ခမ်းပါတ်မြို့မှ မိဘမဲ့ကလေးငယ် ၄၀ခန့်ရှိဂေဟာကိုစစ်ကောင်စီတပ်စီးနင်းထား
စစ်တပ်ကသေနတ်ဖြင့်ပစ်၍ကလေးလေးဦးသေဆုံးဟုဒေသခံအချို့နှင့် PDF ပြော ခမ်းပါတ်မြို့တွင် စစ်ကောင်စီတပ်က မိဘမဲ့ကလေးကျောင်းကို စီးနင်းထားပြီး သေနတ်ဖြင့်ပစ်ခတ်သဖြင့် မိဖမဲ့ကလေးငယ် လေးဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။ ကလေးမြို့မှ ထွက်လာသော စစ်ကောင်စီစစ်ကြောင်းသည် ခမ်းပါတ်မြို့၊အမှတ်(၁)ရပ်ကွက် ရှိ AG မိဘမဲ့ဂေဟာကို ယမန်နေ့(ဒီဇင်ဘာလ ၁၀ရက်) တွင် တပ်စွဲလိုက်ပြီး ည ဘက်တွင် သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းဟုပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။ ” မိဘမဲ့ဂေဟာက ကလေးလေးဦး သေဆုံးသွားတယ်။ ဂေဟာကို စီးထားတယ်။ ဂေဟာကို လူသားဒိုင်းလုပ်ပြီး ပစ်နေတာပါ” ဟု အဆိုပါ ကာကွယ်ရေးရဲဘော်ကပြောသည်။ AG မိဘမဲ့ဂေဟာသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထိန်းချုပ်ထားသည့် ရဲစခန်းနှင့် စစ်တပ်ကုန်းအနီး၌ တည်ရှိသည်။ထိုဂေဟာကို စစ်တပ်က အကာအကွယ်ယူပြီး စစ်ရေးဖော်ဆောင်နေသည်ဟု PDF အချို့ကပြောသည်။ စစ်ကောင်စီတပ်က ပစ်ခတ်၍ သေဆုံးသူများမှာ အသက် […]
ခမ်းပါတ်မြို့မှ မိဘမဲ့ကလေးငယ် ၄၀ခန့်ရှိဂေဟာကိုစစ်ကောင်စီတပ်စီးနင်းထား Read More »