News

အမျိုးသမီး ၈၆ ယောက်ကိုသတ်ခဲ့တဲ့ ရုရှားအရက်စက်ဆုံး မုဒိမ်းလူသတ်သမားကို ပူတင်လွှတ်ပေးပြီး ယူကရိန်းစစ်ထဲ ထည့်ဖို့ စီစဉ်

အသက် ၁၈ နှစ်ကနေ ၅၀ အကြားအမျိုးသမီး ၈၆ ယောက်ကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့ကြောင်း ဝန်ခံထားပြီးဖြစ်တဲ့ ရုရှားနိုင်ငံရဲ့ အရက်စက်ဆုံး ကွင်းဆက်မုဒိမ်းလူသတ်သမားကို ပူတင်က လွှတ်ပေးပြီး ယူကရိန်းစစ်ပွဲမှာ စစ်မှုထမ်းခိုင်းဖို့ စီစဉ်နေပြီဖြစ် ကြောင်း The Sun သတင်းစာက ထုတ်ဖော်ရေးသားခဲ့ပါတယ်။ Warewolf လို့ ခေါ်ဆိုကြသလို သူနေထိုင်ခဲ့တဲ့ ဇာတိမြို့မှာ အန်ဂက်ရှ်မားနီးယက်စ် (Angarsk Maniac) လို့ စက်ဆုတ်ရွံရှာစွာခေါ်ဝေါ်ခံရတဲ့ ရဲအရာရှိဟောင်း မီခေးလ်ပေါ့ကော့ဗ်ဟာ အသက် ၅၉ နှစ်ရှိပြီဖြစ်ပြီး ဝန်ခံခဲ့ပြီး တဲ့ မုဒိမ်းကျင့်လူသတ်မှုတွေကြောင့် တစ်သက်တစ်ကျွန်း ၂ ကြိမ်ထောင်ဒဏ်အပြင် ထပ်တိုးထောင်ဒဏ် ၉ နှစ် ကျခံထားရသူဖြစ်ပါတယ်။ အခုနောက်ဆုံး အမျိုးသမီး ၃ ယောက်ကို သတ်ဖြတ်ခဲ့ကြောင်း ထပ်ဝန်ခံလိုက်လို့ ထောင်ဒဏ် ၁၀ […]

အမျိုးသမီး ၈၆ ယောက်ကိုသတ်ခဲ့တဲ့ ရုရှားအရက်စက်ဆုံး မုဒိမ်းလူသတ်သမားကို ပူတင်လွှတ်ပေးပြီး ယူကရိန်းစစ်ထဲ ထည့်ဖို့ စီစဉ် Read More »

