Author: Tartay

  • ငပလီရှိ တပ်မိသားစုဝင်များ ထွက်ပြေးရန် နာရေးကားများကို ငှားရမ်း

    ငပလီရှိ တပ်မိသားစုဝင်များ ထွက်ပြေးရန် နာရေးကားများကို ငှားရမ်း

    ရခိုင်ပြည်နယ် သံတွဲမြို့ ငပလီကမ်းခြေရှိ စစ်ကောင်စီတပ်စခန်းမှ တပ်မိသားစုဝင်များ ရန်ကုန်သို့ပြေးရန် နာရေးကားများကိုငှားရမ်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ ၂၀၂၄ ခုနှစ် ဇွန်လ(၂၃)ရက်နေ့ ညနေပိုင်းတွင် အာရက္ခတပ်တော်(AA)သည် လေဆိပ်အနီး Amazing ဟိုတယ်အထိ ထိန်း ချုပ်ထားကာ လေဆိပ်အတွင်းမှ ပြည်သူ့စစ်များက ခုခံ‌နေပြီး တပ်မိသားစုဝင်များလည်း ရန်ကုန်သို့ထွက်ပြေးရန် နာ‌ရေကားများကိုငှားရမ်းနေကြကြောင်း သိရသည်။ “မြေပြင်က နာရေးကားက ရန်ကုန်သွားရင် အငှားလိုက်ပေးတာ။ နာ ရေးကားဆိုပေမယ့် ပြောင်းမယ်၊ ရွေ့မယ်ဆိုရင်လည်း လိုက်ပေးတယ်။ အဲ့ဒါ ညနေ(၄)နာရီလောက်က တပ်မိသားစုတွေက ငှားကြတာရှိတယ်။ ချက်ခြင်း ကား(၃၊ ၄)စီးလိုတာမျိုးငှားကြတယ်။”ဟု ဒေသခံတစ်ဦးက ယနေ့ ဇွန်လ(၂၃)ရက်နေ့ ည(၉)နာရီခွဲတွင်ပြောသည်။ ထို့အပြင် လေဆိပ်အနီးရှိ ခမရ(၅၆၆)မှ တပ်သားများ ခလရ (၅၅)တပ်အတွင်းသို့ သွားရောက်ပူးပေါင်းနေကာ လက်နက်ချရန်လုပ်သည်ဆိုသည့်…

  • သံဃာတော်များက  ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် စတင်ပြုလုပ်ပြီ

    သံဃာတော်များက ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် စတင်ပြုလုပ်ပြီ

    နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင် ဝင်းနိမ္မိတာရုံ ဆရာတော်ကို စစ်တပ်က ပစ်သတ်မှုကြောင့် စစ်ကောင်စီကို သံဃာတော်များက ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် စတင်ပြုလုပ်ပြီ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှ သံဃာတော်များက နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင် ဝင်းနိမ္မိတာရုံ ဆရာတော်ကို စစ်တပ်က ပစ်သတ်မှုကြောင့် စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် စတင်ပြုလုပ်လိုက်ပြီဖြစ်ကြောင်း တရားဝင် ကြေညာလိုက်သည်။ ပတ္တနိက္ကုဇ္ဇန ကံဆောင်ခြင်း ဆိုသည်မှာ စစ်ကောင်စီကို သံဃာထုက အဆက်အဆံ မပြုရန် တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ချက် ချခြင်းဖြစ်ကြောင်း၊ ၂၀၀၇ ခုနှစ်တွင်လည်း ပခုက္ကူမြို့မှ သံဃာတော်များကို စစ်တပ်က ဓာတ်တိုင်တွင် ကြိုးတုပ် ရိုက်နှက်ခဲ့သဖြင့် ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် ပြုလုပ်ရာမှ ရွှေဝါရောင် တော်လှန် ရေး ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။ ပတ္တနိက္ကုဇ္ဇန ကံဆောင်ရာတွင် သပိတ်မှောက်…

