News

ပလက်ဝတွင် စစ်ကောင်စီတပ်သား နှစ်ဦးနှင့် ရဲရှစ်ဦး CDF ထံ အလင်းဝင်လာ

ချင်းပြည်နယ် ပလက်၀မြို့နယ်တွင် စစ်ကောင်စီတပ်သား နှစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင်ရှစ်ဦး ချင်းကာကွယ်ရေးတပ် (CDF) ပလက်၀ထံ အလင်းဝင်လာခဲ့ကြောင်း သတင်းရင်းမြစ်များမှ သိရသည်။ အလင်းဝင်လာသူများမှာ ရှင်းလက်ဝအခြေစိုက် ဗျူဟာ (၃) မှ စစ်သား (၂) ဦးနှင့် ရှင်းလက်၀ ရဲစခန်းမှ ရဲတပ်ကြပ်ကြီး သုံးဦး၊ဒုတပ်ကြပ် နှစ်ဦး၊ ရဲတပ်သား သုံးဦး စုစုပေါင်းရှစ်ဦးတို့ဖြစ်သည်။ ၎င်းတို့ ၁၀ ဦးအား ဘေးကင်းလုံခြုံတဲ့နေရာသို့ ပို့ဆောင်ပေးခဲ့ပြီးဖြစ်ကာ ထပ်မံ၍ ပြည်သူနှင့် အတူရပ်တည်မည့် တပ်မတော်သား၊ ရဲများကိုလည်း အမြဲကြိုဆိုလျှက်ရှိကြောင်း ပလက်ဝ CDF မှ ထုတ်ပြန်ထားသည်။

ပလက်ဝတွင် စစ်ကောင်စီတပ်သား နှစ်ဦးနှင့် ရဲရှစ်ဦး CDF ထံ အလင်းဝင်လာ Read More »

စောက်ပုကိုယ်တိုင် အလံဖြူထောင်လိုက်တာ

ခုသတင်းထွက်နေတဲ့အတိုင်း MNDAA တစ်ခုထဲနဲ့ ဒီဇင်ဘာ ၃၁ ထိ အပ-စ်ရပ် စစ်သား BGF နဲ့ ပြည်သူ့စစ်တွေ ပြန်ဆုတ်ခွင့်ပေးတာဆိုရင် အဲ့ဒါက ဆွေးနွေးပွဲမဟုတ်တော့ဘူး စကစကိုယ်တိုင် အလံဖြူထောင်တာဖြစ်ပြီ တပ်စခန်းတွေ အလံဖြူထောင်တာနဲ့ တစ်ခုကွာသွားတာက စကစကိုယ်တိုင် အလံဖြူထောင်တာပဲ ပြန်ဆုတ်ခွင့်ရဖို့ မြို့ပေးပြီး ဆွေးနွေးခဲ့တာ ကျနော်တို့တပ်တွေ ပြန်ဆုတ်ချင်တယ် လကုန်အထိ အပ-စ်ရပ်ပေးပါ ရက် ၂၀ အတွင်းတပ်တွေ အကုန်ဆုတ်ပေးပါ့မယ် မြို့ကိုယူပါ လူကိုမ-သ-တ်ပါနဲ့ 🙏🏻🙏🏻🙏🏻 ဒီသဘောမျိုးသက်ရောက်နေတယ် နောက် ၁၀ ရက်နေ့က ဝရမ်းထုတ်တဲ့ သူတွေကော ဘယ်လိုညှိနှိုင်းလိုက်လဲ တရားဝင်သတင်းမထုတ်သေးသလို မြေပြင်ကလဲ မနေ့ကအထိ ချနေသေးလို့ ခုထွက်နေတဲ့သတင်း ဘယ်အထိမှန်းလဲတော့မသိဘူး တစ်ကယ်သာ ဒီလိုဖြစ်ခဲ့ရင်တော့ တပ်ဆုတ်နိုင်ဖို့အတွက် မြို့ပေးပြီး အပေးအယူလုပ်ခဲ့တာပဲ တစ်ကယ့်အရှက်ရစရာ အရှုံးပေးမှုကြီးပဲ

စောက်ပုကိုယ်တိုင် အလံဖြူထောင်လိုက်တာ Read More »