ဘုရာသုံးဆူ စစ်ကောင်စီတပ် ဒုတပ်ရင်းမှူးတစ်ဦး ပစ်သတ်ခံရ

ထိုင်း-မြန်မာနယ်စပ်မြို့တစ်မြို့ဖြစ်သည့် ဘုရားသုံးဆူမြို့ပေါ်ရှိ စစ်ကောင်စီတပ် ဗိုလ်မှူးတစ်ဦးကို ပစ်ခတ်ခဲ့ကြောင်း နဂါးနီစစ်ကြောင်းတော်လှန်ရေးအဖွဲ့ကထုတ်ပြန်သည်။ ဘုရားသုံးဆူမြို့ရှိ အလှပြင်ဆိုင်တစ်ခုအတွင်း ရောက်ရှိနေသော စစ်ကောင်စီလက်အောက်ခံ ခလရ(၉၇)တပ် ဒုတပ်ရင်းမှူး အေးချမ်းအား နဂါးနီးစစ်ကြောင်းကပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားကြောင်းသိရသည်။ နိုဝင်ဘာလ(၂၃)ရက် မနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သေဆုံးသွားခဲ့သည့် ဗိုလ်မှူးအေးချမ်းသည် ကော့ကရိတ်မြို့အခြေစိုက် ခလရ(၉၇)တပ်ရင်းမှဖြစ်ပြီး ဘုရားသုံးဆူဒေသသို့ တာဝန်ဖြင့် ရောက်ရှိလာသူတစ်ဦး ဖြစ်သည်ဟု နဂါးနီစစ်ကြောင်းက ထုတ်ပြန်ထားသည်။ “(ဘုရားသုံးဆူကိုရောက်တာ) ခန့်မှန်းခြေ ၆ လ လောက်ရှိပြီဗျ” ဟု နဂါးနီစစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။ ဘုရားသုံးဆူမြို့၏ နယ်စပ်ချက်ပွိုင့်ဂိတ်တွင် အများပြည်သူမော်တော်ယာဉ်များ အဆမတန် ဆက်ကြေးကောက်ခံနေခြင်း၊ မြို့တွင်းပေါ်၌ အများပြည်သူ စိတ်အနှောင့်အယှက်ဖြစ်စေရန် ခြိမ်းခြောက်ခြင်းများ၊ တော်လှန်ပြည်သူများအား လိုက်လံဖမ်းဆီးခြင်းများ ပြုလုပ်ရန် အားထုတ်လျက်ရှိသူတစ်ဦးလည်းဖြစ်ဟု ရေးသားထုတ်ပြန်ထားသည်။ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ နဂါးနီစစ်ကြောင်းသို့မေးမြန်းရာတွင် “ကျွန်တော်တို့

ဘုရာသုံးဆူ စစ်ကောင်စီတပ် ဒုတပ်ရင်းမှူးတစ်ဦး ပစ်သတ်ခံရ Read More »

လေယာဉ်ကွင်း တည်ဆောက်နေသည့် လိုင်လင်းပီမြို့မှ အဓိက စစ်တပ်စခန်းကို ချင်းတော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်

ချင်းပြည်နယ်တွင် ရိဒ်ခေါဒါရ်မြို့ပြီးလျှင် လိုင်လင်းပီမြို့သည် ဒုတိယမြောက်သိမ်းပိုက်ရရှိသော မြို့ဖြစ် ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ လိုင်လင်းပီမြို့မှ စစ်ကောင်စီ၏ အဓိက စစ်စခန်းကို ချင်းတော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ရရှိကြောင်း CNA မှ ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းထက်နီကအတည်ပြု သည်။ CNA နှင့် ချင်းတော်လှန်ရေး တပ်ပေါင်းစုက လိုင်လင်းပီ စစ်ကောင်စီစခန်းကို နိုဝင်ဘာလ ၁၉ ရက်နေ့မှ စတင်တိုက်ခိက်ခဲ့ပြီး ယနေ့ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် အပြီး တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်းဖြစ်ကြောင်း သိရှိရသည်။ “လိုင်လင်းပီမှာ စစ်ကောင်စီစခန်းကြီးတစ်ခုပဲ အဓိကရှိတာ။ အဲဒီစခန်းရပြီဆိုတော့ မြို့က ခပ်သေးသေးဆိုတော့ မြို့သိမ်းလို့ရပြီလို့ ပြောလို့ရတယ်” ဟု ချင်းတော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။ လိုင်းလင်းပီ စစ်ကောင်စီတပ်စခန်းကို CNA၊ CDF-Mara၊ CDF -Matupi၊ CDF-Lautu နှင့်

လေယာဉ်ကွင်း တည်ဆောက်နေသည့် လိုင်လင်းပီမြို့မှ အဓိက စစ်တပ်စခန်းကို ချင်းတော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက် Read More »

