မန္တလေးမြို့နှင့် ၅ မိုင် အကွာတွင် တိုက်ပွဲဖြစ်ပွား
မန္တလေးမြို့ အနောက်မြောက်ဘက် ၅ မိုင်ခန့် အကွာတွင်ရှိသည့် မတ္တရာမြို့နယ် သုံးဆယ်ပေကျေးရွာနှင့် ကြာနီကန်အနီးတွင် ယနေ့ (စက်တင်ဘာ ၂၁ ရက်)နံနက်မှစတင်ကာ မွန်းလွဲပိုင်းချိန်ထိ လက်နက်ကြီးပစ်ခတ်သံများ ပြင်းထန်စွာ ကြားနေရကြောင်း မန္တလေးမြို့ခံများက ပြောသည်။ “ကြာနီကန်ဖက်မှာပစ်နေတာ၊ ကားနဲ့သွားရင် မကြာဘူး ၁၅မိနစ်၊ မိနစ်၂၀ပေါ့၊ အများဆုံးနာရီဝက် မကြာမကြာထထပစ်နေတာ။ RPG ထုနေတာ လက်နက်ကြီးအသံတွေချည်းပဲ ကြားနေရတယ် ခုထိ” ဟု မန္တလေးမြို့ခံတဦးက ယနေ့ မွန်းလွဲ ၂ နာရီခန့်တွင် ပြောသည်။ ယနေ့ နံနက် အစောပိုင်း ၂ နာရီခန့်မှစတင်ကာ မန္တလေးမြို့ အနောက်မြောက်ဘက်ရှိ မတ္တရာမြို့နယ် သုံးဆယ်ပေကျေးရွာကို စစ်ကြောင်းထိုးရာမှ တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယနေ့ နံနက် ၁၀နာရီခွဲချိန်ခန့်တွင် တော်လှန်ရေးတပ်မှ တပ်ဆုတ်သွားသည်ဟု […]
မန္တလေးမြို့နှင့် ၅ မိုင် အကွာတွင် တိုက်ပွဲဖြစ်ပွား Read More »