News

လှိုင်မြို့နယ်ရှိ စစ်တပ်၏ တပ်ထိန်းတပ်ဖွဲ့ဝင်းကို ဒုံးဖြင့် ပစ်ခတ် တိုက်ခိုက်

လှိုင်မြို့နယ်ရှိ စစ်တပ်၏ တပ်ထိန်းတပ်ဖွဲ့ဝင်းကို ဒုံးဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိပြီး လူနာတင်ကား ၂ စီးဝင်သွား ရန်ကုန်မြို့နယ်၊ လှိုင်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ တပ်ထိန်းတပ်ဖွဲ့ဝင်းကို ဒုံးဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိကြောင်း ရန်ကုန်မြို့ပြ UG အဖွဲ့တစ်ခုမှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။ စက်တင်ဘာလ ၂၁ ရက်နေ့ ည ၈ နာရီခန့်တွင် လှိုင်မြို့​နယ်ရှိ အကြမ်းဖက် စစ်တပ်၏ တပ်ထိန်းတပ်ဖွဲ့ဝင်းကို ရန်ကုန် မြို့ပြ UG အဖွဲ့က အဝေးထိန်း နည်းပညာသုံး ဒုံး အသေးစားများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အဆိုပါ တပ်ထိန်းဝင်းအတွင်းကို ဒုံး ၅ လုံးဖြင့် ပစ်ခတ် […]

လှိုင်မြို့နယ်ရှိ စစ်တပ်၏ တပ်ထိန်းတပ်ဖွဲ့ဝင်းကို ဒုံးဖြင့် ပစ်ခတ် တိုက်ခိုက် Read More »

ကံဇီးပျုစောထီးရွာကို တိုက်ခိုက် သိမ်းပိုက်မှု စစ်ကောင်စီ တပ်သား ၁၅ ဦးသေဆုံးပြီး ၃၀ ကျော် အရှင်မိ

ချောင်းဦးမြို့နယ်၊ ကံဇီးပျုစောထီးရွာကို တိုက်ခိုက် သိမ်းပိုက်မှု စစ်ကောင်စီ တပ်သား ၁၅ ဦးသေဆုံးပြီး ၃၀ ကျော် အရှင်မိ၊ စစ်သုံ့ပန်းများကို စစ်ဆေးမှု ပြုလုပ်နေ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကံဇီးပျုစောထီးရွာကို တိုက်ခိုက် သိမ်းပိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၅ ဦး သေဆုံးပြီး ၃၀ ကျော် အရှင်မိကာ စစ်သုံ့ပန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း မုံရွာ ခရိုင်အမှတ် ၉ တပ်ရင်း တပ်ရေးအရာရှိမှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။ စက်တင်ဘာလ ၁၉ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်ခန့်တွင် ကံဇီးပျူစောထီးရွာကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား

ကံဇီးပျုစောထီးရွာကို တိုက်ခိုက် သိမ်းပိုက်မှု စစ်ကောင်စီ တပ်သား ၁၅ ဦးသေဆုံးပြီး ၃၀ ကျော် အရှင်မိ Read More »

ချင်းတွင်းမြစ်အတွင်း သွားလာနေသော စစ်တပ်သင်္ဘော ၁၉ စီးကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ သေဆုံးမှုရှိနိုင်

ဆားလင်းကြီးမြို့နယ်၊ ပေါင်းဝဘုရားအနီး ချင်းတွင်းမြစ်အတွင်း သွားလာနေသော စစ်တပ်သင်္ဘော ၁၉ စီးကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ သေဆုံးမှုရှိနိုင် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ပေါင်းဝဘုရားအနီး ချင်းတွင်းမြစ်အတွင်း ၌ အကြမ်းဖက် စစ်ကောင်စီ၏ ကြေးနီ၊ ကျောက်စိမ်းများတင်ဆောင်လာသော သင်္ဘော ၁၉ စီးကို မိုင်းဆွဲတိုက် ခိုက်ခဲ့ရာ စစ်ဗိုလ်တစ်ဦး သေဆုံးခဲ့ကြောင်း Brave Heart Army (BHA) တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ ယမန်နေ့ စက်တင်ဘာလ ၂၁ ရက်နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်က ကြေးနီများတင်ဆောင်ပြီး မုံရွာမြို့ဘက်မှ စုန်ဆင်းလာသော အကြမ်းဖက်စစ်ကောင်စီ၏ သင်္ဘော ၁၉ စီးကို ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး ဆားလင်းကြီးမြို့နယ်၊ ပေါင်းဝဘုရားကြီးအနီးအရောက် ရှေ့ထွက်