ဆိုင်ကယ်အစီးနှစ်ဆယ်ကျော်ကို မီးရှို့ပြီး ရွှေငွေတွေပါယူဆောင်သွား

လောင်းလုံးမှာ စစ်တပ်က ဆိုင်ကယ်အစီးနှစ်ဆယ်ကျော်ကို မီးရှို့ပြီး ရွှေငွေတွေပါယူဆောင်သွား တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ သပြေရှောင်ရွာမှာ စစ်ကောင်စီတပ်က နိုဝင်ဘာ ၂၃ ရက်၊ မနေ့ညက ရွာခံတွေရဲ့ ဆိုင်ကယ် ၂၄ စီးနဲ့ ရေလုပ်သားတွေရဲ့ တဲအိမ် ရှစ်လုံးကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ” သူတို့(စစ်တပ်) ရွာထဲဝင်လာတော့ ကျမတို့က ထွက်ပြေးတာပေါ့။ အဲမှာ အိမ်မှာကျန်ခဲ့တဲ့ ဆိုင်ကယ်တွေ ယူထုတ်ပြီးရှို့တာ၊ အားလုံးစုပြီးမှ ရှို့ခဲ့တာ ” လို့ လုံခြုံရေးအရ အမည်မဖော်လိုသူ သပြေရှောင်ရွာခံ အမျိုးသမီးတဦးက DNA ကို ပြောပါတယ်။ စစ်ကောင်စီတပ်က အခုလို မီးရှို့ဖျက်ဆီးသွားတဲ့ ဆိုင်ကယ်အားလုံးရဲ့ စုစုပေါင်းကာလတန်ဖိုးဟာ အနည်းဆုံး သိန်းသုံးရာဝန်းကျင် ရှိနိုင်တယ်လို့လည်း ဆိုပါတယ်။ အင်အား ခုနစ်ဆယ်ခန့်ရှိ အဲဒီစစ်ကောင်စီတပ်သားတွေဟာ

ဆိုင်ကယ်အစီးနှစ်ဆယ်ကျော်ကို မီးရှို့ပြီး ရွှေငွေတွေပါယူဆောင်သွား Read More »

သန်လျင်ရေတပ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦး လက်နက်အချို့ ယူဆောင်၍ ထွက်ပြေး

ရန်ကုန်တိုင်း၊ သန်လျင်မြို့ ရေတပ်ဌာနချုပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦး လက်နက်အချို့ယူဆောင်ပြီး တပ်အတွင်းမှ ထွက်ပြေးသွားကြောင်း သိရသည်။ ယနေ့ နို၀င်ဘာ ၂၄ ရက် နံနက် ၁ နာရီခန့်က သန်လျင်ရေတပ်ဌာနချုပ်မှ စစ်ကောင်စီတပ်သား ၁၇ ဦး ကင်းလှည့်ထွက်လာစဉ် လက်နက်အချို့ကို ယူဆောင်၍ ထွက်ပြေးသွားကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။ “ရှေ့လျှောက်တပ်ပြေးတဲ့သတင်းတွေ ပိုကြားရနိုင်တယ်။ အခုလည်း တပ်ထဲမှာ ၂၇ ရက်နေ့အတွက် တပ်လှန့်ထားတာရှိတယ်။ အခြေအနေမကောင်းတာတော့ အမှန်ပဲ”ဟု တပ်တွင်းသတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။ လက်ရှိတွင် ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများကို ပြန်လည်ဖမ်းဆီးရမိရေး အတွက် လိုက်လံရှာဖွေနေကြောင်းသိရပြီး အဆိုပါရေတပ်မှ ထွက်ပြေးသည့် စစ်ကောင်စီတပ်သားများ၏ အသေးစိတ်အခြေ‌အနေကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် ဆက်လက်စုံစမ်းနေပြီး သိရှိရပါက ဆက်လက်ဖော်ပြပေးသွားမည်

သန်လျင်ရေတပ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦး လက်နက်အချို့ ယူဆောင်၍ ထွက်ပြေး Read More »

မဟုတ်တာမှန်သမျှလုပ်ချင်တိုင်းလုပ်နေခဲ့တာတွေကို ကာဗာပေးပြီးရပ်တည်ခဲ့ချိန်က “ဆွေမျိုးနဲ့ ပေါက်ဖော်”

