News

မူဆယ် ၁၀၅ မိုင်ကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲပစ်ခတ်မှုများ ဆက်တိုက်လုပ်နေသဖြင့် တရုတ်ပြည်ဘက်အခြမ်းမှ ပြည်သူတချို့ ထိတ်လန့် ရွှေ့ပြောင်း

အကြမ်းဖက်စစ်ကောင်စီတပ်က မူဆယ် ၁၀၅ မိုင်တွင် လေကြောင်းတိုက်ခိုက်မှုများကို အပြင်းအထန် လုပ်ဆောင်နေသဖြင့် တရုတ်ပြည်ဘက်အခြမ်းမှ ပြည်သူတချို့ ထိတ်လန့် ပြောင်းရွှေ့မှုများရှိနေကြောင်း ဒေသပြည်သူများကပြောဆိုသည်။ ယနေ့ ဒီဇင်ဘာလ ၁၄ ရက်နေ့ဒီမနက် မူဆယ် ၁၀၅ မိုင်သို့ စစ်ကောင်စီတပ်က ရဟတ်ယာဉ်များဖြင့် စစ်ကူများ ပေးပို့နေပြီး တိုက်ခိုက်ရေး ရဟတ်ယာဉ်များဖြင့်လည်း ပစ်ခတ်မှုများ တောက်လျှောက်ဆိုသလို လုပ်ဆောင်နေကြောင်း သိရှိရသည်။ “ရဟတ်ယာဉ် ၃ စီး၊ ၄ စီးနဲ့ကို ပစ်ခတ်နေတာ။ ကြယ်ဂေါင်ဘက်က ဒေသပြည်သူတချို့ ကြောက်ပြီး ရွှေ့ကြတာရှိတယ်။ တရုတ်ဘက်ကနေ မြင်နေရတယ်။ ပစ်နေခတ်နေတာတွေကို။ တရုတ်အခြမ်းဘက်ကို ကျတာတွေလည်းရှိတယ်။ တစ်ချိန်လုံးပစ်နေတာ။ တိုက်ပွဲလည်း အတော်ကို ပြင်းထန်နေပုံရတယ်” ဟု ကြယ်ဂေါင်တွင် ရောက်ရှိနေသည့် မြန်မာရွှေ့ပြောင်း စစ်ဘေးရှောင် တစ်ဦးက ပြောဆိုသည်။ […]

မူဆယ် ၁၀၅ မိုင်ကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲပစ်ခတ်မှုများ ဆက်တိုက်လုပ်နေသဖြင့် တရုတ်ပြည်ဘက်အခြမ်းမှ ပြည်သူတချို့ ထိတ်လန့် ရွှေ့ပြောင်း Read More »

မိုးညိုတွင် “ငါတို့လာပြီ ၁၀၂၇”စာတန်းလာဖြုတ်သည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်တွင် တော်လှန်ရေးတပ်ဖွဲ့များချိတ်ဆွဲထားသော “ငါတို့လာပြီ ၁၀၂၇” စာတန်း လာရောက်ဖြုတ်ယူသည့် စစ်ကောင်စီတပ်ကို ပဒေသာမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက် ခဲ့ကြောင်း သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယမန်နေ့ (ဒီဇင်ဘာ ၁၃)နံနက် ၉ နာရီခွဲခန့်က ရှမ်းမြောက်မှ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ​၏ ၁၀၂၇ စစ်ဆင်ရေးကိုကြိုဆိုထောက်ခံသောအားဖြင့် မိုးညိုမြို့နယ် ရေကင်းရဲစခန်းအပိုင် ပတ်တော်ရဲကင်းအနီး လမ်းမပေါ်တွင် “ငါတို့လာပြီ ၁၀၂၇”ဟု ရေးသားထားသော စာတန်းအား စစ်ကောင်စီတပ်မှ အင်အား ၃၀ခန့်ဖြင့် လာရောက်ဖြုတ်ယူခဲ့သည်။ ထိုသို့လာရောက်စဥ် မိုးညိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် သာယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တို့ ပူးပေါင်း၍ ပဒေသာမိုင်းလေးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ “အဲ့ဘက်မှာက လောင်းကစားဝိုင်းတွေများတယ်။ ပြည်သူတိုင်တာများလို့ ခုမစ်ရှင်လုပ်လိုက်တာပါ။ ၁၀၂၇ စစ်ဆင်ရေးကိုလည်း ကြိုဆိုတဲ့အနေနဲ့ ခုလိုလုပ်ဆောင်တာပါ။ စကစ အသေအပျောက် တော့ မသိရသေးပါဘူး”ဟု

