စစ်အုပ်စု လုံခြုံရေး ယူခိုင်းပြီး ဝမ်ပေါင်ကုမ္ပဏီက လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်ငန်း အားလုံးနီးပါး ပြန်လည်ပတ်
စစ်အုပ်စု လုံခြုံရေး ယူခိုင်းပြီး ဝမ်ပေါင်ကုမ္ပဏီက လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်ငန်း အားလုံးနီးပါး ပြန်လည်ပတ် စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာရှိတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်ငန်းတွေ အားလုံးနီးပါး ပြန် လည်ပတ်နေသလို စက်ရုံထွက် ကြေးနီတွေကိုလည်း တရုတ်ဝမ်ပေါင်ကုမ္ပဏီက တစ်လတစ် ကြိမ်နှုန်းနဲ့ စစ်အုပ်စု လုံခြုံရေးကို အသုံးချပြီး ကုန်းကြောင်း၊ ရေကြောင်းကနေ သယ်ယူနေတယ်လို့ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ် ဦးဆောင်ကော်မတီ ခေါင်းဆောင် ကိုလွမ်းသူက ပြောပါတယ်။ “အခုကတော့ ကြေးနီတွေ သယ်နေတာက လစဉ် ပုံမှန်လိုလို သယ်ထုတ်နေတာပေါ့။ တစ်လကို တစ်ကြိမ်နှုန်းနဲ့ ကြေးနီတွေ သယ်ယူနေတာ။ ကြေးနီတွေ သယ်တာကတော့ ဒီနှစ် ဇူလိုင်လ လောက်ကမှ စသယ်နေတာပေါ့။ အဲဒီ အချိန်တုန်းက ကျနော်တို့လည်း စစ်ဘေး ရှောင်လိုက်ရသေးတယ်။ […]