မဟုတ်တာမှန်သမျှလုပ်ချင်တိုင်းလုပ်နေခဲ့တာတွေကို ကာဗာပေးပြီးရပ်တည်ခဲ့ချိန်က “ဆွေမျိုးနဲ့ ပေါက်ဖော်” အပေးအယူမတည့်တဲ့အချိန်ရောက်လာတော့ “မအေရိုးပါတဲ့စောက်ဆော်”လို့.ပြောနေကြပြီး သံရုံးရှေ့အထိ.စာတန်းတွေကိုင်. အော်ချင်ရာတွေ သွားအော်ပြီး.ငယ်သံပါနေကြပါပြီ ၁၉၆၇.ဇွန်လ စိန/ဗမာအရေးအခင်းအပြီး သံတမန်ဆက်သွယ်ရေးအနိမ့်ဆုံးအဆင့်ကျခဲ့ရာကနေ ၁၉၇၀မှာ.ထိုစဥ်က. မော်စီတုံးရဲ့ဝန်ကြီးချုပ်ချူအင်လိုင်းက နေဝင်းကို ဖိတ်ကြားခဲ့ပြီး.စိနပြည်ကို.သွားလည်ရာက ပြန်လည်ကောင်းမွန်လာခဲ့တဲ့စိန/မြန်မာဆက်ဆံရေးဟာ ၁၉၈၈မှာ.အာဏာထပ်သိမ်းခဲ့ချိန်ကအစပြုလို့ နိုင်ငံတကာပိတ်ဆို့မှု့တွေကို.စိနအားကိုးနဲ့ရပ်တည်ခဲ့ပြီး ထိုစဥ်ကမီးရထားဝန်ကြီးဖြစ်ခဲ့သူအောင်မင်းက “တရုတ်ကိုကြောက်နေရပါတယ်”လို့ သမိုင်းဝင်စကားနဲ့ဝန်ခံခဲ့ရတဲ့အထိ စိနကို.တပည့်ခံလာခဲ့ပြီးမှ… ဒီတခေါက်.မျောက်ဖိုးစိန်က ဆရာ့.ဆရာကြီးများလမ်းစဥ်ကိုသွေဖည်ပြီး ရိုးရာမပျက်.စိနကိုးကွယ်မှု့ကို.ကာပြန်ခဲ့ကာ အတတ်ဆန်းပြီး.အဝေးကြီးက.ရုရှားကို ပြောင်းလဲပူဇော်လိုက်တဲ့အခါ နတ်ကိုင်ခံရသလို.တစ္ဆေကြီးစိနရဲ့ပြုစားခြင်းတွေကြောင့် ဆောက်တည်ရာမရဖြစ်နေခဲ့ပါပြီ. မျောက်ဖိုးစိန်ဟာ. အာဏာကိုသာအငမ်းမရလိုချင်နေပေမဲ့ စိနနဲ့ပတ်သက်တဲ့.ရာဇဝင်ကြောင်းကိုမေ့ထားခဲ့ပုံပါ စိနဟာ.စိန/ဗမာအရေးအခင်းမတိုင်ခင်ကတည်းက သူ့အကူအညီကိုမယူဘဲ. ထိုစဥ်ကဆိုဗီယက်ပြည်ထောင်စု(အခု.ရုရှား)ဆီက နည်းပညာနဲ့အကူအညီရယူခဲ့မှု့ကြောင့် အစာမကြေဖြစ်ခဲ့ပြီး. စိန/ဗမာအရေးအခင်း.မြစ်ဖျားခံရာပြဿနာဖြစ်တဲ့ တရုတ်ကျောင်းတွေကကျောင်းသားတွေကို မော်စီတုံးတံဆိပ်တပ်ပြီး.ကျောင်းတက်စေခဲ့ခြင်း စိနသံရုံးက.ယဥ်ကျေးမှု့တော်လှန်ရေးရဲ့စာအုပ်နီများကို တရုတ်ကျောင်းသားများကိုဖြန့်ဝေခဲ့ခြင်းတို့ ပြုလုပ်ခဲ့ခြင်းကြောင့် မော်စီတုံးတံဆိပ်တပ်ဆင်ကျောင်းတက်သူများကို. မြန်မာဆရာ/ဆရာမများက တားမြစ်ခဲ့ရာကနေ အခြားသော.ကောလဟဠသတင်းများပါ.ပါလာခဲ့ပြီး စိန/ဗမာအရေးအခင်းကြီးဖြစ်လာခဲ့ပါတယ် ဒီအရေးအခင်းကြီးဖြစ်အောင် စိနကလည်း.တမင်လုပ်ယူခဲ့သလို ထိုစဥ်က အာဏာရှင်နေဝင်းကလည်း နိုင်ငံတွင်းမှာ.သူ့ရဲ့လမ်းစဥ်ညံဖျင်းမှု့များဖြစ်တဲ့ ပြည်သူပိုင်သိမ်းယူမှု့၊..စီးပွားရေးနယ်ပယ်တွေမှာ

