News

29 ရတနာဆိုင်ထဲက စစ်ကြောရေးအခန်း

🛑29ရတနာဆိုင်ထဲက စစ်ကြောရေးအခန်း -“Sapphire Room ” ဘယ်မှာရှိလဲ လို့ အဖွဲ့အစည်းတွေက မေးလာတဲ့အတွက် လိပ်စာအတိအကျပြောပါမယ်.. ဦးချစ်မောင်လမ်း ၊ တာမွေကုန်းတံတားဘေး က 29ရတနာဆိုင်အမှတ် (၂) ၊ တိုက်15 ပထမအထပ် ၊ လှေကားတက်တက်ချင်း Sapphire Room ၊ HR နဲ့ ကပ်ရပ် မှာ ရှိတဲ့အခန်းပါ.. ၀န်ထမ်းတွေ အမှားလုပ်မိတာနဲ့ အဲဒီအခန်းကိုပို့ပါတယ်.. ဘယ်ကိစ္စပဲစစ်စစ် အနည်းဆုံး (၂-၃ရက်) ပိတ်လှောင်ခံရတာ လို့ ပြောပါတယ်.. ထောင်ထဲရောက်နေတဲ့ (အိမ်နေ) ၀န်ထမ်းတွေ အဲဒီအခန်းမှာ သေချာပေါက် နေခဲ့ရသူတွေပါ.. Sapphire Room စစ်ကြောရေးခန်း တကယ် ရှိတဲ့သက်သေ ပြပါမယ်.. (တချို့တွေလဲ သိပြီးသားဖြစ်မှာပါ).. ၂၀၂၃ခုနှစ် ၈လပိုင်းမှာ ရခိုင်အမျိုးသမီးငယ်တစ်ဦးအပါ […]

29 ရတနာဆိုင်ထဲက စစ်ကြောရေးအခန်း Read More »

NUG ဝန်ကြီး ဒေါက်တာ ဇော်ဝေစိုး ကုလသမဂ္ဂညီလာခံ အစည်းအဝေးများတက်ခွင့်ရ

အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ကျင်းပနေသော ၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံနှင့် ဆက်စပ်သော အစည်းအဝေးများတက်ရောက်ရန် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးအား ဖိတ်ကြားခဲဲ့ကြောင်း သိရသည်။ “ကျနော်ရောက်နေတာကတော့ UNCA Side Line အစည်းတခုကို လာတက်တာပါ။ ကုလသမဂ္ဂ ညီလာခံနဲ့တွဲပြီးတော့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ Side Line အစည်းအဝေးကို လာတက်တာ ဖြစ်ပါတယ်။ ကျနော့်အနေနဲ့ တော်လှန်ရေးအနေနဲ့ပေါ့ ဂုဏ်ယူစွာနဲ့ ပြောရရင်တော့ ကျန်းမာရေးဝန်ကြီးဆိုတဲ့ ကျနော့်နာမည်နဲ့ ဖိတ်လို့လာတက်တာ ဖြစ်ပါတယ်” ဟု ဒေါက်တာ ဇော်ဝေစိုးက စက်တင်ဘာ ၂၁ ရက်တွင် ပြောသည်။ လက်ရှိကျင်းပနေသော ၇၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံနှင့်ဆက်စပ်သော အစည်းဝေးများသို့ Community Health

NUG ဝန်ကြီး ဒေါက်တာ ဇော်ဝေစိုး ကုလသမဂ္ဂညီလာခံ အစည်းအဝေးများတက်ခွင့်ရ Read More »

