News

မုံရွာ နှင့်ချောင်းဦးမြို့နယ်ရှိ စစ်စခန်းနှင့် စစ်တပ်စစ်ဆေးရေးဂိတ် တို့ကို ဒရုန်းဖြင့် တိုက်ခိုက်

မုံရွာ နှင့်ချောင်းဦးမြို့နယ်ရှိ စစ်စခန်းနှင့် စစ်တပ်စစ်ဆေးရေးဂိတ် တို့ကို ဒရုန်းဖြင့် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံး စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် တောပုပျူစောထီးရွာ၊ ညောင်ဖြူပင်ရွာရှိ အကြမ်း ဖက် စစ်စခန်းနှင့် ချောင်းဦးမြို့နယ် မြပုလဲဆီဆိုင် စစ်တပ် စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးခဲ့ကြောင်း Tiger Brothers People’s Defense Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ နိုဝင်ဘာလ ၆ ရက်နေ့ နံနက် ၆ နာရီမှ ၉ နာရီအချိန်အထိ မုံရွာမြို့နယ်၊ တောပု ပျူစောထီးရွာ၌ တပ်စွဲထားသော ပျူစောထီး ခေါင်းဆောင် နေအိမ်နှင့် အကြမ်း ဖက် စစ်သားများ နေထိုင်သော […]

မုံရွာ နှင့်ချောင်းဦးမြို့နယ်ရှိ စစ်စခန်းနှင့် စစ်တပ်စစ်ဆေးရေးဂိတ် တို့ကို ဒရုန်းဖြင့် တိုက်ခိုက် Read More »

စစ်မှုထမ်းသင်တန်းကျောင်းက ထွက်ပြေးသူ နှစ် ရာကျော်ရှိ အရာရှိ ၆ ယောက် အစစ်ခံရ

စစ်မှုထမ်းသင်တန်းကျောင်းက ထွက်ပြေးသူ နှစ် ရာကျော်ရှိ အရာရှိ ၆ ယောက် အစစ်ခံရ စစ်မှုထမ်းသင်တန်းကျောင်းကနေ ထွက်ပြေးသွားတဲ့ သင်တန်းသားနဲ့တပ်သားသစ် နှစ်ရာကျော်ရှိပြီး အဲ့ဒီကိစွအတွက် စုံခုံအစစ်ခံနေရတဲ့ အရာရှိ ခြောက်ယောက်ရှိတယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့သ တင်းအရင်းအမြစ်တွေဆီက သိရပါတယ်။ စစ်မှုထမ်းအပါတ်စဥ် ၁ ကနေ ၆ အထိ သင်တန်းဆ င်းပြီးတဲ့ တပ်သားသစ်နဲ့ သင်တန်းတက်နေတဲ့ သင်တန်းသားတွေဟာ ပုံစံအမျိုးမျိုးနဲ့ထွက်ပြေးခဲ့ တာကြောင့် သင်တန်းကျောင်း တာဝန်ရှိသူတွေ စစ်ဆေးခံရတာလို့ သင်တန်းကျောင်းနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က ဒီဗွီဘီ ကိုပြောပါတယ်။ “စိတ်မပါဘဲ သင်တန်းတက်နေရတော့ ရတဲ့အချိန်ထွက်ပြေးမှာပဲ နောက်တခုက ရှေတန်းရောက်ရင်သေမယ်ဆိုတာအသိနဲ့ ထွက်ပြေးကြတာလည်းရှိတယ် အဲ့ကိစွနဲ့ ပလောက် ရန်ကုန် တန့်ယန်း အုတ်တွင်း နဲ့တောင်တွင်းကြီးသင်တန်းကျောင်းက အရာရှိတွေကိုစုံခုံစစ်နေတယ် “လို့ ရှင်းပြပါတယ်။ စစ်မှုထမ်းဆင့်ခေါ်ရာမှာ တပ်တွင်းပြိုကွဲမှု့မဖြစ်

