ကော့နွဲရွာအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ရာချီတပ်စွဲထားပြီး အာရှလမ်းမကြီးမှတဆင့် မြဝတီဘက်တက်ရန် ကြိုးစားနေဆဲ

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၆) ထိန်းချုပ်နယ်မြေ၊ ဒူးပလာယာခရိုင် ကော့ကရိတ်မြို့ အနီးရှိ ကော့နွဲကျေးရွာအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၀၀)ခန့် ဧပြီလ(၁၃)ရက်နေ့အထိ တပ်စွဲထားပြီး အာရှ လမ်းမကြီးမှတဆင့် မြဝတီမြို့ဘက်သို့ စစ်ကူတက်ရန်ကြိုးပမ်းနေကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ဦးဆောင်သည့် PDF တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲကြောင့် နေရပ်ပြောင်းရွှေ့နေထိုင်နေရသော ကော့နွဲရွာသို့ ယခုလို အင်အားအလုံးအရင်းဖြင့်တပ်စွဲလာခြင်းအပြင် လက်နက်ကြီးများရွာအတွင်းပစ်ချသဖြင့် နေထိုင်သူဒေသခံတစ်ဦးမျှ မကျန်ရှိတော့ကြောင်း ကော့နွဲရွာခံများကကေအိုင်စီကိုပြောသည်။ “မနေ့(ဧပြီ ၁၃ ရက်)က အလုံးကြီးတွေ ကော့နွဲရွာထဲပစ်ချတယ်။ ရွာထဲမှာ ကတစ်ယောက်နှစ် ယောက်နေ တာရှိသေးတယ်။ အခုတော့ထွက်ပြေးကုန်ပြီ၊ ပစ်ချပြီးတော့ သံချပ်ကာကားတွေနဲ့တက်လာကြတယ် ။ စစ်ကား တွေအပြည့်ပဲ၊ စစ်သားတွေလည်းအများကြီးပဲ၊ နှစ်ရာလောက်ရှိမယ်။ ရွာထဲမှာတချို့နေပြီး အာရှလမ်းမပေါ်ကိုတချို့ဝင်တယ်။” … Read more

ညောင်ဦးတွင် လူငယ်များကို စစ်ထဲဝင်ရမည်ဟု ခြိမ်းခြောက် ခေါ်ဆောင်နေသူ ပြည်သူ့စစ်ခေါင်းဆောင် တိုးလွင် ပစ်ခတ်ခံရပြီး သေဆုံး

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တွင် လူငယ်များ ပြည်သူ့စစ်ထဲဝင်ရမည်ဟု ခြိမ်းခြောက်နေသူ ပြည်သူ့စစ်ခေါင်းဆောင် ပစ်ခတ်ခံရပြီး ညောင်ဦးမြို့နယ် အထူးချေမှုန်းရေးနှင့် ပြည်သူ့စစ်တိုက် ဖျက်ရေး တာဝန်ခံ စစ်ပိုင်ကပြောကြားသည်။ ယမန်နေ့ ဧပြီလ ၁၃ ရက်နေ့ ညနေ ၃ နာရီခန့်အချိန် ညောင်ဦးမြို့နယ်၊ လက်ပန်ခြေပေါ်တိုက်နယ် အုန်နဲ ကျောင်းရွာတွင်နေထိုင်သူ ပြည်သူ့ စစ်ခေါင်းဆောင်တိုးလွင်ကို ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ် ရေးအဖွဲ့နှင့် ညောင်ဦးခရိုင် တပ်ရင်း ၅ တို့ ပူးပေါင်းပြီး ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင်သေဆုံး သွားကြောင်း သိရသည်။ “သူက စစ်ခွေးတွေနဲ့ပေါင်းတယ်၊ တစ်ခုခုဆိုရင် စစ်ခွေးတွေကို လှမ်းခေါ်တယ်။ PDF တွေ အသွာ အလာကိုစောင့်ကြည့်ပြီးတော့ သတင်းပေးတယ်၊ ပြည်သူ့စ်စုဆောင်းရာမှာလည်းသူက ထိပ်ဆုံးကပဲ၊ လူငယ်တွေ စစ်တပ်ထဲဝင်ရင် ဝင်၊ မဝင်ရင် ဖမ်းမယ်လို့ … Read more

သင်္ကြန်အကျနေ့ မနက်ပိုင်း ပြည်သူ့ရင်ပြင်

၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၄ ရက်နေ့ မဟာသင်္ကြန်အကျနေ့ မနက်ပိုင်း စစ်ကောင်စီ ဦးဆောင်ကျင်းပနေတဲ့ ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်ထဲက သင်္ကြန်ပွဲတော်မြင်ကွင်းဖြစ်ပါတယ်။