ရေဘေးပျောက်ဆုံးကျွဲ၊နွားများကို ငွေဖြင့်ပြန်ရွေးခိုင်း​သောဖြစ်စဥ်များရှိ​နေ

ငွေဖြင့်ပြန်​ရွေးခိုင်းသူများကိုထောင်ဒဏ် ၂ နှစ်အထိ ကျနိုင်သည့် ပုဒ်မဖြင့်တရားစွဲနိုင်ဟုCDM တရားရေးအရာရှိတဦးပြော ရေဘေးသင့်ဒေသများတွင် ရေစီးနှင့်မျောပါသွားသည် ကျွဲ၊နွားများအား ကယ်ဆယ်​တွေ့ရှိထားသူ များက ငွေဖြင့် ပြန်ရွေးယူခိုင်းသည့် ဖြစ်စဉ်များရှိနေပြီး ယင်းလုပ်ရပ်သည် ထောင်ဒဏ် ၂ နှစ်အထိ အလွဲသုံးစားမှုဖြစ်၍ တရားစွဲဆိုတိုင်တန်းနိုင်ကြောင်း ဥပဒေကျွမ်းကျင်သူများက ပြောသည်။ ယာဂီမုန်တိုင်းကြောင့်အရှိန်​ကြောင့် မိုးကြီးပြီးရေဘေးကြုံတွေ့ခဲ့သည့် နေပြည်တော်၊ မန္တလေးတိုင်းတို့မှ မြို့နယ်အချို့တွင် ရေစီးနှင့်မျောပါသွားသည့်ကျွဲ၊နွားများအား ဆယ်ယူထားသူအချို့က ပိုင်ရှင်များထံမှ အတင်းအကြပ်ငွေတောင်းခံမှုများရှိနေခြင်းဖြစ်သည်။ “ကျတော့်နွားတွေဆိုတစ်ကောင် ၃သိန်းနဲ့ လေးကောင်ပြန်ရွေးယူရတယ်။ တချို့သူတွေဆို နွားတွေကိုဖွက်ထားတယ်။ ကိုယ့်နွားရှိနေမှန်းသိရက်နဲ့ ကြည့်ခွင့်မပေးလို့ပြန်မရတဲ့သူတွေတောင်ရှိတယ်” ဟု နေပြည်တော် တပ်ကုန်းမြို့နယ်မှ လယ်သမားတစ်ဦးကပြောသည်။ နေပြည်တော်တွင် တပ်ကုန်းမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ ဇေယျာသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့၌ ရေဘေးကြုံခဲ့ပြီး ဒေသခံလယ်သမားများသည် ကျွဲ၊နွားအများအပြား ပျောက်ဆုံးခဲ့ကြသည်။ “တော်တော်များများ ပြန်ရွေးယူရတယ်ဗျ။ ပြန်မရွေးရသူ နည်းနည်းပဲရှိတယ်။

ရေဘေးပျောက်ဆုံးကျွဲ၊နွားများကို ငွေဖြင့်ပြန်ရွေးခိုင်း​သောဖြစ်စဥ်များရှိ​နေ Read More »