နမ့်ဆန်ရဲစခန်းမှ လက်နက် ၁၄လက်ရဟု TNLA အသိပေး

ရှမ်းမြောက် နမ့်ဆန်မြို့နယ်ရဲစခန်းကို တအာင်းတပ်မတော်(TNLA)က ယမန်နေ့ နံနက်တွင်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ လက်နက် ၁၄လက် သိမ်းဆည်းရရှိခဲ့သည်ဟု TNLAက ယနေ့ ထုတ်ပြန်သည်။ ဒီဇင်ဘာ ၁၁ရက် နံနက်တွင် နမ့်ဆန်မြို့နယ်ရှိ စစ်ကောင်စီစခန်း တစ်ခု၊ ရဲစခန်းတစ်ခုနှင့် လားရှိုးမြို့နယ်မှ ကင်းစခန်းတစ်ခုကို TNLAက သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ ရဲစခန်းသိမ်းပိုက်သည့် တိုက်ပွဲအတွင်း ခြောက်လုံးပြူး သုံးလက် အပါအဝင် လက်နက်(၁၄) လက်၊ ခဲယမ်းများစွာနှင့် စစ်သုံးပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်ခဲ့သည့် ဓာတ်ပုံမှတ်တမ်း၌ တွေ့ရသည်။ ယနေ့တွင် စစ်ကောင်စီ၏ မန်တုံ တပ်စခန်းမှ နမ့်ဆန်ဘက်သို့ လက်နက်ကြီးဖြင့် ငါးကြိမ် ပစ်ခတ်ခဲ့ပြီး လေကြောင်းမှလည်း Y12 လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ကြောင်း အသိပေးထုတ်ပြန်သည်။

နမ့်ဆန်ရဲစခန်းမှ လက်နက် ၁၄လက်ရဟု TNLA အသိပေး Read More »

ရခိုင်ပြည်နယ်နှင့်ပလက်၀တွင် စစ်တပ်က လေကြောင်း၊ ရေကြောင်းနှင့် လက်နက်ကြီးငယ် ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်နေ၊ စစ်တပ်က ပြည်သူများကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် လုပ်ဆောင်နေ

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီ၏ ဘူးသီးတောင်၊ ရသေ့တောင်၊ မင်းပြား၊ မြောက်ဦး၊ အမ်း၊ မြေပုံ မြိုနယ်အတွင်းရှိ စခန်းတချို့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ လေကြောင်း၊ ရေကြောင်းများမှလည်း လက်နက်ကြီး၊ ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်နေပြီး ပလက်၀တွင်လည်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း AA က တရားဝင် သတင်းထုတ်ပြန်သည်။ ယနေ့ ဒီဇင်ဘာလ ၁၂ ရက်၊ နံနက် ၈ နာရီခန့်မှ စတင်ပြီး စစ်တပ်က ရခိုင်ပြည်နယ်အနှံ့နေရာများတွင် ကြိုကြားကြိုကြား ပစ်ခတ်တိုက်ခိုက်လျက် ရှိကြောင်း၊ ထို့ပြင် ပလက်ဝဒေသအတွင်းရှိ စစ်ကောင်စီ၏ စခန်းအချို့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်တိုက်ခိုက်ခြင်းအပြင် ဂျက်လေယာဉ်တစ်စီးဖြင့် AA က သိမ်းပိုက်ရယူထားသော “နှုးဘူးဗျူဟာ” ပတ်ဝန်းကျင်သို လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ်နှင့်ပလက်၀တွင် စစ်တပ်က လေကြောင်း၊ ရေကြောင်းနှင့် လက်နက်ကြီးငယ် ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်နေ၊ စစ်တပ်က ပြည်သူများကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် လုပ်ဆောင်နေ Read More »

တရုတ်၏ အကူအညီဖြင့် မြောက်ပိုင်း ၃ ဖွဲ့နှင့် ဆွေးနွေးဟု စစ်ကောင်စီက ပြောဆိုနေသော်လည်း ညီနောင် ၃ ဖွဲ့ကမူ စစ်အာဏာရှင် ချေမှုန်း အမြစ်ဖြတ်ရေး တစ်ရက်မှ မနားဘဲ အရှိန်အဟုန်မပျက် ဆောင်ရွက်နေဟု ကြေညာ