မဟုတ်တာမှန်သမျှလုပ်ချင်တိုင်းလုပ်နေခဲ့တာတွေကို ကာဗာပေးပြီးရပ်တည်ခဲ့ချိန်က “ဆွေမျိုးနဲ့ ပေါက်ဖော်” Read More »

“လက်နက်တွေ ယူနီဖောင်းတွေကို မြှုပ်ပြီးတော့ အရပ်သားအနေနဲ့ ပြေးချင်တာပေါ့”

မြန်မာ-တရုတ်နယ်စပ်တစ်လျှောက်တွင် အစည်ကားဆုံးနှင့် အတိုးတက်ဆုံးမြို့ဖြစ်သော လောက်ကိုင်သည် တရုတ်နိုင်ငံ၏ ကျားဖြန့်နှိမ်နင်းရေးနှင့် မြောက်ပိုင်းမဟာမိတ်တို့၏ စစ်ဆင်ရေးတို့ကြောင့် လူသူကင်းမဲ့ကာ တိတ်ဆိတ်ခြောက်ကပ်သွားသည်။ မကြာမီ စစ်တလင်းဖြစ်တော့မည့် အခြေအနေကြောင့် ထောင်နှင့်သောင်းနှင့်ချီသော မြို့ခံများနှင့် အနယ်နယ်အရပ်ရပ်မှ ရွှေ့ပြောင်းအလုပ်သမားများ လောက်ကိုင်ကို စွန့်ခွာထွက်ပြေးကြရသည်။ ကိုးကန့်ဒေသမြို့တော် လောက်ကိုင်ကို စွန့်ခွာလာသူများအနက် လူငယ်တစ်ဦးကိုဆက်သွယ်မေးမြန်းထားသည်။ ရန်ကုန်မြို့ဇာတိ အသက် ၃၀ အရွယ် ထိုလူငယ်မှာ လောက်ကိုင်ရှိ စားသောက်ဆိုင်တစ်ခုမှ ဝန်ထမ်းဖြစ်သည်။ နိုဝင်ဘာ ၉ ရက်နေ့တွင် လောက်ကိုင်မြို့မှ ထွက်ခွာလာပြီးနောက် သီတင်းနှစ်ပတ် ခက်ခက်ခဲခဲကျော်ဖြတ်ပြီးမှ ရှမ်းပြည်နယ်မြောက်ပိုင်းမြို့တော် လားရှိုးကို ရောက်ရှိခဲ့သည်ဟု ဆိုသည်။ လမ်းခရီးတွင် အရပ်ဝတ်ဖြင့် ထွက်ပြေးရန် ကြိုးစားသည့် စစ်သားများလည်း တွေ့ခဲ့ရသည်ဟု ထိုလူငယ်က ပြောသည်။ ဆက်သွယ်မေးမြန်းထားသည်များအနက် စိတ်ဝင်စားဖွယ်အကြောင်းအရာတချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။ မေး –

“လက်နက်တွေ ယူနီဖောင်းတွေကို မြှုပ်ပြီးတော့ အရပ်သားအနေနဲ့ ပြေးချင်တာပေါ့” Read More »