ဦးဇင်း ၄ ပါးက အသက်(၁၃)နှစ်အရွယ် ကိုရင်လေးကို ဖုန်းခိုးတယ်လို့စွပ်စွဲပြီး

ဦးဇင်း ၄ ပါးက အသက်(၁၃)နှစ်အရွယ် ကိုရင်လေးကို ဖုန်းခိုးတယ်လို့စွပ်စွဲပြီး အခန်းတံခါးပိတ် အလှည့်ကျရိုက်နှက်သေဆုံးလို့ လူမသိ သူမသိမီးသဂြိုဟ် ဧရာဝတီတိုင်းအမာမြို့နယ်ဒေါ်ညိမ်းကျေးရွာမှာအသက်(၁၃)နှစ်အရွယ် ကိုရင်လေးကို ဖုန်းခိုးတယ်လို့စွပ်စွဲပြီး ဦးဇင်း၄ပါးအခန်းတံခါးပိတ်ပြီးအလှည့်ကျရိုက်နှက်ခဲ့ပြီးဆေးမကုပေးဘဲ အခန်းတွင်းပိတ်ထားလို့ သေဆုံးသွားတယ်လို့ ဒေသခံသတင်းအရင်းအမြစ်တွေက ပြောပါတယ်။ ဧရာဝတီတိုင်း၊ဖျာပုံခရိုင်၊ အမာမြို့နယ်၊ ဒေါ်ညိမ်းကျေးရွာ၊ သရက်တောဘုန်းတော်ကြီးပညာသင်ကြားရေးကျောင်းမှာ နေထိုင်တဲ့အသက်(၁၃)နှစ်အရွယ် ကိုရင်လေးကို ဖုန်းခိုးယူတယ်လို့ စွပ်စွဲပြီးစက်တင်ဘာ ၁၅ရက်နေ့က လက်ထောက်ကျောင်းတာဝန်ခံ ဦးဥက္ကဌ အပါဝင် သံဃာ(၄)ပါးက အခန်းတွင်းပိတ်အလှည့်ကျ ရိုက်နှက်စစ်‌ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဖုန်းခိုးတယ်လို့ ဝန်မခံမချင်း ရိုက်နှက်ခဲ့တဲ့ ဒဏ်ရာတွေကို(၄)ရက်တိတိ ဆေးကုသမှု့မပေးပဲ အခန်းထဲတွင်သာထားရှိခဲ့ပြီး ကိုရင်လေးက ခန္ဓာကိုယ်ပေါ်ရရှိဒဏ်ရာတွေနဲ့ စက်တင်ဘာ(၁၈)ရက်နေ့မှာတော့ ပျံလွန်တော်မူခဲ့ကာ အလောင်းကိုဆေးရုံမပို့ပဲ ဘုန်းကြီးကျောင်း ဒုလက်ထောက်မှ သူသဘောဆန္ဒနဲ့ မီးသဂြိုဟ်လိုက်ကြတယ်လို့ ဧရာဝတီတိုင်း သတင်းအထူးတပ်ဖွဲ့ – ပုသိမ်က ပြောပါတယ်။

ဦးဇင်း ၄ ပါးက အသက်(၁၃)နှစ်အရွယ် ကိုရင်လေးကို ဖုန်းခိုးတယ်လို့စွပ်စွဲပြီး Read More »

တောင်းခမ်းတွင် တိုက်ပွဲဆက်လက်ပြင်းထန်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီ​၏ အမြောက်တပ် (၂၀၆)တပ်စခန်းနှင့် တောင်းခမ်းရွာရှိ စစ်ကောင်စီ​၏ အမြောက်တပ်ရင်း (၉၀၂)တပ်စခန်းနေရာတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က အသိပေးထုတ်ပြန်သည်။ ယနေ့ နံနက် ၉နာရီခွဲကျော်တွင် စစ်ကောင်စီ အမတ(၂၀၆)တပ်၌လည်းကောင်း၊ ညနေ ၄နာရီခွဲကျော်တွင် တောင်းခမ်းရွာရှိ စစ်ကောင်စီ​၏ အမြောက်တပ်ရင်း (၉၀၂) တပ်ခန်းနေရာတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲဖြစ်ပွားလျက်ရှိသော နောင်ချိုမြို့ကို စစ်ကောင်စီက Jet Fighter ဖြင့် ဗုံး (၂)လုံး၊ မကျီးရေရွာရှိ အမတ (၃၅၄)တပ်စခန်းနှင့် တောင်ခမ်းရွာရှိ စစ်ကောင်စီတပ် (၉၀၂)တပ်စခန်းနေရာတွင် Y-12 ဖြင့် (၇)ကြိမ် ဗုံး(၆၀)လုံး လာရောက် ကြဲချ တိုက်ခိုက်ခဲ့သည်ဟု TNLAက အသိပေးသည်။ ထို့အပြင် တောင်းခမ်းရွာရှိ စစ်ကောင်စီတပ် (၉၀၂) တပ်စခန်းနေရာတွင် ထောက်ပို့ယာဉ် Y8

တောင်းခမ်းတွင် တိုက်ပွဲဆက်လက်ပြင်းထန်နေ Read More »

