ICJ တရားရုံးတွင် မြန်မာနိုင်ငံကို ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုဖြင့် တရားစွဲထားသော တရားလို ဂမ်ဘီယာနိုင်ငံဘက်မှ ဆလိုဗေးနီးယားနိုင်ငံ ပါဝင်လာပြီး ဂမ်ဘီယာနှင့်အတူ ရပ်တည်ပါဝင်လာသော နိုင်ငံပေါင်း ၈ ခုရှိလာ
ICJ တရားရုံးတွင် မြန်မာနိုင်ငံကို ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုဖြင့် တရားစွဲထားသော တရားလို ဂမ်ဘီယာနိုင်ငံဘက်မှ ဆလိုဗေးနီးယားနိုင်ငံ ပါဝင်လာပြီး ဂမ်ဘီယာနှင့်အတူ ရပ်တည်ပါဝင်လာသော နိုင်ငံပေါင်း ၈ ခုရှိလာ ကမ္ဘာ့ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ တွင် မြန်မာနိုင်ငံကို ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုဖြင့် တရားစွဲထားသော တရားလို ဂမ်ဘီယာနိုင်ငံဘက်မှ ဆလိုဗေးနီးယားနိုင်ငံကပါ ပါဝင်ရန် လျှောက်ထားလာပြီး ဂမ်ဘီယာနှင့်အတူ ရပ်တည်သော နိုင်ငံပေါင်း ၈ နိုင်ငံရှိလာကြောင်း ICJ တရားရုံးက တရားဝင် သတင်းထုတ်ပြန်သည်။ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ဆလိုဗေးနီးယားနိုင်ငံက ဂမ်ဘီယာနှင့်မြန်မာ အမှုတွင် ဂမ်ဘီယာဘက်မှ ရပ်တည်ပါဝင်ရန် Article 63 အရ လျှောက်ထားလာကြောင်း၊ ယခင်ကလည်း ဂမ်ဘီယာဘက်မှ ပါဝင်နေသော နိုင်ငံပေါင်း ၇ ခုရှိရာ ဆလိုဗေးနီးယားနိုင်ငံပါ ပါဝင်လာသဖြင့် […]