသွေး ဆင်တူသည့် ဂျစ်ကား ၁၀ စီးခန့် အပါအဝင် ကားအနည်းငယ်သာရှိသည်။ တချို့မဏ္ဍပ် ပိုင်ရှင်များသည်လည်း ရေပတ်ခံထွက်ပေးရန် နီးစပ်ရာလူများကို နေ့တွက်ကြေးငွေပေး၍ စည်းရုံးမှုများရှိကြောင်း ဒေသခံများထံက သိရသည်။ ပုံအညွှန်း -မန္တလေး သင်္ကြန်အကျနေ့မြင်ကွင်း

လူကြည့်များခဲ့သည့် သတင်းဗီဒီယိုများ

ဧပြီလ ၆ ရက်နေ့ မှ ၁၃ ရက်နေ့ထိ လူကြည့်များခဲ့သည့် သတင်းဗီဒီယိုများ ၁. ကော့ဘိန်းတိုက်ပွဲက စစ်သုံ့ပန်းများ ၂.“ဘယ်မှာလဲ Standard Army” လို့ စစ်ကောင်စီကို KNU မေးခွန်းထုတ် (အင်တာဗျူး) ၃. မြဝတီအခြေအနေ ထိုင်းဘက်ခြမ်း မဲဆောက်ကနေ သတင်းပေးပို့ချက် ၄.စစ်သင်တန်းကျောင်း ၁၁ ကျောင်းမှာ လူငယ်တွေ ပို့ဆောင်ခံထားရ ၅.ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်မှာ အပစ်ရပ်ဖို့အတွက် တရုတ် ကြိုးစားနေပြန် ၆.“ မြန်မာ့အရေးနဲ့ တရုတ်အထူးကိုယ်စားလှယ် ”| Common Ground- Episode (36) ၇. “စစ်ကောင်စီကိုအသက်ငင်စေမယ့် လေယာဉ်ဆီဖြတ်တောက်ရေးလှုပ်ရှားမှု” ၈. ကုလသမဂ္ဂလုံခြုံရေး​ကောင်စီတို့ဘာဆွေးနွေးခဲ့ကြလဲ|Human Rights Barometer – Episode 37 ၉. ပျော်စရာသင်္ကြန်မဟုတ်တဲ့ တော်လှန်သင်္ကြန် … Read more