စစ်သင်တန်းကျောင်းသို့ သွားသော စစ်ကားခြောက်စီး အား တိုက်ခိုက်မှု ၂၀ ခန့်သေဆုံး၊ ၄၅ ဦးအရှင်ဖမ်းမိ

အရာတော်မြို့နယ်မှစစ်အခြေခံသင်တန်းကျောင်းသို့ သွားသော စစ်ကောင်စီကားခြောက်စီးအား တိုက်ခိုက်ခဲ့ရာ ကားသုံးစီးပျက်ပြီး သင်တန်းသားများအပါအဝင် ၂၀ဦးခန့်သေဆုံးခဲ့ကာ ၄၅ ဦး အရှင်ဖမ်းမိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁)ဒေသကသတင်းထုတ်ပြန်သည်။ “မုံရွာနမခကနေ ထွက်လာတာ။ ကားသုံးစီးက ပြည်သူတွေနဲ့နီးသွားလို့ မပစ်တော့ လွတ်သွားတာ။ကျန်တာရလိုက်တယ်။ ကားတစီးက မီးလောင်ပြီး နှစ်စီးက သုံးမရတော့ဘူး”ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ဦးကပြောသည်။ ဧပြီ(၁၂)ရက်နေ့က မုံရွာခရိုင်၊ မုံရွာမြို့ (နမခ) ထပရ-၉၂၉ မှ အရာတော်မြို့နယ် (စခတ-၁၀)စစ်အခြေခံသင်တန်းကျောင်းသို့သွားသော သင်တန်းသားအသစ် (၂၅၀) ဦးပါ စစ်ကောင်စီ၏ ၁၂ ဘီးကား (၅) စီးနှင့် Express ကား (၁) စီးအား အရာတော်မြို့နယ်၊ ကမ်းဖြူရွာအနီး၌ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း အမှတ်(၁)စစ်ဒေသရုံးက ယနေ့(ဧပြီ၁၄)တွင် သတင်းထုတ်ပြန်သည်။ တိုက်ခိုက်မှုကြောင့် စစ်ကား (၃) စီး … Read more

စိန်လုံဗျူဟာမှ ထွက်ပြေးသွားသည့်ဗျူဟာမှူး အား KIA ဖမ်းဆီး​သော ရုပ်သံမှတ်တမ်းထွက်​ပေါ်လာ

ကချင်ပြည်နယ် ဗန်းမော်-လွယ်ဂျယ်လမ်းရှိ စစ်ကောင်စီ၏ စိန်လုံဗျူဟာတပ်စခန်းမှ ထွက်ပြေးသည့် စစ်ကောင်စီတပ်မှ ဗျူဟာမှူးကို ဖမ်းဆီးခဲ့​​သော ရုပ်သံဖိုင် ယ​နေ့ညပိုင်တွင် လူမှုကွန်ယက်၌ပြန့်နှံလာသည်။ ကချင်​တောင်တန်း အမည်ရ တယ်လီဂရန်ချန်နယ်တွင် စစ်​ကောင်စီတပ်၏ စိန်လုံဗျူဟာမှ ဗျူဟာမှူးကို ဗိုလ်မှူးကြီး ဟိန်းထက်အောင် အားKIA တပ်ဖွဲ့ဝင်များက ဖမ်းဆီးပြီး လက်​နောက်ပြန်ကြိုးဖြင့်တုတ်၍ ဖွက်ထား​သော​သေနတ်ကို ပြရန် ​ပြောဆို​နေကြသည်ကို​တွေ့ရသည်။ “မင်းကအ​ပေါ်င​နေ​ခေါင်းမာပြ​နေတာ​ပေါ့”ဟု KIA တပ်ဖွဲ့ဝင်တစ်ဦးက ​​ပြောရာ “မဟုတ်ပါဘူး ​ကြောက်လို့ပါ”ဟုစစ်​ကောင်စီတပ်ဗျူဟာမှူး ဟုပြန်​ပြောသည်။ “​စော​စောကတည်းက​ကောင်း​ကောင်းမွန်မွန်ထွက်လာရင် ဘာမှမလုပ်ဘူး​ပြော​နေတာကို “ဟု KIA ရဲ​​ဘော်က​ပြောရာ “ငါ​ကြောင်​နေပြီ”ဟု ဗိုလ်မှူးကြီး ဟိန်းထက်အောင် ကပြန်​ပြောရာ “လက်နက်ချရင် ငါတို့ဘာမှမလုပ်ဘူး”ဟု KIA ရဲ​ဘော်ကပြောသည်ကိုလည်း​တွေ့မြင်ရသည်။ စကခ(၂၁) နည်းဗျူဟာ(၂) နည်းဗျူဟာမှူး ဗိုလ်မှူးကြီး ဟိန်းထက်အောင်မှာ ဖမ်းဆီးခံထားရစဥ် စစ်စွပ်ကျယ်ဖြင့် ​ကြောက်လန့် စိုးထိတ်နေသည်ကို … Read more

