ကလေးမြို့ စစ်ကောင်စီတပ်အခြေစိုက် ၂ နေရာကို ဒရုန်းဖြင့်တိုက်ခိုက်
စစ်ကိုင်းတိုင်း ၊ ကလေးမြို့ရှိ စစ်ကောင်စီတပ်အခြေစိုက်တပ်စွဲထားသည့် နေရာနှစ်ခုကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း Wings of Kalay အဖွဲ့က ဧပြီလ ၂၂ ရက်နေ့တွင် ထုတ်ပြန်သည်။ ကလေးမြို့အစွန် တောင်ဘက်ရှိ အဖွဲ့စက်ဂိတ်တွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဧပြီလ ၂၁ရက်နေ့တွင် Fixed Wing ဒရုန်းများအသုံးပြုကာ ဗုံးသီးငါးလုံးချ၍ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ တဖန် ဧပြီလ ၂၂ ရက်နေ့တွင် အင်အား ၁၀၀ ခန့်ဖြင့် ကလေးတက္ကသိုလ်တွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဒရုန်းအသုံးပြုကာ ဗုံးလေးလုံးဖြင့် ဆက်လက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ “ကျောင်းဝင်းထဲမှာကတော့ ထိခိုက်သေဆုံးတာမသိရဘူး ၊ ဝင်းထဲမှာနေကြတာဆိုတော့ သတင်းထောက်လို့မရသေးဘူး၊ အဖွဲ့စက်မှာတော့ ဘန်ကာပျက်ပြီးသေတာတွေကို ပြန်သိရတယ်” ဟု Wings of Kalay တာဝန်ရှိသူကပြောသည်။ အဖွဲ့စက်ဂိတ် ဗုံးချတိုက်ခိုက်ရာတွင် … Read more