မိုးညိုတွင် “ငါတို့လာပြီ ၁၀၂၇”စာတန်းလာဖြုတ်သည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ Read More »

ရာထူးတိုးရင် မုန့်ဟင်းခါးဘဲ ကွန်ဖန်း

မအူပင်မြို့မှ ရာထူးတိုးပေးကာ စစ်ကိုင်းတိုင်းသို့ ပြောင်းရွှေ့ခံခဲ့ရသည့် ဒုရဲအုပ် အောင်မျိုးဦး တိုက်ပွဲအတွင်း သေဆုံး ဧရာဝတီတိုင်း၊ မအူပင်မြို့မရဲစခန်းမှနေ၍ စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်သို့ ရာထူးတိုးကာ ပြောင်းရွှေခံခဲ့ရသည့် ဒုရဲအုပ်အောင်မျိုးဦးသည် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၂ ရက်နေ့က အင်းတော်ဒေသရှိ တိုက်ပွဲတစ်ခုတွင် သေဆုံးသွားကြောင်း ဒေသခံများထံက သိရသည်။ ဒုရဲအုပ်အောင်မျိုးဦးသည် မအူပင်မြို့ လယ်ကိုင်း ကာကင်း ရဲစခန်း၏ ရဲကင်းမှုးအဖြစ်တာဝန်ထမ်းဆောင်ခဲ့စဉ်က ဆက်ဆံရေးကောင်းမွန်ပြေပြစ်ပြီး ရပ်ရွာအကျိုးပြု လုပ်ငန်းများဆောင်ရွက်ခဲ့သဖြင့် လူသိများသူတစ်ယောက် ဖြစ်ကြောင်း သိရသည်။ “သူ(ဒုရဲအုပ်အောင်မျိုးဦး) က မပြောင်းချင်ပဲ ပြောင်းသွားရတာ။ ဒုရဲအုပ်ကနေ ရဲအုပ်ရာထူးတိုးပေးပြီး စစ်ကိုင်းတိုင်းဘက် ပြောင်းရွှေ့ခံခဲ့ရတာ။ ၁၂ ရက်နေ့က စစ်ကိုင်းတိုင်း အင်တော်မြို့နယ်က ရှေ့တန်းတစ်နေရာက တိုက်ပွဲထဲမှာ ကျတာ ” ဟု ရဲအုပ်အောင်မျိုးဦး မိသားစုဝင်နဲ့

ရာထူးတိုးရင် မုန့်ဟင်းခါးဘဲ ကွန်ဖန်း Read More »

မော်လူးမြို့သိမ်းတိုက်ပွဲတွင် စစ်​ကောင်စီထံမှသိမ်းဆည်းနိုင်ခဲ့သည့်လက်နက်များတွင်ခြောက်လုံးပြူးမှာအတုဖြစ်​နေ

