ဖြူးမြို့နယ်၊ ညောင်ပင်သာရဲစခန်းကို တိုက်ခိုက်မှု စစ်တပ်နှင့်ရဲဘက်မှ ၃၀ ခန့်သေဆုံးပြီး စခန်းကို သိမ်းပိုက် မီးရှို့ရှင်းလင်း၊ လက်နက်ခဲယမ်း အများအပြားသိမ်းဆည်းရရှိ
ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ညောင်ပင်သာရဲစခန်းကို KNLA ၊ PDF အပါအဝင် တော်လှန်ရေးတပ်များက ယနေ့ နံနက်ပိုင်း တိုက်ခိုက်သိမ်းပိုက်ရာ စစ်တပ်နှင့်ရဲဘက်မှ ၃၀ ခန့်သေဆုံးပြီး ရဲစခန်းကို မီးရှို့ရှင်းလင်းလိုက်ကြောင်း တော်၀င်ဒေါင်းစစ်ကြောင်းက သတင်းထုတ်ပြန်သည်။ ယနေ့ နံနက် ၄ နာရီ ၁၅ မိနစ်အချိန် ဖြူးမြို့ ညောင်ပင်သာရဲစခန်းကို ရိုးမ စစ်ကြောင်း(၁) အာဠာဝက စစ်ကြောင်း၊ တော်ဝင်ဒေါင်း စစ်ကြောင်း၊ BLPA နဲ့ KNLA ပူးပေါင်းစစ်ကြောင်းက တိုက်ခိုက်ရာ နံနက် ၅ နာရီတွင် စခန်းကိုအပြီးသတ်သိမ်းပိုက်ရရှိခဲ့ကြောင်း၊ ရဲစခန်းတွင် ရန်သူ့အင်အား ၆၀ ခန့်ရှိသည့်အနက် ၃၀ ခန့်သေဆုံးခဲ့ကြောင်း၊ ကျန် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးသွားကြကြောင်း၊ ရဲစခန်းကို သိမ်းပိုက်ရရှိပြီးနောက်စခန်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။ ညောင်ပင်သာ […]