ချင်းတွင်းမြစ်အတွင်း သွားလာနေသော စစ်တပ်သင်္ဘော ၁၉ စီးကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ သေဆုံးမှုရှိနိုင် Read More »

ရေကြီး​နေ​သောဖယ်ခုံမြို့နယ်ကိုစစ်​ကောင်စီ ဗုံးကြဲပြီးစစ်​ကြောင်းထိုး

ရေကြီး၊မြေပြိုမှုများဖြစ်နေသော ဖယ်ခုံမြို့ကို စစ် ကောင်စီက လေကြောင်းမှ ဗုံးကြဲ၍ ကလေးငယ် ၄ ဦးနှင့် အမျိုးသမီးအပါအဝင်လူ ၉ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံများက ပြောသည်။ ယမန်နေ့(စက်တင်ဘာ ၂၁ ရက်) နေ့လည်ပိုင်းတွင် စစ်ကောင်စီက ဖယ်ခုံမြို့အနောက်ဘက်ခြမ်းကို ဗုံးကြဲခဲ့ ခြင်းဟု သိရသည်။ “ဘာတိုက်ပွဲမှမရှိဘူး။လတိန်ရွာကို ည နေ ၄ နာရီ ကျော်လောက်မှာ လေယာဥ်နဲ့ဗုံး ကြဲသွားတာပါ။စုစုပေါင်းကိုးဦးထိတယ်။နေအိမ်တွေပျက်စီးတယ်”ဟု ဖယ်ခုံဒေသခံက ပြောသည်။ စစ်ကောင်စီသည် ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်မှတဆင့် ဖယ်ခုံမြို့ဘက်သို့ စစ်ကြောင်းထိုးနေကြောင်းလည်း ကရင်နီစစ်ရေးသတင်းရင်းမြစ်က အသိပေးသည်။ “ဖယ်ခုံ – မိုးဗြဲ – လွိုင်ကော် – ဒီမော့ဆို အထိလို့ သိရတယ်။ဖယ်ခုံရွှေပြည်အေးရွာ ဘက်ကို တနေ့က အဲဒီစစ်ကြောင်းရောက်ပြီပြောတယ်။လောလောဆယ်တော့ထိတွေ့မှုရှိနေကြတယ်”ဟု ၎င်းက ပြောသည်။

ရေကြီး​နေ​သောဖယ်ခုံမြို့နယ်ကိုစစ်​ကောင်စီ ဗုံးကြဲပြီးစစ်​ကြောင်းထိုး Read More »

ပွင့်လင်းရာသီမှာ ဗျူဟာမြောက်စစ်ဆင်ရေးတွေ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ မွန်တော်လှန် ရေးအဖွဲ့တွေပြော