စစ်မှုထမ်းသင်တန်းကျောင်းက ထွက်ပြေးသူ နှစ် ရာကျော်ရှိ အရာရှိ ၆ ယောက် အစစ်ခံရ Read More »

ဟုမ္မလင်းနယ်မှ စစ်‌ကောင်စီတပ် နှင့် ရှမ်းနီ ပူးပေါင်းစခန်းကို KIA၊PDF ထပ်သိမ်း

ဟုမ္မလင်းနယ်မှ စစ်‌ကောင်စီတပ် နှင့် ရှမ်းနီ ပူးပေါင်းစခန်းကို KIA၊PDF ထပ်သိမ်း ဖားကန့်မြို့နယ်၊ ဆယ်ဇင်းရွာ နှင့် ဆက်စပ်နေသော စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်မှစစ်‌ကောင်စီတပ် နှင့် ရှမ်းနီတပ်(SNA)တပ်စွဲထားသောစခန်းတစ်ခုကို KIA၊PDF ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းယူလိုက်သည်။ ဟုမ္မလင်းမြို့နယ် ရွှေတွင်းရွာနှင့် စိုင်းပန်ရွာအနီးမှ SNA စခန်းကို နိုဝင်ဘာလ ၁၄ရက်တွင် စတင်တိုက်ခိုက်ပြီး ယနေ့( နိုဝင်ဘာလ ၁၉ရက်) နံနက်တွင် သိမ်းယူလိုက်ခြင်းဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ “နိုဝင်ဘာလ ၁၄ရက်ကစပြီး တိုက်ပွဲပြင်းထန်နေခဲ့တာပါ။ ‌ဒေသခံတွေကတော့ ရှောင်ရတယ်။ စခန်းကို အပြီး သိမ်းယူထားနိုင်တာပါ” ဟု ဟုမ္မလင်းမြို့နယ်မှ ဒေသခံတစ်ဦးကပြောသည်။ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် PDF ပူးပေါင်းတပ်သည် နိုဝင်ဘာလဆန်းပိုင်းကလည်း စစ်‌ကောင်စီနှင့် ရှမ်းနီတပ် အင်အား ၂၀၀ ခန့်တပ်စွဲထားသော ရှစ်မျက်နှာဘုရားကုန်းနှင့် ပန်ချယ်စခန်းကို

ဟုမ္မလင်းနယ်မှ စစ်‌ကောင်စီတပ် နှင့် ရှမ်းနီ ပူးပေါင်းစခန်းကို KIA၊PDF ထပ်သိမ်း Read More »

မတ္တရာကို လေကြောင်း ရေကြောင်းဖြင့် စစ်ဆင်

မန္တလေးကို ခြိမ်းခြောက်နေသော မတ္တရာမြို့နယ်ရှိ တော်လှန်ရေးတပ်များ၏ စခန်းများနှင့် မတ္တရာအရှေ့ခြမ်းရှိ ဖယောင်း တောင် ရွှေတွင်းများ ပြန်ရရန် စစ်ကောင်စီက နိုဝင်ဘာ ၉ ရက်မှစကာ ဝေဟင်ပစ်ကူဖြင့် စစ်ကြောင်းထိုးနေသလို ဧရာဝတီမြစ်အတွင်းမှ စစ်သင်္ဘောများဖြင်လည်း တိုက်ခိုက်နေသည်။ မတ္တရာသည် မန္တလေးနှင့် ၂၅ မိုင်ခန့် ဝေးပြီး ပြီးခဲ့သည့် ဇူလိုင်လ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကာလက မန္တလေးနှင့် ၈ မိုင်ခန့်အကွာရှိ အမှတ် ၅ လျှပ်စစ် နှင့်စက်မှုအင်ဂျင်နီယာတပ်ရင်း နှင့် အမှတ် ၂ တပ်သားသစ်စုဆောင်းရေးတပ် (စသခ ၂) တို့ရှိရာ ထီးတော်မိုးရွာအထိ တိုက်ပွဲများ ပျံ့နှံ့လာသလို ယခုအခါ အလယ်ပိုင်းတိုင်း အခြေစိုက်ရာ မန္တလေး နန်းတွင်းကို ပါ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခြင်း ခံနေရသည်။

