စစ်အာဏာသိမ်းထားသော မြန်မာနိုင်ငံက ကမ္ဘာ့ငွေကြေးခဝါချမှု အန္တရာယ်အများဆုံးသော နံပါတ် ၁ နိုင်ငံအဖြစ် အဆင့်သတ်မှတ်စာရင်းဝင်
စစ်အာဏာသိမ်းထားသော မြန်မာနိုင်ငံက ကမ္ဘာ့ငွေကြေးခဝါချမှု အန္တရာယ်အများဆုံးသော နံပါတ် ၁ နိုင်ငံအဖြစ် အဆင့်သတ်မှတ်ခံရပြီး ထိပ်တန်းနိုင်ငံအဖြစ် စာရင်းဝင်လာကြောင်း ဆွစ်ဇာလန်နိုင်ငံအခြေစိုက်Basel Institute on Governance က အစီရင်ခံစာထုတ်ပြန်လိုက်သည်။ ယခု ၂၀၂၄ ခုနှစ်အတွက် ထုတ်ပြန်လိုက်သော 2024 Basel AML Index အရ မြန်မာနိုင်ငံက ကမ္ဘာ့အန္တရာယ်အများဆုံး ငွေကြေးခဝါချသည့် နံပါတ် ၁ နိုင်ငံအဖြစ် အဆင့်သတ်မှတ်ခံရကြောင်း၊ ဟေတီနှင့် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတို့က ဒုတိယနှင့် တတိယနေရာတွင် အသီးသီး ရပ်တည်နေကြောင်း ၊ အာဖရိကနိုင်ငံများမှာလည်း ငွေကြေးခဝါချသည့် ကမ္ဘာ့ထိပ်တန်း ၁၀ နိုင်ငံစာရင်းတွင် ပါဝင်လာကြောင်း သိရှိရသည်။ ကမ္ဘာ့ငွေကြေးခဝါချမှု စောင့်ကြည့်ရေး Basel Institute on Governance (Basel AML Index) […]