“အရာရှိတောင် သေနတ်အစစ်မကိုင်နိုင်ဘူး။တကယ့်ကိုပရမ်းပတာဖြစ်နေတာ။ ကျန်တဲ့သူတွေအနေနဲ့ ဆက်အသေခံမလား။ ပြည်သူနဲ့ပေါင်းမလား ဆုံးဖြတ်ရမယ့်အချိန်ပဲ”-PDF မော်လူးမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီထံမှ သိမ်းယူခဲ့သည့် လက်နက်ခဲယမ်းများအတွင်း ခြောက်လုံးပြူးတစ်လက်မှာ ခဲ​ဘောစိထည့်ပစ်ရ​သောအတုဖြစ်​နေ​ကြောင်း ​ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင် တစ်ဦးက​ပြောသည်။ “ခြောက်လုံးပြူးက အတုကြီးဗျ။ ဘောစိထည့်ပစ်တဲ့ဟာ။ ဘယ်အရာရှိကိုင်တယ်‌တော့ မသိဘူးဗျာ။ ခပ်တည်တည်ပဲ” ဟု အထက်ပါ PDF ကပြောသည်။ သေနတ်အတုသည် စခန်းမှူးအဆင့်ကကိုင်သည့် သေနတ်ပုံစံမျိုးဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တဦးကပြောသည်။ အခြား​တော်လှန်​ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း “အရာရှိတောင် သေနတ်အစစ်မကိုင်နိုင်ဘူး။တကယ့်ကိုပရမ်း ပတာဖြစ်နေတာ။ ကျန်တဲ့သူတွေအနေနဲ့ ဆက်အသေခံ မလား။ ပြည်သူနဲ့ပေါင်းမလား ဆုံးဖြတ်ရမယ့်အချိန်ပဲ”ဟုပြောသည်။ ထို့အပြင် မြိုသိမ်းတိုက်ပွဲတွင် ထွက်ပြေးနေသူများကို လိုက်လံဖမ်းဆီးရာ တစ်ဦးကို ဖမ်းဆီးမိပြီဖြသ်​ကြောင်း ABSDF (မြောက်ပိုင်း)မှ တာဝန်ရှိသူတစ်ဦးက​ပြောသည်။ ” ရှစ်ယောက်ပြေးတာ။ တစ်ယောက်ပြန်မိထားတယ်။ အရပ်ဝတ်တွေနဲ့ ပြေးတာဆိုတော့ တော်‌တော်ရှာနေရတယ်”ဟု ပြောသည်။ ဒီဇင်ဘာလ ၁၃ရက်

မော်လူးမြို့သိမ်းတိုက်ပွဲတွင် စစ်​ကောင်စီထံမှသိမ်းဆည်းနိုင်ခဲ့သည့်လက်နက်များတွင်ခြောက်လုံးပြူးမှာအတုဖြစ်​နေ Read More »

စစ်ကောင်စီ၏ရဟတ်ယာဥ်ပစ်ခတ်မှုကြောင့် မြောက်ဦးမြို့ရှိ ရှေးဟောင်းသမိုင်းဝင် စေတီဘုရားပုထိုးများ ပျက်စီး

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် စစ်ကောင်စီ၏ရဟတ်ယာဥ်ပစ်ခတ်မှုကြောင့် ရှေးဟောင်းသမိုင်းဝင်နယ်‌မြေအတွင်းရှိ စေတီဘုရားပုထိုးများ ထိခိုက်ပျက်စီးသွားကြောင်း ရက္ခိုင့်တပ်တော်(AA)မှ ယနေ့ ဒီဇင်ဘာလ ၁၄ ရက် နံနက်အစောပိုင်းတွင် ထုတ်ပြန်ထားသည်။ ယမန်နေ့ ညနေ ၃ နာရီတွင် မြောက်ဦးမြို့၏ မြို့ပြင်တနေရာ၌ စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA)တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် ညနေ ၄ နာရီ ၂၈ မိနစ် ခန့်တွင် စစ်ကောင်စီ၏ Mi35 တိုက်ခိုက်ရေးရဟတ်ယာဉ်သည် မြောက်ဦးမြို့အား ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်။ ထို့ကြောင့် မြောက်ဦးမြို့ရှိရှေးဟောင်းသမိုင်းဝင်နယ်‌မြေအတွင်းမှ ရတနာ့မာန်အောင်စေတီ၊ ဘုရားသိမ်တော်ကြီးနှင့် ဘုန်းကြီးကျောင်းတို့အား ထိမှန်ခဲ့၍ ပျက်စီးမှုအချို့ရှိခဲ့ကြောင်း ထုတ်ပြန်ချက်၌ဖော်ပြထားသည်။ စစ်ကောင်စီသည် မြောက်ဦးမြို့၏ ရှေးဟောင်းသမိုင်းဝင်စေတီများဖြစ်ကြသော သျှစ်သောင်းပုထိုး အရှေ့ဘက် လေးဖာလုံအကွာတွင်ရှိသည့် မာန်ငါးပါးဘုရားစေတီများရှိရာ ဘုရားပရဝဏ်အတွင်းသို့ လေကြောင်းဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံသိရသည်။ “သမိုင်း၀င် မာရ်ငါးပါးစေတီတည်ရှိတဲ့