လာမယ့် ပွင့်လင်းခြောက်သွေ့ရာသီမှာ မဟာမိတ်တွေနဲ့အတူ လှုပ်ရှားတဲ့ဒေသတွေမှာ ဗျူဟာမြောက်စစ်ဆင်ရေးတွေ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ မွန်လက်နက်ကိုင် တော်လှန်‌ရေးအဖွဲ့တွေကပြောပါတယ်။ ဒါပေမယ့် ဘယ်လိုမျိုး ဗျူဟာမြောက် စစ်ဆင်ရေးတွေလုပ်သွားမယ် ဘယ်လိုတွေပြင်ဆင်နေလဲ ဆိုတာကိုတော့ စစ်ရေးဆိုင်ရာလုံခြုံရေးအရ ထုတ်ပြောတာတော့ မရှိခဲ့ပါဘူး။ မွန်ပြည်နယ်အတွင်းရှိ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေအနေနဲ့ တပ်ပေါင်းစုအသွင် ဟန် ချက်ညီညီ ပိုမိုပူးပေါင်းဆောင်ရွက်သွားဖို့ မွန်လူငယ်နိုင်ငံရေးဆွေးနွေးပွဲကနေ ဘုံသဘောတူညီချက်တစ်ခုအဖြစ် စက် တင်ဘာ ၂၀ ရက်နေ့မှာ တိုက်တွန်းထားတာပါ။ မွန်ပြည်ကာကွယ်ရေးတပ် MSDF ရဲ့ တပ်မှူး ဒေါက်တာ သီရိမွန်ချမ်းက မွန်လက်နက်ကိုင်တော် လှန်ရေးအဖွဲ့ တွေ ဗျူဟာမြောက်စစ်ဆင်ရေးတွေ ဆင်နွှဲနိုင်ဖို့ ဆွေးနွေးခဲ့ကြသလို အောက်ခြေအဆင့် တပ်မှူးတွေကြားမှာလည်း ကျစ်ကျစ်လစ်လစ် ပူးပေါင်းတိုက်ပွဲဝင်နိုင်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ပြောပါတယ်။ “MSFC၊ NMSP-AD ညှိနှိုင်းရေးအဖွဲ့မှာ မဟာဗျူဟာမြောက် ပူးပေါင်းမှုကနေတဆင့် ဗျူဟာမြောက်စစ်ဆင်ရေးတွေ ဆင်နွှဲနိုင်ဖို့

ပွင့်လင်းရာသီမှာ ဗျူဟာမြောက်စစ်ဆင်ရေးတွေ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ မွန်တော်လှန် ရေးအဖွဲ့တွေပြော Read More »

ရေဘေးကူညီရေးအတွက်ဟုဆိုကာ စစ်ကောင်စီက ဝန်ကြီးဌာနများကို အလှူငွေ တောင်းခံပြီး ဝန်ကြီးဌာနများက လူထုထံမှ ပြန်လည် ငွေညှစ်

ရေဘေးကူညီ ရေးများတွင် နိုင်ငံရေးနှင့်စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုများ မရှိစေရေး ကြပ်မတ်ရန် စစ်ကောင်စီက အမိန့်ထုတ် အကြမ်းဖက်စစ်ကောင်စီက ဝန်ကြီးဌာနများအနေဖြင့် ရေဘေးသင့်ဒေသများကို ကူညီရန်အတွက် ဌာနအလိုက် အလှူငွေများ ပေးပို့ကြရန် ညွှန်ကြားထားရာ ဝန်ကြီးဌာနများကလည်း ပြည်သူများထံမှ ရေဘေးကူညီရေးဟုဆိုကာ ပြန် လည် ငွေညှစ်တောင်းခံမှုများ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။ အကြမ်းဖက်စစ်ကောင်စီ၏ ညွှန်ကြားမှုကြောင့် ဝန်ကြီးဌာနများအလိုက် Non-CDM ဝန်ထမ်းများထံမှ ငွေအလှူခံခြင်း အပြင် ပြင်ပမှ ပြည်သူ လူထုနှင့် စီးပွားရေးအသိုင်းအ၀ိုင်းကိုပါ လိုက်လံ ငွေကြေးတောင်းခံ ငွေညှစ်နေကြကြောင်း၊ ဥပမာအားဖြင့် – ပြည်ထဲရေးဝန်ကြီးဌာနက အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနကို ရေဘေးကူညီရေးဟုဆိုကာ အလှူငွေ ကောက်ခံခိုင်းကြောင်း၊ ထို့ကြောင့် ပြည်နယ်/တိုင်း၊ ခရိုင်၊ မြို့နယ်ထွေ/အုပ်များက ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများကို တစ်ရပ်ကွက်လျှင် ငွေကျပ် ၁၀

