ဆင်ဘိုမြို့ ခလရ ၁၄၁ တပ်ရင်းစခန်းသိမ်းတိုက်ပွဲတွင် မိုးမောက် ၄၃၇ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးကို ဒဏ်ရာများဖြင့် အရှင်ဖမ်းဆီးရရှိ
ဆင်ဘိုမြို့ ခလရ ၁၄၁ တပ်ရင်းစခန်းသိမ်းတိုက်ပွဲတွင် မိုးမောက် ၄၃၇ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးကို ဒဏ်ရာများဖြင့် အရှင်ဖမ်းဆီးရရှိပြီး ခမရ ၄၃၈ တပ်ရင်းမှူးမှာ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုအတွင်း ဗုံးမှားကျဲ၍ သေဆုံး ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ဆင်ဘိုမြို့ ခလရ ၁၄၁ တပ်ရင်းစခန်းသိမ်းတိုက်ပွဲတွင် မိုးမောက် ၄၃၇ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးကို ဒဏ်ရာများဖြင့် အရှင်ဖမ်းဆီးရရှိပြီး ခမရ ၄၃၈ တပ်ရင်းမှူး၊ ဒုတိယဗိုလ်မှူးကြီးမှာမူ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုအတွင်းသေဆုံးသွားကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်ကပြောဆိုသည်။ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှစတင်ပြီး မြစ်ကြီးနားမြို့နယ်၊ ဆင်ဘိုမြို့ ရှိ ခလရ ၁၄၁တပ်ရင်းကို KIAက စတင်ထိုးစစ်ဆင်တိုက် ခိုက်ခဲ့ကြောင်း၊ ယင်းနောက် KIA က ခလရ ၁၄၁ တပ်ရင်းကို တိုက်လိုက် […]