စစ်ကောင်စီ၏ရဟတ်ယာဥ်ပစ်ခတ်မှုကြောင့် မြောက်ဦးမြို့ရှိ ရှေးဟောင်းသမိုင်းဝင် စေတီဘုရားပုထိုးများ ပျက်စီး Read More »

“ရွှေဖီဦး” လက်ဖက်ခြောက် ဇာတ်သိမ်းခန်း

နမ့်ဆန်က တပ်မတော်ရဲ့ “ရွှေဖီဦး”လက်ဖက်စက်ရုံတပ်စခန်းကို တအာင်းတပ် သိမ်းပိုက် နမ့်ဆန်ရှိ “ရွှေဖီဦး”တပ်မတော်လက်ဖက်ခြောက်စက်ရုံမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို တအာင်းတပ်(PSLF/TNLA)က ဒီဇင်ဘာ ၁၂ရက်နေ့ညမှာ စတင်တိုက်ခိုက်ခဲ့ပြီး မနေ့ဒီဇင်ဘာ ၁၃ရက်နေ့ ညနေပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့ပါတယ် စက်ရုံထဲမှာ စစ်ကောင်စီဘက်က ပန်ကာကတုတ်၊ကတုတ်ကျင်းတွေအခိုင်အမာပြုလုပ်ထားပြီး ရိက္ခာတွေ သိုလှောင်ထားသလို စစ်ကောင်စီမိသားစုဝင်တွေ ခိုလှုတဲ့နေရာလည်း ဖြစ်ပါတယ် စခန်းဝင်ရောက်ရှင်းလင်းချိန် စစ်ကောင်စီဘက်က အလောင်းအချိုနဲ့လက်နက်တွေကို တွေ့မြင်ရပြီး စစ်ကောင်စီတပ်သားတွေနဲ့ မိသားစုဝင်တွေ ထွက်ပြေးသွားခဲ့ကြပါတယ်။ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ မိသားစုတွေကိုလည်း TNLAက ဖမ်းစီးရမိထားပါတယ်။ လက်ရှိ နမ့်ဆန်မှာ စစ်ကောင်စီတပ်စခန်း ဗျူဟာကုန်းတစ်ခုသာ ကျန်ရှိနေပြီး တိုက်ပွဲဆက်လက်ဖြစ်ပွါးနိုင်တဲ့အခြေနေမှာ ရှိနေပါတယ်။ နမ့်ဆန်က တပ်မတော်ရဲ့ “ရွှေဖီဦး”လက်ဖက်စက်ရုံတပ်စခန်းကို တအာင်းတပ် သိမ်းပိုက် နမ့်ဆန်ရှိ “ရွှေဖီဦး”တပ်မတော်လက်ဖက်ခြောက်စက်ရုံမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို တအာင်းတပ်(PSLF/TNLA)က ဒီဇင်ဘာ

“ရွှေဖီဦး” လက်ဖက်ခြောက် ဇာတ်သိမ်းခန်း Read More »

တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်လိုက်ပြီဖြစ်သော မော်လူးမြို့မှ စစ်ကောင်စီဝန်ထမ်းများ လက်နက်ချ အလင်းဝင်ကြရန် နှိုးဆော်၊ နယ်မြေရှင်းလင်းစဉ် လက်နက်ငယ်များ ထပ်တွေ့ရ