  • ချောင်းဦးရှိ ပျူစောထီးစခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဒရုန်းဗုံး ၅ လုံးချတိုက်ခိုက်

    ချောင်းဦးရှိ ပျူစောထီးစခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဒရုန်းဗုံး ၅ လုံးချတိုက်ခိုက်

    စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်အနောက်တောင်ဘက် ချင်း တွင်းမြစ်ကမ်းဘေးရှိ စစ်သားနဲ့ ပျူစောထီးတွေ အထိုင်ချတပ်စွဲထားတဲ့ ကံကြီးကုန်းရွာကို ဇွန် ၂၂ ရက်က တိုက်ခိုက်ခဲ့တယ်လို့ ယင်းမာပင်ခရိုင်တပ်ရင်း ၂၈ ဓားမဆိုင်းတပ်မတော်ဆီကသိရပါတယ်။ ကံကြီးကုန်းရွာ ဘုန်းတော်ကြီးကျောင်းမှာ စစ်သား၊ ရဲအင်အား ၂၀ ကျော်နဲ့ ပျူစောထီးတွေရှိပြီး ညနေ ၃ နာရီခန့်မှာ Fixed wing Drone ၂ စင်းနဲ့ ဗုံးသီး ၅ လုံးချ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ” ဗုံးသီး ၁၀ လုံးချတိုက်ဖို့ ၅ လုံးပဲချနိုင်ခဲ့တယ်။ သူတို့ဘက်က ကောင် တာပြန်ပစ်တယ်။ တပ်ဖွဲ့အနောက်မှာ ကျတဲ့လက်နက်ကြီးက ထန်းပင်တောင် ပျက်စီးသွားတယ်။ ပျူတွေနေတဲ့ရွာဆိုတော့ သေဆုံးထိခိုက်တာ မသိရသေးပါဘူး” လို့ ဓားမဆိုင်းတပ်မတော် တပ်ရင်းမှူး…

  • စုကလိစခန်းသိမ်းတိုက်ပွဲ သုံ့ပန်း ၂၀ ကျော်နှင့် လက်နက်အများအပြားရရှိဟု KNU ထုတ်ပြန်

    စုကလိစခန်းသိမ်းတိုက်ပွဲ သုံ့ပန်း ၂၀ ကျော်နှင့် လက်နက်အများအပြားရရှိဟု KNU ထုတ်ပြန်

    ကော့ကရိတ်အရှေ့ဘက်မှ စုကလိစခန်းသိမ်းတိုက်ပွဲ သုံ့ပန်း ၂၀ ကျော်နှင့် လက်နက်အများအပြားရရှိဟု KNU ထုတ်ပြန် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အရှေ့ခြမ်းမှ စုကလိမြို့အ‌ခြေစိုက် စစ်ကောင်စီတပ်စခန်းကို ဇွန်လ ၂၁ ရက်နေ့က အပြီးသတ်သိမ်းပိုက်ပြီး သုံ့ပန်း ၂၀ ကျော်နှင့် လက်နက်အများအပြားရရှိသည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) က ယနေ့ (ဇွန် ၂၃) တွင် သတင်းထုတ်ပြန်သည်။ ထိုစခန်းသည် အမှတ် (၁၃) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ (၅၆၀) မှ ဗိုလ်မှူးကြီး၀ဏ္ဏတိုးနှင့် ဒုတိယဗိုလ်မှူးကြီးသူရိန်ဦးတို့ ဦးဆောင်ကွပ်ကဲနေသောစခန်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ၎င်းတို့ကို လက်နက်ချရန် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) က မတ်လ ၂၅ မှ မတ်လ ၃၀ ရက်နေ့အထိ ၅ ရက်တိုင် စာဖြင့်…

  • တောင်ကုတ်မြို့မှထွက်ပြေးသည့် မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် စည်ပင်အရာရှိကို  စစ်ကောင်စီဖမ်းဆီး

