ပြင်စည် လျှပ်စစ် ဓာတ်အားခွဲရုံ၊ ရဲစခန်း နှင့် စာသင်ကျောင်းတို့ကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး
နွားထိုးကြီးမြို့နယ်တွင် စစ်တပ် တပ်စွဲထားသော ပြင်စည် လျှပ်စစ် ဓာတ်အားခွဲရုံ၊ ရဲစခန်း နှင့် စာသင်ကျောင်းတို့ကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ပြင်စည်လျှပ်စစ်ဓာတ်အားခွဲရုံ၊ ရဲစခန်းနှင့်စာသင်ကျောင်းတို့ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်း နွားထိုးကြီး PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ဒီဇင်ဘာလ ၂ ရက်နေ့ နံနက် ၆ နာရီခန့်တွင် အင်အား ၃၀ ခန့်ဖြင့် တပ်စွဲထားသော နွားထိုးကြီးမြို့နယ်၊ ပြင်စည်လျှပ်စစ်ဓာတ်အားခွဲရုံရှိ အကြမ်း ဖက်စစ်သားများကို ဒရုန်းဖြင့် ၄ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး မြေပြင်ရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီး၊ […]