ထိုင်းတွင် မြန်မာလုပ်သား ၄၀၀ အထက်ရှိ လုပ်ငန်းခွင်များသို့ စစ်ကောင်စီသံရုံးက ကွင်းဆင်းပြီး နိုင်ငံကူးလက်မှတ်နှင့် CI လုပ်ပေးမည်ဟု ကြေညာ
ထိုင်းတွင် မြန်မာလုပ်သား ၄၀၀ အထက်ရှိ လုပ်ငန်းခွင်များသို့ စစ်ကောင်စီသံရုံးက ကွင်းဆင်းပြီး နိုင်ငံကူးလက်မှတ်နှင့် CI လုပ်ပေးမည်ဟု ကြေညာမှု အခွန်ငွေ ရရှိရေးနှင့် ကိုယ်ရေးအချက်အလက် ကောက်ယူမှုဖြစ်၍ အထူးသတိထားရန် လိုအပ် ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ မြန်မာသံရုံးက မြန်မာအလုပ်သမား ၄၀၀ အထက်ရှိ လုပ်ငန်းခွင်များသို့ ကွင်းဆင်း၍ နိုင်ငံကူးလက်မှတ်နှင့် CI များ သက်တမ်းတိုးရေး ဆောင်ရွက်ပေးမည်ဟု ကြေညာလာမှုမှာ အခွန်ငွေအလုံးအရင်းနှင့် ရရှိရေး၊ ထိုင်းရောက် မြန်မာများ၏ ကိုယ်ရေးအချက်အလက်များရရှိရေး ကြိုးပမ်းချက်ဖြစ်၍ သတိထားရန်လိုအပ်ကြောင်း Myanmar Humanitarian Action Centre အဖွဲ့၏ တာဝန်ခံ အေအေစီ ကိုရဲမင်းက ပြောကြားသည်။ ထိုင်းနိုင်ငံမှ စက်ရုံ အလုပ်ရုံနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် နိုင်ငံကူးလက်မှတ်နှင့် CI သက်တမ်းတိုးရမည့် […]