ပြည်ရွှေဆံတော်ဘုရားစွယ်တော်နဲ့ ယတြာချေဖို့ စီစဉ်နေ

ပြည်ရွှေဆံတော်ဘုရားစွယ်တော်နဲ့ ယတြာချေဖို့ စစ်ကောင်စီစဉ်နေ သုံးနှစ်တစ်ကြိမ်သာအပူဇော်ခံတဲ့ ပြည်မြို့က ရွှေဆံတော်ဘုရားမှာရှိတဲ့ ဗုဒ္ဓစွယ်တော်ကို စစ်ကောင်စီက ယတြာအရ လှည့်လည်အပူဇော်ခံဖို့စီစဉ်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ပြည်ရွှေဆံတော်ဘုရားရှိ ဗုဒ္ဓစွယ်တော်ဟာ ပုံမှန်အားဖြင့် သုံးနှစ်တစ်ကြိမ်သာလှည့်လည်အပူဇော်ခံတာဖြစ်ပြီး လာမယ့် ၂၀၂၄ ခုနှစ်မှသာ သုံးနှစ်ပြည့်ပြုလုပ်ရမှာဖြစ်ပေမယ့် စစ်ကောင်စီကဒီနှစ်မှာပြုလုပ်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။ “ပြည်ရွှေဆံတော်ဘုရားစွယ်တော်က ၃ နှစ်မှ တစ်ကြိမ်အပူဇော်ခံတာ၊ ကျမတို့ဟိုးငယ်ငယ်ထဲက ၃ နှစ်တစ်ကြိမ်ပဲ၊ ၈၈ အရေးတော်ပုံတုန်းကတောင် အဲလို လုပ်တာမရှိဘူး။ အခုက ၃ နှစ်က ၂၀၂၄ မှ ပြည့်မှာ၊ အခု လှည့်လည်အပူဇော်ခံမယ်ဆိုလို့ မြို့က လူတွေက ဇွတ်လှည့်ဆိုပြီးပြောနေကြတယ်၊ တကယ်က ပုံမှန်ဆိုရင်စွယ်တော်က မနက်ကတည်းက ရပ်ကွက်တွေထဲ လှည့်အပူဇော်ခံတာ၊ ညနေဘက်အထိ၊ အခုကတော့ အချိန် ၄ နာရီလောက်ပဲ စတိလှည့်မဲ့သဘောပေါ့” လို့

ပြည်ရွှေဆံတော်ဘုရားစွယ်တော်နဲ့ ယတြာချေဖို့ စီစဉ်နေ Read More »

လူက မွေးတာမှ ဟုတ်ရဲ့လားမေးရမယ့် စကစ ရဲ့ လုပ်ရပ် (ရုပ်သံ)

လောက်ကိုင်ကို ဆက်ထိန်းချုပ်နိုင်ရန် စစ်ကောင်စီက ပြည်သူများကို လူသားဒိုင်းအဖြစ်အသုံးပြုနေ၍ အထူးဂရုပြုရန် MNDAA သတိပေး စစ်ကောင်စီက လူမဆန်သောလုပ်ရပ်နှင့် ကြမ်းတမ်းသောလုပ်ရပ်များလုပ်ဆောင်နေ၍ လောက်ကိုင်ဒေသမှ ဒုက္ခသည်များသည် စစ်ကောင်စီ၏ လူသားဒိုင်းကာမဖြစ်စေရန် အထူးဂရုပြုသတိထားရမည်ဖြစ်ကြောင်း ကိုးကန့်တပ်မတော်(MNDAA)က သတိပေးထုတ်ပြန်သည်။ နိုဝင်ဘာလ ၁၉ ရက်တွင် MNDAA စစ်ရေးကော်မတီမှ လောက်ကိုင်ဒေသရှိပြင်ပလူထုများအား စစ်မြေပြင်မှ လျင်မြန်စွာထွက်ခွာရန် အသိပေးထုတ်ပြန်ခဲ့ရာ လောက်ကိုင်ဒေသရှိ ပြင်ပလူထုနှင့် ဗမာလူမျိုးဒုက္ခသည် များလည်း လျင်မြန်စွာ ထွက်ခွာခဲ့ကြောင်း၊ သို့ရာတွင် စစ်ကောင်စီ လက်အောက်ခံ ကိုးကန့်ရုပ်သေးအဖွဲ့သည် လောက်ကိုင်ဒေသကိုဆက်လက်ထိန်းချုပ်နိုင်ရန်အတွက် လမ်းကြောင်းများကို ဖျက်ဆီးခဲ့ပြီး ဒေသခံများအားမြို့ထဲတွင် ပိတ်ဆို့စေခဲ့ကြောင်း ဖော်ပြသည်။ နောက်တစ်နည်းအားဖြင့် ထွက်ပြေးတိမ်းရှောင် သော ဒုက္ခသည်များကို လူသားဒိုင်းကာလုပ်၍ ရှေ့ကသွားစေပြီး စစ်ကောင်စီတပ်က နောက်ကနေရုပ်ဖြတ် ပြီးလိုက်ပါကာ MNDAAကို တန်ပြန်တိုက်ခိုက်ရန် ကြံရွယ်ခဲ့သည်