ဖားကန့်တိုက်ပွဲအတွင်း ဗိုလ်မှူး နှစ်ဦး၊ဗိုလ်ကြီး လေးဦး အပါအဝင် စစ်ကောင်စီတပ်သားများ ဖမ်းဆီးရရှိမှု ရုပ်သံထွက်ပေါ်

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)စခန်းသိမ်းတိုက်ပွဲတစ်ခုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးရရှိမှုရုပ်သံကို ကချင်တောင်တန်း အမည်ရှိ တယ်လီဂရမ်မှတဆင့် ယနေ့ ဖော်ပြသည်။ ဧပြီ ၁၃ရက် ယနေ့တွင် စတင်ဖွင့်လှစ်သည့် အဆိုပါ တယ်လီဂရမ် ချန်နယ်တွင် ကချင်ပြည်နယ်ရှိ စစ်ကောင်စီတပ်များအားလုံး မောင်းထုတ်သွားမည်ဟု အသိပေးကာ မိုးမောက်ရှိ ကျောက်စခန်းသိမ်းပိုက်မှု၊ ဖားကန့်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးရရှိမှု၊ မန်စီမြို့နယ်ဟန်ထက် စစ်ကောင်စီစခန်း သိမ်းပိုက်မှု၊ လွယ်ဂျယ်မြို့ သိမ်းပိုက်မှု၊ ဗန်းမော်-လွယ်ဂျယ်လမ်း စစ်ကောင်စီ ဗျူဟာကုန်း သိမ်းပိုက်မှု၊ဗန်းမော်-လွယ်ဂျယ်လမ်း ယောယုံဗျူဟာစခန်း သိမ်းပိုက်မှု စိန်လုံရှိ ဗြိုငျ၀ိုငျစခနျး သိမ်းပိုက်မှု၊ မိုးမောက်-လွယ်ဂျယ်လမ်း လော့မွန် စစ်စခန်း သိမ်းပိုက်မှု ရုပ်သံများ ဖော်ပြသည်။ ဖားကန့်ရှိ စစ်ကောင်စီတပ်သားများ ဖမ်းဆီးရရှိမှု ရုပ်သံမှာ ဖေဖော်ဝါရီအတွင်းက ဖြစ်ပြီး စစ်ကောင်စီ၏ တာမခန် စခန်း၊ … Read more

‼️ဒုချုပ်စိုးဝင်း အခြေအနေ မကောင်း‼️

စစ်ရှုံးကောင်စီရဲ့ ဒုကာချုပ် စိုးဝင်းဟာ ဒရုန်းဗုံး ထိမှန်ခဲ့တဲ့ ဒဏ်ရာကြောင့် ခန္ဓာကိုယ် ဘယ်ဘက် တစ်ခြမ်းလုံး စုတ်ပြတ်သတ်သွားပြီး အခုချိန်အထိ အထူးကြပ်မတ်ခန်း ICU မှာ အရေးပေါ် အနေအထားနဲ့ အောက်ဆီဂျင် မပြတ် ပေးနေရကြောင်း ဆေးဘက်ဆိုင်ရာ သတင်းရင်းမြစ်က ပြောဆိုပါတယ်။ အကယ်၍ စိုးဝင်း အနေနဲ့ အသက်ဘေးက လွတ်မြောက်ခဲ့ရင်တောင် သူ့ရဲ့ မူလတာဝန်ကို ပြန်လည်ထမ်းဆောင်ဖို့ မဖြစ်နိုင်လောက်ဘူးလို့ ဆရာဝန်တွေက မှတ်ချက်ပြုထားကြောင်း သိရပါတယ်။ ဒုတိယ ဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေကတော့ လောလောဆယ် ညာဘက်ခြေထောက် ဖြတ်တောက်ထားရပြီး ညာဘက်မျက်နှာ တစ်ခြမ်းကလဲ လုံးဝကို စုတ်ပြတ်သတ်သွားတယ်လို့ သိရပါတယ်။ မော်လမြိုင် ရတခမှာ ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခံရမှု ဖြစ်စဉ်အတွင်း စစ်ရှုံးကောင်စီရဲ့ စစ်ဘက်ဆိုင်ရာ ထိပ်ပိုင်း အရာရှိကြီး … Read more

ဗျူဟာမှူးနှစ်ယောက်ထိုင်သည့် မောင်တော၊ ကြိမ်ချောင်းဗျူဟာစခန်းကို AA သိမ်းပိုက်ရရှိ

ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ စစ်ကောင်စီ၏ လက်ကျန်စခန်းများထဲမှ တစ်ခုဖြစ်သော မောင်တော၊ ကြိမ်ချောင်း ဗျူဟာစခန်းကြီးကို ရက္ခိုင့်တပ်တော် (AA) က အပြီးတိုင် သိမ်းပိုက်လိုက်ကြောင်း သိရသည်။ မောင်တောမြို့ရှိ စစ်ကောင်စီ၏ ကြိမ်ချောင်း ဗျူဟာစခန်းကို ယမန်နေ့ ဧပြီလ ၁၂ ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်ရယူနိုင်‌ခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။ “၂၄ ဗျူဟာစခန်းက ထွက်ပြေးလာတဲ့တပ်တွေပါ ကြိမ်ချောင်းဗျူဟာမှာစုနေကြတာ။ အင်အား ရာကျော်ဖမ်းမိတယ်ပြောတယ်။ လေကြောင်းပစ်ကူနဲ့ နတ်မြစ်ဝကနေ လက်နက်ကြီး ပစ်ကူပေးနေတဲ့ကြားက ဗျူဟာစခန်းသိမ်းနိုင်သွားတာ” ဟု ရခိုင်စစ်ရေး သတင်းရင်းမြစ်က ပြောသည်။ ရက္ခိုင့်တပ်တော် (AA) အနေဖြင့် ၎င်းစခန်းတစ်ခုလုံးအား အပြီးသတ်သိမ်းပိုက် ရယူနိုင် ရေးအတွက် အဆိုပါစခန်းကို လချီ၍ဝန်းရံပိတ်ဆို့ ဖြတ်တောက်ထားပြီး မတ်လ ၂၃ ရက်တွင်မှ … Read more

ကျိုက်ထိုမြို့ပေါ်ရှိ ခရိုင်တရားရုံးကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်၊ ရုံးဝင်းအတွင်းရှိ ကားများ ထိခိုက်ပျက်စီး (ရုပ်/သံ)

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ပေါ်ရှိ ခရိုင်တရားရုံးကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း – ၇၈၀၅၊ တပ်ခွဲ ၄၊ UG အဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။ ဧပြီလ ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၆ မိနစ်ခန့်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ပေါ်ရှိ ခရိုင်တရားရုံးကို PDF ၊ တပ်ရင်း – ၇၈၀၅ ၊ တပ်ခွဲ – ၄ ၊ UG အဖွဲ့က လက်ပစ်ဗုံး ၁ လုံး ပစ်သွင်း တိုက်ခိုက်ခဲ့ရာ ရုံးဝန်ထမ်းကားများ ထိခိုက်ပျက်စီးခဲ့ပြီး ထိခိုက်ပျက်စီးမှု အခြေအနေကို ဆက်လက် စုံစမ်းလျက်ရှိကြောင်း သိရသည်။ “ကျွန်တော်တို့အဖွဲက အထိခိုက်မရှိ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။ … Read more

မြဝတီမြို့ဦးတည်နေသည့်စစ်ကြောင်းမှ သံချပ်ကာယာဥ်တစ်စီးကို တော်လှန်ရေးအဖွဲ့များဖျက်ဆီး

တိုက်ပွဲပြင်းထန်နေပြီး သုံးရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ် ၆၀ခန့်သေဟု ကျားဖြူစစ်ကြောင်း ပြော “ပြည်သူတွေ စိတ်မပူပါနဲ့။ ကျွန်တော်တို့ အဲဒီစစ်ကြောင်း မြဝတီကိုမရောက်နိုင်အောင် တားဆီးပါမယ်” – ကျားဖြူစစ်ကြောင်း ဒုစစ်ကြောင်းမှူး ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၌ ဆက်လက်တိုက်ပွဲပြင်းထန်နေပြီး ယနေ့တွင် မြဝတီမြို့သို့ ဦးတည်နေသည့် စစ်ကောင်စီတပ်၏ သံချပ်ကာယာဥ်တစ်စီး ဖျက်ဆီးနိုင်ခဲ့ပြီး သုံရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၆၀ခန့်သေဆုံးကြောင်း ကျားဖြူစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ဗိုလ်မှူးကျော်ဟိန်းကပြောသည်။ “ပြည်သူတွေ စိတ်မပူပါနဲ့။ ကျွန်တော်တို့ အဲဒီစစ်ကြောင်း မြဝတီကိုမရောက်နိုင်အောင် တားဆီးပါမယ်”ဟု ကျားဖြူစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။ စစ်ကောင်စီ၏ အမှတ်(၅၅)ခြေမြန်တပ်မဌာနချုပ်မှ သံချပ်ကာယာဥ် ရှစ်စီးနှင့် ကားအစီးရေ ၂၂စီးဖြင့် ခန့်မှန်းအင်အား ၅၀၀ခန့်ပါရှိသော ယာဥ်တန်းသည် ကော့ကရိတ်မြို့သို့ ဧပြီ ၁၁ရက်က ရောက်ရှိလာသည်။ ဧပြီ ၁၂ရက်တွင် … Read more