    တောင်ကုတ်မြို့မှထွက်ပြေးသည့် မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် စည်ပင်အရာရှိကို စစ်ကောင်စီဖမ်းဆီး

    ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၌ တိုက်ပွဲများပြင်းထန်နေစဉ် ထွက်ပြေးသည့် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် စည်ပင်အရာရှိကို စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီက ပိတ်ဆို့ဖမ်းဆီးလိုက်သည်။ တောင်ကုတ်မြို့နယ်အုပ်ချုပ်ရေးမှူးဦးဇာနည်တိုးနှင့် မြို့နယ်စည်ပင်အုပ်ချုပ်ရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမောင်စိန်တို့ကို တောင် ကုတ်မြို့အထွက် စစ်စစ်ရေးဂိတ်တွင် ‌ဇွန်လ ၁၈ရက်တွင် ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။ ” ထွက်ပြေးတာဗျ။ ဂိတ်ကိုကျတော့ ဌာနတာဝန်ပုံစံမျိုးနဲ့ ဖြတ်တာ။ ဒါပေမယ့် သူတို့ရဲ့လက်အောက်ငယ်သားက စစ်တပ်ဂိတ်ကိုလှမ်းတိုင်လိုက်တာ”ဟု တောင်ကုတ်မြို့ခံတစ်ဦးက ပြောသည်။ ဦးဇာနည်တိုးနှင့် ဦးမောင်စိန်တို့နှစ်ဦးကို မည် သည့်နေရာတွင် ထိန်းသိမ်းထားသည်ကိုမသိရသေးဘဲ ဖမ်းဆီးခံရပြီး ငါးရက်အအကြာ ယနေ့(ဇွန်လ ၂၃ ရက်)အထိ မိသားစုဝင်များနှင့်အဆက်အသွယ်မရရှိကြောင်း ဒေသခံများကပြောသည်။ လက်ရှိတွင် တောင်ကုတ်မြို့အတွင်းတိုက်ပွဲဖြစ်ပွားခြင်းမရှိသေးသော်လည်း မြို့ပတ်ဝန်းကျင်၌ အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီ စစ်ရေးတင်းမာနေသည်။ ရခိုင်ပြည်နယ်နှင့် ပဲခူးတိုင်း ဆက်သွယ်ထားသည့် တောင်ကုတ်- ပန်းတောင်း ကားလမ်းပိုင်းတွင် ဇွန်လ ၂၀ရက်က…

  • KIA ထိုးစစ်ဆင်နေသည့် စတပ်စခန်းသုံးခုအနက် ဝှေလုံစခန်းကို ယနေ့ သိမ်းပိုက်

    KIA ထိုးစစ်ဆင်နေသည့် စတပ်စခန်းသုံးခုအနက် ဝှေလုံစခန်းကို ယနေ့ သိမ်းပိုက်

    ဖားကန့်ဒေသအတွင်း KIA ထိုးစစ်ဆင်နေသည့် စတပ်စခန်းသုံးခုအနက် ဝှေလုံစခန်းကို ယနေ့ သိမ်းပိုက် ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝှေလုံတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ယနေ့(ဇွန်လ ၂၃ရက်) ညပိုင်း၌ သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ စစ်ရေးအရ အရေးပါသည့် ဖားကန့် – အင်းတော်ကြီးဒေသမှ ဝှေလုံစခန်း၊ ညောင်ပင်စခန်း၊ချောင်း၀ စခန်းများကို KIA ပူးပေါင်းတပ်က ဇွန်လ ၂၂ရက် နံနက်အစောတွင် စတင်ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ စခန်းများအနက် ဝှေလုံတပ်စခန်းကို ဇွန်လ ၂၃ရက် ည ၆နာရီ ၄၅ မိနစ် ခန့်တွင် သိမ်းပိုက်နိုင်ခဲ့သည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ “ဝှေလုံ စခန်းကို ငါတို့ KIA ပူးပေါင်းတပ်ဖွဲ့က အပြီးအစီး တိုက်ခိုက်သိမ်းပိုက်လိုက်ပါပြီ။ ညောင်ပင်စခန်းနဲ့ ချောင်း၀စခန်းကို ဆက်လက်တိုက်ခိုက်နေတယ်”ဟု…

