မြင်းခြံ၊ သစ်ရုံရွာကို စစ်တပ်က ဝင်ရောက် စီးနင်းစဉ် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြား
မြင်းခြံ၊ သစ်ရုံရွာကို စစ်တပ်က ဝင်ရောက် စီးနင်းစဉ် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားကာ တော်လှန်ရေး ရဲဘော် ၂ ဦးကျဆုံး စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၃ ဦးသေဆုံးပြီး နေအိမ် ၂၀၀ ခန့်ကို မီးရှို့ဖျက်ဆီး မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ သစ်ရုံရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းစဉ် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားကာ တော်လှန်ရေး ရဲဘော် ၂ ဦးကျဆုံးခဲ့ကြောင်း မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက ပြောဆိုသည်။ ယနေ့ ဒီဇင်ဘာလ ၆ ရက်နေ့ နံနက် ၆ နာရီခန့်တွင် သစ်ရုံရွာကို အကြမ်းဖက် စစ်သားများနှင့် ပျူစောထီးများက ဝင်ရောက် စီးနင်းခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့များနှင့် […]