တရုတ်နိုင်ငံ၏ အကူအညီဖြင့် မြောက်ပိုင်း ၃ ဖွဲ့နှင့် ဆွေးနွေးမှုများ လုပ်ဆောင်နေကြောင်း စစ်ကောင်စီဘက်က ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ထုတ်ဖော် ပြော ဆို နေသော်လည်း မဟာမိတ် ညီနောင် ၃ ဖွဲ့ကမူ စစ်အာဏာရှင် စနစ် ချေမှုန်း အမြစ် ဖြတ်ရေး တစ်ရက်မှ မနားဘဲ အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်နေကြောင်း ဒီဇင်ဘာလ ၁၁ ရက်နေ့ ညပိုင်းတွင် ထုတ်ပြန်ကြေညာသည်။ ၁၀၂၇စစ်ဆင်ရေး ဆင်နွှဲနေသည့် ညီနောင်မဟာမိတ်၃ဖွဲ့ MNDAA ၊ TNLA ၊ AAတို့နှင့် စစ်ကောင်စီက တွေ့ဆုံဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲ တိုးတက်မှုအခြေ အနေပေါ်မူတည်၍ ယခုလကုန် ဒီဇင်ဘာလတွင် ထပ်မံ ဆွေးနွေးသွားမည်ဟု စစ်ကောင်စီပြောခွင့်ရ အကြမ်းဖက် ဇော်မင်းထွန်းက ဒီဇင်ဘာလ ၁၁

တရုတ်၏ အကူအညီဖြင့် မြောက်ပိုင်း ၃ ဖွဲ့နှင့် ဆွေးနွေးဟု စစ်ကောင်စီက ပြောဆိုနေသော်လည်း ညီနောင် ၃ ဖွဲ့ကမူ စစ်အာဏာရှင် ချေမှုန်း အမြစ်ဖြတ်ရေး တစ်ရက်မှ မနားဘဲ အရှိန်အဟုန်မပျက် ဆောင်ရွက်နေဟု ကြေညာ Read More »

မူဆယ် တနေကုန်ဆော်နေပြီ (ရုပ်သံ)

မူဆယ် ၁၀၅ မိုင်နှင့် နမ့်ခမ်းတွင် စစ်ကောင်စီတပ်က တစ်နေကုန် တိုက် လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်နေ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ် ၁၀၅ မိုင်အနီးနှင့် နမ့်ခမ်းမြို့နယ်ဘက်တွင် စစ်ကောင်စီတပ်က တစ်နေကုန် တိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်နေကြောင်း ဒေသပြည်သူများက ပြောဆိုသည်။ အကြမ်းဖက်စစ်ကောင်စီတပ်က နေ့စဉ် တိုက်လေယာဉ်များဖြင့် ဗုံးကျဲလျက်ရှိရာ တော်လှန်ရေးတပ်များလက်အောက်သို့ မူဆယ် ၁၀၅ မိုင် ဗျူဟာကုန်း မကျဆုံးစေရေး ၊ နမ့်ခမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်၏ စခန်းသစ်ကုန်း မကျဆုံးစေရေး ယနေ့ တစ်နေကုန် ဗုံးကျဲတိုက်ခိုက်နေကြောင်း၊ ယနေ့တွင်လည်း နံနက်ပိုင်းမှစတင်၍ ညနေပိုင်းအထိ ဆက်တိုက် ဗုံးကျဲတိုက်ခိုက်နေကြောင်း သိရှိရသည်။ “မှုဆယ်မြို့ ၁၀၅မိုင်နဲ့ ကျယ်လန့်ကျေးရွာဘက်မှာ စစ်ကောင်စီက တိုက်လေယာဉ်နဲ့ လာရောက် ဗုံးကျဲတိုက်ခိုက်နေတယ်။ မနက်ကတည်းက ကျဲနေတာ။ အခုအချိန်အထိပဲ။ လေယာဉ်နဲ့

မူဆယ် တနေကုန်ဆော်နေပြီ (ရုပ်သံ) Read More »

ဒုဗိုလ်ချုပ်ကြီးညိုစော၊ ၀ဏ္ဏမောင်လွင်၊ ဒေါက်တာမှုထန်၊ ဗိုလ်ချုပ်လှမိုး နှင့် လက်နက်ပွဲစား ကုမ္ပဏီ ၂ ခုတို့ကို ဥရောပသမဂ္ဂက ပိတ်ဆို့ အရေးယူ