မတ္တရာကို လေကြောင်း ရေကြောင်းဖြင့် စစ်ဆင် Read More »

အုတ်ဖိုတွင် သန်းခေါင်စာရင်းကောက်ရန် ရပ်ကွက်အတွင်းအော်နေသည့်အုပ်ကြီးတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် သန်းခေါင်စာရင်းကောက်ယူမည့်အစီအစဥ်အား ရပ်ကွက်အတွင်းလိုက်လံအော်နေသည့် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦးကို ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုမှ ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောသည်။ နိုဝင်ဘာ ၁၇ ရက် မွန်းလွဲ ၂နာရီခွဲခန့်က အုတ်ဖိုမြို့နယ်၊ လိပ်ဥကုန်းအုပ်စု အုပ်ချုပ်ရေးမှူးလည်းဖြစ် ပျူခေါင်းဆောင်တစ်ဦးလည်းဖြစ်သူ အောင်ဇော်(ခ)ဇော်ထွန်းအား အုတ်ဖိုတာဆုံ ရန်ကုန်-ပြည်ကားလမ်းဘေး ရဲကင်းအနီး လမ်းမပေါ်၌ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပြောက် ကျားတပ်ဖွဲ့-အုတ်ဖို၏ ရဲဘော်များက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။ “စာရင်းကောက်ဖို့ကျန်နေသေးတဲ့နေရာတွေကို လိုက်ကောက်ဖို့ သူက လိုက်အော်နေတာ။ အဲဒီတာဆုံနားက ရဲကင်းအဝင်လမ်းကြားလေးထဲမှာပေါ့။ သူတစ်ယောက်ထဲ အော်နေတဲ့အချိန်မှာ ကျနော်တို့ရဲဘော်က အနားကပ်ပြီး သေနတ်နဲ့တချက်ပဲပစ်လိုက်တာ။ ဘေး တိုက်အနေအထားမှာ ခေါင်းကျည်ထိပြီး နေ ရာတင်သေသွားတယ်”ဟု မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုမှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။ ပစ်ခတ်ခံရ၍ သေဆုံးသွားသော

အုတ်ဖိုတွင် သန်းခေါင်စာရင်းကောက်ရန် ရပ်ကွက်အတွင်းအော်နေသည့်အုပ်ကြီးတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး Read More »

ဗန်းမော်နှင့် မိုးမောက်ကြားတွင် တိုက်ပွဲဆက်လက် ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းမှဗုံးကြဲ တိုက်ခိုက်နေ

ဗန်းမော်နှင့် မိုးမောက်ကြားတွင် တိုက်ပွဲဆက်လက် ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းမှဗုံးကြဲ တိုက်ခိုက်နေ ကချင်ပြည်နယ်၊ ဗန်းမော်နှင့် မိုးမောက်ကြားတွင် စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တို့ တိုက်ပွဲဆက် လက်ပြင်းထန်နေပြီး လေကြောင်းတိုက်ခိုက်မှုများပါ စစ်ကောင်စီက ပြုလုပ်ခဲ့ကြောင်း သိရသည်။ ဗန်းမော်နှင့် မိုးမောက်ကြား ၊ ၇မိုင်ရှိ အောင်မြင်ကျေးရွာတွင် ယနေ့ နိုဝင်ဘာ ၁၈ရက်နေ့က တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီက မြေပြင်တွင် တင့်ကားများ ခြေလျင်စစ်ကြောင်း များအပြင် လေကြောင်းမှပါ ဗုံးကြဲတိုက်ခိုက်နေကြောင်း ကချင်သတင်းရင်းမြစ်ထံက သိရသည်။ “မနေ့ကတည်းက စစ်ကြောင်းထိုးလာလို့ KIA က ပြန်တိုက်တာပေါ့။ ဒီနေ့ကျ လေယာဉ်နဲ့ပါ ပစ်လာတယ်။ စစ်ကြောင်းထိုးတာက ခဏ ခဏရှိပြီ ၅မိုင်၊ ၆မိုင်နဲ့ ၇မိုင်ကြားမှာ အမြဲတိုက်ပွဲဖြစ်တယ်” ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