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မော်လူးမြို့ကို တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိထားပြီဖြစ်၍ စစ်ကောင်စီဝန်ထမ်းများအနေဖြင့် လက်နက် ချကြရန်နှင့် အလင်းဝင်ကြရန် မြောက်ပိုင်း ABSDF အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ ဒီဇင်ဘာလ ၁၃ ရက်နေ့ တွင် တိုက်ခိုက်သိမ်းပိုက်ရရှိသော မော်လူးမြို့ကို ယနေ့ နံနက်ပိုင်း နယ်မြေ ရှင်းလင်းရာ လက်နက်ငယ် ၃ လက် ဆက်လက် သိမ်းဆည်းရရှိကြောင်း၊ စစ်ကောင်စီဝန်ထမ်းများအနေဖြင့် လူထု၏ မျက်နှာကို ထောက်ရှုပြီး လက်နက်ချကြရန်နှင့် အလင်းဝင်းကြရန် ABSDF က တိုက်တွန်းသည်။ ယနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီ၏ တိုက်ခိုက်ရေး ရဟတ်ယာဉ်များ က အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တက်လာသော သတင်းများရရှိထားပြီး တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိထားသော မော်လူးမြို့ကို ကာကွယ်ရန် အသင့်ပြင်ဆင်ထားကြောင်း၊ ပြည်သူအများအပြား စစ်ဘေးရှောင်နေကြကြောင်း သိရှိရသည်။

တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်လိုက်ပြီဖြစ်သော မော်လူးမြို့မှ စစ်ကောင်စီဝန်ထမ်းများ လက်နက်ချ အလင်းဝင်ကြရန် နှိုးဆော်၊ နယ်မြေရှင်းလင်းစဉ် လက်နက်ငယ်များ ထပ်တွေ့ရ Read More »

သင်္ကန်းဝတ် ပျူစောထီးခေါင်းဆောင် ဦးဝါသဝ အဖွဲ့မိုင်းဆွဲ တိုက်ခိုက်ခံရ၊ သုံးယောက်သေဆုံး

သင်္ကန်းဝတ်ပျူစောထီးခေါင်းဆောင် ဦးဝါသဝ အဖွဲ့ကို မနေ့က(ဒီဇင်ဘာ၁၃) ရက်မနက်ပိုင်းမှာမိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ Khin U Special Force Organization-KSO ဆီကသိရပါတယ်။ ရေဦးမြို့နယ်၊ အောင်သာယာရွာကနေ ရေဦးမြို့ ကိုထွက်လာတဲ့ အင်အား(၁၀၀)လောက်ရှိတဲ့ ပျူစောထီးအဖွဲ့ကို ရေဦးမြို့မရောက်ခင်မှာ ဒရုန်းနဲ့ သုံးကြိမ် ဗုံးသီး ၉ လုံးချတိုက်ခိုက်ခဲ့တာပါ။ KSOတပ်ဖွဲ့၊ ခင်ဦးမြို့နယ်ပကဖDorne အဖွဲ့၊ ရွှေဘိုခရိုင်တပ်ရင်း -၃၊ KURDAF ARF Wolf Guerrilla Local PDF၊ YE .U တို့ကပူးပေါင်း တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး တိုက်ခိုက်မှုကြောင့် ပျူစောထီး(၃)ယောက်သေဆုံးခဲ့တယ်လို့ Khin U Special Force Organization-KSO ကပြောပါတယ်။ သင်္ကန်းဝတ်ပျူစောထီးခေါင်းဆောင် ဦးဝါသဝ ဟာစစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် အတွင်းကပြည်သူတွေကို တအိမ်တယောက်နှုန်း ပျူစောထီးအဖွဲ့ဝင်ခိုက်ထားပြီး

သင်္ကန်းဝတ် ပျူစောထီးခေါင်းဆောင် ဦးဝါသဝ အဖွဲ့မိုင်းဆွဲ တိုက်ခိုက်ခံရ၊ သုံးယောက်သေဆုံး Read More »

စစ်မှုထမ်းခိုင်းဖို့ထားဝယ်ထောင်ကခေါ်သွားတဲ့ စစ်ပြေး ၉ ဦး ထပ်ထွက်ပြေး၊ ပြန်အဖမ်းခံရ