စစ်ကောင်စီ အဖွဲ့ဝင် တွေ အပါအဝင် မြန်မာစစ်အုပ်စုရဲ့ ထိပ်တန်းခေါင်းဆောင် ၄ ဦး နဲ့ လက်နက်ပွဲစား ကုမ္ပဏီ ၂ ခု ကို ဥရောပသမဂ္ဂ EU ကပိတ်ဆို့အရေးယူ လိုက်ကြောင်း EU က ဒီဇင်ဘာလ ၁၁ ရက်နေ့ မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ EU ကပိတ်ဆို့ အရေး ယူလိုက်တဲ့သူတွေကတော့ စစ်ကောင်စီအဖွဲ့ဝင် ၃ ဦးဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော ၊ ဝဏ္ဏမောင်လွင် ၊ ဒေါက်တာမှုထန် နဲ့ ကရင်နီပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုတွေအတွက် အဓိက တာဝန်ရှိတဲ့ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်လှမိုး တို့ဖြစ်ပါတယ်။ အရေးယူ ပိတ်ဆို့ခံရတဲ့ ကုမ္ပဏီတွေ ကတော့ စစ်ကောင်စီ အတွက် ဝင်ငွေရှာပေးနေပြီး စစ်လက်နက်

ဒုဗိုလ်ချုပ်ကြီးညိုစော၊ ၀ဏ္ဏမောင်လွင်၊ ဒေါက်တာမှုထန်၊ ဗိုလ်ချုပ်လှမိုး နှင့် လက်နက်ပွဲစား ကုမ္ပဏီ ၂ ခုတို့ကို ဥရောပသမဂ္ဂက ပိတ်ဆို့ အရေးယူ Read More »

လူမိုက်ကျော်ဝင်းစိန်ကို သတ်ဖြတ်ခဲ့သည့် လူမိုက်အဖွဲ့ကို ညတွင်းချင်းဖမ်းမိသော်လည်း ပြန်လည်လွှတ်ပေး

စစ်ကောင်စီက လက်သပ်မွေးထားသည့် လူမိုက်ကျော်ဝင်းစိန်ကို သတ်ဖြတ်ခဲ့သည့် လူမိုက်အဖွဲ့ကို ညတွင်းချင်းဖမ်းမိသော်လည်း ပြန်လည်လွှတ်ပေး ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ်တွင် ပြီးခဲ့သည့် ဒီဇင်ဘာ ၈ ရက်နေ့ညပိုင်းက ပျူစောထီး ခေါင်းဆောင်ဆိုသူ လူမိုက်ကျော်ဝင်းစိန် သတ်ဖြတ်ခံခဲ့ရပြီး သတ်ဖြတ်ခဲ့သူများကို ညတွင်းချင်း (ဒီဇင်ဘာ ၉ ရက်နေ့ နံနက် ၁ နာရီခန့်) တွင် ဖမ်းဆီးရမိခဲ့ကြောင်း ဒေသခံများထံက သိရသည်။ ကြေးစားလူမိုက်အချင်းချင်း ရန်ညှိုးထားပြီး လူမိုက်ကျော်ဝင်းစိန် အလာတွင်စောင့်၍ ဓားဖြင့်ခုတ်ကာ ကျော်ဝင်းစိန်က မလုပ်ရန် တောင်းပန်ခဲ့သော်လည်း မသေမချင်း ထိုးသတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “အားလုံးအဖမ်းခံလိုက်ရတာက ရှစ်ယောက် ကျော်ဝင်းစိန်ကိုသတ်ပြီး ပြန်အထွက်မှာ စစ်ကောင်စီတပ် ပတ်ကင်းနဲ့ တိုးပြီးအဖမ်းခံလိုက်ရတာ။ ပတ်ကင်းမှာတော့ အမှတ် (၂၃) ကြည်မြင်တိုင်ရဲစခန်းက ရဲတွေပါ ပါတယ်။ ဖမ်းဆီးထားတဲ့ သူတွေကို

လူမိုက်ကျော်ဝင်းစိန်ကို သတ်ဖြတ်ခဲ့သည့် လူမိုက်အဖွဲ့ကို ညတွင်းချင်းဖမ်းမိသော်လည်း ပြန်လည်လွှတ်ပေး Read More »

ခမ်းပါတ်မြို့တွင် စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် ဖမ်းထားသည့် ကလေးငယ် ၃၆ ဦးကို တော်လှန်ရေးအဖွဲ့များကယ်ထုတ်