ဂန့်ဂေါခရိုင်တွင် PDF တပ်ရင်း ၅ ရင်း စုဖွဲ့လေ့ကျင့်မှု ပြုလုပ်

PDF တပ်ဖွဲ့များ စုဖွဲ့မှု အားကောင်း၍ စစ်ကောင်စီတပ်သား ၃ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင် မကွေးတိုင်း၊ ဂန့်ဂေါခရိုင်တွင် PDF တပ်ရင်း ၅ ရင်း စုဖွဲ့လေ့ကျင့်မှု ပြုလုပ်နေပြီး PDF တပ်ဖွဲ့များ စုဖွဲ့မှု အားကောင်း၍ စစ်ကောင်စီတပ်သား ၃ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်ခဲ့ကြောင်း ဂန့်ဂေါခရိုင် စုဖွဲ့လေ့ကျင်းမှု တပ်ရင်း ၅ ရင်း၏ ပြန်ကြားရေးတာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။ ဇူလိုင်လ ၂၄ ရက်နေ့မှ စတင်၍ ဂန့်ဂေါခရိုင် အတွင်း အခြေစိုက်တပ်ရင်းများဖြစ်သော ခရိုင်အမှတ် (၁၃ ၊ ၁၅ ၊ ၁၆ ၊ ၁၇ ၊ ၁၈) တပ်ရင်းများ ပူးပေါင်းကာ ဒေသအတွင်း တော်လှန်ရေး

ဂန့်ဂေါခရိုင်တွင် PDF တပ်ရင်း ၅ ရင်း စုဖွဲ့လေ့ကျင့်မှု ပြုလုပ် Read More »

ညောင်ဦးမြို့နယ်တွင် စစ်ကောင်စီလှည့်ကင်းယာဥ်တန်း တိုက်ခိုက်၊ငါးဦးသေပြီး ခုနစ်ဦးဒဏ်ရာရ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တွင် ကင်းပတ် ရာမှပြန်လာသော စစ်ကောင်စီတပ်ယာဥ်တန်းကို ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ညောင်ဦးမြို့နယ်- ပကဖ(ပုဂံပြည် ဘီလူးတပ်)မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ စက်တင်ဘာ ၂၀ ရက် ညနေ ၃နာရီခွဲခန့်က ညောင်ဦးမြို့နယ် ငါ့သရောက်-ဇဂျမ်းလမ်းမှ ကင်းပတ်ပြန်လာသော စစ်ကောင်စီလက်အောက်ခံ စစ်သားနှင့်ရဲများလိုက်ပါလာသည့် ကားလေးစီးနှင့် ဆိုင်ကယ်သုံးစီးပါ ယာဥ်တန်းကို ညောင်ဦးမြို့နယ်-ပကဖ(ပုဂံပြည်ဘီလူးတပ်)နှင့် မဟာမိတ်ညီနောင် များမှ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ တိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ သုံးဦးနေရာတင် သေဆုံးပြီး ကိုးဦးမှာ ပြင်းထန်ဒဏ်ရာများရရှိကာ ညောင်ဦးခရိုင် ဆေးရုံသို့ ပို့ဆောင်လိုက်ရကြောင်း ညောင်ဦးမြို့ နယ်-ပကဖမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။ ထို့နောက် ဒဏ်ရာရသူကိုးဦးအနက် နှစ်ဦးမှာ ယမန်နေ့(စက်တင်ဘာ ၂၁ ရက်)တွင် ဆေးကုသမှုခံယူရင်း ထပ်မံသေဆုံးသွားကြောင်း ၎င်းက ဆက်ပြောသည်။ ညောင်ဦးမြို့နယ် ဒုရဲမှူးဝင်းဆန်း၊စရဖ

ညောင်ဦးမြို့နယ်တွင် စစ်ကောင်စီလှည့်ကင်းယာဥ်တန်း တိုက်ခိုက်၊ငါးဦးသေပြီး ခုနစ်ဦးဒဏ်ရာရ Read More »

