ယင်းမာပင်မြို့ပေါ် ရဲစခန်းနှင့် ကြေးနီ ယာဉ်တန်းကို ဒရုန်း၊ မိုင်းများဖြင့် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ပေါ် ရဲစခန်းနှင့် ကြေးနီ ယာဉ်တန်းကို ဒရုန်း၊ မိုင်းများဖြင့် တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်မှုရှိကြောင်း Ar Lar Wa Ka LPDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ယင်းမာပင်မြို့ပေါ် ရဲစခန်းကို Ar Lar Wa Ka LPDF နှင့် မဟာမိတ် တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ယင်းမာပင်မြို့ပေါ်ရှိ မြောက်ယမားချောင်းအနီးတွင် ကြေးနီကား ယာဥ်တန်းကို Ar Lar […]