စစ်ကြောင်းထိုးပြီး မီးရှို့ဖျက်ဆီးရန် ဓာတ်ဆီပုံးများ ကားဖြင့်တင်ဆောင်လာ၍ ပြည်သူများ ထွက်ပြေးနေရ
အုတ်ဖို ပဲခူးရိုးမအစပ်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးပြီး မီးရှို့ဖျက်ဆီးရန် ဓာတ်ဆီပုံးများ ကားဖြင့်တင်ဆောင်လာ၍ ပြည်သူများ ထွက်ပြေးနေရ နတ်မောက်တွင်လည်း ကျောက်ချောရွာကို စစ်တပ်က စီးနင်းနေ ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ပဲခူးရိုးမအစပ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးပြီး မီးရှို့ဖျက်ဆီးရန် ဓာတ်ဆီပုံးများ ကားဖြင့်တင်ဆောင်လာ၍ ပြည်သူများ ထွက်ပြေးနေရကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။ ဒီဇင်ဘာလ ၇ ရက်နေ့က စတင်ပြီး အုတ်ဖိုမြို့နယ်၊ ပဲခူးရိုးမ အစပ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးရန် ဓာတ်ဆီပုံးများ ကားဖြင့် တင်ဆောင်လာ၍ ကျေးရွာ ၄ ရွာကျော်မှ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ လက်ရှိချိန်တွင် တံငါကုန်းရွာ ၊ […]