စစ်ကိုင်းတိုင်း၊တမူးမြို့နယ်၊ ခမ်းပါတ်မြို့တွင် စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးထားသည့် မိဘမဲ့ကျောင်းမှ ကလေးငယ် ၃၆ ယောက်နှင့် ဆရာ၊ဆရာမတို့ကို တော်လှန်ရေးပူးပေါင်းတပ်များက ဘေးလွတ်ရာကို ကယ်ထုတ်နိုင်ပြီဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှသိရသည်။ စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် AG ဘုရားကျောင်းဝန်းအတွင်းရှိ မိဘမဲ့ကလေးများကို ဒီဇင်ဘာ ၁၀ ရက်က ဖမ်းဆီးခဲ့ပြီးနောက်မှ တော်လှန်ရေးတပ်ဖွဲ့များက ဒီဇင်ဘာ ၁၁ ရက်နေ့လယ်တွင် ပြန်လည်ကယ်ထုတ်ကာ ဘေးလွတ်ရာကို ရွှေ့ပြောင်းပြီးဖြစ်သည်ဟု တော်လှန်ရေးတပ်ဖွဲ့များထံမှသိရသည်။ “ကလေးတွေကို ကယ်ထုတ်နိုင်ပါပြီ။ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားနေဆဲပါ”ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။ တိုက်ပွဲအ​ခြေအ​နေ အ​သေးစိပ်ကိုမူမသိရ​သေး​ပေ။ ခမ်းပါတ်မြို့ ရှိ ယခင်တပ်စွဲခဲ့​သောစစ်ကောင်စီတပ်ကုန်းနှင့်ရဲစခန်းတို့မှာ ကာကွယ်ရေးတပ်များကဖျက်ဆီးထားသဖြင့် စစ်ကောင်စီတပ်များ ပြန်လည်အခြေမချနိုင်ကြောင်း ဒေသခံတစ်ဦးကပြောသည်။ စစ်ကောင်စီတပ်က ခမ်းပါတ်မြို့ကို ဒီဇင်ဘာ ၁၀ ရက် ညပိုင်းက လေကြောင်းမှ လေးကြိမ်ထက်မနည်း ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး ဆက်သွယ်ရေးဖုန်းလိုင်းများလည်း

ခမ်းပါတ်မြို့တွင် စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် ဖမ်းထားသည့် ကလေးငယ် ၃၆ ဦးကို တော်လှန်ရေးအဖွဲ့များကယ်ထုတ် Read More »

စစ်ကောင်စီက NUG နှင့်တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းများ စုံစမ်းရန် အထူးလျှို့ဝှက် တပ်သားများ ကို လျှို့ဝှက် ခေါ်ယူလေ့ကျင့် စေလွှတ်မည်

အကြမ်းဖက်စစ်ကောင်စီက အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းများကို စုံစမ်းရန်အတွက် အထူးလျှို့ဝှက်တပ်သားများ လျှို့ဝှက်ခေါ်ယူပြီး လေ့ကျင့်ကာ ပြည်သူများနှင့် တော်လှန်ရေးအဖွဲ့များအတွင်းသို့ စေလွှတ်မည်ဖြစ် ကြောင်း သိရှိရသည်။ NUG နှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းများကို စုံစမ်းသိရှိနိုင်စေရေး၊ ဖြစ်စဉ်များနှင့်ပတ်သက်၍ မိမိတို့ဘက်မှ လက်ဦးမှု ရရှိရေး၊ အသာစီးရရှိရေး၊ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်မှုရရှိရေးနှင့် မလိုလားအပ်သော ပြဿနာများ မဖြစ်စေရေးအတွက် အထူးလျှို့ဝှက် တပ်သားများ စေလွှတ်ရန် ခေါ်ယူခြင်းဖြစ်ကြောင်း သိရှိရသည်။ အထူးလျှို့ဝှက်တပ်သားများအဖြစ် အရည်အချင်းသတ်မှတ် ထားရာ မျက်စိကောင်းသူ၊ တိုင်းရင်းသားဘာသာစကားတတ်သူ(သို့မဟုတ်) နိုင်ငံခြားဘာသာစကားတတ်မြောက်သူ၊ အရေးကြီးသော ညွှန်ကြားချက်များအား တိကျစွာ နာခံနိုင်ရန်၊ လျှို့ဝှက်အား ထိန်းသိမ်းစွာ ဆောင်ရွက်နိုင်သူ၊ စစ်ရေး အောင်မြင်လိုစိတ်ရှိသူ၊ တိုင်းပြည်နှင့်လူမျိုးအတွက် စဉ်းစား စွန့်လွှတ်နိုင်သူ ဟူသည့် အရည်အချင်း သတ်မှတ်ချက်

စစ်ကောင်စီက NUG နှင့်တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းများ စုံစမ်းရန် အထူးလျှို့ဝှက် တပ်သားများ ကို လျှို့ဝှက် ခေါ်ယူလေ့ကျင့် စေလွှတ်မည် Read More »

Scroll to Top