ဗန်းမော်နှင့် မိုးမောက်ကြားတွင် တိုက်ပွဲဆက်လက် ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းမှဗုံးကြဲ တိုက်ခိုက်နေ Read More »

လေယာဉ်ဖြင့် မှားယွင်း ဗုံးကျဲမှုကြောင့် စစ်သား ၂၀ ဦးထက်မနည်းသေဆုံး

မြင်းခြံတွင် စစ်တပ်က စစ်ကြောင်းထိုးနေပြီး တိုက်ပွဲများ နေ့စဉ် ပြင်းထန်နေကာ လေယာဉ်ဖြင့် မှားယွင်း ဗုံးကျဲမှုကြောင့် စစ်သား ၂၀ ဦးထက်မနည်းသေဆုံး၊ ချေဆေးရွာကိုလည်း စစ်တပ်က ရွာလုံးကျွတ် မီးရှို့ဖျက်ဆီး မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးနေပြီး တိုက်ပွဲများ နေ့စဉ် ပြင်းထန်နေကာ လေယာဉ်ဖြင့် မှားယွင်း ဗုံးကျဲမှုကြောင့် စစ်သား ၂၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း မြင်းခြံမြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ နိုဝင်ဘာလ ၁၃ ရက်နေ့မှ စတင်၍ မြင်းခြံမြို့နယ်အတွင်း အင်အား ၅၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲများ ဆက်တိုက် ပွဲနေပြီး စစ်တပ်က လေယာဉ်ဖြင့်

လေယာဉ်ဖြင့် မှားယွင်း ဗုံးကျဲမှုကြောင့် စစ်သား ၂၀ ဦးထက်မနည်းသေဆုံး Read More »

လောင်းလုံးမြို့မ ရဲစခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံး

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့မ ရဲစခန်းကို ဝင်ရောက် တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Guerilla Dawei (ထားဝယ်မြို့ပြ ပြောက်ကျားတပ်ဖွဲ့)မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက် ၈ နာရီခန့်တွင် လောင်းလုံးမြို့နယ်၊ လောင်းလုံးမြို့မ ရဲစခန်းအတွင်းရှိ အကြမ်းဖက် စစ်ကောင်စီတပ်သားများကို Guerrilla Dawei တပ်ဖွဲ့မှ တော်လှန်ရေး ရဲဘော်များက ထားဝယ် ပလဖ ၏ မြို့ပြစစ်ဆင်ရေး အဖြင့် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အနီးကပ်ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အဆိုပါ ပစ်ခတ်မှုသည် မိနစ် ၂၀ ခန့်ကြာမြင့်ခဲ့ပြီး Guerrilla Dawei တပ်ဖွဲ့က ပစ်ခတ်သော ၄၀ မမ ဗုံးသီး ထိမှန်ပြီး

လောင်းလုံးမြို့မ ရဲစခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံး Read More »

တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ၇၀ ရာခိုင်နှုန်းလောက် လက်နက်ခဲယမ်းပြည့်စုံ

တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ၇၀ ရာခိုင်နှုန်းလောက် လက်နက်ခဲယမ်းပြည့်စုံနေမှု အများစုဟာ စစ်ကောင်စီထံက သိမ်းဆည်းရရှိထားခြင်းဖြစ် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ၇၀ ရာခိုင်နှုန်းလောက်မှာ လက်နက်ခဲယမ်းပြည့်စုံနေပြီဖြစ်ပြီး အများစုဟာ စစ်ကောင်စီထံက သိမ်းဆည်းရရှိတဲ့ ကပစထုတ် လက်နက်တွေဖြစ်ကြောင်း CDM တပ်မတော်အရာရှိတွေက ပြောကြားလိုက်ပါတယ်။ စစ်ကောင်စီကို စတင်တော်လှန်စဉ်က တစ်တောင့်ထိုး၊ တူမီး၊ လက်လုပ်သေနတ်တွေနဲ့ စတင်ခဲ့တဲ့ တော်လှန်ရေးအင်အားစုတွေဟာ မောင်းပြန်ရိုင်ဖယ်တွေနဲ့အတူ စစ်ကောင်စီထံက ရရှိတဲ့ လက်နက်တွေနဲ့ ပြန်လည်တိုက်ပွဲဝင်နေတယ်လို့ CDM ဗိုလ်မှူး ထင်လင်းအောင်က Breaking Brainwashed အစီအစဉ်မှာ ထည့်သွင်းပြောကြားခဲ့တာပါ။ လက်နက်ပြည့်စုံမှုဟာ တပ်ဖွဲ့တိုင်းမှာ မဟုတ်ပေမယ့် အများစုမှာတော့ ပြည့်စုံလုံလောက်မှု အတိုင်းအတာတစ်ခုအထိ ရှိလာတယ်လို့ CDM ဗိုလ်ကြီး ထက်မြက်က ဆိုပါတယ်။ ကာလရှည်ဆင်နွှဲရမယ့် တော်လှန်ရေးဖြစ်တာကြောင့် စစ်လက်နက်ခဲယမ်း လိုအပ်ချက်တွေကတော့ တပ်ဖွဲ့တိုင်းမှာ ပုံစံအမျိုးမျိုးနဲ့

တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ၇၀ ရာခိုင်နှုန်းလောက် လက်နက်ခဲယမ်းပြည့်စုံ Read More »

ကာကွယ်ရေးစခန်းကို တိုက်ခိုက်သည့် စစ်ကောင်စီတပ် မိုင်းဆွဲခံရပြီး ၂၀ ဦး သေဆုံး ဟုဆို

မကွေးတိုင်း၊ ချောက်မြို့နယ်အတွင်းရှိ ကာကွယ်ရေးတပ်ဖွဲ့စခန်းကို လာရောက်တိုက်ခိုက်သည့် စစ်ကြောင်းကို မိုင်းဆွဲခဲ့ရာ စစ်ကောင်စီတပ်သား ၂၀ဦး သေဆုံးပြီး ဒဏ်ရာရရှိသူများရှိကြောင်း Chauk Guerrilla Force(CGF) က ယနေ့ ( နိုဝင်ဘာလ ၁၈ရက်) တွင် ထုတ်ပြန်သည်။ ချောက်မြို့နယ် ၊ ဆည်ကန်ကျေးရွာအနီးရှိ CGF နှင့် ချောက်မြို့နယ်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့(ပကဖ) ပူးပေါင်းအထိုင်ချထားသည့် ယာယီစခန်းကို အင်အား ၈၀ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းက နိုဝင်ဘာလ ၁၃ ရက် နံနက် ၈နာရီအချိန်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာတွင် မိုင်းဆွဲခဲ့ခြင်းဖြစ်သည်။ “သတင်းကြိုတင်ရရှိခဲ့လို့ ကြိုတင်စောင့်နေပြီး လက်ဦးမှုရယူခဲ့တာဗျ ။ တိုက်ပွဲဖြစ် တာမရှိပါဘူး ။ မိုင်းဆွဲပြီးတာနဲ့ ပြန်လည်ဆုတ်ခွာလာခဲ့တာပါ” ဟု Chauk Guerrilla Force တာဝန်ခံ ကိုပိုင်

ကာကွယ်ရေးစခန်းကို တိုက်ခိုက်သည့် စစ်ကောင်စီတပ် မိုင်းဆွဲခံရပြီး ၂၀ ဦး သေဆုံး ဟုဆို Read More »

Scroll to Top