စစ်မှုထမ်းခိုင်းဖို့ ထားဝယ်အကျဥ်းထောင်ကနေ ခေါ်သွားတဲ့ စစ်ပြေး ၉ ဦး တပ်ထဲရောက်ချိန် ထပ်မံထွက်ပြေးခဲ့ပေမယ့် ပြန်အဖမ်းခံလိုက်ရတယ်လို့ ထောင်တွင်းသတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။ စစ်‌ကောင်စီတပ်ဟာ အခုလ ၇ ရက်နေ့က ထားဝယ်ထောင်မှာ စစ်ပြေးအမှုနဲ့ထောင်ကျနေတဲ့ တပ်သားအဆင့်အကျဥ်းသား ၉ ဦးကို စစ်မှုပြန်ထမ်းရင်ပြစ်ဒဏ်ပယ်ဖျက်ပေးမယ်ဆိုပြီး ထောင်ကနေ လာထုတ်သွားခဲ့တာပါ။ အဲဒီနောက် ငါးရက်အကြာ အခုလ ၁၁ ရက်နေ့မှာ ထားဝယ်အကျဥ်းထောင်ရဲ့ ကွာရတင်းအဆောင်ကို ၉ ဦးစလုံး ပြန်လည်ရောက်က်ရှိနေတယ်လို့ ထောင်တွင်းအရင်းအမြစ်၊ ထောင်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ “ဘယ်နေ့ကပြန်ရောက်လာလဲမသိဘူး။ သိရတာက ၁၁ ရက်နေ့မွန်းတည့်ဖြစ်ပြီ။ ဘာကြောင့်ပြန်လာပို့လဲလို့မေးကြတော့ ထပ်ပြီးစစ်ပြေးလို့ဆိုပြီး​ပြောခဲ့တာ” လို့ ထောင်တွင်းသတင်းအရင်းအမြစ်က ပြောပါတယ်။ စစ်ကောင်စီဟာ တပ်ကနေ ခွင့်မဲ့ပျက်ကွက်သူနဲ့ စစ်ပြေးတွေ စစ်မှုပြန်ထမ်းဖို့ ဆန္ဒပြုလာရင် လက်ခံသွားမယ်လို့ အခုလ ၃

စစ်မှုထမ်းခိုင်းဖို့ထားဝယ်ထောင်ကခေါ်သွားတဲ့ စစ်ပြေး ၉ ဦး ထပ်ထွက်ပြေး၊ ပြန်အဖမ်းခံရ Read More »

အသက် ၇၀ ကျော် အဘိုးအိုက အသက် ၃၀ ကျော် ၎င်း၏ဇနီးအား လူမှုရေးပြဿနာကြောင့် ဓားဖြင့်ခုတ်သတ်မှုဖြစ်ပွား

ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ် အင်ပင်မြို့တွင် အသက် ၇၀ ကျော်အမျိုးသား မှ အသက် ၃၇နှစ်ကျော် ငယ်သော ၄င်း ၏ ဇနီးသည်အား ဓားဖြင့် ခုတ်သတ်ခဲ့ကြောင်း သတင်းရရှိသည်။ မြန်အောင်မြို့နယ် အင်ပင်မြို့ မြောင်ကြီးကျေးရွာတွင် နေထိုင် သော ဦးမြင့်သိန်း နှင့် ဇနီးဖြစ်သူ တို့မှာ ဒီဇင်ဘာ ၁၁ရက် ည ၇ နာရီခန့်က စကားများ ရန်ဖြစ်ရာမှ နေအိမ် မီးဖိုခန်း အတွင်းရှိ ဓားမတိုဖြင့် ဇနီးဖြစ်သူ မခင်မြနွယ်အား ဦးခေါင်း ကို ခုနှစ်ချက် ခုတ်ခဲ့ရာ နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ “ရန်ဖြစ်လို့ သေပြီးတော့မှ ဘေးကလူတွေက ရာအိမ်မှူးဆီ အကြောင်းကြားပြီး အုပ်ချုပ်ရေးပိုင်းကနေ တဆင့် ဆက်အကြောင်းကြားလို့ အင်ပင်စခန်းက

အသက် ၇၀ ကျော် အဘိုးအိုက အသက် ၃၀ ကျော် ၎င်း၏ဇနီးအား လူမှုရေးပြဿနာကြောင့် ဓားဖြင့်ခုတ်သတ်မှုဖြစ်ပွား Read More »

Scroll to Top