  • အင်းစိန်ထောင်မှ အကျဉ်းသားများ ဒိုက်ဦးနှင့် သာယာဝတီအကျဉ်းထောင်များကို ပြောင်းရွှေ့၊

    အင်းစိန်ထောင်မှ အကျဉ်းသားများ ဒိုက်ဦးနှင့် သာယာဝတီအကျဉ်းထောင်များကို ပြောင်းရွှေ့၊

    အင်းစိန်ထောင်မှ နိုင်ငံရေး အကျဉ်းသားများ အပါအဝင် အခြားအကျဉ်းသားများကို ဒိုက်ဦးနှင့် သာယာဝတီအကျဉ်းထောင်များကို ပြောင်းရွှေ့၊ စစ်ဆင်ရေး တစ်ရပ်အသွင် ထောင်ပြောင်းရွှေ့နေ ရန်ကုန်မြို့၊ အင်းစိန်ဗဟိုအကျဉ်းထောင်မှ နိုင်ငံရေး အကျဉ်းသားများ အပါအဝင် အခြားအကျဉ်းသားများကို ခရီးသည်တင်ကား ၅ စီးဖြင့် ဒိုက်ဦးအကျဉ်းထောင်နှင့် သာယာဝတီအကျဉ်းထောင်သို့ ထောင်ပြောင်းရွှေ့ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ဦးဆောင် ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောကြားသည်။ ယနေ့ ဇွန်လ ၂၃ ရက်နေ့ နံနက် ၅ နာရီခန့်တွင် ခရီးသည်တင်ကား ၅ စီးဖြင့် နိုင်ငံရေးအကျဉ်းသားများ အပါအဝင် အခြားအကျဉ်းသားများကို ထောင်ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ ” ခန့်မှန်းအင်အား ၂၅၀ လောက်ပြောင်းသွားတာ သိရပေမယ့် အသေးစိတ်အချက်အလက်တွေ စုံစမ်းနေတုန်းပါ။ ဒါက သောကြာနေ့လို့…

  • ဆခမကျေးရွာကျောင်းဆရာတော်ကို စစ်တပ်က ပစ်ခတ်သဖြင့် ပျံလွန်တော်မူ

    ဆခမကျေးရွာကျောင်းဆရာတော်ကို စစ်တပ်က ပစ်ခတ်သဖြင့် ပျံလွန်တော်မူ

    မြင်းခြံမြို့နယ်တွင် ဆခမကျေးရွာကျောင်းဆရာတော်ကို စစ်တပ်က ပစ်ခတ်သဖြင့် ပျံလွန်တော်မူ၊ စစ်လော်ဘီများက PDF က ပစ်ခတ်သည်ဟု လိမ်လည်ပြန် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် ဆခမ ကျေးရွာမှ ဆရာတော်ကို စစ်တပ်က ပစ်ခတ်သဖြင့် ပျံလွန်တော်မူသွားကြောင်း ဒေသခံပြည်သူများကပြောဆိုသည်။ ဇွန်လ ၂၂ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်အချိန် မြင်းခြံမြို့နယ် ၊မြို့ပတ်လမ်း၊မောင်ရင်မောင်နှင့် ဆခမ အကြားတွင် ကင်းပုန်းဝပ်နေသည့်စစ်တပ်က ဆခမကျောင်းဆရာတော်လိုက်ပါသော လူမှုကူညီရေးအသင်းကားကို ပစ်ခတ်သဖြင့် ဆရာတော် ပျံလွန်တော်မူရခြင်းဖြစ်ကြောင်း၊ ဆရာတော်က ကျေးရွာမှ အရေး ကြီးလူနာကို မြင်းခြံမြို့သို့ လာရောက်ပို့ဆောင်စဉ် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း သိရှိရသည်။ “ရွာမှာရှိတဲ့ လူနာက အရေးကြီးနေတော့ ဘုန်းဘုန်းက သူကိုယ်တိုင်လိုက်ပို့တာ။ မြင်းခြံ မြို့အထွက် ဂိတ် လေး မှာတင်…

  • အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ၏ ရှေ့ကာ စခန်းဖြစ်သော တောဟိန်းတောင်ဗျူဟာကုန်းကို AA က အပြီးသတ်

    အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ၏ ရှေ့ကာ စခန်းဖြစ်သော တောဟိန်းတောင်ဗျူဟာကုန်းကို AA က အပြီးသတ်

    အမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ၏ ရှေ့ကာ စခန်းဖြစ်သော တောဟိန်းတောင်ဗျူဟာကုန်းကို AA က အပြီးသတ်တိုက်ခိုက်သိမ်းပိုက် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)၏ ရှေ့ကာ စခန်းဖြစ်သော ကဇူးကိုင်း၊ တောဟိန်းတောင်ဗျူဟာကုန်းကို AA က အပြီး သတ်တိုက်ခိုက်သိမ်းပိုက်သွားပြီဖြစ်ကြောင်း စစ်ကောင်စီ၏ စစ်ဘက်သတင်းရင်းမြစ်ကပြောဆိုသည်။ ဇွန်လ ၂၃ ရက်နေ့ နံနက် ၂ နာရီ ကျော်အချိန်တွင် အမ်းမြို့နယ်၊ ကဇူးကိုင်း၊ တော ဟိန်းတောင်ဗျူဟာကုန်းစခန်းနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့ အဆက်အသွယ် လုံး၀ ပြတ်တောက်သွားကြောင်း၊ အဆိုပါ တောဟိန်းတောင်ဗျူဟာကုန်းကို AA က မတ်လ နောက်ဆုံးအပတ်မှစတင်၍ ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး ဇွန်လ ၂၃ ရက်နေ့တွင် အဆက်အသွယ် လုံး၀ ပြတ်တောက်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။ “ကဇူးကိုင်း ဗျူဟာကုန်း ကျသွားပြီလို့…

  • တောင်ကုတ်သို့ စစ်ကူသွားသော စစ်ကြောင်းကို AA က ကြားဖြတ်တိုက်

    တောင်ကုတ်သို့ စစ်ကူသွားသော စစ်ကြောင်းကို AA က ကြားဖြတ်တိုက်

    တောင်ကုတ်သို့ စစ်ကူသွားသော စစ်ကြောင်းကို AA က ကြားဖြတ်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၆၀ ကျော်သေဆုံးပြီး စစ်ကြောင်း ပျက်သွား၊ စစ်ကောင်စီတပ်ဖွဲ့ ဝင်များ အဆက်အသွယ် ပြတ်တောက်နေ ရခိုင်ပြည် တောင်ကုတ်မြို့နယ် နေပူတောင်အနီးတစ်ဝိုက်တွင် အာရက္ခတပ်တော် AA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ၆၀ ကျော်သေဆုံးပြီး စစ် ကြောင်း ပျက်သည်အထိ ကစဉ့်ကလျား ဖြစ်သွားကြောင်း စစ်တပ်သတင်းရင်းမြစ်များထံမှ သိရှိရသည်။ ဇွန်လ ၂၀ ရက်နေ့ ပဲခူးတိုင်း၊ ပြည်မြို့နယ်ဘက်က ဆင်းလာသော အင်အား ၁၅၀ ကျော်ပါ စစ်ကောင်စီ စစ်ကြောင်းကို တောင်ကုတ် ၊ နေပူတောင်အနီးတွင် AA က ကြားဖြတ်တိုက်ခိုက်ရာမှ စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုများပြားခြင်းဖြစ်ကြောင်း၊ အဆိုပါ စစ်ကြောင်းသည် တောင်ကုတ်မြို့နယ်တွင်…