ရေဘေးကူညီရေးအတွက်ဟုဆိုကာ စစ်ကောင်စီက ဝန်ကြီးဌာနများကို အလှူငွေ တောင်းခံပြီး ဝန်ကြီးဌာနများက လူထုထံမှ ပြန်လည် ငွေညှစ် Read More »

နောင်ချိုနှင့် သီပေါတွင် တိုက်ပွဲဆက်ဖြစ်ဟု TNLA ပြော

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်နှင့် သီပေါမြို့နယ်တို့၌ ယနေ့ စက်တင်ဘာ ၂၁ရက်တွင် တိုက်ပွဲဆက်ဖြစ်နေကြောင်း တအာင်းတပ်မတော်(TNLA) ပြောရေး ဆိုခွင့်ရှိသူ လွေးယေဦးက ပြောသည်။ နောင်ချိုမြို့နယ် တောင်ခမ်းဒေသရှိ စစ်ကောင်စီ အမြောက်တပ် မစခ(၉၀၂) တပ်ရင်းနှင့် သီပေါ လက်ကျန်တပ်ရင်း ခလရ(၂၃)တို့တွင် စစ်ကောင်စီနှင့် TNLA တိုက်ပွဲဖြစ်နေသည်ဟု အတည်ပြုသည်။ “ဒီနေ့မှာက နောင်ချို ၉၀၂ တပ်စခန်းမှာတိုက်ပွဲနေတာဖြစ်ပါတယ်။ သီပေါမှာ ခလရ(၂၃)မှာ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်”ဟု၎င်းက ဆိုသည်။ တောင်ခမ်းဒေသ၌ တိုက်ပွဲများရက်ရှည်ဖြစ်ပွားနေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်း တိုက်ခိုက်မှုများပြုလုပ်နေ၍ အရပ်သား သေဆုံးထိခိုက်မှုရှိနေသည်ဟုအသိပေးသည်။ “နောင်ချိုတစ်ခုလုံးကိုပြန်ကြည့်မယ်ဆိုရင်တော့ အရပ်သားသေဆုံးမှုဆို ကလေးငယ်က ၂ဦးပါမယ်။ လူကြီးတွေက ၁၅ဦးအထက်ရှိပြီး ထိခိုက် ဒဏ်ရာရသူတွေက ၁၀ဦးအထက်ရှိတာပေါ့”ဟု လွေးယေဦးက ပြောသည်။ ယနေ့ (စက်တင်ဘာ ၂၁ရက်) နံနက်

နောင်ချိုနှင့် သီပေါတွင် တိုက်ပွဲဆက်ဖြစ်ဟု TNLA ပြော Read More »

မြစ်သားမြို့နယ်တွင် အုပ်ချုပ်ရေးမှူးများနှင့် ပျူစောထီးများကို ပစ်ခတ် တိုက်ခိုက်မှု ၅ ဦးသေဆုံး

မန္တလေးတိုင်း၊ မြစ်သားမြို့နယ်တွင် အုပ်ချုပ်ရေးမှူးများနှင့် ပျူစောထီးများကို ပစ်ခတ် တိုက်ခိုက်ရာ ၅ ဦးသေဆုံးခဲ့ကြောင်း ကျောက်ဆည်မြို့နယ် တော်လှန်ရေးတပ် KRA တာဝန်ခံ မင်းလက်ရာ ကပြောဆိုသည်။ စက်တင်ဘာလ ၁၆ ရက်နေ့တွင် မြစ်သားမြို့နယ်၊ ခရူတုပ်ကျေးရွာမှ စစ်ကောင်စီခန့် အုပ်ချူပ်ရေးမှူဟောင်းဖြစ်သူ အကြမ်းဖက် စစ်တပ်အတွက် အလုပ်လုပ်ပေးနေပြီး အယောင်ဆောင်၍ ဘုန်းကြီးဝတ်ထားသော တက်တိုး ဆိုသူကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း သိရှိရသည်။ ဩဂုတ်လ ၈ ရက်နေ့တွင် မြစ်သားမြို့နယ် မြင်းရွာလေးရွာမှ ပြည်သူများကို စစ်တပ်နှင့် ပေါင်းပြီး အနိုင်ကျင့် ဖမ်းဆီး ငွေညှစ်နေသည့် အကြမ်းဖက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှင့် ချမ်းငြိမ်းသာရွာမှ ပျူစောထီး ခေါင်းဆောင် တို့ကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း သိရသည်။ ဇူလိုင်လ