လူက မွေးတာမှ ဟုတ်ရဲ့လားမေးရမယ့် စကစ ရဲ့ လုပ်ရပ် (ရုပ်သံ) Read More »

လားရှိုး၊ မိုင်းကျက် စစ်စခန်းသိမ်းတိုက်ပွဲမှ ဟောင်ဝစ်ဇာအမြောက် အပါအဝင်စက်သေနတ်နှင့်လက်နက်ငယ်များရရှိ

လားရှိုး၊ မိုင်းကျက် စစ်စခန်းသိမ်းတိုက်ပွဲမှ ဟောင်ဝစ်ဇာအမြောက် အပါအဝင်စက်သေနတ်နှင့်လက်နက်ငယ်များရရှိ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းကျက် စစ်ကောင်စီတပ်စခန်းကို TNLA က ယမန်နေ့ညတွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ဟောင်ဝစ်ဇာအမြောက်အပါအဝင်စက်သေနတ်နှင့်လက်နက်ငယ်များရရှိခဲ့​ကြောင်းထုတ်ပြန်သည်။ ၀၀မိုင်းကျက်တပ်စခန်းကို ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့သည့် အောက်တိုဘာ ၂၇ရက် ကတည်းက စတင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က လေကြောင်းပစ်ကူ အကြိမ်ကြိမ်သုံးပြီး ခုခံကာကွယ်ခဲ့ရပြီး တစ်လနီးပါးအကြာတွင် TNLAက အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ တပ်စခန်းသိမ်းတိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူပေးမှု၊ လေကြောင်းက ရိက္ခာခဲယမ်းဖြည့်တင်းပေးမှုများပြုလုပ်ခဲ့သည်။ TNLA ရဲဘော်များကလည်း လေယာဉ်ပစ်စက်သေနတ် အချို့ ဖြင့် တိုက်ပွဲဝင်နေသည်ကို ရုပ်သံမှတ်တမ်း၌ တွေ့ရသည်။ စစ်ကောင်စီတပ်ထံမှသိမ်းဆည်းရရှိ​သောလက်နက်များတွင် ဟောင်ဝစ်ဇာအမြောက် ၊ စက်သေနတ် နှင့်လက်နက်ငယ်များ သိမ်းဆည်းရရှိခဲ့ကြောင်းလည်း​တွေ့ရသည်။ TNLA တပ်မဟာ(၆)စစ်ဒေသ လားရှိုးမြို့နယ် မိုင်းကျက်စခန်းကို အောက်တိုဘာ ၂၇ရက်တွင်

လားရှိုး၊ မိုင်းကျက် စစ်စခန်းသိမ်းတိုက်ပွဲမှ ဟောင်ဝစ်ဇာအမြောက် အပါအဝင်စက်သေနတ်နှင့်လက်နက်ငယ်များရရှိ Read More »

Scroll to Top