လှိုင်မြို့နယ်ရှိ စစ်တပ်၏ တပ်ထိန်းတပ်ဖွဲ့ဝင်းကို ဒုံးဖြင့် ပစ်ခတ် တိုက်ခိုက်

လှိုင်မြို့နယ်ရှိ စစ်တပ်၏ တပ်ထိန်းတပ်ဖွဲ့ဝင်းကို ဒုံးဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိပြီး လူနာတင်ကား ၂ စီးဝင်သွား ရန်ကုန်မြို့နယ်၊ လှိုင်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ တပ်ထိန်းတပ်ဖွဲ့ဝင်းကို ဒုံးဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိကြောင်း ရန်ကုန်မြို့ပြ UG အဖွဲ့တစ်ခုမှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။ စက်တင်ဘာလ ၂၁ ရက်နေ့ ည ၈ နာရီခန့်တွင် လှိုင်မြို့​နယ်ရှိ အကြမ်းဖက် စစ်တပ်၏ တပ်ထိန်းတပ်ဖွဲ့ဝင်းကို ရန်ကုန် မြို့ပြ UG အဖွဲ့က အဝေးထိန်း နည်းပညာသုံး ဒုံး အသေးစားများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အဆိုပါ တပ်ထိန်းဝင်းအတွင်းကို ဒုံး ၅ လုံးဖြင့် ပစ်ခတ်

လှိုင်မြို့နယ်ရှိ စစ်တပ်၏ တပ်ထိန်းတပ်ဖွဲ့ဝင်းကို ဒုံးဖြင့် ပစ်ခတ် တိုက်ခိုက် Read More »

ကံဇီးပျုစောထီးရွာကို တိုက်ခိုက် သိမ်းပိုက်မှု စစ်ကောင်စီ တပ်သား ၁၅ ဦးသေဆုံးပြီး ၃၀ ကျော် အရှင်မိ

ချောင်းဦးမြို့နယ်၊ ကံဇီးပျုစောထီးရွာကို တိုက်ခိုက် သိမ်းပိုက်မှု စစ်ကောင်စီ တပ်သား ၁၅ ဦးသေဆုံးပြီး ၃၀ ကျော် အရှင်မိ၊ စစ်သုံ့ပန်းများကို စစ်ဆေးမှု ပြုလုပ်နေ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကံဇီးပျုစောထီးရွာကို တိုက်ခိုက် သိမ်းပိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၅ ဦး သေဆုံးပြီး ၃၀ ကျော် အရှင်မိကာ စစ်သုံ့ပန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း မုံရွာ ခရိုင်အမှတ် ၉ တပ်ရင်း တပ်ရေးအရာရှိမှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။ စက်တင်ဘာလ ၁၉ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်ခန့်တွင် ကံဇီးပျူစောထီးရွာကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား

ကံဇီးပျုစောထီးရွာကို တိုက်ခိုက် သိမ်းပိုက်မှု စစ်ကောင်စီ တပ်သား ၁၅ ဦးသေဆုံးပြီး ၃၀ ကျော် အရှင်မိ Read More »

ချင်းတွင်းမြစ်အတွင်း သွားလာနေသော စစ်တပ်သင်္ဘော ၁၉ စီးကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ သေဆုံးမှုရှိနိုင်

ဆားလင်းကြီးမြို့နယ်၊ ပေါင်းဝဘုရားအနီး ချင်းတွင်းမြစ်အတွင်း သွားလာနေသော စစ်တပ်သင်္ဘော ၁၉ စီးကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ သေဆုံးမှုရှိနိုင် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ပေါင်းဝဘုရားအနီး ချင်းတွင်းမြစ်အတွင်း ၌ အကြမ်းဖက် စစ်ကောင်စီ၏ ကြေးနီ၊ ကျောက်စိမ်းများတင်ဆောင်လာသော သင်္ဘော ၁၉ စီးကို မိုင်းဆွဲတိုက် ခိုက်ခဲ့ရာ စစ်ဗိုလ်တစ်ဦး သေဆုံးခဲ့ကြောင်း Brave Heart Army (BHA) တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ ယမန်နေ့ စက်တင်ဘာလ ၂၁ ရက်နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်က ကြေးနီများတင်ဆောင်ပြီး မုံရွာမြို့ဘက်မှ စုန်ဆင်းလာသော အကြမ်းဖက်စစ်ကောင်စီ၏ သင်္ဘော ၁၉ စီးကို ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး ဆားလင်းကြီးမြို့နယ်၊ ပေါင်းဝဘုရားကြီးအနီးအရောက် ရှေ့ထွက်

ချင်းတွင်းမြစ်အတွင်း သွားလာနေသော စစ်တပ်သင်္ဘော ၁၉ စီးကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ သေဆုံးမှုရှိနိုင် Read More »

Scroll to Top