မြစ်သားမြို့နယ်တွင် အုပ်ချုပ်ရေးမှူးများနှင့် ပျူစောထီးများကို ပစ်ခတ် တိုက်ခိုက်မှု ၅ ဦးသေဆုံး Read More »

မန္တလေးမြို့နှင့် ၅ မိုင် အကွာတွင် တိုက်ပွဲဖြစ်ပွား

မန္တလေးမြို့ အနောက်မြောက်ဘက် ၅ မိုင်ခန့် အကွာတွင်ရှိသည့် မတ္တရာမြို့နယ် သုံးဆယ်ပေကျေးရွာနှင့် ကြာနီကန်အနီးတွင် ယနေ့ (စက်တင်ဘာ ၂၁ ရက်)နံနက်မှစတင်ကာ မွန်းလွဲပိုင်းချိန်ထိ လက်နက်ကြီးပစ်ခတ်သံများ ပြင်းထန်စွာ ကြားနေရကြောင်း မန္တလေးမြို့ခံများက ပြောသည်။ “ကြာနီကန်ဖက်မှာပစ်နေတာ၊ ကားနဲ့သွားရင် မကြာဘူး ၁၅မိနစ်၊ မိနစ်၂၀ပေါ့၊ အများဆုံးနာရီဝက် မကြာမကြာထထပစ်နေတာ။ RPG ထုနေတာ လက်နက်ကြီးအသံတွေချည်းပဲ ကြားနေရတယ် ခုထိ” ဟု မန္တလေးမြို့ခံတဦးက ယနေ့ မွန်းလွဲ ၂ နာရီခန့်တွင် ပြောသည်။ ယနေ့ နံနက် အစောပိုင်း ၂ နာရီခန့်မှစတင်ကာ မန္တလေးမြို့ အနောက်မြောက်ဘက်ရှိ မတ္တရာမြို့နယ် သုံးဆယ်ပေကျေးရွာကို စစ်ကြောင်းထိုးရာမှ တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယနေ့ နံနက် ၁၀နာရီခွဲချိန်ခန့်တွင် တော်လှန်ရေးတပ်မှ တပ်ဆုတ်သွားသည်ဟု

မန္တလေးမြို့နှင့် ၅ မိုင် အကွာတွင် တိုက်ပွဲဖြစ်ပွား Read More »

တောင်ဒဂုံမြို့နယ် ၁၀၇ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ရန်ကုန်စစ်ဒေသခွဲ – PRF အဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့

ပြည်သူများကို ဖိနှိပ်နှိပ်စက်နေသည့် အုပ်ချုပ်ရေးမှူးများ၏ စာရင်းများ ထပ်မံ တောင်းခံ ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ် ၁၀၇ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ရန်ကုန်စစ်ဒေသခွဲ – PRF အဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ပြည်သူများကို ဖိနှိပ်နှိပ်စက်နေသည့် အုပ်ချုပ်ရေးမှူးများ၏ စာရင်းများ ထပ်မံ တောင်းခံကြောင်း ချီတာစစ်ဆင်ရေး (Cheetah Operation) မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။ စက်တင်ဘာလ ၂၀ ရက်နေ့ နံနက် ၉ နာရီ ၂၅ မိနစ်ခန့်တွင် တောင်ဒဂုံမြို့နယ် (၁၀၇) ရပ်ကွက်၊ ငုဝါမြိုင်လမ်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို Anonymous Force (ရန်ကုန်စစ်ဒေသခွဲ – PRF) က ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှု အတွင်း ပြည်သူများထံမှ

တောင်ဒဂုံမြို့နယ် ၁၀၇ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ရန်ကုန်စစ်ဒေသခွဲ – PRF အဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ Read More »